အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.
Showing posts with label YUFC သမိုင်းကြောင်းနှင့် သူရဲကောင်းများ. Show all posts
Showing posts with label YUFC သမိုင်းကြောင်းနှင့် သူရဲကောင်းများ. Show all posts
Best Goals of Yangon United Football Club
Best Goals of Yangon United Football Club
YUFC ရဲ့  အကောင်းဆုံး ဂိုး ၅၀လောက်ကိုတစ်ဝကြီး ကြည့်ရှုခံစားရပါမယ် ။
best 30 , best 20 , best 10 စသည်ဖြင့် ခွဲခြားပေးထားပါတယ် ။
မှတ်ချက်။ ။ သွင်းဂိုးများ၏ လှပသေသပ်မှုအပြင် ပွဲစဉ်၏အရေးပါမှု ကိုပါ ထည့်သွင်းစဉ်းစားဆုံးဖြတ်ပါသည်။ 
Yangon United FC Song
အမြဲတမ်းကိုဇွဲကသန်
မလွဲတမ်းဗိုလ်စွဲရရန်
မာန်ဟုန်ပြင်းစွာကန်မည်အမှန်
ရန်ကုန်အသင်းသာချန်ပီယံ ။
edited by kaung myat thu
Kyi Lin ( Best Player of Myanmar National Football Team )
Kyi Lin ( Best Player of Myanmar National Football Team ) edited by Kaung Myat Thu
ဆယ်စုနှစ်၏သူရဲကောင်းတစ်ဦး ( သို့ မဟုတ် ) ကြည်လင်း
     ကျွန်တော်ပြီးခဲ့တဲ့နှစ်က ကြည်လင်းအကြောင်း ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ် ။ ကျွန်တော့်ရဲ့  သူရဲကောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပါ။MNLအဖွင့်ပွဲစဉ်မှာကျွန်တော်သူ့ ရဲ့  ခြေစွမ်းကိုစပီး တွေ့ မြင်ခံစားခဲ့ရတာပါ ။ အဲ့ဒီအချိန်ကတည်းက သူ့ ကိုကျွန်တော် လက်ရွေးစင် ကစားသမားတစ်ဦးအဖြစ်
နိုင်ငံ့ဂုဏ်ဆောင်နိုင်မယ်လို့  စိတ်ကူးမျှော်လင့်ခဲ့ပါတယ်။ ၃နှစ်လောက်ကြာမြင့်ခဲ့တဲ့အချိန်မှာတော့ သူဟာ မြန်မာအသင်းအတွက် မရှိမဖြစ်ကစားသမားတစ်ဦးအဖြစ် အောင်မြင်စွာရပ်တည်နိုင်ခဲ့ပါတယ် ။
      ၁၉၆၀ ကျော်မြန်မာ့ဘောလုံးရွှေခေတ်ကာလမှာဗဟာဒူးဆိုတဲ့ထူးခြားတဲ့အရည်အသွေးနဲ့  ဘောလုံးသမားတစ်ဦး မြန်မာနိုင်ငံအတွက် ပေါ်ထွက်ခဲ့ပါတယ်။ သူ့ ကိုတော့ ယနေ့ ခေတ်လူငယ်တစ်ယောက်အနေနဲ့  ကျွန်တော်လက်လှမ်းမမှီတော့ပါဘူး ။ ငွေခေတ်ကာလရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်တဲ့  မျိုးလှိုင်ဝင်း ၊ ၂၀၀၀ပြည့်နှစ်အလွန် ဆယ်စုနှစ်ရဲ့  အကောင်းဆုံး ဘောလုံးသမား စိုးမြတ်မင်း ၊  သူတို့နဲ့ ကျွန်တော် ကြည်လင်းကိုနှိုင်းယှဉ်ကြည့်ချင်ပါတယ် ။
ပါဝင်ခဲ့သလို ၁၉၉၈ ခုနှစ် တိုက်ဂါးဖလားပြိုင်ပွဲမှာ မြန်မာအသင်း အုပ်စုအဆင့်နဲ့ သာကျေနပ်ခဲ့ရပေမယ့်   မျိုးလှိုင်ဝင်းဟာ၎ဂိုးသွင်းယူနိုင်ခဲ့ပြီး၃ဂိုးသွင်းယူနိုင်ခဲ့တဲ့ မြန်မာအသင်းက အောင်ခိုင်အပါအ၀င်
အင်ဒိုကစားသမား၂ဦးရဲ့အထက်မှာဂိုးသွင်းအများဆုံးကစားသမားအဖြစ် ထိပ်ဆုံးကရပ်တည်နိုင်ခဲ့ပါတယ် ။ အဲ့ဒီပြိုင်ပွဲမှာ စိုးမြတ်မင်းတစ်ယောက်လည်း လက်ရွေးစင်အဖြစ် ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။၁၉၉၅ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ စတုတ္ထနေရာရပ်တည်ခဲ့တဲ့ မြန်မာအသင်းမှာပါဝင်ခဲ့သလို  အထက်မှာဖေါ်ပြခဲ့တဲ့ မျိုးလှိုင်ဝင်း လက်ရွေးစင်တစ်ယောက်အဖြစ်  နောက်ဆုံးပါဝင်ကစားခဲ့တဲ့ ၂၀၀၄ခုနှစ် တိုက်ဂါးဖလားမှာ
သူဟာ စတုတ္ထနေရာအထိရောက်အောင် မြန်မာအသင်းအတွက် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။   မျိုးလှိုင်ဝင်းဟာ၁၉၉၀ကျော်ဆယ်စုနှစ်ကာလမှာတော့ ခေတ်ပြိုင်ကစားသမားတွေထက်သာလွန်ခဲ့တဲ့
အကြောင်းတရားတွေရှိပါတယ်။အဲ့ဒါကတော့ သူဟာ မြန်မာ့လက်ရွေးစင်အသင်းမှာ အမြဲတမ်းဆက်တိုက် ပါဝင်ကစားခဲ့ပြီး ပွဲပေါင်းများစွာကစားကာ ဂိုးပေါင်းများစွာသွင်းယူခဲ့သူတစ်ယောက်အဖြစ် မြန်မာပရိသတ် အကြားမှာ ရေပန်းစားခဲ့တာကြောင့်ဖြစ်ပါတယ် ။
           စိုးမြတ်မင်းကတော့  ၂၀၀၀ပြည့်နှစ်အလွန်ကာလမှာ ခေတ်ပြိုင်မြန်မာကစားသမားတွေထက် ပြတ်ပြတ်သားသား အသာရခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။ သူဟာ ငွေခေတ်ကာလနောက်ပိုင်း ဆယ်နှစ်လောက်ထိ အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တဲ့ မြန်မာအသင်းအတွက် ၂၀၀၁ခုနှစ် ပထမအကြိမ် ၂၃နှစ်အောက် ဆီးဂိမ်းမှာ ခြေစွမ်းပြကစားပြီး ကြေးတံဆိပ်ဆွတ်ခူးပေးခဲ့သလို ၂၀၀၃ ခုနှစ်ဆီးဂိမ်း တတိယလုပွဲမှာ မလေးရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး စတုတ္ထရခဲ့တဲ့ မြန်မာအသင်း အတွက်လည်း ၆ဂိုးအထိသွင်းယူကာ ဒုတိယ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ် ။  