ညလုံးပေါက် ဖွင်သော့ လက်ဘက်ရည်
ဆိုင်ထဲတွင် ငတိတစ်ယောက် ထိုင်နေ၏ ။ ထိုငတိ သည်ကား ဘောလုံး ၀ါသနာအိုး
တစ်ယောက်ဖြစ်၏ ။ သို့ သော် ဘောလုံးနှင့် ပက်သက်၍ သူသည် ကြွယ်ကြွယ်၀၀ မသိ။
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ယူလောက်သာ သိသော ထို ငတိသည် အခါ အားလျော်စွာ
လက်ဘက်ရည်ဆိုင် ထိုင်ရင်း ငတုံးများကို ရှာဖွေကာ လေကြီးလေကျယ်
လုပ်တတ်ပေသည်။ အခါအခွင့်များ သင့်ပီဆိုလျှင် ညလုံးပေါက် ဘောလုံး
အကြောင်းကို ဆွေးနွေးနိုင်သော ငတိဖြစ်၏။ ငတိ အကြောင်းကို သိသူများက ငတိကို
လက်ရှောင်ကြ၏။ အကြောင်းမူကား ဘာမသိ ညာမသိ ထိုငတိ၏ ဘောလုံးလောက သီအိုရီ
များကို လိုက် မမှီကြသောကြောင့်ပေတည်း။ ငတိ၏ လက်သုံး စကားမှာမူ ကား
“မြန်မာ့ဘော်လုံး ခဏပျော် မဆုံး” ဟူသတတ်။ သူ၏ လက်စွဲဆောင်ပုဒ် မှာ သူ
့အတွက်မူ ဧရာမ ရှာဖွေတွေ့ ရှိချက်ကြီး တစ်ခု သဖွယ် တင့်တယ် လှပေ၏ ။
များ မကြာလှသော အချိန်ဝယ်
ငတိမျှော်လင့်နေသော ငတုံး တစ်ယောက်သည် ငတိရှိရာ လက်ဘက်ရည် ဆိုင်ထဲသို့ 
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ လာချေ၏။ ငတုံးသည် အလွန်ပျော်ရွှင်နေသော
ကိုယ်ဟန်အမူအရာတို့ ဖြင့် ငတိနားရှိစားပွဲဝိုင်း၌ ထိုင်ပီးသကာလ
လက်ဘက်ရည်ဆိုင်ပိုင်ရှင်အား နှုတ်ခွန်းဆက်စကား ပြောကြားချေ၏ ။ “
ကိုတုတ်ကြီးရေ မနက်ဖြန် မြန်မာပွဲ သွားကြည့်မယ်ဗျာ။ သုဝဏ ကွင်းကြီးမှာ
ထိုင်ခုံတွေ လည်း တပ်ထားတယ်။ မီးမောင်းကြီးတွေ ကလည်း ရှယ်ပဲတဲ့ဗျာ။ အင်္ကျ
ီတွေတောင် ဝေမယ် ဆိုပဲဗျ” ။ ထို စကားကိုကြားတော့ ငတိ တစ်ယောက် တတ်သည့် ပညာ
မနေသာ ဆိုသလို ၀င်ပါရပြီပေါ့ဗျာ။ ထို ခဏတွင်ပင် ငတိက ငတုံးအား သူ၏ ဘောလုံး
ဝေဖန် သုံးသပ်ချက်များကို တစ် မဟုတ်ချင်း ချပြလေတော့၏ ။ ဤသည် ကား ငတုံး –
ငတိ တို့ ပြောသော မြန်မာ့ဘောလုံး ဆောင်းပါး ဖြစ်ပေါ် လာရသော အကြောင်းပင်
ဖြစ်ပေတော့ သတည်း။
