အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

Yangon United 4 - 1 Southern Myanmar

ရန်ကုန်အသင်း၏ ပွဲထွက်ကစားသမားစာရင်း 

                                               နိုင်ဇေယျာထွန်း၊ 
                         
                            ကျော်ဒွန်း၊ အောင်သိုက်၊ နီကိုလာ၊ ပြည့်ဖြိုးအောင်၊ 
        
         ရန်အောင်ကျော်၊ ရာဇာဝင်းသိန်း (အသင်းခေါင်းဆောင်)၊ နယူချီ၊ ဒေးဗစ်ထန်း၊ 
                                  
                                      ကောင်းစည်သူ  ၊ ဆီဇာ  


အရန်ကစားသမားစာရင်း 

 မျိုးဝင်းထွဋ်၊ ရန်အောင်ဝင်း၊ ခင်မောင်လွင်၊ ဇော်ဝင်း၊ နိုင်ဦးလွင်၊ စောအယ်ထူး (ဂိုး) 

ဒီနေ့ ပွဲစဉ်မှာ ရန်အောင်ဝင်းနဲ့  ကြည်လင်းတို့  ဒါဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိကြောင်း သိရပါတယ် ။ 


ပွဲကစားချိန် ၈မိနစ်မှာ ရန်ကုန်ယူနိုက်တက်အသင်း အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ကောင်းစည်သူက သွင်းယူခဲ့တာဖြစ်ပါတယ် ။

 ပွဲချိန် မိနစ် ၂၀ မှာ အောင်ရဲထွဋ်က ဆောင်သမ်းအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ် ။

ပွဲချိန် ၂၇ မိနစ်မှာ နယူချီရဲ့ လှပတဲ့ ဖန်တီပေးမှုကို တိုက်စစ်မှူး ဆီဇာ အကောင်းမွန်ဆုံး အဆုံးသတ်ပြီး ရန်ကုန်အသင်း (၂-၁)နဲ့ ပွဲကို ဦးဆောင်ပါတယ်။ ဒီဂိုးဟာ ရန်ကုန် တိုက်စစ်မှူး ဆီဇာရဲ့ နေရှင်နယ်လိဂ် ၉ ဂိုးမြောက် သွင်းယူခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။ 
  
ပထမပိုင်းအပြီးမှာ ရန်ကုန်ယူနိုက်တက်အသင်း က ၂- ၁ နဲ့  ဦးဆောင်ထားနိုင်ခဲ့ပါတယ် ။

ပွဲချိန် ၇၁ မိနစ်မှာ ရာဇာဝင်းသိန်း တင်ပို့တဲ့ ထောင့်ကန်ဘောကို ရန်ကုန် တိုက်စစ်မှူး ဆီဇာက ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်ပြီး ရန်ကုန်အသင်း တတိယဂိုး ရရှိခဲ့ ပါတယ်။ ဒီဂိုးဟာ သူ့ရဲ့ လိဂ်ဂိုး ၁၀ ဂိုးမြောက်ဂိုးလည်း ဖြစ်ပါတယ်။


ပွဲချိန် ၈၅ မိနစ်မှာ နယူချီ ညာတောင်ပံက တောက်လျောက် ဆွဲပြေးပြီး ဆောက်သမ်း ဂိုးသမား ဇာနည်မင်း ကာကွယ်ထားသည့် ထောင့်ကျဉ်းထဲ အပြင်းကန်သွင်းကာ ရန်ကုန် အသင်းစတုတ္တဂိုးရရှိခဲ့ပါတယ်။




ပွဲချိန် ၅၅ မိနစ်မှာ ကျော်ဒွန်းအစား စည်သူအောင် ၊ ပွဲချိန် ၆၆မိနစ်မှာ ကောင်းစည်သူအစား ရန်အောင်ဝင်း ၊ ၈၆မိနစ်မှာ နီကိုလာအစား မျိုးဝင်းထွဋ်ကို လူစားလဲ ထည့်သွင်းကစားခဲ့ပါတယ် ။



ပွဲအပြီးမှာ ရန်ကုန်အသင်းက ၄- ၁ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ် ။


