လွန်ခဲ့သော ၁၉၉၀ကျော်နှစ်များ ဆီက
မေခလာသီဆို ခဲ့တဲ့ ဂိုးသွင်းကောင်း တဲ့ကိုကို ဆိုတဲ့ သီချင်း ကို ယခု
အသက်၂၀ ကျော်သူတိုင်း နားဆင် ခံစားဖူးကြ မှာပါ။ အဲဒီ ကာလတုန်းက အဲဒီ
သီချင်းနဲ့ အတူ မြန်မာ့ဘောလုံး ပရိသတ်တွေ အကြားမှာ ရေပန်းစား ခဲ့တဲ့ 
မြန်မာ အသင်းရဲ့  တိုက်စစ်မှုး ပြည်သူ့ အချစ်တော် မျိုးလှိုင်ဝင်းကို မြန်မာ
ဘောလုံး ပရိသတ်တွေ အမှတ်ရ နေကြဦး မှာပါ ။ မြန်မာ့ လက်ရွေးစင် တိုက်စစ်မှုး
မျိုးလှိုင်ဝင်း ဟာ ၁၉၇၁ ခုနှစ် ဇွန်လ (၂၇) ရက် နေ့ မှာ မွေးဖွား
ခဲ့သူဖြစ်ပြီး ၁၉၉၃ ဆီးဂိမ်းမှာ ငွေတံတိပ် ဆွတ်ခူးနိုင် ခဲ့စဉ်က အသင်း
အတွက် မရှိမဖြစ် အားထားရတဲ့ တိုက်စစ်မှုး တစ်ယောက် ဖြစ်ခဲ့ပါတယ်။
အဲ့ဒီတုန်းက သူဟာ အသက် ၂၃နှစ် အရွယ်သာရှိသေးပေမယ့် မြန်မာ့ လက်ရွေးစင်
အသင်းအတွက် ဂိုးပေါင်း များစွာ သွင်းယူ နိုင် ခဲ့သူဖြစ်ခဲ့ပါတယ်။
မျိုးလှိုင်ဝင်းဟာ ဘောလုံးလောက ကို
၁၉၈၉ခုနှစ်မှာ စတက် ၀င်ရောက်ခဲ့ပြီး မြန်မာ အသင်းအတွက် နိုင်ငံတကာ
ပွဲပေါင်း ၁၀၀ကျော် ကစား ခဲ့သူဖြစ်ပါတယ်။ ၁၉၉၃ ငွေတံဆိပ်ရ မြန်မာ့
လက်ရွေးစင် အသင်းမှာ ပါဝင် ခဲ့သလို စတုတ္ထ ရခဲ့တဲ့ ၂၀၀၄ တိုက်ဂါးဖလား
ပြိုင်ပွဲဝင် မြန်မာ အသင်းမှာလည်း ပါဝင် ခဲ့ပါတယ်။ သူဟာ ကွင်းလယ်
ကစားသမားတွေရဲ့  ဖန်တီးပေးပို့ မှုတွေကို အဆုံးသတ်ရာမှာ တိကျ သေသပ်သူ တစ်ဦး
ဖြစ်သလို နေရာပေါင်းစုံက ဂိုးကန် သွင်းနိုင်စွမ်းရှိသူ
တစ်ယောက်လည်းဖြစ်ပါတယ်။
ခေါင်းတိုက်ကောင်း သလို အလွတ်
တည်ကန်ဘောများ ကန်သွင်း ရာမှာလည်း ကျွမ်းကျင် ပိုင်နိုင်သူ
တစ်ယောက်ဖြစ်ပါတယ် ။ မြန်မာ့ လက်ရွေးစင် အသင်းအနေနဲ့  သူပါဝင် ကစား တဲ့
ပွဲတိုင်းမှာ ဂိုးရဖို့ မခက်ခဲ ခဲ့ပါဘူး ။ သူဟာ မြန်မာ အသင်းအတွက် တကယ့်ကို
အားထားရတဲ့ ဂိုးသွင်းစက် တစ်ခုအဖြစ် ဆယ်စုနှစ် တစ်ခုကျော်လောက်
ရပ်တည်နိုင် ခဲ့ပါတယ်။ သူဟာ ဒေသတွင်း ပြိုင်ဘက် အသင်းတွေရဲ့  လေးစား
ကြောက်ရွံ့ ရတဲ့ တိုက်စစ်မှုး တစ်ယောက် ဖြစ်အောင် စွမ်းဆောင်နိုင်
ခဲ့ပါတယ်။
မျိုးလှိုင်ဝင်းဟာ ဘောလုံးသမား
ဘ၀နောက်ဆုံးချိန်မှာ air bagan အသင်းမာ ပါဝင် ကစားခဲ့ပြီး ပထမတန်း
အမှတ်ပေးချန်ပီယံဆု ကို ဆွတ်ခူးပေးနိုင် ခဲ့ပါတယ်။ အဆင့်မြင့်တန်း မှာလည်း
