ရန်ကုန် ယူနိုက်တက် အသင်း နည်းပြချုပ်
အီဗန်ကိုလက်ဗ်က မိမိ အသင်း၏ ကြံ့ခိုင်မှု အခြေအနေသည် ဟံသာဝတီ
ယူနိုက်တက်နှင့် ကစားစဉ်ကထက် လျင်မြန်စွာ တိုးတက်လာသည်ဟု ဆိုသည်။ ရန်ကုန်
အသင်းသည် အီဗန်ကိုလက်ဗ်၏ ပွဲဦးထွက် အဖြစ် ဟံသာဝတီ အသင်းနှင့်
ကစားခဲ့ရာတွင် ဒုတိယပိုင်း မိနစ် ၇၀ အကျော်၌ ကြံ့ခိုင်မှု ပြဿနာနှင့်
ရင်ဆိုင်ခဲ့ ရသည်ဟု ဝေဖန်ခံခဲ့ရပြီး ယခုအခါ များစွာ တိုးတက် လာပြီဟု
နည်းပြချုပ်က ယုံကြည်လျက် ရှိသည်။
“ကျွန်တော့် ကစားသမားတွေနဲ့
ထိတွေ့ရတဲ့ အချိန် အရမ်း နည်းပါသေးတယ်။ ဒါကြောင့် ပွဲကစားပြီး နောက်တစ်နေ့
ကတည်းက သူတို့တွေကို လေ့ကျင့်ခန်း ပြန်ဆင်း ခိုင်းခဲ့တာပါ။ အခုဆို
သူတို့ရဲ့ ကြံ့ခိုင်မှုက အတော်လေး ဟုတ်နေပြီ။ ဒါပေမယ့် ကစားသမားတွေ
ဒဏ်ရာရတာမျိုး၊ တခြား ကြံ့ခိုင်မှု မပြည့်တာမျိုး အစရှိတဲ့ အသေးစား
ပြဿနာတွေလည်း ရှိနေပါတယ်” ဟု နည်းပြချုပ်က ဆိုသည်။
လက်ရှိ အချိန်တွင် ရန်ကုန် အသင်း၌ အားထားရသည့်
ညာနောက်ခံလူ ရန်အောင်ဝင်းမှာ မြန်မာ ယူ-၂၂ အသင်း အတွက် ကစားရင်း ရလာသည့်
ညာဘက်ဒူး အရွတ် ဒဏ်ရာကြောင့် အသင်းနှင့်အတူ လေ့ကျင့်ခန်း
ပြန်ဆင်းနိုင်ခြင်း မရှိသေးပေ။ ထို့အပြင် ပထမ ဂိုးသမား နိုင်ဇေယျာထွန်း
မှာလည်း ဘယ်ဘက် မျက်စိနာ နေသောကြောင့် နေပြည်တော်နှင့် ပွဲကို
ရန်အောင်ဝင်း နည်းတူ လွဲချော်မည် ဖြစ်သည်။
“ရန်ကုန်အသင်း
ကစားနေတဲ့ ကစားကွက်က (၄-၃-၃) ပုံသေ မဟုတ်ပါဘူး၊ ပုံစံ အမျိုးမျိုး
ပြောင်းကစားလို့ ရတယ်။ (၄-၄-၂) ဆိုရင်လည်း ပြဿနာ မရှိဘူး။ ကျွန်တော်တို့
အသင်းမှာ ပုံစံ အမျိုးမျိုး ပြောင်းကစားနိုင်တဲ့ ကစားသမား ကောင်းတွေ
ရှိတယ် မဟုတ်လား။ ဒီတစ်ပတ် နေပြည်တော်နဲ့ ပွဲမှာ ကျွန်တော့် အသင်း
အကောင်းဆုံး ပုံစံ ရမယ်လို့ ယုံကြည်တယ်။ ချန်ပီယံဆု အတွက် အရေးပါတဲ့
ပြိုင်ဘက်တွေကလည်း ပွဲကျပ်တွေ ကစားရမှာ ဖြစ်လို့ ကျွန်တော်တို့
ခြေမချော်ဖို့ အရေးကြီးတယ်။ နေပြည်တော် အသင်းဟာလည်း အသင်းကြီး
တစ်သင်းဖြစ်လို့ လေးစားမှု အပြည့်နဲ့ ယှဉ်ပြိုင် သွားမယ်”ဟု နည်းပြချုပ်
ပြောသည်။
ရန်ကုန် အသင်းနှင့် နေပြည်တော် အသင်းတို့သည် လာမည့်
ဇူလိုင်လ (၁၅) ရက်နေ့ ညနေ ၄း၀၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌
ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
www.ygnutd.com
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
-
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။
ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် ...
12 years ago
No comments:
Post a Comment