လူငယ်ပြိုင်ပွဲတစ်လျောက် အမြင့်ဆုံးအောင်မြင်မှုအနေနဲ့ ၂၀၀၇ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ဒုတိယငွေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပြီး မြန်မာ့ ဂုဏ်ဆောင်ခဲ့ပါတယ် ။ လက်ရွေးစင်အသင်းအတွက်၂၀၀၆ခုနှစ် မာဒေးကားဖလားမှာ  မြန်မာအသင်းကိုလည်း ချန်ပီယံဖြစ်စေခဲ့သလို ၂၀၀၈ခုနှစ် Grand Royal ဖိတ်ခေါ်ပြိုင်ပွဲမှာ သူကိုယ်တိုင်၅ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သလို မြန်မာအသင်းကိုလည်း ချန်ပီယံဖြစ်စေခဲ့ပါတယ် ။ ၂၀၀၄ ခုနှစ် တိုက်ဂါးဖလားမှာ မျိုးလှိုင်ဝင်းနဲ့ အတူ မြန်မာ့လက်ရွေးစင်အသင်းကို ဆီမီးဖိုင်နယ်ထိ ပို့ ဆောင်ပေးခဲ့သလို အဲံဒီပြိုင်ပွဲမှာ သူဟာ ခြေစွမ်းပြကစားခဲ့ပြီး ၆ဂိုးအထိသွင်းယူကာ ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပြန်ပါတယ် ။ ၂၀၀၇ ခုနှစ် မာဒေးကားဖလားမှာ မြန်မာအသင်းကို ဒုတိယနေရာအထိရရှိအောင် စွမ်းဆောင်ခဲ့ပြီး ၂၀၀၈ခုနှစ် AFC Challenge Cup မှာ သူ့ ရဲ့ နောက်ဆုံးအောင်မြင်မှုအဖြစ် မြန်မာအသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့ပြီး စတုတ္ထနေရာ ရယူပေးခဲ့ပါတယ် ။
        ကြည်လင်းကတော့ ၂၀၁၁ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ လူငယ်လက်ရွေးစင်အဖြစ် စတင်ပါဝင်ကစားခဲံပြီး ကွင်းလယ်ကစားသမားတစ်ဦးအနေနဲ့  ဘရူနိုင်းအသင်းနဲ့ ပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် တတိယကြေးတံဆိပ်ရယူနိုင်ခဲ့ပါတယ် ။ ၂၀၁၂ ဆူဇူကီးဖလားခြေစစ်ပွဲမှာ ၃ဂိုး
သွင်းယူပေးခဲ့ပြီး ခြေစစ်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးအဖြစ် တီမော ကစားသမားများနဲ့ အပြိုင်ရပ်တည်ခဲ့ပါတယ် ။ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာတော့ မြန်မာအသင်းအတွက် တစ်လုံးတည်းသောဂိုးကိုသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးညာတောင်ပံကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ် ။ ၂၀၁၄ AFC Challenge Cup ခြေစစ်ပွဲမှာ တစ်ဂိုးသွင်းယူပေးခဲ့သလို မြန်မာအသင်းအတွက် အဓိကကစားသမားအဖြစ်ပါဝင်ကစားခဲ့ပြီး ခြေစစ်ပွဲအောင်စေခဲ့ပါတယ် ။
စွမ်းဆောင်နိုင်ခဲ့သလို ဗီယက်နမ်အသင်းဘက်ကို တစ်ဂိုးသွင်းယူ  ပေးနိုင်ခဲ့ပါတယ်။အာရှရဲ့  ဘောလုံး
အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ တောင်ကိုရီးယားအသင်းနဲ့  ပွဲစဉ်မှာ မြန်မာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပါတယ် ။
လာမယ့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှာ သူ့ အနေနဲ့  တိုက်စစ်မှုးအဖြစ်ပါဝင်ကစားခွင့်ရရှိပြီး ဂိုးသွင်းအများဆုံးဆုနဲ့  ချန်ပီယံဆုဖလားကိုသာ ရယူနိုင်ခဲ့မယ်ဆိုရင် မျိုးလှိုင်ဝင်း ၊ စိုးမြတ်မင်း တို့ ထက်
အသာရသွားဖို့ ရှိနေပါတယ် ။ သူ့  ရဲ့  စိတ်ဓါတ်ခွန်အားနဲ့  ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်
အဆိုပါအောင်မြင်မှုဟာ ဖြစ်လာနိုင်ဖွယ် အကြောင်းရှိပါတယ် ။
         သူဟာမျိုးလှိုင်ဝင်း ၊ စိုးမြတ်မင်းတို့ နည်းတူ ခေတ်ပြိုင်ကစားသမားတွေထက် အသာရခဲ့တာကတော့ အောင်နိုင်လိုစိတ်ပြင်းပြမှု ၊ တစ်ကိုယ်တော်စွမ်းရည်နဲ့  နည်းပြတွေအပေါ်လေးစားမှု ၊ ကစားသမားအချင်းချင်း ချစ်ခင်လေးစားမှုတွေပဲဖြစ်ပါတယ် ။ သူဟာ ရန်ကုန်ယူနိုက်တက်အသင်းကို နည်းပြအဖြစ် မျိုးလှိုင်ဝင်းကိုင်တွယ်စဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲံပေမယ့် ဒုတိယပိုင်းမှာ လူစားလဲလှည်ခြင်းကို မကြာခဏဆိုသလိုခံခဲ့ရပါတယ်။
အဲရစ်ဝီလျံ ရောက်လာတဲ့နောက်ပိုင်းမှာလည်း ပွဲထွက်လူစာရင်းမှာတောင် ပါဝင်ကစားခွင့်မရတော့ပဲ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ရပါတယ် ။သို့ ပေမယ့် သူဟာ သူပါဝင်ကစားနေတဲ့ အချိန်ပိုင်းလေးမှာ အကောင်းဆုံး ကြိုးစားစွမ်းဆောင်ခဲ့ပြီး လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့သလို နည်းပြတွေအပေါ်မှာလည်း စောတကတက်ခဲ့တာမျိုး မရှိခဲ့ပါဘူး ။ ကစားသမားဘ၀တစ်လျှောက် အနီကတ် မထိခဲ့တာကတော့ စိုးမြတ်မင်းထက်တောင် အသာရခဲ့တဲ့အချက်ပဲဖြစ်ပါတယ် ။ စိုးမြတ်မင်းအနေနဲ့  ၂၀၀၀ပြည့်နှစ် အာရှခြေစစ်ပွဲ တောင်ကိုရီးယားအသင်းနဲ့  ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရတာကို မှတ်တမ်းများအရ တွေ့ ရှိရပါတယ် ။