ဆွေးနွေးခန်းကြီး စတင် ဖန်တီးသူက ငတိ။
ငတိက စကားစ၏။ အစ်ကိုရေ “ကျွန်တော်တော့ ဖြင့် ကိုရီးယားကို မြန်မာနိုင်
သွားမှာ စိုးရိမ် မိတယ်ဗျာ”။ ထိုသို့  စကားဦး သမ်းလိုက် သည်နှင့်
ညလုံးပေါက် လက်ဘက်ရည် ဆိုင်တွင် အပန်းဖြေတတ်သော ညမင်းသားတို့၏ ဗီဇ အတိုင်း
ညလုံးပေါက် စကားဝိုင်း တစ်ခု ငတုံးနှင့် ငတိတို့  စတင် ဖန်တီး
လိုက်ကြလေတော့သည်။
ငတုံး ~~~ ကိုရီးယားကိုနိုင်တော့ ဘာဖြစ်လို့ တုန်းဗျ ကိုယ့်လူရ ။
ငတိ အကွက်ထဲ ၀င်လေပြီ ။ ငတိပြောချင်ရာပြောတော့မည်။
ငတိ ~~~ အော်ဗျာ။
ဆရာသမားရယ် ကိုရီးယားက လက်ရှိ ကမ္ဘာ့ အဆင့် ၃၅ ရှိတဲ့ အာရှ ဘောလုံး
အင်အားကြီးနိုင်ငံလေဗျာ။ မြန်မာက ၁၇၄ ဆိုတော့ မိုးနဲ့ မြေလို ကွာတာပေါ့။
ဒီလို ၂သင်းတွေ့ ဆုံတဲ့ အခါ မြန်မာက သာ နိုင်သွားရင် အာရှဘောလုံးလောကမှာ
တို့ မြန်မာကို အားလုံး သတိထား မိကုန်တော့ မှာပေါ့ဗျာ ။
ငတုံး ~~~ သတိထားမိတော့ မကောင်း ဘူးလားဗျ ။ ကျုပ်တို့ မြန်မာတွေ ဂုဏ်တက် တာပေါ့ဗျာ
ငတိ ~~~
မကောင်းဘူးဆရာရေ မကောင်းဘူးဗျ ။ ခင်ဗျား လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က
ကျွန်တော်တို့ မြန်မာ လူငယ် ယူ ၁၇ ၊ ယူ ၁၈ တွေ အာဆီယံမှာ ဗိုလ်စွဲတာ
မှတ်မိသေးလားဗျ ။
ငတုံး ~~~ မြန်မာလူငယ်တွေ အာဆီယံ လူငယ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲတာတော့ မှတ်မိတယ်ဗျ။ ခုနှစ်တွေတော့ ဘယ်မှတ်မိ ပါတော့မလဲဗျာ ။
ငတိ ~~~ ဒါဖြင့်
မှတ်လေတော့ ကိုယ့်လူရေ … မြန်မာလူငယ် ယူ ၁၇ အသင်းက လွန်ခဲ့တဲ့ ၁၀နှစ်ကာလ
ခုလို အချိန်မှာ အာဆီယံ လူငယ်ဖလား ရခဲံ့တယ်ဗျ။ ချန်ပီယံဖြစ်တာမှ တစ်ကြိမ်
မကဘူး။ ယူ ၁၈ ကန်တော့လည်း ရပြန်တယ်လေ။ ကျွန်တော်လေ့လာ မိသလောက် မြန်မာ
အသင်းက ငယ်လေကောင်းလေဖြစ်နေတာတွေ့ ရတယ်ဗျာ။ ယူ ၁၇ ၊ ယူ ၁၈ အရမ်းကောင်း
ခြေပြတ်ဂိုးပြတ်နဲ့ ဖလားတွေရ၊ ယူ ၂၃ – နည်းနည်းတော့ ကောင်းသေးတယ်ဗျ။
