အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.
Showing posts with label ဓါတ်ပုံများ. Show all posts
Showing posts with label ဓါတ်ပုံများ. Show all posts

Yangon United 2 - 0 Southern Myanmar

  


ရန်ကုန် ယူနိုက်တက် အသင်းသည် တိုက်စစ်မှူး နှစ်ဦး ဖြစ်သော ဆီဇာ နှင့် ကိုနေးတို့ ၏ သွင်း ဂိုးများ ဖြင့် ဆောက် သမ်း မြန်မာ အသင်း ကို အိမ်ကွင်း တွင် အနိုင်ယူ ပြီး အမှတ် ပေး ဇယား ထိပ်ပိုင်း မှ အသင်း များကို ထပ်ကြပ် မကွာ ဖိအား ပေးလျက် ရှိသည်။ ရန်ကုန် အသင်း သည် ပထမ ပိုင်း တွင် ဆီဇာ ၏ ပင်နယ်တီ သွင်း ဂိုးဖြင့် ဦးဆောင် နေခဲ့ ပြီး ဒုတိယ ပိုင်းပြီး ခါနီး တွင် တိုက်စစ် မှူး ကိုနေး က ရန်ကုန် အတွက် အနိုင် သေချာ စေမည့် ဒုတိယ ဂိုးကို သွင်းယူ နိုင်သော ကြောင့် ရန်ကုန် တို့ ပွဲအပြီး တွင် ၂-၀ ဖြင့် ဂိုး ပြတ် အနိုင်ရ ကာ စတုတ္တ နေရာတွင် ရပ်တည် လျက် ရှိသည်။
  

ပွဲထွက် စာရင်း တွင် ကြည်လင်း၊ ကျော်ကိုကို၊ ရန်အောင်ကျော်၊ ရာဇာဝင်းသိန်း တို့ ပါဝင်ပြီး ပွဲစ ကတည်းက ဇော်ခါး နှင့် ဟန်ထွန်း ဦးဆောင် သည့် ဧည့်သည် အသင်းကို ဖိအား ပေး တိုက်စစ် ဆင်နိုင် ခဲ့သည်။ ပွဲအစ ၁ မိနစ် မှာပင် ရန်ကုန် အသင်း ဂိုး ရလု နီးပါး ဖြစ်ခဲ့ပြီး ဆောက်သမ်း ဂိုးသမား ပြည့်ဖြိုးအောင် လက်စွမ်းပြ ကာကွယ် နိုင်၍ သာ ဧည့်သည် တို့ သက်သာ ရာ ရခဲ့သည်။ ရန်ကုန် အသင်း တောက်လျှောက် ဖိအား ပေး ကစား သော်လည်း ဆောက် သမ်း အသင်းက အကောင်းဆုံး ဟန့်တား နိုင်ခဲ့ပြီး ပထမ ပိုင်း ၁၀ မိနစ်တွင် ရန်ကုန် ဂိုးသမား နိုင်ဇေယျာထွန်း လက်စွမ်း ပြကာ ကွယ်ရ သည့် ၁ ကြိမ်မှ အပ ကျန်တစ်ချိန် လုံး နီးပါး ရန်ကုန် အသင်းက ဖိအား ပေးနိုင်ခဲ့ သည်။ ပထမ ပိုင်း ၃၇ မိနစ် တွင် ရန်ကုန် တိုက်စစ်မှူး ကိုနေး ကန်သွင်းသည့် ဘောလုံး မှာ ပင်နယ်တီ ဧရိယာ အတွင်း ဆောက်သမ်း နောက်ခံလူ တစ်ဦး၏ လက်နှင့် ထိမိသော ကြောင့် ရန်ကုန် တို့ ပင်နယ် တီရခဲ့ သည်။ ၄င်း ပင်နယ်တီ ကို ဆီဇာ က အကောင်းဆုံး ကန်သွင်းပြီး ၄င်း၏ မြန်မာ နေရှင်နယ် လိဂ် ၇ ဂိုး မြောက် ဂိုးအဖြစ် ရယူ နိုင်ခဲ့ သည်။






ဒုတိယ ပိုင်းတွင် ရန်ကုန် အသင်း နောက်ထပ် ဂိုးရရန် ဆက်တိုက် တင် ကစား သော်လည်း ဆောက်သမ်း အသင်းက ကစား ပုံကောင်း လာပြီး အပြန် အလှန် ထိုး ဖောက်နိုင် ခဲ့သည်။ ပွဲချိန် ၅၉ မိနစ်တွင် ဆောက်သမ်း အသင်း တန်ပြန် တိုက်စစ်ဆင် ကာ အပိုင်ကန် သွင်းခွင့် ရသော်လည်း ရန်နိုင်ထွေး ၏ ကန်သွင်းမှု မှာ ဂိုးဘားတန်း ပေါ် ကျော်သွား သောကြောင့် ရန်ကုန် အသင်း သက်သာ ခဲ့သည်။ ဒုတိယပိုင်း တွင် နှစ်သင်း စလုံးမှာ အနိုင်ရ လိုဇော နှင့် ကစားခဲ့ သောကြောင့် မကြာခဏ ဆိုသလို ခပ်ကြမ်း ကြမ်း ဖျက်ထုတ် မှုများ၊ အငြင်းပွား မှုများဖြစ် ခဲ့သည်။ ဒုတိယ ဂိုး ရနိုင်ရန် အတွက် ကျော်ကိုကို၊ ကြည်လင်း နှင့် ဒေးဗစ်ထန်း တို့အစား အောင်မိုး၊ ဇော်ဝင်း နှင့် သက်လွင်ဝင်း တို့ ၀င်ရောက် ကစားခဲ့ သည်။ ရန်ကုန် အတွက် အနိုင် သေချာ စေသည့် ဒုတိယ ဂိုးကို တိုက်စစ်မှူး ကိုနေးက ပွဲချိန် ၈၇ မိနစ် တွင် ပင်နယ်တီ ဧရိယာ အတွင်းမှ အပြင်း ကန်သွင်း နိုင်ခဲ့ သည်။ ထိုဂိုး သည် ၄င်း၏ မြန်မာ နေရှင်နယ် လိဂ်ပြိုင် ပွဲတွင် သွင်းယူ သော ၇ ဂိုး မြောက် ဂိုးလည်း ဖြစ်သည်။




ယခု ပွဲကို ရန်ကုန် အသင်း အနိုင်ရ လိုက်သော် လည်း အမှတ် ပေးဇယား တွင် ၉ ပွဲ ကစား ရမှတ် ၁၆ မှတ် ဖြင့် စတုတ္တ နေရာတွင် သာ ရပ်တည် လျက်ရှိပြီး အမှတ် ပေးဇယား ကို ဦးဆောင် နေသည့် ဇေယျာ ရွှေမြေ အသင်းမှာ ၁၉ မှတ် ရထားသည်။






ဆောက်သမ်း မြန်မာ နှင့် ပွဲမှာ ယခုထက် ပို၍ ဂိုးပြတ် အနိုင်ရ သင့်သည့် ပွဲဖြစ် သည်ဟု ရန်ကုန် ယူနိုက်တက် အသင်း နည်းပြ ချုပ် အီဗန် ကိုလက်ဗ်က ပွဲအပြီး သတင်း စာရှင်း လင်းပွဲ တွင် ပြောကြား သည်။ ရန်ကုန် အသင်း သည် ဧပြီလ ၂၈ ရက်နေ့ က အသင်းပိုင် Yangon United Sprot Complex ကွင်းတွင် ဆောက်သမ်း အသင်းကို
၂-၀ ဖြင့် အနိုင်ယူ ပြီး အမှတ်ပေး ဇယား စတုတ္တ နေရာတွင် ရပ်တည် လျက်ရှိ သည်။

“ဒီပွဲမှာ ရန်ကုန် အသင်းက ပိုကောင်း အောင် ကစား နိုင်ခဲ့ တာပါ။ ဂိုးလည်း ပိုပြတ် သင့်တယ်။ လွန်ခဲ့ တဲ့ ၄ ရက်က အင်ဒို နီးရှားမှာ ကစား ခဲ့တဲ့ အသင်းဟာ ပင်ပန်း မှုတွေကို အံတုပြီး ပြိုင်ဘက် အသင်းကို အနိုင်ယူ နိုင်ခဲ့ တဲ့အတွက် ကျေနပ်ပါ တယ်” ဟု အီဗန် ကိုလက်ဗ်က ဆိုသည်။

ယခု ပွဲတွင် ပြိုင်ဘက် ကစား သမား တစ်ဦး နှင့် ထိခိုက် မိသော ကြောင့် ရန်ကုန် ညာနောက် ခံလူ ဒေးဗစ်ထန်း လူစား လဲခံခဲ့ ရပြီး ခြေကျင်းဝတ် တွင် ဒဏ်ရာ ရရှိခဲ့ သည်ဟု သိရသည်။ ပြိုင်ဘက် အသင်း ကစား ပုံ နှင့် ပတ်သက်၍ ကိုလက်ဗ်က ယခုလို သုံးသပ် သည်။






“ဆောက်သမ်း မြန်မာ အသင်း ကစားတာ ကြမ်းပါ တယ်။ တချို့ ဖျက်ထုတ် မှုတွေ ဆိုရင် မလုပ်သင့် ပါဘူး။ ကစား သမားတွေ အတွက် အန္တရာယ် ရှိပါတယ်” ဘူလ်ဂေးရီး ယား လူမျိုး နည်းပြက ဆိုသည်။ 









လက်ရှိ အချိန် တွင် ရန်ကုန် အသင်းသည် AFC Cup ပြိုင်ပွဲ တွင် ၁၆ သင်း အဆင့် သို့ တက်ရောက် နိုင်ခဲ့ ပြီး နောက် ဆုံးပွဲတွင် မည်သည့် ရည်မှန်း ချက်ဖြင့် ကစား မည် ဆိုသည့် ကိစ္စ ကို အသင်း တာဝန်ရှိ သူများနှင့် တွေ့ဆုံ ဆွေးနွေး သွားမည်ဟု ကိုလက်ဗ်က ပြောသည်။

“ကျွန်တော် တို့ အ သင်းက နောက်တစ် ဆင့် တက်နေ ပါပြီ။ နောက်ဆုံး ပွဲမှာ ဘယ်ပုံစံ နဲ့ ကစားမယ် ဆိုတာ အသင်း တာဝန် ရှိသူတွေ နဲ့ ဆွေးနွေး ရမယ်။ အခု အချိန်မှာ တချို့ ကစား သမား တွေက ဒဏ်ရာ ရနေ ကြပြီး တချို့ တွေဆိုရင် အ၀ါကတ် မထိ အောင်၊ ပြစ်ဒဏ် မထိအောင် ကစား ရမယ့် အနေ အထား မှာ ရှိတယ်” ဟု မြန်မာ့ လက်ရွေးစင် နည်းပြ ဟောင်းက ဆိုသည်။

ရန်ကုန် အသင်းသည် လာမည့် မေလ ၁ ရက်နေ့ ညနေ ၅:၃၀ နာရီ တွင် ရန်ကုန် မြို့ သုဝဏ္ဏ ကွင်းတွင် ဟောင် ကောင် ကလပ် ဆန်ဟေး အသင်းကို AFC Cup အုပ်စု နောက်ဆုံး ပွဲအဖြစ် လက်ခံ ကစားမည် ဖြစ်သည်။



credits to Yangon United FC

မြန်မာအသင်းရဲ့  ဂိုးသွင်းစက် ကြည်လင်း

မြန်မာအသင်း၏  ဆူဇူကီးဖလားခြေစစ်ပွဲအောင်မြင်ရေးအတွက် ဒုတိယခြေလှမ်းဖြစ်သော တီမောအသင်းနှင့်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း၏ ကစားသမား ကြည်လင်းအနေဖြင့် အကောင်းဆုံးစွမ်းဆောင်မှုနှင့်အတူ  ပထမဦးဆောင်ဂိုးနှင့် အနိုင်ဂိုးများသွင်းယူကာ မြန်မာအသင်းအတွက် နိုင်ပွဲရယူပေးနိုင်ခဲ့သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါသည် ။


ရန်ကုန်အသင်းပရိသတ်များ၏ ပီတိစကားများ

မြန်မာအသင်း
ရဲ့ ခြေစစ်ပွဲ လှေကားထစ်တွေမှာ ရန်ကုန် ကစားသမားတွေက တဆင့်ချင်း အကောင်းဆုံး စွမ်းဆောင်ပြနေပါတယ်။ ဘရုနိုင်းပွဲမှာ ရန်အောင်ဝင်းက လှပတဲ့ အဝေးကန်ချက်နဲ့ ပရိသတ်တွေကို ပျော်ရွှင်မှု ပေးခဲ့သလို ခြေစွမ်းမသေးလှတဲ့ တီမောနဲ့ ပွဲမှာလည်း ကြည်လင်းက တစ်ဖက်အသင်း ကစားသမားတွေ အတွက် နတ်ဆိုးတစ်ပါးလို ထိန်းချုပ်ရခက်စေခဲ့ပါတယ်။ အဲဒီလိုပဲ ရာဇာဝင်းသိန်း၊ ရန်အောင်ကျော်၊ ကောင်းစည်သူ၊ ဒေးဗစ်ထန်း တို့ကလည်း ရန်ကုန်ရဲ့ ဂုဏ်သိက္ခာကို ကြီးမြင့်စေခဲ့ပါတယ်။ ဒဏ်ရာကြောင့် လူစားဝင်ကစားနေရတဲ့ ခင်မောင်လွင်နဲ့ အရန်နေရာကနေ အသင့်ဖြစ်နေတဲ့ ပြည့်ဖြိုးအောင် တို့ကလည်း လက်ရွေးစင်အတွက် အကောင်းဆုံး စွမ်းဆောင်ပြဖို့ အဆင့်သင့် ဖြစ်နေပါပြီ။

တီမောနဲ့ပွဲ ပထမပိုင်းမှာ ဒေးဗစ်ထန်းရဲ့ ညာတောင်ပံက တိကျတဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက် အဆုံးသတ်ခဲ့သလို (၁-၁) သရေ ကျနေချိန် ဒုတိယပိုင်းမှာလည်း ကြည်လင်းက ဘယ်တောင်ပံက ကျလာတဲ့ ဘောလုံးကို သွေးအေး သားသတ်သမားလို တည်ငြိမ်မှုမျိုးနဲ့ အဆုံးသတ်ပြခဲ့ပုံက သုဝဏ္ဏကွင်းက မီဒီယာ သမားတွေကိုတောင် အံ့သြမင်သက်မိစေတာပေါ့။ ဘောလုံးကို လက်ခံပုံ၊ ဖြန့်ဝေပုံ၊ အဆုံးသတ်ပုံတွေက တကယ့်ကို ခမ်းနားလွန်းပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်နဲ့ ဘောလုံးကို လက်ခံကစားပုံတွေက သူ့ရဲ့ ကိုယ်ပိုင်စတိုင်တောင် ဖြစ်နေပါပြီ။ ပွဲအပြီး သူ့နာမည်ကို ပရိသတ်တွေက အော်ဟစ်အားပေးခဲ့တဲ့အတွက် မောင်ကြည် ကျေနပ်မယ် ထင်ပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို့ကို ပျော်ရွှင်စေခဲ့တဲ့ မောင်ကြည်အတွက်လည်း ကျွန်တော်က ဂုဏ်ပြုရေးဖွဲ့ပါတယ်။ စေတန်ရဲ့ နတ်ဆိုး (သို့) ကျွန်တော်တို့ရဲ့ မောင်ကြည် ပွဲတိုင်း ခြေစွမ်းပြ ဂိုးသွင်းနိုင်ပါစေ။

U Bo Htun
  
Congratulation! မောင်ကြည်.... နောက်ပွဲတွေလည်း ဂိုးတွေ အများကြီး သွင်းနိုင်ပြီး မြန်မာ့ ဂုဏ် ကိုဆောင်နိုင်ပါစေ......
 