          ၁၉၉၀ ပြည့်နှစ်အလွန် ဆယ်စုနှစ်ကာလတစ်လျှောက်မှာ မျိုးလှိုင်ဝင်းတစ်ခေတ်ဖြစ်ခဲ့သလို ၂၀၀၀ ပြည့်နှစ်အလွန် ဆယ်စုနှစ်ကာလမှာတော့ စိုးမြတ်မင်း သူရဲကောင်းဖြစ်ခဲ့တယ်ဆိုတာ ငြင်းချက်ထုတ်စရာ မရှိနိုင်ပါဘူး ။ ထို့ အတူပဲ မြန်မာ့ဘော်လုံးလောက ပြန်လည်ဦးမော့လာခဲ့တဲ့ ၂၀၁၀အလွန် ဆယ်စုနှစ်ရဲ့  သူရဲကောင်းဟာလည်း ကြည်လင်းဖြစ်လာလိမ့်မယ်လို့  ယုံကြည်မိပါတယ်။သူ့ ရဲ့  ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ၊  အောင်နိုင်လိုစိတ်ပြင်းပြမှု ၊ မဆုတ်မနစ်ကြိုးစားအားထုတ်မှု တွေကြောင့် ကြည်လင်းဟာသူ့ ရဲ့ ဆယ်စုနှစ်မှာ မျိုးလှိုင်ဝင်း ၊ စိုးမြတ်မင်းတို့ မကိုင်မြှောက်နိုင်ခဲ့တဲ့  အောင်မြင်မှု ဆုဖလားတွေကို ကိုင်မြှောက်ပြီး အရှေ့ တောင်အာရှရဲ့  အကောင်းဆုံးဘောလုံးသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့  ကျွန်တော်ဟောကိန်းထုတ်ပါရစေဗျာ ။
Kaung Myat Thu (facebook )
ရန်ကုန်ကစားသမားများရဲ့  တတိယမြောက် တာဝန်ကျေမှု အတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း
ယနေ့  ယှဉ်ပြိုင်ကစားခဲ့သော ဆူဇူကီးဖလားခြေစစ်ပွဲ တတိယနေ့ ပွဲစဉ်အဖြစ် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် ရန်ကုန်ယူနိုက်ကစားသမားများက ယခင်နေ့ များနည်းတူ မြန်မာအသင်းအတွက် အနိုင်ဂိုးများ သွင်းယူပေးနိုင်ခဲ့သောကြောင့် အထူးပင် ၀မ်းမြောက်ဂုဏ်ယူမိပါသည် ။
ယနေ့ ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်ကစားသမားများဖြစ်သော  ကြည်လင်း ၊  ကောင်းစည်သူ ၊ ပြည့်ဖြိုးအောင် တို့  အနိုင်ဂိုးများသွင်းယူနိုင်ခဲ့သည့်အတွက် ယခုဆိုလျှင် မြန်မာအသင်းမှာ ရဂိုး ၆ဂိုးရရှိထားပြီး ဂိုး သွင်းယူနိုင်ခဲ့သော ရန်ကုန်ကစားသမားအရေအတွက်မှာ ၄ ဦးထိ ရှိနေခဲ့ပြီဖြစ်သည် ။
ရန်ပရိသတ်များ ၏ ပီတိစကားများ
ခက်ထန်သယောင်နဲ့ နူးညံတဲ့ အပြုံးကို ပိုင်ဆိုင်တဲ့သူ။ မာကြောပေမယ့် နူးညံ့တဲ့ စိတ်ထားရှိသူ။ ဟုတ်တယ် သူဟာ ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ မောင်ကြည် ဒါမှမဟုတ် ပြိုင်ဘက်တွေအတွက် အိမ်မက်ဆိုး တွေပေးမယ့် နတ်ဆိုး။ စေတန်ရဲ့ နတ်ဆိုးပေါ့။ ပထမပိုင်း တစ်ပိုင်းလုံး တဖက်သတ် ဖိကစားပြီး တဒိုင်းဒိုင်း ကန်သွင်းနေပေမယ့် ဂိုးမရတော့။ တိုက်စစ်မှူး စစ်စစ် ဖျောက်ကစားနေတဲ့ အသင်းအတွက် သူ့မှာ ဖိအားတွေ ရှိလာခဲ့ပြီလေ။ ဒါပေမယ့် ဖိအားတွေကို ရုန်းကန် ပေါက်ကွဲပြတတ်တဲ့ သူ့အတွက် အချိန်ထပ်စောင့်စရာ မလိုခဲ့ပါဘူး။ ၅၉ မိနစ်မှာ ဘယ်တောင်ပံက ဘောလုံး စတက်လာကတည်းက သူခန္ဓာကိုယ်က လေထဲ ရောက်နေပြီ။ ဘောလုံးနဲ့ ခန္ဓာ တိုင်ပင်ကိုက်ပါပဲ။ လေထဲက ဘောလုံးကို ခေါင်းတိုက် အဆုံးသတ်ခဲ့ပုံက ခမ်းနားလွန်းပါရဲ့။ ဒါဟာအားလုံးအတွက် သူဘာလဲဆိုတာ ပြခဲ့တဲ့ဂိုး။ ဒါမှမဟုတ် မြန်မာအသင်းအတွက် သူ့ရဲ့ ဗွေဆော်ဦးဂိုး။
ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာ၊ အမြဲ ရယ်နေတတ်တဲ့ သူ့ပုံစံ။ ဒီပြိုင်ပွဲမှာ မြန်မာအသင်းရဲ့ တစ်ဦးတည်းသော တိုက်စစ်မှူး။ ကောင်းကြီးလို့ ကျွန်တော်တို့ ခေါ်တဲ့ ကောင်းစည်သူပါ။ ဒီပြိုင်ပွဲမှာ ပတ်ဆောင်ဟွာ ဘာကြောင့် သူ့ကို ရွေးခဲ့ရတာလဲ ဆိုတာကို သူက အလုပ်နဲ့ သက်သေပြခဲ့တယ်။ လူစားဝင်လာပြီး နောက် ၄ မိနစ်အကြား ပွဲချိန် ၆၅ မိနစ်မှာ ဇော်မင်းထွန်း ဖြတ်တင်ဘောကို ပိတ်သွင်းပြီး မြန်မာအသင်းရဲ့ အနိုင်ကို သေချာစေခဲ့တယ်။ ဂိုးသွင်းပြီး သူရဲ့ ရှိတ်သက် အကကိုလည်း မပျက်မကွက် ကခဲ့ပါသေးတယ်။
ချောမောလွန်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် သူ့ ကစားဟန်ကတော့ ကျားရဲတစ်ကောင်လိုပါပဲ။ ပြိုင်ဘက်ကို ဘယ်တော့မှ အခွင့်အရေး မပေးတတ်တာ သူ့ကစားဟန်ပါ။ သူက တတိယဂိုး သွင်းခဲ့တဲ့ ခင်မင်သူတွေက ရှမ်းလေးလို့ ခေါ်တဲ့ ပြည့်ဖြိုးအောင်ပါ။ ဒီနေ့ပွဲကျမှ ပွဲထွက်ခွင့် ရခဲ့ပေမယ့် ဒီနေရာဟာ သူနဲ့ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့တယ်။ နာကျင်အချိန်ပိုမှာ သူသွင်းခဲ့တဲ့ ဖရီးကစ်က တကယ့်ကို အမိုက်စားပါ။ ဒီလို ကန်ချက်မျိုးနဲ့ သူက နေရှင်နယ်လိဂ်မှာလည်း ဂိုးရခဲ့ဖူးပါတယ်။