ဆီမီးလောက်တော့ တက်သေးတယ်။ လက်ရွေးစင်လဲ ကျရောဗျာ ရှုံးချက်က သောက်သောက်
လဲရယ်။ ရင်ထု မနာဖြစ်မိပါရဲ့ ဗျာ။ ယူ ၁၇ ၊ ယူ ၁၈ တုန်းက ဖလားတွေ ရလို့
အာရှအဆင့်တောင် နောင်အနာဂတ်မှာ တက်လှမ်းတော့မလား ထင်ခဲ့ရတာ အဲ့ဒီလူငယ်တွေ
လက်ရွေးစင် လဲဖြစ်ရော လူငယ်တုန်းက ချန်ပီယံဖြစ် ခဲ့တာကိုမှ မထောက် ရှုံးပြ
လိုက်တာမှ ရုပ်ပျက် ဆင်းပျက်ဗျာ။ ကဲ ဒီလောက်ဆို ကိုရီးယားကို နိုင်မှာ
ဘာလို့ စိုးရိမ်လဲ သိပီဟုတ်စ ကိုယ့်လူ ။
ငတုံး ~~~ ခင်ဗျားပြောတာတွေ ဟုတ်တယ်ဗျ။ ဒါပေမယ့် ကိုရီးယားကိစ္စကိုတော့ သေခြာ သဘော မပေါက်သေးဘူးဗျာ ။
ငတိ ~~~ အော် ဆက်စပ်
တွေးကြည့်ပေါ့ဗျာ။ မြန်မာ လူငယ် အသင်းတွေ ရဲ့  အတိတ်က အောင်မြင်မှုဟာ
အနှစ်သာရ မရှိတဲ့ အောင်မြင်မှုတွေဖြစ် ခဲ့တယ်လို့ ဆိုလို တာပေါ့ဗျာ။ အခု
တို့ ဆီမှာက မိုးတွင်းလေ။ မိုးတွေ သည်းကြီးမည်းကြီး ရွာမယ်။ ကိုရီးယားက
မိုးထဲရေထဲမှာ ကစားရတော့ စိတ်ကြိုက် မကစားနိုင်ဖြစ်ကောင်းဖြစ်မယ်။ ပီးတော့
အခု လာကန်တဲ့ လူစာရင်း ကလည်း လန်ဒန် အိုလံပစ် ပြိုင်ပွဲဝင်မယ့် ကစားသမား
၂ယောက် ၃ယောက်လောက်ပဲ ပါတယ်လို့ ဆိုပြန်တော့ ပရိသတ် အင်အားနဲ့  တို မြန်မာက
မနိုင်ဘူးလို့  မပြောနိုင်ဘူးဗျ။ နိုင်သွားရင် ဘာတွေဖြစ်လာ မလဲ ဆိုတော့ဗျာ
… အနီးကပ်ဆုံးပြိုင်ပွဲ အနေနဲ့  ဆူဇူကီး ဖလားမှာ မြန်မာ့ လက်ရွေးစင်က
အုပ်စုက အရင် တစ်ခါလို ပြုတ်မယ် ဆိုရင် ကိုရီးယားလို အသင်းကို နိုင်တဲ့
မြန်မာက ဆူဇူကီးလဲ ကျရော ဘယ်လိုဖြစ် ရတာလဲဆိုပီး မေးခွန်းထုတ် စရာတွေ
ဖြစ်လာနိုင် တာပေါ့ဗျာ။ ပြီးခဲ့တဲ့ ဆီးဂိမ်းကို ပဲကြည့်ဗျာ။ ဗီယက်နမ် ကို
နိုင်ခဲ့တယ်။ နိုင်တာမှ တတိယ လုပွဲမှာ ဂိုးပြတ်နဲ့ကို နိုင်ခဲ့တာနော်။
အဲ့ဒီ မတိုင်ခင် ဆူဇူကီး ဖလားတုန်းကကျတော့ ၇ဂိုးနဲ့တောင် ရှုံးတာဗျ။
အကယ်၍များ လာမယ့် ဆူဇူကီးမှာ ဗီယက်နမ်နဲ့  တစ်အုပ်စုထဲ ကျပီး