အဆင့် ၅နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။ အဲဒီနောက်
Myanmar national league စတင်ချိန်မှာ air bagan အသင်းကို အခြေခံ ဖွဲ
့စည်း ထားတဲ့ ရန်ကုန်ယူနိုက်တက် အသင်းကို နည်းပြချုပ် အဖြစ် ဆက်လက်
ကိုင်တွယ် ခဲ့ပါတယ်။ လက်ရွေးစင် ကစားသမားအဖြစ် မျိုးမင်းထွန်းနဲ့ 
အောင်အောင်ဦးတို့ ကိုသာ ခေါ်ယူခဲ့ပြီး နိုင်ငံခြားသား ကစားသမား ၃ယောက်ခေါ်ယူ
ခဲ့ပါတယ်။ မျိုးလှိုင်ဝင်းဟာ အသင်းမှာရှိနေတဲ့ လက်ရွေးစင်ဟောင်းတွေ
ဖြစ်ကြတဲ့ ကျော်သူရ ၊ စိုးလင်းထွန်း ၊ ဋ္ဌေးအောင် ၊ ကျော်ဒွန်း တို့နဲ့ လူငယ်
ကစားသမားတွေဖြစ်တဲ့ ကြည်လင်း ၊ ကျော်ဇေယျာဝင်း ( ယခု မြန်မာ့ လက်ရွေးစင် )
၊ နိုင်ဦးလွင် ၊ ကောင်းစည်သူ တို့ ကို မျှတစွာ တွဲဖက် ကစားစေခဲ့ပြီး
နိုင်ငံခြားသား ကစားသမား တွေကိုတော့ ပွဲချိန်ပြည့် မဟုတ်ပဲ
အခါအားလျော်စွာ ထည့်သွင်း ကစားစေခဲ့ပါတယ်။ နိုင်ဦးလွင် ၊ အောင်သိုက် ၊
ကျော်ဇေယျာဝင်း ၊ နိုင်ဇေယျာထွန်းတို့ ဟာ airbagan အသင်းမှာ မျိုးလှိုင်ဝင်း
ကစားသမားအဖြစ် ကစားစဉ် ကတည်းက တစ်သင်းတည်း ကစားဖက်တွေ ဖြစ်ခဲ့ ပါတယ်။
ဒါကြောင့် မျိုးလှိုင်ဝင်းဟာ လက်ရွေးစင် ၂ယောက်သာ ပါတဲ့ ရန်ကုန် ယူနိုက်တက်
အသင်းကို ဖိုင်နယ် အဆင့်ထိ အောင်မြင်အောင်ပို့ ဆောင်ပေးနိုင် ခဲ့ပါတယ် ။
ချန်ပီယံဖြစ် ခဲ့တဲ့ ရတနာပုံ အသင်းဟာ အဲဒီအချိန်က လက်ရွေးစင်
ကစားသမားတွေဖြစ်တဲ့ ခင်မောင်ထွန်း ၊ ပိုင်စိုး ၊ ထွန်းထွန်းဝင်း ၊
ယဉ်မင်းအောင် ၊ ကျော်ခိုင်ဝင်း ၊ အောင်ကျော်မိုး ၊ ရန်ပိုင် စတဲ့
နာမည်ကြီး ကစားသမားတွေနဲ့  ဖွဲ့စည်း ထားတာဖြစ်ပေမယ့် အုပ်စု ပတ်လည်
ပွဲစဉ်မှာရော ၊ နောက်ဆုံး ဗိုလ်လုပွဲထိအောင် ရန်ကုန် ယူနိုက်တက် အသင်းကို
ခက်ခဲစွာ ကစားခဲ့ရပြီး ပယ်နယ်တီ အဆုံးအဖြတ်နဲ့ ဗိုလ်စွဲ ခဲ့တာဖြစ်ပါတယ်။
မျိုးလှိုင်ဝင်း အနေနဲ့  ရန်ကုန် ယူနိုက်တက် အသင်းကို စတင် ကိုင်တွယ်စဉ်မှာ
လက်ရွေးစင် ကစားသမားတွေ ခေါ်ယူမှု နည်းပါး ခဲ့တာကတော့ သူ့ ရဲ့  အသင်းမှာ
ဆက်လက် တည်မြဲရေး အတွက် ခက်ခဲစေ ခဲ့ပါတယ်။ သူ့ အနေနဲ့  ပထမ
အကြိမ်ပြိုင်ပွဲမှာ ပယ်နယ်တီ အဆုံးအဖြတ်နဲ့  မရှုံးနိမ့်ပဲ ဆုဖလား
ရယူနိုင်ခဲ့မယ် ဆိုရင် သူဟာ ရန်ကုန်ယူနိုက်တက် အသင်းမှာ ယနေ့ ထက်တိုင်