သူတို့နဲ့ အတူ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ ဒေးဗစ်ထန်း၊ ရန်အောင်ဝင်း စုစုပေါင်း (၇)ယောက်အထိ မြန်မာအသင်းအတွက် ရန်ကုန်ယူနိုက်တက် အသင်းက ပံ့ပိုးနိုင်ခဲ့တယ်။ သူတို့အကုန်လုံးကလည်း အပြည့်ဝဆုံး စွမ်းဆောင်မှုတွေနဲ့ မြန်မာ့လက်ရွေးစင် အသင်းအတွက် ကစားပေးခဲ့ကြတယ်။
ဟုတ်ပါတယ်။ ၃-ပွဲ ကန်ပြီးချိန်မှာ ရရှိခဲ့တဲ့ ဂိုးတွေအကုန်လုံးကို ရန်ကုန် ယူနိုက်တက် ကစားသမားတွေက သွင်းယူခဲ့တဲ့အတွက် ဒီနိုင်ပွဲတွေဟာ ရန်ကုန်မြို့မိ၊ မြို့ဖတွေနဲ့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ ဂုဏ်ယူရတဲ့ပွဲပါ။
U Bo Htun
ဒီနေ့ ပွဲမှာ ရန်ကုန်ကစားသမား ၈ယောက်ထိ ပွဲထွက်ကစားပြီး ၃ယောက် ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် အတိုင်းထက်အလွန် ပျော်ရွှင်ရပါတယ် ။
Kaung Myat Thu
မြန်မာအသင်းအောင်ပွဲအတွက်ရန်ကုန်ကစားသမားများမှာအဓိကကျနေပါသည်လက်ရွေးစင်တွေ အများကြီးမွေးထုတ်နိုင်လို့ဂုဏ်ယူပါတယ်ဆိုတဲ့အသင်းတာဝန်ရှိသူတွေနဲ့အတူကျွန်တော်တို့ ရန်ကုန်ပရိတ်သတ်တွေကလဲအရမ်း အရမ်းကိုဂုဏ်ယူပါသည်
မြန်မာအသင်းက(၃)ပွဲကစား၊ (၃)ပွဲစလုံးအနိုင်ရပြီး ဆူဇူကီးဖလားခြေစစ်ပွဲအောင်ဖို့ အခြေအနေ အရမ်းကိုကောင်းသွားပါပြီ။ ဆူဇူကီးဖလားခြေစစ်ပွဲမှာ မြန်မာအသင်းရဲ့အောင်မြင်မှုအတွက် အားလုံးရဲ့ကြိုးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ချီးကျူးကျေးဇူးတင်လိုပါတယ်။ အဲလိုတစ်ဆက်တည်းပဲ မြန်မာနေရှင်နယ်လိဂ်ရဲ့ဒါရိုက်တာတစ်ယောက်အနေနဲ့ မြန်မာနေရှင်နယ်လိဂ်အသင်းတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းကိုလည်း ချီးကျူးကျေးဇူးတင်စ ကားပြောလိုပါတယ်။ ဘာလို့လဲဆိုတော့ ခုချိန်ထိ ဆူဇူးကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းရရှိထားတဲ့ စုစုပေါင်းသွင်းဂိုး(၆) ဂိုးလုံးကို ရန်ကုန်ယူနိုက်တက်ကစားသမားတွေက သွင်းယူပေးထားလို့ပါပဲ။ ဒါဟာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ရည်မှန်းချက်တစ်ခုဖြစ်တဲ့ မြန်မာ့ဘောလုံးလောကအတွက် အထောက်အကူပြုရန်၊ အကျိုးပြုရန်ဆိုတဲ့အချက်ကို ပြည့်ပြည့်၀၀ဖော်ဆောင်လိုက်နိုင် တာလည်းဖြစ်ပါတယ်။
(((မှတ်ချက်။ ။အထက်ပါ ဂုဏ်ပြုချီးကျူးစကားကို ရေးသားပေးခဲ့သူက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ ဦးရဲမျိုးဟိန်းပါ။)))
 U Bo Htun
ကျွန်တော်တို့ မြန်မာလက်ရွေးစင်အသင်းတွင်အသက်ကယ်ကယ်တင်ပီးဂိုးတွေသွင်း
ယူပေးနေတဲ့ သူရဲကောင်းရန်အောင်ဝင်း၊ကြည်လင်းတို့ အားတို့ အားရန်ကုန်ဝါ၇ီယာမှ
ချီးကျုးဂုဏ်ပြုပါတယ်ဗျာ..ရန်ကုန်ကစားသမားအားလုံးအားလေးစားလျက်...
သူငယ်ချင်းတို့ရေ.. ငါတော့ ခေါင်းမော့ မျက်နှာချီရတာ
ဇက်တောင် အကြောတက်ချင်နေပြီ...
အဟိ...
ပြီးတော့ ကျေနပ်ပြုံးနဲ့ ပြုံးဖြီးဖြီးဖြစ်နေလို့
မျက်နှာကြောတွေတောင် တင်းနေပြီ။။။
ရန်ကုန်ပရိတ်သတ်ဖြစ်ရတာ
ဒီလောက်ကျေနပ်စရာကောင်းတယ်ဟေ့။။။။။။။။။
ဒီလောက် ပျော်စရာကောင်းတယ်ဟေ့။။။။။။။။။။
ဂုဏ်ယူနေရတယ် ။ ကြည်နူးနေရတယ် ။။။။။။။။။။။။
အောင်မလေးလေး။။။
လမ်းလျှောက်ရင်တောင် မြောက်ကြွ မြောက်ကြွဖြစ်နေပြီ.။။
နောက်တစ်ပွဲပြီးရင် ဒီ့ထက် အခြေအနေပိုဆိုးလာနိုင်တယ်.။
:P :P :P :P :P :P
May Khaa
ယနေ့ ပွဲစဉ်၏  သူရဲကောင်းများ  
ကောင်းစည်သူ ၏ ခြေစွမ်း ကို ပတ်ဆောင်ဟွာ ချီးကျူး
မြန်မာ့ လက်ရွေးစင် အသင်း၏ နည်းပြ ပတ်ဆောင်ဟွာ က တိုက်စစ်မှူး ကောင်းစည်သူ ၏ လုပ် အားနှုန်းနှင့် ခြေစွမ်း အပေါ် ချီကျူးပြောကြား မှု တစ်ရပ် ပြုလုပ် လိုက်သည်။
ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူးကောင်းစည်သူ သည် မိခင် ကလပ် အသင်းတွင် ပုံမှန်နေရာ မရသော် လည်း မြန်မာ့ လက်ရွေးစင် အသင်းတွင် ပွဲထွက်ခွင့် ရနေ သူဖြစ်ပြီး လက်ရှိ ကျင်းပနေ သည့် ဆူဇူကီး ဖလားခြေ စစ် ပွဲတွင် ပြိုင်ဘက် အသင်း များ၏ ဂိုးပေါက် ကို တစ်ကြိမ်မျှ ခြိမ်းခြောက်နိုင်ခြင်း မရှိသေးသောကြောင့် မေးခွန်း ထုတ် ခံနေရ ချိန်တွင် ပတ်ဆောင်ဟွာ က ချီးကျူး ခဲ့ခြင်း လည်း ဖြစ်သည်။
ကောင်းစည်သူ ၏ ခြေစွမ်းနှင့် ပတ်သတ် ၍ ပတ်ဆောင်ဟွာ က ” ကောင်းစည်သူ ဟာ အခု အချိန်ထိ ဂိုးမသွင်းနိုင်သေး တာ မှန်ပါတယ်။ ဒါပေမယ့် ဒီ တစ်ခုတည်း ကိုကြည့်ပြီး သူ့အပေါ် ဝေဖန်လို့ မရ ပါဘူး။ သူ ဟာ ကြံခိုင် မှုကောင်း ပြီး လုပ်အားနှုန်း တကယ် ရှိတဲ့ တိုက်စစ်မှူးကောင်း ပါ။ သူ ဂိုး မသွင်းနိုင်သေးပေ မယ့် ပြိုင်ဘက် ခံစစ်ကြောင်း ကို အကောင်းဆုံး ဒုက္ခပေးနိုင် ပါတယ်။ သူရဲ့ တိုး အားကြောင့် အခြား ကစား သမားတွေ ဂိုးသွင်း ခွင့်တွေ ရနေကြ တာပါ သူ့ခြေစွမ်း အပေါ် ကျွန်တော် ကျေနပ်မှု ရှိပါ တယ် ” ဟု ဖွင့်ဟ ခဲ့သည်။