ဂိုးပြတ်ရှုံးးမယ် ဆိုရင် တို့  မြန်မာက လူငယ်ပဲ စွမ်းတယ်ဆိုတာ တော်တော်ကို
ပေါ်လွင် သွားမှာဗျ။
ငတုံး ~~~ အင်းးး ခင်ဗျားပြော သလိုဆို ဟုတ်တော့လည်း ဟုတ်တာပဲဗျ။
ငတိ ~~~ ဟာ သိပ်ဟုတ်
တာပေါ့ဗျာ ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က စပီးကြည့်ဗျာ။ မြန်မာ ယူ ၂၃ က
၂၀၀၁မှာ တတိယရတယ်ဗျာ။ ၂၀၀၃မှာ စတုတ္ထ ၊ ၂၀၀၇မှာ ဒုတိယဗျာ ၊ ပီးခဲ့တဲ့
၂၀၁၁မှာ တတိယ ရတယ်။ ကဲ လက်ရွေးစင် အသင်းရဲ့  ရလာဒ်တွေကိုကြည့်ပါဦး။ ၂၀၀၀
ပြည့်နှစ်ကနေ ၂၀၁၀ ထိ အာဆီယံပြိုင်ပွဲတွေမှာ အုပ်စုက ပြုတ်တာ ချည်းပဲ။
ထူးထူးခြားခြား အနေနဲ့  ၂၀၀၄ မှာ ဆီမီးတက်ပီး စတုတ္ထ ရခဲ့တာ တစ်ကြိမ်ပဲ
ရှိခဲ့တယ်ဗျာ ။
ငတုံး ~~~ ဒီလိုဆိုတော့ လူငယ် အသင်းတွေရဲ့  အောင်မြင်မှုက တစ်ခုခုတော့ မှားနေ သလိုပဲဗျာ ။
ငတိ ~~~ ဟုတ်သမှ
ဟုတ်ပဲဗျာ ။ယူ ၁၆ ၊ ယူ ၁၇ ၊ ယူ ၁၈ ၊ ယူ ၁၉ ပွဲတွေမှာတော့ လွန်ခဲ့တဲ့
ဆယ်စုနှစ်မှာ အောင်မြင်မှုတွေ တော်တော် ရခဲ့တယ် ဆိုတာတော့ မှတ်မိတယ်။
တိတိကျကျတော့ မသိတော့ ဘူးဗျာ။ ပြောချင်တာက လွန်ခဲ့တဲ့ ၁၀နှစ်လောက်က လူငယ်
ချန်ပီယံ ဖြစ်ခဲ့တဲ့ ၁၆ ၊ ၁၇ အရွယ် ကစားသမားတွေဟာ အခုလို အချိန်မှာ
လက်ရွေးစင် အသင်းမှာ တကယ့်ကို အားကိုး ရသူတွေ ဖြစ်မလာပဲ အနားယု လုယူခင်
ခြေစွမ်း ကုန်ခမ်းလုဖြစ်နေတဲ့ ကစားသမားတွေ အဖြစ် မြင်တွေ့ ရတာတော့ စိတ်
မကောင်းပါဘူးဗျာ။ အဲဒီတော့ ကျွန်တော်တို့  အခုကန်မယ့်  ယူ ၂၂ မှာ
မြန်မာအသင်း အာရှ ဖလားကြီး ရရင်တောင်မှ နောင် ၅နှစ်လောက်မှာ အာဆီယံဒေသတွင်း
လက်ရွေးစင် အဆင့်ပွဲတွေမှာ အုပ်စုက ကျွတ်မယ် မထင်ပါဘူးဗျာ။ အဲဒီတော့
ခင်ဗျား အနေနဲ့  မနက်ဖြန် ကန်မယ့်ပွဲကို သွားချင်လည်း သွားပေါ့ဗျာ။
မြန်မာဆိုတဲ့ စိတ်ဓါတ်နဲ့  ကိုယ့်နိုင်ငံအသင်းကို အားပေးတာ
အပြစ်ဆိုသာပါဘူး။ ဒါပေမယ့် တစ်ခုတော့ သတိပေးလိုက် ချင်ပါတယ်ဗျာ။ မြန်မာ ယူ
