အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.
Showing posts with label ဝေဖန်အကြံပေးချက်များ. Show all posts
Showing posts with label ဝေဖန်အကြံပေးချက်များ. Show all posts

ရန်ကုန်ယူနိုက်တက်အသင်းအတွက် ၂၀၁၃ နှစ်ဦးအကြို မင်္ဂလာဆုတောင်း

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့်
ပိုမိုပွင့်လင်းမြင်သာ၍
ကျိုးကြောင်းဆီလျော် အဓိပ္ပါယ်ပြည့်ဝသော သတင်းထုတ်ပြန်မှုများဖြင့် ပရိသတ်၏ ဆန္ဒသဘောထားကို
ယခုထက်ပို၍ အလေးထား လုပ်ဆောင်နိုင်ပါစေ ။
အစကောင်းခဲ့သလို အနှောင်းသေခြာစွာဖြင့်
ပြိုင်ပွဲအရပ်ရပ်မှာ
အောင်မြင်မှုတွေ ဝေေ၀ဆာဆာ ဆွတ်ခူးပြီး
ရန်ကုန်မြို့ ကြီး နှင့် ရန်ကုန်မြို့ နေလူထု၏ ဂုဏ်သိက္ခါကို မြှင့်တင်နိုင်ပါစေ။ စံချိန်ဟောင်းများ ချိုးဖျက်ကာ စံချိန်သစ်များတင်နိုင်ကြပါစေ ။
အသင်း၏ ရှိပြီးဖြစ်သော အခြေခံအုတ်မြစ်ကောင်းများကို
မပြိုလဲအောင် ဆက်လက်ထိန်းသိမ်းပြီး
အနာဂတ် မျှော်လင့်ချက် နန်းဆောင်ကြီးကို
မိုးထိမြင့်အောင် တည်ဆောက်နိုင်ပါစေ ။ အသင်းရှိကစားသမားများသည်လည်း
ကေသရာဇာစိတ်ဓါတ် ကိန်းအောင်းပျော်မွေ့  ကြလျက် ရဲဘော်ရဲဘက်များသဖွယ်
တစ်ဦးကိုတစ်ဦး ချစ်ကြည်ရင်းနှီးကာ
ရေကိုသား၍ အကြားမထင်သကဲ့သို့ 
စည်းလုံးညီညွတ်စွာဖြင့်
မျှတယှဉ်ပြိုင် အနိုင်ယူချီတက် ၊ အောင်မြင်မှုရှေ့ ခရီး ဆက်နိုင်ကြပါစေ ။
ပရိသတ်ဟူသည်
နိုင်လျင်ဝံ့ကြွား၍ ရှုံးလျင်ပြစ်တင်တတ်ကြသည်မှာ ဓမ္မတာဖြစ်သည် ။
သို့ ပေသော်လည်း မုန်း၍မဟုတ် ။
မျှော်လင့်ချက်ကြီးမား၍ ဖြစ်မလာသောခါ
ခဏတာအလိုမကျ ပေါက်ကွဲကြခြင်းသာဖြစ်၏ ။
ဆုဖလား ၂ ခုရလျင် ၃ခုလိုချင်ကြသည်မှာ ပရိသတ်၏ သဘာဝဖြစ်၏ ။
အသင်းနှင့်ပက်သက်၍ အရာရာတိုင်းမှာ ဂုဏ်ယူချင်ကြ၏။
ပြိုင်ဘက်ပရိသတ်များထက် နှာတစ်ဖျားသာလိုကြ၏ ။
အသင်းကိုချစ်သလို ကစားသမားကိုချစ်၏ ။
ထို့ အတူ အသင်းနှင့်ပက်သက်ဆက်နွယ်သူမှန်သမျှကိုလည်းချစ်၏ ။
သက်ရှိသက်မဲ့အရာအားလုံးကို တန်ဖိုးထား၏ ။
မြက်ခင်းတုကွင်းကိုလည်းချစ်သလို ယုတ်စွအဆုံး
အသင်းပိုင်ကားကိုပင် ဖက်နမ်းချင်နမ်းပေလိမ့်မည် ။
္ကိထိုထိုသောအကြောင်းတရားများကို
အသင်းပိုင်ရှင်နှင့်တကွ ကစားသမားများအဆုံး နားလည်ထားကြစေလိုပါ၏ ။
သင်တို့ ၏ အောင်မြင်မှုသည် ကျွန်ုပ်တို့ ပရိသတ်များ၏ အောင်မြင်မှုဖြစ်၏ ။
သင်တို့ ကျရှုံးလျင် ကျွန်ုပ်တို လည်းသောကများရ၏ ။
အသင်းကငွေကြေးများစွာရင်းနှီးပေးထားသလို
ပရိသတ်များကလည်း နှလုံးသားများစွာ ရင်းနှီးထားကြပါ၏ ။
ပရိသတ်ချစ်သော ကစားသမားများကိုလည်း ရောင်းမထုတ်ပါနှင့် ။
ရန်ကုန်ကိုချစ်သောသူများကို ရန်ကုန်နှင့်အဝေးကို မရောက်သွားစေဖို့ ထိန်းသိမ်းပေးစေလိုပါ၏ ။
လိုအပ်ချက်ဟူသည် နေရာတိုင်းတွင်ရှိစမြဲ
ထောက်ပြဝေဖန် အကြံပေးရမည်က ပရိသတ်တာဝန်
ဘာလုပ်လုပ် လက်ခုပ်တီးပေးနေ၍မဖြစ်
အမှားမြင်က အမှန်ကိုပြင်ပေးရမည်ဖြစ်၏ ။
ကစားသမားညံ့လျင် ဝေဖန်ရမည်
ပုတ်ခတ်စော်ကားခြင်းတော့မဖြစ်စေရ ။
ပရိသတ် ၊ ကစားသမား ၊ အသင်းပိုင်ရှင်နှင့်တာဝန်ရှိသူများ
သုံးဦးသုံးဖလယ်ညီညွတ်မျှတစွာထိန်းကျောင်းရမည်ပါ့
စည်းကမ်းမဲ့သောပရိသတ်ကို စည်းကမ်းရှိအောင် သင်ကြားပေးပါလေ
ဂုဏ်ကျက်သရေတင့်တယ်လှပေသော ကျွန်ုပ်တို့ ၏ မြို့ တော်ကြီးကို
ချစ်ခြင်းတရားတည်းဟူသောအရောင်အ၀ါများဖြင့် ထွန်းလင်းဖြန့်ကျက်နိုင်ပါစေဟု
ဆုမွန်ခြွေပါ၏
မျှော်လင့်ချက်များပြည့်ပါစေသား
ရည်မှန်းချက်များ
အပြောမဟုတ် အလုပ်နှင့်သက်သေပြနိုင်၍
အကောင်အထည်ပေါ်ပါစေသား
ရန်ကုန်မှသည် မြန်ပြည်အတွက် ပေးဆပ်နိင်ကြပါစေသား
ပရိသတ်အချင်းချင်းလည်း စိတ်တူသဘောတူရှိကြလျက်
ကိုယ်ကျိုးမဖက် တွဲလက်ညီကြပါစေသား
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပါပြီ
မင်္ဂလာရှိသောနှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံနိုင်ကြပါစေ ။

ရန်ကုန်အပေါ်ချစ်စွာ အသံကုန်အော်ဟစ်ကာ
လက်ခုပ်သံစည်းချက်ညီညာ
မပျက်အဟုတ်အမှန်ခရီးဆက်ချီမှာ
ဇမ္မူတစ်ခွင်လေးစားစရာ
လူယဉ်ကျေးများပါ ။

ကောင်းမြတ်သူ