ကောင်းစည်သူ သည် နည်းပြ ပတ်ဆောင်ဟွာ လက်ထက် ယူ-၂၂ အသင်း တွင် စတင် ရွေးချယ် ခံခဲ့ ရပြီး ယူ-၂၂ အသင်း အာရှ ခြေစစ်ပွဲ အောင်မြင် ရာတွင် ကျော်ကိုကို ဒဏ်ရာ ရပြီးနောက် အဆုံး အဖြတ် ဂိုးများ သွင်းယူ ပြီး ခြေစွမ်းပြနိုင် ခဲ့ခြင်းကြောင့် လက်ရွေးစင် အသင်းတွင် ဆက်လက်ရွေးချယ် ခံခဲ့ရသူ ဖြစ်သည်။
မြန်မာအသင်းရဲ့  ဂိုးသွင်းစက် ကြည်လင်း
မြန်မာအသင်း၏  ဆူဇူကီးဖလားခြေစစ်ပွဲအောင်မြင်ရေးအတွက် ဒုတိယခြေလှမ်းဖြစ်သော တီမောအသင်းနှင့်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း၏ ကစားသမား ကြည်လင်းအနေဖြင့် အကောင်းဆုံးစွမ်းဆောင်မှုနှင့်အတူ  ပထမဦးဆောင်ဂိုးနှင့် အနိုင်ဂိုးများသွင်းယူကာ မြန်မာအသင်းအတွက် နိုင်ပွဲရယူပေးနိုင်ခဲ့သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါသည် ။
ရန်ကုန်အသင်းပရိသတ်များ၏ ပီတိစကားများ
မြန်မာအသင်း
ရဲ့ ခြေစစ်ပွဲ လှေကားထစ်တွေမှာ ရန်ကုန် ကစားသမားတွေက တဆင့်ချင်း အကောင်းဆုံး စွမ်းဆောင်ပြနေပါတယ်။ ဘရုနိုင်းပွဲမှာ ရန်အောင်ဝင်းက လှပတဲ့ အဝေးကန်ချက်နဲ့ ပရိသတ်တွေကို ပျော်ရွှင်မှု ပေးခဲ့သလို ခြေစွမ်းမသေးလှတဲ့ တီမောနဲ့ ပွဲမှာလည်း ကြည်လင်းက တစ်ဖက်အသင်း ကစားသမားတွေ အတွက် နတ်ဆိုးတစ်ပါးလို ထိန်းချုပ်ရခက်စေခဲ့ပါတယ်။ အဲဒီလိုပဲ ရာဇာဝင်းသိန်း၊ ရန်အောင်ကျော်၊ ကောင်းစည်သူ၊ ဒေးဗစ်ထန်း တို့ကလည်း ရန်ကုန်ရဲ့ ဂုဏ်သိက္ခာကို ကြီးမြင့်စေခဲ့ပါတယ်။ ဒဏ်ရာကြောင့် လူစားဝင်ကစားနေရတဲ့ ခင်မောင်လွင်နဲ့ အရန်နေရာကနေ အသင့်ဖြစ်နေတဲ့ ပြည့်ဖြိုးအောင် တို့ကလည်း လက်ရွေးစင်အတွက် အကောင်းဆုံး စွမ်းဆောင်ပြဖို့ အဆင့်သင့် ဖြစ်နေပါပြီ။
တီမောနဲ့ပွဲ ပထမပိုင်းမှာ ဒေးဗစ်ထန်းရဲ့ ညာတောင်ပံက တိကျတဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက် အဆုံးသတ်ခဲ့သလို (၁-၁) သရေ ကျနေချိန် ဒုတိယပိုင်းမှာလည်း ကြည်လင်းက ဘယ်တောင်ပံက ကျလာတဲ့ ဘောလုံးကို သွေးအေး သားသတ်သမားလို တည်ငြိမ်မှုမျိုးနဲ့ အဆုံးသတ်ပြခဲ့ပုံက သုဝဏ္ဏကွင်းက မီဒီယာ သမားတွေကိုတောင် အံ့သြမင်သက်မိစေတာပေါ့။ ဘောလုံးကို လက်ခံပုံ၊ ဖြန့်ဝေပုံ၊ အဆုံးသတ်ပုံတွေက တကယ့်ကို ခမ်းနားလွန်းပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်နဲ့ ဘောလုံးကို လက်ခံကစားပုံတွေက သူ့ရဲ့ ကိုယ်ပိုင်စတိုင်တောင် ဖြစ်နေပါပြီ။ ပွဲအပြီး သူ့နာမည်ကို ပရိသတ်တွေက အော်ဟစ်အားပေးခဲ့တဲ့အတွက် မောင်ကြည် ကျေနပ်မယ် ထင်ပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို့ကို ပျော်ရွှင်စေခဲ့တဲ့ မောင်ကြည်အတွက်လည်း ကျွန်တော်က ဂုဏ်ပြုရေးဖွဲ့ပါတယ်။ စေတန်ရဲ့ နတ်ဆိုး (သို့) ကျွန်တော်တို့ရဲ့ မောင်ကြည် ပွဲတိုင်း ခြေစွမ်းပြ ဂိုးသွင်းနိုင်ပါစေ။
U Bo Htun
Congratulation! မောင်ကြည်.... နောက်ပွဲတွေလည်း ဂိုးတွေ အများကြီး သွင်းနိုင်ပြီး မြန်မာ့ ဂုဏ် ကိုဆောင်နိုင်ပါစေ......
Wunna Zaw
ချီးမွမ်းစာတွေ ဂုဏ်ပြုစာတွေအများကြီးပဲတော့...
ဒီလိုမျိုး အကြည်တစ်ယောက် ဂိုးတွေရပြီး
လူတိုင်း အားပေး ချီကျူးလို့ အားပေးတဲ့သူတွေနဲ့ရော
အကြည်နဲ့ရော.. ထပ်တူ ၀မ်းသာတယ် အကြည်ရေ...............
May Khaa
You are our hero now. Your improvement is unbelievable.. Keep it Bro.. Go Go 
Kyaw Thu Soe Naing
ဘရူနိုင်းနှင့်ပွဲအပြီး  ကျွန်တော့်ရဲ့ အားပေးမှု  
ကြည်လင်းရေ
မင်းဒီနေ့ ကစားတာ အရမ်းကောင်းပါတယ် ။ တစ်သင်းလုံးမှာ အကောင်းဆုံးလို့ ဆိုလို့ ရတယ် ။ ဂိုးမသွင်းနိုင်တာအတွက် စိတ်မပျက်ပါနဲ့  တိုက်စစ်မှုးစစ်စစ်တစ်ယောက်အဖြစ် ကစားရတာမှမဟုတ်တာပဲလေ ။
ကိုယ့် နေရာမှာ အကောင်းဆုံးတာဝန်ကျေရင် ပရိသတ်က အားပေးနေမှာပါ ။ ဂိုးသွင်းနိုင်တာကတော့ ကံတရားပေါ့ကွာ ။
ကြိုးစားထားသားကြီး စိတ်မလောနဲ့  ဒီနေ့  တောင်ပံမှာရော အလယ်မှာ ကစားသွားတာ အရမ်းမိုက်တယ် ။ ဒါဏ်ရာမရစေနဲ့  သတိထား ဒီဆုဇူကီးမှာ ခြေစွမ်းပြနိုင်ရင် ဒီနှစ် အကောင်းဆုံးဘောလုံးသမားက မင်းပဲ ။
တီမောနှင့်ပွဲအပြီး 
 ကြည်လင်းရေ ငါ cover photo ချိန်းလိုက်တာမှန်တယ်ဟေ့
မင်းက အခုမှ အပြင်မှာ ဂျွမ်းပစ်တာ ငါကစားတဲ့ ဂိမ်းထဲမှာ မင်းနဲ့ဂိုးသွင်းလိုက်တိုင်း ဂိမ်းထဲက ကြည်လင်းက နောက်ဂျွမ်းပါပစ်တာကွ ဟားဟား 