ရှိနေလိမ့်မယ်လို့  ကျွန်တော့် အနေနဲ့  ယူဆမိပါတယ်။
မျိုးလှိုင်ဝင်းဟာ တစ်ခေတ်မှာ တစ်ယောက်
ဆိုသလို သူ့ ရဲ့  ဘောလုံး ကျွမ်းကျင်မှု ၊ လျှင်မြန် ဖျတ်လတ်မှုတွေ နဲ့ 
ဂိုးပေါင်း များစွာ သွင်းယူနိုင် ခဲ့သလို နည်းပြအဖြစ် ရပ်တည်မှုမှာလည်း
ပြည်တွင်းက ၀ါရင့် သမ္ဘာရင့် နည်းပြတွေကို ကောင်းကောင်း ယှဉ်နိုင်
ခဲ့ပြန်ပါတယ်။ လက်ရှိ လက်ရွေးစင် ကစားသမားတွေ ကို စိစစ်ကြည့်လိုက်တဲ့ အခါ
မျိုးလှိုင်ဝင်းရဲ့  အစွမ်းအစ ကို သိရှိနိုင် ပါတယ်။ သူ့ ရဲ့  နည်းပြ
သက်တမ်းဟာ တိုတောင်းနေသေးပေမယ့် သူ့ ရဲ့  သင်ကြားပြသမှုတွေ ခံယူနိုင် ခဲ့တဲ့
ရန်အောင်ဝင်း ၊ ကျော်ဇေယျာဝင်း ၊ ဒေးဗစ်ဒန်း ၊ ရွှေလှိုင်ဝင်း ၊ ကြည်လင်း ၊
ကောင်းစည်သူ ရန်အောင်ကျော် တို့ ဟာ လက်ရှိ အချိန်မှာ လက်ရွေးစင် အဆင့်ကို
ရောက်ရှိ ခဲ့ပါပြီ။ မျိုးလှိုင်ဝင်း ရန်ကုန် နည်းပြ အဖြစ်တာဝန် ယူခဲ့တဲ့
လွန်ခဲ့တဲ့ ၂၀၀၉ တုန်းက ဒီ ကစားသမားတွေဟာ မထင်မရှား ကစားသမားတွေ အဆင့်ပဲ
ရှိနေပါသေးတယ်။ သို့ သော်လည်း အဲ့ဒီ မထင်မရှား ကစားသမားတွေကို အကောင်းဆုံး
ဦးဆောင်ပြီး နိုင်ဦးလွင် ၊ တင်ဝင်းအောင် ၊ ကြည်လင်း ၊ ရွှေလှိုင်ဝင်း တို
့ကို မြန်မာ့ဘောလုံး ပရိသတ်တွေ သတိထားမိစေ ခဲ့ပါတယ်။ ရွှေလှိုင်ဝင်းကို ယူ၂၃
အသင်းမှာ လက်ရွေးစင် ကစားသမား အဖြစ် မြေတောင်မြှောက်ပေး ခဲ့ပါတယ်။ ပထမ
အကြိမ်ပြိုင်ပွဲမှာ မင်းသူ ၊ ရာဇာဝင်းသိန်း ၊ ဇော်လင်းထွန်း ၁ ၊
ဇော်လင်းထွန်း၂ ၊ ညီညီလွင် စတဲ့ ကစားသမားတွေ ပါဝင်တဲ့ MNL မစတင်ခင်က
မြန်မာလိဂ် အဆင့်မြင့်တန်း ချန်ပီယံ စီးပွားကူးသန်း အသင်းကို အခြေခံ
ဖွဲ့စည်းထားတဲ့  ဇေယျာရွှေမြေ ကို အဖွင့် ပွဲစဉ်မှာ ဂိုးပြတ်
အနိုင်ယူနိုင်ခဲ့ သလို ဟန်ဝင်းအောင် ၊ စိုးမင်းဦး ၊ ကျော်ဇင်ထက် ၊အေးဆန်း
တို့ လို မြန်မာ့ လက်ရွေးစင်တွေ အများအပြားပါဝင်တဲ့ ကမ္ဘောဇ ကိုလည်း
အနိုင်ယူနိုင် ခဲ့ပါတယ်။
မျိုးလှိုင်ဝင်း အနေနဲ့  ရန်ကုန် အသင်း
နည်းပြဘ၀မှာ လူငယ်တွေကို အတော်များများ ပွဲထွက် ခွင့်ပေး ခဲ့ပြီး အသင်းက
နိုင်ငံခြားသားတွေ ကိုတောင် အရန်ခုံ ထိုင်ခိုင်းတတ်တဲ့ သူ တစ်ယောက်ပါ။ သို
့သော်လည်း ဒုတိယ ရာသီအေ၇ာက်မှာ အသင်းတိုင်းက နိုင်ငံခြား ကစားသမားတွေ
ခေါ်ယူလာတဲ့ အခါ လူငယ်တွေကို နေရာပေးတတ်တဲ့ သူ့ အတွက် အခက်တွေ့ စေ ခဲ့ပါတယ်။
လက်ရွေးစင် ၂ယောက်သာ ပါဝင်တဲ့ ရန်ကုန် အသင်းဟာ ဒုတိယ ရာသီရဲ့  ပထမရာသီဝက်
မှာ ရလ်ာဒ်တွေ မကောင်း ခဲ့ပဲ ၀က်စ်ဟမ်းနဲ့ ၀က်ဘရွန်း အသင်းတွေမှာ တစ်ချိန်က
အလယ်တန်းလူ အဖြစ် ကစားခဲ့ပီး ဩစတြေးလျ၊ စင်ကာပူ၊ အင်ဒို နီးရှားနဲ့
မလေးရှား တို့မှာ နည်းပြ အဖြစ် နှစ်ပေါင်း များစွာ လုပ်ကိုင်ခဲ့တဲ့ 
အတွေ့အကြုံရှိ နည်းပြ တစ်ဦးဖြစ်တဲ့ ပီတာဘက်တလာ ဟာ
ရန်ကုန်နည်းပြချုပ်ဖြစ်လာ ခဲ့ပါတယ် ။ ပီတာဘက်တလာ အနေနဲ့  ဒုတိယ ရာသီဝက်မှာ
ပွဲတိုင်းကို အနိုင်ရလာဒ် စွမ်းဆောင်နိုင် ခဲ့ပြီး ဥဿာ တစ်သင်းတည်း ကိုသာ
သရေကျ ခဲ့ပါတယ်။ အဲဒီနှစ်မှာ ချန်ပီယံဖြစ် ခဲ့တဲ့ ၇တနာပုံကို အိမ်ကွင်းမှာ
အနိုင်ယူနိုင် ခဲ့ပါတယ်။ သို့ သော်လည်း တတိယအကြိမ် ပြိုင်ပွဲမှာတော့
ရလာဒ်တွေ ဆိုးဝါး ခဲ့ပီး အသင်းက ထွက်ခွာသွား ခဲ့ရပါတယ်။ ၂၀၁၀ မတ်လမှာ
စတင်ကျင်းပတဲ့ တတိယ အကြိမ် MNL ပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ မျိုးလှိုင်ဝင်းနဲ
့ ပရိသတ် အချို့  ပြဿနာဖြစ် ခဲ့ပါတယ်။ အဲ့ဒီ အချိန်မှာ နည်းပြချုပ် အဖြစ်
ပီတာ ဘက်တလာက တာဝန်ယူနေ တာဖြစ်ပြီး အဖွင့် ပွဲစဉ်မှာ ကမ္ဘောဇ အသင်းနဲ့  တွေ
့ဆုံရာမှာ သရေဖြစ် ခဲ့တဲ့ အတွက် မူးယစ်ရမ်းကား ပရိသတ် အချို့ က
မကျေမနပ်ဖြစ်ပီး မျိုးလှိုင်ဝင်းကို ဆဲဆို ပြစ်တင် ခဲ့တဲ့ အတွက်
မျိုးလှိုင်ဝင်းက ပြန်လည်အော်ဟစ်ရာမှ အချေအတင်ဖြစ် ခဲ့ကြတာဖြစ် ပါတယ်။
ယခုချိန်မှာတော့ မျိုးလှိုင်ဝင်းဟာ ရန်ကုန် အသင်းနဲ့ နေပြည်တော် အသင်းတွေ
့ဆုံတိုင်း ရန်ကုန် ပရိသတ်တွေကို လက်ပြနှုတ်ဆက်ကာ အရိုအသေပြုပီး သူ့ ရဲ
့အမှားအတွက် အကောင်းဆုံး ပြန်လည်ပြင်ဆင်နေပြီဖြစ် ပါတယ်။ တကယ်တော့ အဲဒီပွဲ
အတွက် အဓိက တာဝန်ရှိသူဟာ နည်းပြချုပ်ဖြစ်တဲ့ ပီတာဘက်တလာ သာလျင်ဖြစ် ပါတယ်။
ပီတာဘက်တလာ အနေနဲ့  ရန်ကုန် အသင်းကို
ရောက်လာခါစမှာ အနိုင် ရလာဒ်တွေ ရရှိ ခဲ့ပေမယ့် တကယ်တမ်းတော့ ထိုင်း
ပရီးမီးယားလိဂ်က အငှားခေါ်ယူ ထားတဲ့ ကိုနေးရဲ့  ခြေစွမ်းပြမှုတွေကြောင့်သာ
ဖြစ်ခဲ့ပြီး ကိုနေး ထွက်ခွာသွား ချိန်မှာတော့ နဂိုကတည်းက လက်ရွေးစင်နည်းနေ
တဲ့ အသင်းဟာ အရင်လိုပဲ ခက်ခဲနေ ခဲ့ပါတယ်။ ဒဲလ်တာ အသင်းကို တစ်ယောက်အသာနဲ့
ကစားရပိး ရှုံးနိမ့်ခဲ့တဲ့ အနေအထား မျိုးတွေကြောင့် ရာထူးက ထုတ်ပယ်ခံ
ခဲ့ရပါတယ်။ အဲဒီနောက် နည်းပြ အဖြစ် မျိုးလှိုင်ဝင်း ပြန်လည် တာဝန် ယူခဲ့ကာ
သူ့ ရဲ့  ထုံးစံ အတိုင်း လူငယ်တွေကို အခွင့်အရေးတွေပေး
ခဲ့ပြန်ပါတယ်။လိဂ်မှာ ရှုံးပွဲမရှိ ကစားနိုင်နေပေမယ့် မျိုးလှိုင်ဝင်း အတွက်
ကြမ္မာငင် ခဲ့တာကတော့ ဆောက်သမ်းမြန်မာ အသင်းနဲ့ ပထမဆုံး ရှုံးထွက် ပွဲစဉ်မှာ
ပဲဖြစ် ပါတယ်။ တိုက်စစ်မှုးနေရာမှာ ကောင်းစည်သူ ကို ပွဲထွက်စေ ခဲ့တဲ့
အဲဒီပွဲမှာ ရန်ကုန် အသင်းဟာ မထင်မှတ်ပဲ ဦးဆောင်ဂိုးပေး လိုက်ရပီး
ဒုတိယပိုင်းမှာ ချေပဂိုး ရဖို့ အစွမ်းကုန်ပြန်လည်ကြိုးပမ်းရာ မှာ တန်ပြန်
တိုက်စစ်ကနေ တစ်ဆင့် ပွဲပီး ခါနီးမှာ ထပ်မံ ဂိုးပေးလိုက် ရပြီး ရှုံးနိမ့်
ခဲ့ပါတယ်။ ဒီပွဲရဲ့ ရလာဒ်ဟာ မျိုးလှိုင်ဝင်း အတွက် ရန်ကုန် ယူနိုက်တက်
အသင်းကနေ ထွက်ခွာသွာားရဖို့ အဓိက ကျတယ်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်း
ဝေဖန် သုံးသပ်ကြည့် ရရင်တော့ အသင်း စတင် တည်ထောင်စဉ်မှာ လက်ရွေးစင်
ကစားသမားခေါ်ယူမှု နည်းပါး ခဲ့ခြင်းကသာ အဓိက ကျပါတယ်။ အသင်းမှာ ရှိနေတဲ့
သက်ကြီး ကစားသမားတွေ အနေနဲ့  ခြေစွမ်းပိုင်းက အကျဘက် ဦးတည်လာတဲ့ အခါမှာ
ရန်ကုန် အသင်း အနေနဲ့  လူငယ်တွေနဲ့  နိုင်ငံခြားသားတွေကို အဓိက အားကိုးရတဲ့
အခြေ အနေဖြစ် ခဲ့ပါတယ်။ အသင်းက နိုင်ငံခြားသားတွေဟာ လည်း အသင်းငယ်တွေက
ခေါ်ယူထားတဲ့ နိုင်ငံခြားသားတွေလောက်တောင် ကစားအား မရှိတဲ့ အခါမှာ
လူအပြောင်းအလဲ တွေများ ခဲ့ပြီး အသင်း အနေနဲ့  အတော်ကို ရုန်းကန် ခဲ့ရပါတယ်။
ယခုချိန်မှာ နာမည်ကြီး တိုက်စစ်မှုး အဖြစ် ရပ်တည်နေတဲ့  ချားစ်အိုဘီ ဟာလည်း
ရန်ကုန်အသင်းကို ရောက်ခါစမှာ အသင်းနဲ့  အထိုင် မကျပဲ ခြေစွမ်းပိုင်းတွေ
ဆိုးရွားနေ ခဲ့ပါတယ်။
အဲဒီနောက် ရန်ကုန် နည်းပြချုပ်အဖြစ်
အဲရစ်ဝီလျံက တာဝန်ယူ ခဲ့ပါတယ်။ အဲရစ်ဝီလျံရဲ့  စွမ်းဆောင်မှုကို သုံးသပ်
ရမယ် ဆိုရင်တော့ ရန်ကုန် ပရိသတ်တော်တော် များများနဲ့  ကျွန်တော့်ရဲ့
အမြင်ဟာ ကွဲလွဲနေ ပါတယ်။ အဲရစ် ရန်ကုန် အသင်းကို စတင် ကိုင်တွယ်တဲ့ ရာသီမှာ
၅ပွဲ ကစားရချိန် ၃ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ခဲ့ပါတယ်။
ဇွဲကပင်ကိုနိုင်ပါတယ်။ ဒါပေမယ့် မကွေးကို ခက်ခက်ခဲခဲ ကစားခဲ့ ရပီး ပွဲပီိး
ခါနီးမှာမှ အိုဘီရဲ့ တစ်လုံးတည်းသောခေါင်းတိုက် ဂိုးနဲ့  နိုင်ခဲ့တာပါ။
တစ်ပွဲလုံးမှာ မကွေး အသင်းက ကစားကွက် ခြေစွမ်းပိုင်း အသာ ရခဲ့ပါတယ်။
အဲရစ်ရဲ့ အကောင်းဆုံး ရလာဒ်လို့ ဆိုရမယ့် ပွဲ ကတော့ ရတနာပုံကို ၄ -၁ နဲ
့နိုင်တဲ့ ပွဲပါ။ ဒီပွဲစဉ် ကတော့ သူ့ ကို ချီးကျူးရမှာပါ။ ဒါပေမယ့်
ရန်ကုန်အသင်းဟာ ရန်ကုန်မြေမှာ အရင် ကလည်း မိနစ်၉၀တွင်း တစ်ခါမှ
မရှုံးနိမ့်ခဲ့သလို အဲဒီပွဲစဉ် အနိုင်ရရင် ချန်ပီယံဆု မျှော်မှန်းနိုင်ခွင့်
ရှိတဲ့ အတွက် ကစားသမားတွေ အစွမ်းကုန်ကြိုးစား ခဲ့သလို ပရိသတ်ကလည်း
တစ်ကွင်းလုံးနေရာလပ် မရှိလောက်အောင် အားပေး ခဲ့ကြပါတယ်။ ဒါကြောင့်
အဲ့ဒီပွဲမှာ ရန်ကုန် အနိုင်ရတာဟာ သိပ်တော့ မဆန်း လှပါဘူး။ တကယ်တမ်း
အနိုင်ရရင် ချန်ပီယံ ကျိန်းသေဖြစ်ပါပြီ ဆိုတဲ့ ပွဲမှာတော့ ဇေယျာရွှေမြေကို
ရှုံး ခဲ့ပါတယ်။ နောက်တန်းလူ ၆ယောက်ထိ line up မှာ ထည့်ကစားခဲ့တဲ့
ထိုပွဲကိုတော့ ကျွန်တော် အတော်လေး စိတ်ပျက် မိပါတယ်။ နောက်ဆုံး ရာသီ အပိတ်
ပွဲစဉ်မျာလည်း ဒဲလ်တာကို ဂိုးပြတ် ဦးဆောင် ခဲ့ပီးမှ ဂိုးတွေပြန်ပေး
ခဲ့ရပီး ၃- ၃ သရေကျကာ ဒုတိယနေရာ ကို မရတော့ပဲ တတိယနဲ့ ကျေနပ် ခဲ့ရပါတယ်။
အဲဒီပွဲမှာလည်း ၇န်ကုန်ဟာ ကစားကွက် ဘောလုံး ပိုင်ဆိုင်မှု အသာ
မရခဲ့ပြန်ပါဘူး။ ချန်ပီယံဖြစ် ခဲ့တဲ့ မနှစ်က ရာသီမှာလည်း နောက်ဆုံးပွဲ
နောက်ဆုံး မိနစ်ထိ ရင် တမမနဲ့  ချန်ပီယံဆု ကို ခက်ခက်ခဲခဲ ကစားပီးမှ
ရခဲ့တာပါ။ ချန်ပီယံဆု အတွက်အရေး ပါတဲ့ ဇေယျာနဲ့ ပွဲကို ရှုံးနိမ့် ခဲ့ပြီး
ဇေယျာရွှေမြေသာ ရာသီသိမ်းခါနီးခြေ မပျက်ခဲ့ဘူး ဆိုရင် ရန်ကုန်အတွက် ဆုဖလား
မရနိုင်ပါဘူး။
နောက်တစ်ချက်က ရန်ကုန် အတွက် ကြီးမားတဲ့
အားသာချက် တစ်ခုက မနှစ်ကဘောလုံး ရာသီမှာ မြက်ခင်းတု ကွင်းမှာ
ပွဲစဉ်တော်တော် များများ ကစား ခဲ့ရတာပဲဖြစ် ပါတယ်။ ရာသီသိမ်း ခါနီးမှာ
အိမ်ကွင်း အားသာချက် ရနိုင် ခဲ့တာကြောင့် ချန်ပီယံဖြစ် ခဲ့တယ်လို့ လဲ
ဆိုနိုင် ပါတယ်။ နောက်တစ်ချက်က လက်ရွေးစင်တွေဖြစ်တဲ့ ခင်မောင်လွင် ၊
ရာဇာဝင်းသိန်း တို့ ကို ခေါ်ယူနိုင် ခဲ့တာကလည်း အသင်း အတွက် အရင်လို