Wunna Zaw
ချီးမွမ်းစာတွေ ဂုဏ်ပြုစာတွေအများကြီးပဲတော့...
ဒီလိုမျိုး အကြည်တစ်ယောက် ဂိုးတွေရပြီး
လူတိုင်း အားပေး ချီကျူးလို့ အားပေးတဲ့သူတွေနဲ့ရော
အကြည်နဲ့ရော.. ထပ်တူ ၀မ်းသာတယ် အကြည်ရေ...............

May Khaa
You are our hero now. Your improvement is unbelievable.. Keep it Bro.. Go Go 
Kyaw Thu Soe Naing
 
ဘရူနိုင်းနှင့်ပွဲအပြီး  ကျွန်တော့်ရဲ့ အားပေးမှု  

ကြည်လင်းရေ

မင်းဒီနေ့ ကစားတာ အရမ်းကောင်းပါတယ် ။ တစ်သင်းလုံးမှာ အကောင်းဆုံးလို့ ဆိုလို့ ရတယ် ။ ဂိုးမသွင်းနိုင်တာအတွက် စိတ်မပျက်ပါနဲ့  တိုက်စစ်မှုးစစ်စစ်တစ်ယောက်အဖြစ် ကစားရတာမှမဟုတ်တာပဲလေ ။
ကိုယ့် နေရာမှာ အကောင်းဆုံးတာဝန်ကျေရင် ပရိသတ်က အားပေးနေမှာပါ ။ ဂိုးသွင်းနိုင်တာကတော့ ကံတရားပေါ့ကွာ ။

ကြိုးစားထားသားကြီး စိတ်မလောနဲ့  ဒီနေ့  တောင်ပံမှာရော အလယ်မှာ ကစားသွားတာ အရမ်းမိုက်တယ် ။ ဒါဏ်ရာမရစေနဲ့  သတိထား ဒီဆုဇူကီးမှာ ခြေစွမ်းပြနိုင်ရင် ဒီနှစ် အကောင်းဆုံးဘောလုံးသမားက မင်းပဲ ။

တီမောနှင့်ပွဲအပြီး 

 ကြည်လင်းရေ ငါ cover photo ချိန်းလိုက်တာမှန်တယ်ဟေ့

မင်းက အခုမှ အပြင်မှာ ဂျွမ်းပစ်တာ ငါကစားတဲ့ ဂိမ်းထဲမှာ မင်းနဲ့ဂိုးသွင်းလိုက်တိုင်း ဂိမ်းထဲက ကြည်လင်းက နောက်ဂျွမ်းပါပစ်တာကွ ဟားဟား 

 အော် ပြောရဦးမယ် မင်းက ကပ္ပတိန်ကွ ဂိမ်းထဲမှာလေ ။ မြန်မာပဲဖြစ်ဖြစ် ရန်ကုန်ပဲဖြစ်ဖြစ် ငါက မင်းကို ကပ္ပတိန်ပေးပီး ဂိုးတွေသွင်းပစ်တာ ညကတောင် ဟက်ထရစ်ရသွားသေးတယ် 

Kaung Myat Thu

 
 

ဆူဇူကီးခြေစစ်ပွဲအတွက် မြန်မာအသင်းကို အသက်ရှုချောင်စေခဲ့တဲ့ ရန်အောင်ဝင်း

ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအသင်းရဲ့  ဆူဇူးကီးဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ်  ဘရူနိုင်းအသင်းနဲ့ယှဉ်ပြိုင်တဲ့ ပွဲစဉ်တွင်  မြန်မာအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပြီး ခြေစစ်ပွဲအောင်မြင်ရေးအတွက် အဖိုးတန် အနိုင်၃မှတ်ကို ရယူပေးခဲ့သော ရန်ကုန်ယူနိုက်တက်ကစားသမား ရန်အောင်ဝင်းအတွက် အထူးပင် ဂုဏ်ယူမိပါသည် ။