 အော် ပြောရဦးမယ် မင်းက ကပ္ပတိန်ကွ ဂိမ်းထဲမှာလေ ။ မြန်မာပဲဖြစ်ဖြစ် ရန်ကုန်ပဲဖြစ်ဖြစ် ငါက မင်းကို ကပ္ပတိန်ပေးပီး ဂိုးတွေသွင်းပစ်တာ ညကတောင် ဟက်ထရစ်ရသွားသေးတယ် 
Kaung Myat Thu
ဆူဇူကီးခြေစစ်ပွဲအတွက် မြန်မာအသင်းကို အသက်ရှုချောင်စေခဲ့တဲ့ ရန်အောင်ဝင်း
ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအသင်းရဲ့  ဆူဇူးကီးဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ်  ဘရူနိုင်းအသင်းနဲ့ယှဉ်ပြိုင်တဲ့ ပွဲစဉ်တွင်  မြန်မာအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပြီး ခြေစစ်ပွဲအောင်မြင်ရေးအတွက် အဖိုးတန် အနိုင်၃မှတ်ကို ရယူပေးခဲ့သော ရန်ကုန်ယူနိုက်တက်ကစားသမား ရန်အောင်ဝင်းအတွက် အထူးပင် ဂုဏ်ယူမိပါသည် ။
မြန်မာနေရှင်နယ်လိဂ် လူငယ်အသင်းပြိုင်ပွဲတွင် အောင်ကျော်ထွေး ဂိုးအများဆုံးသွင်းယူထား
MNL Youth Competition 2012 အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၈) ယှဉ်ပြိုင်အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း
ကွင်းလယ်လူ အောင်ကျော်ထွေးသည် သွင်းဂိုး (၈)ဂိုးဖြင့် ဂိုးအများဆုံးသွင်းသူစာရင်းတွင် ဦးဆောင်ထားပြီး ၎င်း၏
နောက်တွင် မကွေး အသင်းမှ ကျော်မြင်ထွန်းက ၇ဂိုးဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
၂၀၁၂ခုနှစ် မေလ ၁၆ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့သည့် MNL Youth Competition 2012 အမှတ်ပေးပြိုင်ပွဲ
တွင် အောင်ကျော်ထွေး၊ ကျော်မြင်ထွန်းတို့ ဂိုးအများဆုံးသွင်းထားပြီး ဇေယျာရွှေမြေအသင်းမှ စိုးပိုင်သွေးမှာ ၆ဂိုး၊
ရတနာပုံ အသင်းမှ ၀င်းနိုင်စိုးမှာ ၆ဂိုး၊ နေပြည်တော်အသင်းမှ ငြိမ်းတေဇာဝင်းမှာ ၅ဂိုးဖြင့် အဆင့် ၃၊ ၄၊ ၅နေရာတွင် အသီး
သီးရပ်တည်နေကြသည်။ MNL Youth Competition 2012 အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၉)မှ ပွဲစဉ်များကို အောက်တိုဘာလ
(၁)ရက်နေ့တွင် ပဒုမ္ပာအားကစားကွင်း၌ မနောမြေနှင့် ရတနာပုံ၊  အောက်တိုဘာလ (၂)ရက်နေ့တွင် ပဒုမ္ပာအားကစားကွင်း၌
ချင်းယူနိုက်တက်နှင့် ဇေယျာရွှေမြေ၊ အောက်တိုဘာလ (၂)ရက်နေ့တွင် စလင်းကွင်း၌  ဇွဲကပင်နှင့် ဧရာဝတီ၊ အောက်တို ဘာလ
(၂)ရက်နေ့တွင် အောင်ဆန်းကွင်း၌  ရက္ခပူရနှင့် ဆောက်သမ်းမြန်မာ၊ အောက်တိုဘာလ (၃)ရက်နေ့တွင် ပဒုမ္ပာကွင်း ၌
နေပြည်တော်နှင့် ရန်ကုန်ယူနိုက်တက်၊ အောက်တိုဘာလ (၃)ရက်နေ့တွင် စလင်းကွင်း ၌  မကွေးနှင့် ဟံသာဝတီ၊ အောက်တို
ဘာလ (၃)ရက်နေ့တွင် အောင်ဆန်းကွင်းတွင် မောရ၀တီနှင့် ကမ္ဘောဇ အသင်းတို့၏ ပွဲစဉ်များကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ကျင်းပပြုလုပ်မည့် MNL Youth Competition 2012 အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၉) ပွဲစဉ်များအားညနေ ၃နာရီအချိန်တွင်
ကျင်းပသွားမည်ဖြစ်သည်။
 www.myanmarnationalleague.com
Yangon United အတွက် အမြဲပေးဆပ်နေတဲ့  PR Manager U Bo Htun
အမည်အရင်းက ကိုထွန်းထွန်းဝင်းပါ ။ ရန်ကုန်ယူနိုက်တက်အသင်းရဲ့  PR Manager တာဝန်ယူထားပါတယ်။ အလုပ် တာဝန်ဆိုတာထက် အသင်းကိုချစ်တဲ့စိတ်နဲ့  အသင်းအတွက် အချိန်ပြည့် ပေးဆပ်နေသူတစ်ယောက်လို့ ဆိုရမှာပါ ။ ရန်ကုန်ပွဲတွေ ကန်တိုင်း သုဝဏကွင်းကနေ www.ygnutd.com နဲ့  facebook မှာ အချိန်နဲ့  တစ်ပြေးညီ  သတင်းတွေတင်ပေးတတ်သလို ပွဲပြီးတာနဲ့  ဓါတ်ပုံတွေ ဗီဒီယိုတွေ အမြန်ဆုံး သူတင်ပေးလေ့ရှိပါတယ် ။အဝေးရောက်နေတဲ့  ရန်ကုန်ပရိသတ်တွေအတွက်တော့ သူတင်ပေးတဲ့သတင်းတွေက အဓိက မှီခိုအားထားစရာပေါ့ဗျာ ။ အသင်းနဲ့  ပက်သက်လို့  အမြဲတမ်းကြိုးစားနေသလို အသင်းရဲ့  ပရဟိတ ခရီးစဉ်တွေမှာလည်း နယ်ဝေးအထိ လိုက်ပါသတင်းယူလေ့ရှိပါတယ် ။
အသင်းကိုချစ်တဲ့စိတ်နဲ့  အသင်းအတွက် စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက်လုပ်ဆောင်ရင်း ပရိသတ်တွေအတွက် အကောင်းဆုံးပေးဆပ်နေတဲ့  သူ့ ကို ဦးဘိုထွန်းလို့  ခေါ်ကြပါတယ် ။
သူ့ ရဲ့  facebook accountက https://www.facebook.com/ubo.htun ပါ။
ရန်ကုန်အသင်းရဲ့  ၀န်ထမ်းတစ်ဦးဖြစ်သလို ရန်ကုန်နဲ့ ပက်သက်ရင် အရမ်းကိုရူးသွပ်တဲ့  ရန်ကုန်ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ် ။
ရန်ကုန်အသင်း ၊ ရန်ကုန်ကိုချစ်တဲ့  ပရိသတ်စစ်စစ်တွေနဲ့  အမြဲတမ်း တစ်ထပ်တည်းရှိသူ ၊ သူ့ အလုပ်ဟာ ရန်ကုန်ဖြစ်သလို သူ့ ဘ၀ဟာလည်းရန်ကုန် ၊ ရန်ကုန်အသင်းနဲ့ ပက်သက်ရင် သူဟာ ဘယ်တော့မှ မေ့ထားလို့မရတဲ့သူတစ်ယောက်ပါ။
မြန်မာ့လက်ရွေးစင် ၂၈ဦးစာရင်းတွင် ရန်ကုန်အသင်းမှ ၉ ဦး ပါဝင်
ဆူဇူကီးဖလားအကြို ခြေစမ်းပွဲကစားရန် မြန်မာ့လက်ရွေးစင် ၂၈ဦး ရွေးချယ်ခဲ့ရာ ရန်ကုန်ယူနိုက်တက် ကစားသမား ၈ ဦးထိ ရွေးချယ်ခံရကြောင်းသိရပါသည် ။
ရွေးချယ်ခံရသော -ကစားသမားများမှာ -
ကောင်းစည်သူ              
 ရာဇာဝင်းသိန်း
 ကြည်လင်း
ဒေးဗစ်ဒန်း
ခင်မောင်လွင်
ရန်အောင်ကျော်
အောင်သိုက်
ရန်အောင်ဝင်း
ပြည့်ဖြိုးအောင်
YUFC သမိုင်းကြောင်းထဲက သူရဲကောင်းများ (၉)
Kone Mohamed
YUFC သမိုင်းကြောင်းထဲက သူရဲကောင်းများ (၈)
David Da Rocha
YUFC သမိုင်းကြောင်းထဲက သူရဲကောင်းများ (၇)
charles obi ikechukwu
YUFC သမိုင်းကြောင်းထဲက သူရဲကောင်းများ (၆)
Leonardo da Silva
ရန်ကုန်ပရိသတ်တွေ ဘယ်တော့မှမမေ့နိုင်တဲ့ david da rocha ရဲ့  သွင်းဂိုး
ရန်ကုန်ပရိသတ်အချစ်တော် ကိုမျိုးကြီး
ရန်ကုန်နည်းပြချုပ် အီဗန်ကိုလက်ဗ် ပြောပြတဲ့ သူ့အတွေး၊ သူ့အမြင်
မြန်မာ ဘောလုံး ပရိသတ်တွေ ကြားမှာ ယူ-၂၂ အသင်း အကြောင်း ပြောလို့ မ၀ခင်မှာပဲ တစ်လကျော် ရပ်နားထားတဲ့ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ ပြန်လည် စတင် ပါတော့မယ်။ ကလပ် အသင်းတွေ အားလုံးဟာ လေ့ကျင့် ပြင်ဆင်မှု တွေကို ပုံစံ အမျိုးမျိုးနဲ့ လုပ်နေကြပြီး နည်းပြ အပြောင်းအလဲ လုပ်ထားတဲ့ လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက် ကလည်း လေ့ကျင့်ခန်း တွေကို အရှိန်အဟုန်နဲ့ ပြုလုပ်နေ ပါတယ်။ ဒုတိယ အကျော့ အစပိုင်းမှာ ကစားခဲ့တဲ့ ကစားကွက်နဲ့ မကြာခင် ရောက်လာတော့မယ့် ဘောလုံး ပွဲတွေမှာ ကစားမယ့် ကစားကွက် ပြောင်းလဲ ကွာခြား သွားနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် ရန်ကုန် အသင်းရဲ့ နည်းပြချုပ် အီဗန်ကိုလက်ဗ်နဲ့ တွေ့ဆုံပြီး ဘယ်လို ကစားကွက်တွေ ပြင်ဆင် ထားတယ်၊ ဘယ်လို ရည်မှန်းချက်ထိ မျှော်မှန်းထားတယ် ဆိုတဲ့ အကြောင်းကို တွေ့ဆုံ မေးမြန်းခဲ့ ပါတယ်။
မေး - မင်္ဂလာပါ အီဗန်ရေ။ အခုဆိုရင် ရန်ကုန် အသင်း ရောက်တာ တစ်လ ကျော်သွားပြီနော်။ ဒီတစ်လ အတွင်း ရန်ကုန် အသင်းနဲ့ မြန်မာ ဘောလုံး လောကကို ဘာတွေများ လေ့လာ ပြီးပြီးလဲ။
ဖြေ - ဒီကာလ အတွင်း ဘောလုံးပွဲတွေ၊ ဘောလုံးပွဲ အခွေတွေ အများကြီး ကြည့်ဖြစ်တယ်။ မြန်မာ ယူ-၂၂ ခြေစစ်ပွဲလည်း ကြည့်ဖြစ်တယ်။ မြန်မာ အသင်းတွေရဲ့ ကစားကွက်နဲ့ သူတို့ရဲ့ တိုက်စစ် ပုံစံကို အဓိကထား လေ့လာခဲ့တယ်။ ဒီနိုင်ငံမှာ မြန်မာ နေရှင်နယ်လိဂ် ပြီးရင် လူငယ် ပြိုင်ပွဲ (အရန်အသင်းများ ပြိုင်ပွဲ) ရှိနေတာ အရမ်း ကောင်းပါတယ်။ အများကြီး မသိတာတောင် ရန်ကုန် အသင်း အကြောင်းကိုတော့ တော်တော်လေး သိနေပြီလို့ ဆိုနိုင်တယ်။
မေး - ရန်ကုန် အသင်း အကြောင်းကို သိလို့ အရင်နည်းပြ သုံးခဲ့တဲ့ (၄-၄-၂) ကနေ (၄-၃-၃) ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလား။
ဖြေ - ရန်ကုန် အသင်း ကစားနေတဲ့ အခု ကစားကွက်က (၄-၃-၃)လို့ တစ်ထစ်ချ ပြောလို့ မရဘူး။ အမျိုးမျိုး ပြောင်းနိုင်တဲ့ အနေအထား ရှိတယ်။ တစ်ခါ တစ်လေမှာ (၄-၄-၂)၊ (၄-၅-၁)နဲ့ (၄-၃-၃) ကို လိုသလို ပြောင်းနိုင်တယ်။ ဒါပေမယ့် ဒီ ကစားကွက် ကတော့ အရင် ကစားကွက်နဲ့ ယှဉ်မယ် ဆိုရင် ခွန်အား နည်းနည်း ပိုသုံးရတယ်။
မေး - ဒီနိုင်ငံက ကစားသမားတွေနဲ့ ဥရောပ ကစားသမားတွေ ဘာကွာတယ်လို့ ပြောနိုင်လဲ။
ဖြေ - ကွာခြားချက်က အများကြီး ရှိတယ်။ အသိသာဆုံးက ကြံ့ခိုင်မှုပဲ။ ဥရောပမှာ တစ်နေ့ကို သုံးကြိမ် လေ့ကျင့်ခန်း ဆင်းရတယ်။ ဘောလုံးကွင်းကို ၁၅ ပတ် ပြေးရတယ်။ ဘယ်သူမှ စောဒက တက်မယ့်လူ မရှိဘူး။ ဒီမှာတော့ ၈ ကြိမ်ပဲ ပြေးရတယ်။ ပြီးတော့ ကျွန်တော်တို့က ဘောလုံးကွင်းထဲမှာ မီတာ ၈၀၊ မီတာ ၄၀၊ မီတာ ၈၀၊ မီတာ ၄၀ ဆိုပြီး အမြန်ပြေးခိုင်း တာတွေ ရှိတယ်။ ကစားသမားတွေ ကိုယ်တိုင်လည်း ဒီလေ့ကျင့်ခန်း တွေကို စိတ်ပါလက်ပါ လုပ်ဖို့ အရေးကြီးတယ်။ သူတို့ဟာ ပရော်ဖက်ရှင်နယ်တွေ ဖြစ်ပြီး ချုပ်ထားတဲ့ စာချုပ်တွေကို လေးစားဖို့ လိုအပ်တယ်။
မေး - လက်ရှိ အချိန်မှာ ရန်ကုန်က အဆင့်(၃) နေရာမှာ ရပ်တည်နေတယ်။ အဆင့် (၁) ရောက်ဖို့ ဘာတွေ လိုတယ်လို့ ထင်လဲ။
ဖြေ - ရန်ကုန် အသင်းဟာ ကစားသမားကောင်း အတော် များများကို ပိုင်ဆိုင် ထားပါတယ်။ အဲဒါ အားသာချက်ပါ။ ဒီအချက်ကို အသုံးချပြီး နံပတ်(၁) နေရာကို အရယူ ရမယ်။ မြန်မာ နိုင်ငံကို စရောက်ပြီး ဇေယျာရွှေမြေနဲ့ ကစားတဲ့ ပွဲကို ကြည့်ဖြစ်တယ်။ အဲဒီပွဲမှာ ရန်ကုန် အသင်းသာ ဂိုးစောစော မရခဲ့ဘူး ဆိုရင် ဘာဖြစ်မယ် ထင်လဲ။ ဇေယျာရွှေမြေ အသင်းရဲ့ တစ်ချိန်လုံး နီးပါး တိုက်စစ်ဆင် တာကို ခံနေရတယ်။ အဲဒါဟာ ရာသီဥတုကြောင့် မဟုတ်ဘူး။ ကြံ့ခိုင်မှု ကြောင့်ပဲ။ အသင်း ကစားသမားတွေ အားလုံးသာ ပွဲချိန်ပြည့် ဒေါင်ဒေါင်မြည် မယ်ဆိုရင် ဘယ်အသင်းကိုမှ မှုစရာ မလိုဘူး။ နောက်တစ်ချက်က ကစားကွက်။ ရန်ကုန် အသင်း သုံးနေတဲ့ (၄-၄-၂) ဒိုင်းမွန်းဟာ ပြိုင်ဘက် ဂိုးဧရိယာ ထဲမှာ ခြိမ်းခြောက် နိုင်တဲ့ ကစားသမား နှစ်ဦး၊ သုံးဦးပဲ ရှိတယ်။ အဲဒီ ကစားကွက်က ခံစစ် အသားပေး ဆိုရင်လည်း ပြောလို့ရတယ်။ အခု ပြောင်းနေတဲ့ (၄-၃-၃) အခြေခံ ကတော့ တိုက်စစ်ကို အရမ်း ဦးစားပေးတယ်။ တောင်ပံ ကစားသမားတွေက ဧရိယာထဲထိ ဆွဲဝင်လာလို့ ရပြီး ပြိုင်ဘက် အသင်းကို ခြိမ်းခြောက်လို့ ရတယ်။ အသင်းမှာ ဒီကစားကွက်ကို လိုက် ကစားနိုင်တဲ့ ကစားသမားတွေ ရှိနေပါလျက်နဲ့ မသုံးဖူး ဆိုရင် ကျွန်တော်တို့ ညံ့ရာ ကျမှာပေါ့။
မေး - အာရှနိုင်ငံ တွေနဲ့ တစ်ခြား ဘောလုံး ဖွံ့ဖြိုးပြီးသား နိုင်ငံတွေ ကြားက ကွာဟမှုကို ပြောပြနိုင် မလား။
ဖြေ - ဒီနိုင်ငံနဲ့ အင်ဒိုနီးရှားကို အရင်ဆုံး နှိုင်းယှဉ် ကြည့်ရအောင်။ မြန်မာ နေရှင်နယ်လိဂ်မှာ နိုင်ငံခြားသား ၃ ယောက် ကစားခွင့် ရတယ်။ ဒါပေမယ့် အင်ဒိုမှာ ကျတော့ အာရှသား နှစ်ယောက် အပါအ၀င် ၅ ယောက် တစ်ပြိုင်တည်း ကစားလို့ ရတယ်။ နိုင်ငံခြားသား များများ ပါတာဟာ တိုင်းရင်းသား ဘောလုံး သမားတွေ အတွက် ကောင်းတာတွေ ရှိသလို၊ ဆိုးတာတွေလည်း ရှိတယ်။ ပရိသတ်က ပြိုင်ပွဲကို ပိုစိတ်ဝင်စား စေတာတော့ အမှန်ပဲ။ အာရှနိုင်ငံ အတော် များများမှာ ဘောလုံးကို အသက် ၁၀ နှစ်ကျော်မှ စ ကစားကြတယ်။ ဥရောပမှာ ဒီလို မဟုတ်ဘူး။ ကလေး တစ်ယောက်ကို အသက် ၇ နှစ် ကတည်းက ဘောလုံးနဲ့ သေသေချာချာ ထိတွေ့ပေးတယ်။ အသက် ၁၈ နှစ် ရောက်တဲ့ အချိန်မှာ အဲဒီ ကစားဟာ ဘောလုံးနဲ့ ထိတွေ့ချိန် (ကြိုတင် ပြင်ဆင်ချိန်) ၁၁ နှစ် ရနေတယ်။ ဒီမှာကျတော့ အသက် ၁၀ နှစ် ကျော်တာတောင် သေသေချာချာ လေ့ကျင့် ပေမးယ့်သူ မရှိဘူး ဖြစ်နေတယ်။ အာဂျင်တီးနား၊ ဘရာဇီးနဲ့ လက်တင် အမေရိက နိုင်ငံတွေမှာ ငယ်စဉ် ကတည်းက ဘောလုံးကို စီးပွားရေး တစ်ခုလို စောက်ချ လုပ်တာကြောင့် အရမ်း အောင်မြင်တယ်။ လူငယ် ဘောလုံးသမား အထွက်နှုန်းမှာ ဘရာဇီးက နံပါတ် (၁) ဆိုပေမယ့် လူဦးရေ အချိုး ချမယ်ဆိုရင် အာဂျင်တီးနားက တကယ့် နံပါတ်(၁)ပဲ။ ဘိုကာဂျူနီယာဟာ ကမ္ဘာ့ အကောင်းဆုံး လူငယ် ကစားသမား တွေကို မွေးထုတ် ပေးနိုင်တဲ့ နေရာလို့ ယုံတယ်။
မေး- နောက်ဆုံး မေးခွန်း အနေနဲ့ မြန်မာ နေရှင်နယ်လိဂ် ဒီထက်ပို အောင်မြင်အောင် ဘယ်လို လုပ်သင့်တယ်လို့ ထင်လဲ။
ဖြေ - ဒီနိုင်ငံ ရောက်တာ တစ်လကျော်ပဲ ရှိပါသေးတယ်။ ဒါကြောင့် အကြံပေးတယ်လို့ ပြောရမှာ ခက်ပါတယ်။
အမြင်ကို ပြောရရင်တော့ မဖြစ်မနေ လုပ်ရမယ့် အချက် တစ်ချက် ရှိပါတယ်။ အဲဒါက ကလပ် အသင်းတိုင်းဟာ ဘောလုံး အသင်း ၄ သင်း ရှိကို ရှိသင့်တဲ့ အချက်ပါပဲ။ ပြိုင်ပွဲဝင်မယ့် အသင်း ၂ သင်း (စီနီယာ အသင်းနဲ့ အရန် အသင်း)၊ ပြိုင်ပွဲဝင်မယ့် အသင်းတွေကို ပံ့ပိုး ပေးရမယ့် အသင်း ၂ သင်း ( ယူ-၁၈ အသင်းနဲ့ ယူ-၁၆ အသင်း)ဆိုပြီး ၄ သင်း ရှိသင့်တယ်။ နောက်ဆုံး မတတ်နိုင် လွန်းလို့ ဖြစ်မယ် ဆိုရင်တောင် ၃ သင်းတော့ ထားရမယ်။ ပြိုင်ပွဲကိုလည်း လူငယ် ပြိုင်ပွဲ၊ အရန် အသင်း ပြိုင်ပွဲနဲ့ စီနီယာ အသင်း ပြိင်ပွဲ ဆိုပြီး ပြိုင်ပွဲ ၃ ခု တစ်ပြိုင်တည်း လုပ်နိုင်ရင် ပိုကောင်းတယ်။ ဘောလုံး ကစားတဲ့သူ ပိုများလာလေ အဲဒီ နိုင်ငံရဲ့ ဘောလုံး အဆင့်အတန်း မြင့်မားဖို့ ရာခိုင်နှုန်း များလေပဲ။ မြန်မာနိုင်ငံဟာ ဘောလုံးကို အားပေးတဲ့ နေရာမှာ အတော် အံ့သြစရာ ကောင်းအောင် များတယ်။ မြန်မာနဲ့ မလေးရှား ပွဲဆိုရင် ပရိသတ် အများကြီး လာကြည့်တယ်။ ဒါဟာ သိပ်ကောင်းတဲ့ အချက်ပဲ။ ဒီအချက်ကို ဆုပ်ကိုင်ထား နိုင်မယ် ဆိုရင် မြန်မာ ကလပ် အသင်းတွေရဲ့ အဆင့်အတန်း (မြန်မာ ဘောလုံး အဆင့်အတန်း) ပိုတိုးတက် လာမယ်လို့ ယုံကြည်တယ်။
www.ygnutd.com