၂၂ အသင်းက ကိုရီးယားလိုအသင်းကို နိုင်ပီး အာရှမှာ အဆင့် တစ်ခုခုများ
အောင်မြင် ခဲ့ရင်၊ မျှော်လင့် မထားတာတွေ ဖြစ်ခဲ့ရင်ပေါ့လေ … နောင် အနာဂတ်
လက်ရွေးစင် အသင်းအတွက် စိတ်ကူးနဲ့  အောင်မြင်မှုတွေရဖို့  မမျှော်လင့်
မိပါစေနဲ့ဗျာ ။
ငတုံး ~~~
ဘယ်လိုပဲဖြစ်ဖြစ်ဗျာ နောင်နှစ် ဆီးဂိမ်းအတွက် အခု ယူ၂၂က အသက်ပဲဗျ ။ အခု ယူ
၂၂ ဆိုတော့ နောင်နှစ် ယူ ၂၃ ပေါ့လေ။ နောင်နှစ် မြန်မာ ဆီးဂိမ်းကျရင် တို့
မြန်မာနိုင်ငံ နေပြည်တော် ကွင်းသစ်ကြီးတွေမှာ မြန်မာ ယူ ၂၃ အောင်ပွဲ ခံပီး
ဆီးဂိမ်း ချန်ပီယံဖြစ်ဖို့  အားလုံးက မျှော်လင့်နေကြ တယ်လေ။ နောင်ခါလာ
နောင်ခါဈေးပေါ့ ဗျာ။ လောလောဆယ်တော့ မရ ရတဲ့ ဖလား အပိုင်သိမ်းဖို့  လိုတယ်
မဟုတ်လားလေ။ ဆူဇူကီး ဖလားရဖို့ ၊ အာရှခြေစစ်ပွဲအောင်ဖို့ ဆိုတာတွေက လက်တလော
အနေအထားနဲ့  အလှမ်းဝေးနေတော့ ဘာပဲဖြစ်ဖြစ် ယူ ၂၃ ဆိုတော့ လည်း ယူ၂၃ ၊
၂၂ဆိုတော့လည်း ၂၂ပေါ့ဗျာ ။ နောင် လာမယ့် လက်ရွေးစင်ပွဲတွေမှာ အခု ယူ၂၂တွေ
၅နှစ် ၆နှစ်လောက် ကန်ရဦးမှာပဲဟာ။ ပြိုင်ပွဲအတွေ့ အကြုံရတာပေါ့ဗျာ ။
ငတိ ~~~ ကောင်းရောဗျာ ။ ဒါဆို ကျွန်တော်လည်း ကျွန်တော့် အစ်ကိုကို ယူ ၁၆ မှာ လက်ရွေးစင်ဖြစ်ဖို့ သေခြာကြိုးစား ခိုင်းရမယ် ။
ငတုံး ~~~ ဟင် ဒါဖြင့် ခင်ဗျား အသက်က ဘယ်လောက် တုန်းဗျ ။
ငတိ ~~~ ကျွန်တော်က အသက် ၂၃ ပါဗျာ ။
ငတုံး ~~~ ဟိုက် ဒါဖြင့် ခင်ဗျား အစ်ကိုဆိုတော့ ခင်ဗျားထက် အသက်ကြီးတယ် မဟုတ်ဘူးလား။
ငတိ ~~~ ဟာဗျာ မနက်ဖြန်
ကန်မယ့် ကစားသမားတွေတောင် ကျွန်တော် ၁၅နှစ်သားလောက် ကတည်းက ၀န်ကြီးဋ္ဌာန
အသင်းတွေမှာ ဘောလုံး ကန်နေတဲ့ သူတွေပဲ ဥစ္စာ။ ဘာပဲဖြစ်ဖြစ် ယူ၂၂က ဘောသမားတွေ
လမ်းမှာတွေ့ ရင် ညီလေးလို့ ခေါ်ကြစို့ ဗျာ ။
သူတို့ က ကျွန်တော်တို့ ထက် ၀ါအားဖြင့် ငယ်တယ်မဟုတ်လားလေ …
Posted by MMStriker on June 23, 2012
No comments:
Post a Comment