ပွဲပြီး သုံးသပ်ချက်  

ရန်ကုန်အသင်းအနေနဲ့  ဒီပွဲစဉ်မှာ တိုက်စစ်ကောင်းမွန်ခဲ့လို့ အနိုင်ရရှိခဲ့တယ်လို့ ဆိုရမှာပါ ။ ရန်ကုန်အသင်းအနေနဲ့  ပွဲထွက်လူစာရင်းအတိုင်းသာ ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် တကယ်ကိုခက်ခဲသွားနိုင်ပါတယ် ။ ရန်အောင်ဝင်း လူစားလဲ ၀င်ရောက်လာပြီးနောက်မှာ ရန်ကုန်အသင်းဟာ သိသိသာသာ ကစားပုံတိုးတက်လာပီး လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့  ပြိုင်ဘက်ကို အကောင်းဆုံးခြိမ်းခြောက်နိုင်ခဲ့ပါတယ် ။ ရန်ကုန်အသင်းရဲ့ ကစားသမားတွေဟာ တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုမှာ ဆောက်သမ်းကို အသာရပေမယ့် အသင်းလိုက် ချတ်ဆက်မှုမှာ အားနည်းနေခဲ့ပါတယ် ။ ရန်အောင်ဝင်းဝင်ရောက်လာပြီးနောက်ပိုင်းမှာ မြန်ဆန်တဲ့ တိုက်စစ်ကို ပုံဖေါ်နိုင်ခဲ့တာကိုတွေ့ ရပါတယ် ။တစ်ဖက်အသင်းရဲ့ တိုက်စစ်ကို ကွင်းလယ်မှာပဲ ဖြတ်တောက်ရှင်းထုတ်နိုင်တာကို တော်တော်လေးကျေနပ်မိပါတယ် ။သို့ ပေမယ့် နောက်တန်း ခံစစ်မှာ နီကိုလာအနေနဲ့  ပွဲစဉ်တိုင်းမှာလိုလို အကောင်းဆုံးဦးဆောင်နိုင်ခြင်းမရှိတာတွေ့ ရသလို သူ့ ရဲ အဝေးဘော ကန်တင်ပေးကပို့ မှုတွေဟာလည်း တိကျမှု ထိရောက်မှုမရှိတာတွေ့ ရပါတယ် ။ဒီနေ့ ပွဲစဉ်မှာ ခင်မောင်လွင်မပါဝင်တာကြောင့် ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှီနေတာတွေ့ ရပါတယ် ။ ဂိုးသမားအနေနဲ့  အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့သလို ဒေးဗစ်ဒန်းလည်း အထူးကြိုးစားသွားတာတွေ့ ရပါတယ် ။ ဆီဇာရဲ့  တစ်ကိုယ်တော် အလိမ်အခေါက်တွေ ဟာ စွဲမက်ဖွယ်ကောင်းခဲ့သလို ရာဇာဝင်းသိန်းရဲ့  ဖန်တီးပေးပို့ မှုတွေကလည်း အလွန်ကောင်းမွန်ခဲ့ပါတယ် ။ ဗဟိုခံစစ်နေရာမှာ ခင်မောင်လွင်ကို အသုံးပြုဖို့ အချိန်တန်ပြီလို့ သုံးသပ်မိပါတယ် ။ ဒီလိုမှမဟုတ်ရင်တော့ ရန်ကုန်အသင်းအနေနဲ့  အိတ်ပေါက်နဲ့ ဖါးကောက်သလိုဖြစ်နေမယ်လို့ ယူဆမိပါတယ် ။ ဒီနေ့ ပွဲမှာ စည်သူအောင် အကောင်းဆုံးကစားနိုင်ခဲ့သလို နယူချီရဲ့  ပွဲသိမ်းဂိုးဟာလည်း အဆင့်မြင့်တဲ့ ဂိုးတစ်ဂိုး  အဖြစ် မှတ်ယူရမှာပါ ။ဒီနေ့ ပွဲစဉ်မှာ ကြည်လင်း ၊ ရန်အောင်ဝင်း ၊ ခင်မောင်လွင်တို့ ပွဲစကတည်းက ပါဝင်နိုင်ခဲ့ရင် ဒီထက်ပိုတည်ငြိမ်တဲ့ ကစားဟန်နဲ့  အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ် ။  ရန်ကုန်အသင်းအနေနဲ့ လာမယ့်ပွဲစဉ်မှာ အဝေးကွင်းအဖြစ် ထိပ်ဆုံးက ရတနာပုံနဲ့ ကစားရမှာဖြစ်တာကြောင့် အလွန်အရေးကြီးတဲ့ ပွဲတစ်ပွဲ ကို ကစားရမှာပါ ။ လာမယ့်ပွဲမှာတော့ ဒီထက်ပိုပြီး တည်ငြိမ်တဲ့ ခံစစ်ကို ဖေါ်ဆော်ဖို့ လိုအပ်နေတယ်လို့ အကြံပေးရင်းး
လာမယ့် ရတနာပုံနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းနဲ့  အနိုင်ယူနိုင်ဖို့  ဆုတောင်းပေးလိုက်ပါတယ်။

No comments: