ကျွန်တော်တို့  မြန်မာ့ဘောလုံး အဆင့်အတန်း
ဟာ လက်ရှိ အချိန်မှာ အရှေ့ တောင် အာရှ ဒေသတွင်း က ကမ္ဘောဒီးယား နဲ့ တန်းတူ
ကမ္ဘာ့ အဆင့် ၁၇၃ မှာ ရောက်ရှိနေ ခဲ့တာ အားလုံး အသိပဲဖြစ် ပါတယ်။
ကျွန်တော်တို့ မြန်မာ အသင်း အောက်မှာ ဒေသတွင်း ကဆိုရင် လာအို တီမောနဲ့ 
ဘရူနိုင်း အသင်းတို့ သာ ရှိ ပါတော့တယ် ။ လာအို အသင်းဟာ အဆင့် သတ်မှတ်ချက်
မှာ မြန်မာအောက် ကပ်ရပ် အနေအထားမှာ ရှိနေပြီး အချိန် မရွေး ကျော်တက်
သွားမယ့် အနေအထား မှာ ရှိနေပါတယ်။
ကျွန်တော် တို့ မြန်မာ့ လက်ရွေးစင်
ဘောလုံး အသင်း နိုင်ငံ တကာ အောင်မြင်မှုတွေ နဲ့ ဝေးကွာ ခဲ့တာ အတော်ကိုကြာ
ခဲ့ ပါပြီ။ ဆယ်စုနှစ် ၂ခုစာလောက် ကို ဝေးကွာနေ ခဲ့တာ တွေ့ ရပါတယ် ။
ရလာဒ်ပိုင်းတွေ ကို ကြည့်မယ် ဆိုရင် လွန် ခဲ့တဲ့ ဆယ်နှစ်လောက် အတွင်း မှာ
သက်တမ်း အလိုက် လူငယ်ပြိုင်ပွဲ များမှာ အောင်မြင်မှု အတော် အသင့်ရှိ ခဲ့တာ
ကို တွေ့ ရ ပါတယ်။ ဒါပေမယ့် လည်း အဲ့ဒီ လူငယ် အသင်းက ကစားသမားတွေ
လက်ရွေးစင် ကျတော့ ဘယ်လိုဖြစ် ကုန်တယ် မသိပဲ အုပ်စု အဆင့် ကနေကို
မကျော်လွန်နိင် ခဲ့တာ အားလုံး အမြင်ပဲဖြစ် ပါတယ်။
အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကြီး မှာ
အမျိုးသား ဘောလုံးပြိုင်ပွဲ ကို ယူ ၂၃ သတ်မှတ်စဉ် ကတည်းက စလို့
အောင်မြင်မှု အတော် အသင့်ရ ခဲ့သလို ယူ၁၇ ၊ ယူ၁၉ စတဲ့ပြိုင်ပွဲ အသီးသီး
မှာလည်း အောင်မြင်မှု အတော်အတန် ရရှိ ခဲ့ပါတယ်။ ဒါပေမယ့် လည်း နိုင်ငံဂုဏ်
ကို မြှင့်တင် ဖို့ ဆိုတာ လက်ရွေးစင် အသင်းကြီးရဲ့  အောင်မြင်မှု ဟာ အဓိက
ကျလှ ပါတယ်။ ကမ္ဘာ့ အဆင့် သတ်မှတ်ချက် မှာလည်း လက်ရွေးစင် အသင်းရဲ့ 
ရလာဒ်ဟာ အလွန်ပဲ အရေးကြီး ပါတယ်။
ကျွန်တော်တို့  မြန်မာ အသင်း အနေနဲ့ 
ဒီနှစ်မှာ AFC U22 ခြေစစ်ပွဲဝင်ဖို့ ရှိ သလို အာရှခြေစစ်ပွဲလည်း
ဝင်ပြိုင်ဖို့ ရှိ ပါတယ်။ ယူ ၂၂ အတွက် ကိုးရိးယားနိုင်ငံ ထိ သွားရောက်
လေ့ကျင့်နေတယ် ဆိုတဲ့ သတင်းတွေ ကြား ရတဲ့ အတွက် အလွန်ပဲ ကျေနပ်မိ ပါတယ်။
နောက်နှစ် မှာ အရှေ့တောင် အာရှပြိုင်ပွဲကြီး ကျင်းပတဲ့ အခါ ယူ၂၃ အသင်း
အတွက်လည်း ကြိုတင်ပြင်ဆင်မှု တစ်ရပ် အနေနဲ့  ကျေနပ်စရာ ကောင်း ပါတယ်။
ဒါပေမယ့် လည်း လူငယ် အသင်းတွေ ရဲ့ အောင်မြင်မှုတွေ ကို ကျွန်တော် တို့
အတန်အသင့် ရရှိ ခဲ့ပြီးဖြစ် ပါတယ်။ လက်ရွေးစင် အသင်းကြီး အတွက်ကို အဓိကထား
စဉ်းစား ဖို့  လိုအပ်နေပြီ လို့ ထင် ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ဆူဇူကီး ဖလား မှာ
ကျွန်တော်တို့ မြန်မာ့ လက်ရွေးစင် အသင်း ဟာ ဗီယက်နမ် ကို ၇ -၁ ဂိုးနဲ့ 
ရုပ်ပျက် ဆင်းပျက် ရှုံးနိမ့် ခဲ့ပြီး နိုင်ပွဲ တစ်ပွဲမှ မရရှိ ခဲ့ပါဘူး။
ဖိလစ်ပိုင် ကို ဂိုးမရှိ သရေ၊ စင်ကာပူ ကို ၂-၁နဲ့ ရှုံးနိမ့် ခဲ့ပြီး
အမှတ်ပေး ဇယားမှာ အောက်ဆုံး က ရပ်တည် ခဲ့ပါတယ် ။ ကျွန်တော်တို့ ယူ ၂၃ အသင်း
အနေနဲ့  ဗီယက်နမ် ကို ဆီးဂိမ်းမှာ အနိုင်ရ ခဲ့ပေမယ့်လည်း ဒါဟာ ဆူဇူကီး
ရှုံးကြွေး ကို ဆပ်နိုင်တယ် လို့  ကျွန်တော်တော့ မယူဆ မိပါဘူး။ လက်ရွေးစင်
အဆင့်ပြိုင်ပွဲသာ လျှင် အဓိကဖြစ်တယ် လို့ သုံးသပ် မိပါတယ်။ ၂၀၁၀ ဆူဇူကီး
ဖလားမှာ ကျွန်တော် တို့ အုပ်စု တွင်း အောက်ဆုံး အဆင့်ဖြစ် ခဲ့တာ ဟာ တကယ့်
ကို ရင်နာစရာ ကောင်းလှ ပါတယ်။ ဒေသတွင်း မှာ အသင်းကြီး အဖြစ်
ရပ်တည်နိုင်ခြင်း မရှိတော့ပဲ အခုလို ဆိုးရွား တဲ့ အနေအထား ဟာ မြန်မာ့
ဘောလုံး လောက ကို ခြိမ်းခြောက် မှုကြီး တစ်ခု အဖြစ် မှတ်ယူ မိပါတယ်။ ၂၀၀၉
မှာ ပရိုအဖြစ် ပြောင်းလဲ ခဲ့ပြီး ပထမဆုံး ၀င်ပြိုင်တဲ့ ပွဲမှာ ဒီလိုဖြစ်
ခဲ့ရတာ စိတ်ပျက်ဖွယ်၇ာ ပါပဲ။ အခုချိန် မှာ အမျိုးသားလိဂ် ရဲ့  အနေအထား
ဟာလည်း အရှိန် ရလာပြီးဖြစ်တဲ့ အတွက် လက်ရွေးစင် အသင်း အနေနဲ့ ထိုက်တန်တဲ့
ခြေစွမ်း နဲ့ ရလာဒ် မျိုးကို ရယူ သင့်နေပြီလို့ ယူဆ ပါတယ်။
၂၀၁၀ ဆူဇူကီး မှာ အုပ်စုတွင်း ၄သင်းမှာ
အဆင့်၎ဖြစ် ခဲ့တာကြောင့် မြန်မာ အသင်း အနေနဲ့  ၂၀၁၂ ဆူဇူကီး ဖလား ကို
ခြေစစ်ပွဲ အဆင့် ကနေ ၀င်ရောက် ယှဉ်ပြိုင် ရတော့ မှာဖြစ် ပါတယ်။
ပြီးခဲ့တဲ့ပြိုင်ပွဲ မှာ မြန်မာ အသင်း လိုပဲ တစ်ဖက် အုပ်စု မှာ
အောက်ဆုံးဖြစ် ခဲ့တဲ့ လာအို၊ ပြီးခဲ့တဲ့နှစ် က ခြေစစ်ပွဲ မအောင်တဲ့
ကမ္ဘောဒီးယား၊ တီမော တို့နဲ့ ခြေစစ်ပွဲ ကန်ပြီး မှ အုပ်စု အဆင့်ကို ၀င်ရောက်
ယှဉ်ပြိုင် ရတော့ မှာပါ။ လက်ရှိ မြန်မာ အသင်းရဲ့  ခြေစွမ်း ကလည်း လာအို
ကမ္ဘောဒီးယား တို့ နဲ့  သူမသာ ကိုယ် မသာ အဆင့်သာ ရှိတာကြောင့် ခြေစစ်ပွဲ
ကို များ မအောင် ခဲ့ရင်ဖြင့် သမိုင်းမှာ အကြီး အကျယ် မှတ်တမ်း ဆိုးကြီး
အဖြစ် ကျန်ရစ်တော့မှာ ဖြစ် ပါတယ်။
အနှစ်ချုပ် အနေနဲ့  ပြော ရရင်တော့ သက်တမ်း
အလိုက် လူငယ် အသင်းများ အောင်မြင်မှု ရဖို့ စွမ်းဆောင် တာ ကို ကျေနပ်
မိပါတယ်၊ ဒါပေမယ့် လက်ရွေးစင် အသင်းကြီး ကိုလည်း အောင်မြင်မှု ရအောင်
အာရုံစိုက်စေ ချင်ပါတယ်။ နိုင်ငံ့ဂုဏ် ကို အဓိက မြှင့်တင်ပေးနိုင် တာ
လက်ရွေးစင် အသင်းကြီး ရဲ့ အောင်မြင်မှု ပဲဖြစ် ပါတယ်။ ဒါကြောင့် ဒေသတွင်း
အဆင့်မြင့် ပြိုင်ပွဲ တစ်ခုဖြစ် တဲ့ ဆူဇူကီး ဖလားကို အနီးထား
စေချင်ကြောင်းပါ ခင်ဗျာ။
ရေးသားသူ – ကောင်းမြတ်သူPosted by MMStriker on April 26, 2012
No comments:
Post a Comment