လက်ရွေးစင် ကစားသမား နည်းပါးမှုကို ပြန်လည် ဖာထေးနိုင် ခဲ့ပါတယ်။
နောက်တစ်ချက် ကတော့ နိုင်ငံခြား ကစားသမား ၄ယောက်ထိ ခွင့်ပြုခဲ့တဲ့ အတွက်
ရန်ကုန် အသင်း အနေနဲ့  နိုင်ငံခြား ကစားသမားတွေ ကို ကောင်းကောင်း
အားကိုးခွင့် ရခဲ့ပါတယ်။ ခံစစ်မှာ ဟန်ဆန် အရမ်းကောင်းနေ ခဲ့သလို
တိုက်စစ်မှာ နိုင်ငံခြားသား တိုက်စစ်မှုး၂ယောက် ကိုသာ အားကိုးနေ ရပီး အရင်က
ခြေစွမ်း တက်ရိပ်ပြနေတဲ့ ကောင်းစည်သူ ၊ နိုင်ဦးလွင် တို့  ပွဲထွက်
ခွင့်ဝေး ခဲ့ရပါတယ်။ ကြည်လင်းတောင် အရန် ကစားသမား အဖြစ်နဲ့သာ
ဒုတိယပိုင်းမှ ကစား ခွင့်ရခဲ့ပါတယ်။ ရန်ကုန်ဟာ အသင်းငယ်တွေနဲ့ ပွဲတွေမှာ
ကျိန်းသေ အနိုင်လို့  ယုံကြည်လို့  မရခဲ့ပဲ ပွဲတိုင်းကို ခက်ခက်ခဲခဲ ကစား
ခဲ့ရတာပါ။ အဝေးကွင်း ပွဲစဉ်တွေမှာလည်း မနှစ်က ခြေပျက်နေတဲ့ ရတနာပုံကို
သာနိုင် ခဲ့ပြီး ကမ္ဘောဇကို ၃- ၀ ၊ ဇေယျာရွှေမြေကို ၃-၁ နဲ့ ရှုံး ခဲ့ပါတယ်။
ဒါတွေကို အနှစ်ချုပ် ပြန်သုံးသပ်တဲ့
အခါမှာ အဲရစ်ဝီလျံဟာ ရန်ကုန် အသင်းကို ဖလားရအောင် စွမ်းဆောင်နိုင် ခဲ့ရာမှာ
နိုင်ငံခြားသား ကစားသမားတွေကို အဓိက အားကိုး ခဲ့တာကိုတွေ့  ရသလို ရန်ကုန်
အသင်းရဲ့ လက်ရွေးစင် ကစားသမားတွေ ခေါ်ယူမှု၊ မြက်ခင်းတု အိမ်ကွင်း
အားသာချက်တွေ အတော်များများ ရရှိခဲ့မှု နဲ့  အဓိကပြိုင်ဘက် ရတနာပုံ
ဆိုးဆိုးဝါးဝါး ခြေပျက် ခဲ့သလို ဇေယျာရွှေမြေ ဟာလည်း ရာသီ သိမ်းခါနီးမှ
ဆက်တိုက် ရှုံးပွဲ ဆက်ခဲ့တာတွေကြောင့်သာ ဖြစ်ပါတယ်။ ဇေယျာရွှေမြေသာ ရှုံးထွက်
ဖလားဆီမီးမှာ နေပြည်တော် ကို အနိုင်ယူနိုင် ခဲ့ရင် ရန်ကုန်အတွက် တကယ့်ကို
ခက်ခဲမယ်ဆိုတာ သေခြာ သလောက်ပါ။ ယခုနှစ် ရာသီမှာ နိုင်ငံခြား ကစားသမား ၎
ဦးကနေ ၃ဦးလျှော့ချ လိုက်သလို ရန်ကုန် အသင်းဟာလည်း မြက်ခင်းတု ပွဲစဉ်တွေ
နည်းပါးနေ ခဲ့ပါတယ်။ အသစ်ခေါ်ယူ လိုက်တဲ့ ကစားသမားတွေ အနေနဲ့  မနှစ်က
ချားစ်အိုဘီ ဟန်ဆန်တို့ ကို မမှီတဲ့ အခါ ဘယ်လို ရလာဒ်တွေထွက် ခဲ့တယ်ဆိုတာ
အားလုံး အမြင်ပဲဖြစ်ပါတယ် ။ အသင်းကြီးတွေနဲ့ တွေ့ ဆုံမှုမှာ မြက်ခင်းတုမှာ
ကန်ရတဲ့  ပွဲမှာ အောင်သိုက်ရဲ့  ဖရီကစ် တစ်ဂိုးတည်းနဲ့ နိုင်ခဲ့ပီး
ဧရာဝတီကို သရေ ၊ ကမ္ဘောဇကိုရှုံး ၊ မကွေးကို နောက်ဆုံး မိနစ်မှ ၂- ၁နဲ
့အနိင်ရပီး နေပြည်တော်ကို သရေ ရတနာပုံကို ကစားကွက်ပိုင်းမှာ မယှဉ်နိုင်ပဲ
ပြိုင်ဘက် တိုက်စစ်မှုးတွေရဲ့  ဂိုးသွင်း မသေခြာမှု တိုင်ထိ ထွက်မှုတွေကြောင့်
သာ ၂-၂ သရေရ ခဲ့ရသလို မနောမြေ ကိုတောင် ရှုံးပွဲတွေ့ ခဲ့ပါတယ်။ ကမ္ဘောဇကို
အိမ်ကွင်းမှာ အနိုင်မယူနိုင် ခဲ့တဲ့ ပွဲအပီးမှာတော့ အဲရစ်ဝီလျံ တစ်ယောက်
အိမ်ပြန် ခဲ့ရပါတယ်။ AFC မှာ ၆ပွဲကစား တစ်ပွဲမှမနိုင် ၂မှတ်သာ ရခဲ့ပါတယ်။
မျိုးလှိုင်ဝင်း အကြောင်း ဦးတည်ရေးရင်းက
ရန်ကုန် ယူနိုက်တက်နဲ့ ပက်သက်ပြီး ကျွန်တော် ဒီဆောင်းပါးလေးမှာ
အများကြီးရေး ခဲ့တာ အကြောင်း ရှိပါတယ်။ ဒါကတော့ ရန်ကုန် ပရိသတ် တစ်ယောက်
အနေနဲ့  မျိုးလှိုင်ဝင်းကို ရန်ကုန် အသင်းက ပြန်လည်ခေါ်ယူဖို့ 
မျှော်လင့်မိလို့ ပဲဖြစ် ပါတယ်။ လက်ရှိ ရန်ကုန် ယူနိုက်တက်ကို တာဝန်ယူ
ကိုင်တွယ်နေတဲ့ အိုင်ဗန်ကိုလဗ် လက်အောက်မှာ မျိုးလှိုင်ဝင်း ဟာ ၂၀၀၄ခုနှစ်က
လက်ရွေးစင် အဖြစ် ကစားခဲ့ဖူးပါတယ်။ သူတို့ ဆရာ တပည့်၂ယောက် ယခုချိန်မှာ
ပြန်လည် ဆုံဆည်းဖို့  ကျွန်တော်မျှော်လင့်နေ တာပါ။ မျိုးလှိုင်ဝင်းကို
အသင်းက ထုတ်ပယ် တုန်းက ရန်ကုန် အသင်းအနေနဲ့  ထုတ်ပယ်တယ် လို
့မသုံးနှုန်းခဲ့ပဲ အတွေ့ အကြုံ ယူစေမယ်လို့ သတင်းထုတ်ပြန် ခဲ့တာပါ။ နည်းပြ
သင်တန်းတွေ တက်ေ၇ာက်ဖို့ တောင် ရန်ကုန် အသင်းက ပံ့ပိုးပေးမယ်လို့
ဆိုခဲ့ပြန်ပါတယ်။ ဒါတွေကြောင့် ကျွန်တော်မျှော်လင့်နေ တာပါ။
ကျွန်တော် ငယ်စဉ် ကလေး ဘ၀ ကတည်းက
နှစ်ခြိုက် အားပေးခဲ့ရတဲ့  သူ့ ကို ကျွန်တော် အရူးအမူး အားပေးတဲ့ အသင်းရဲ့ 
နည်းပြ အဖြစ် ရှိနေစေချင်တာ ကျွန်တော့် ဆန္ဒပါ။ သူဟာ ၇န်ကုန် ယူနိုက်တက်ရဲ့ 
မူစ အစ airbagan အသင်း ကတည်းက စတင် ပါဝင်ခဲ့သူပါ။ သူ့ရဲ့ စွမ်းဆောင်မှုတွေ
ဟာ ရန်ကုန် အသင်းအတွက် အကျိုး မမဲ့စေ ခဲ့ပါဘူး။ သူထွက်ခွာ သွားရပိးနောက်မှာ
သူ ကိုင်တွယ်တုန်းက ခြေစွမ်းပြနေတဲ့ ကစားသမားတွေ ဘာတွေဖြစ်ကုန်လဲ တွေ
့နိုင် ပါတယ်။ နိုင်ဦးလွင် အရန် အသင်းရောက် သွားပါတယ်။ ရွှေလှိုင်ဝင်း
လက်ရွေးစင် အဖြစ် ရွေးချယ်ခြင်း မခံရတော့ ပါဘူး။ အခု ယူ ၂၂မှာ ကောင်းစည်သူ
ဘာလို့ ပွဲထွက်ခွင့် မရသေး တာလဲ ဆိုတာ အဖြေက တစ်ခုတည်းပါ။ ရန်ကုန် အသင်းမှာ
ပွဲထွက်ခွင့် မရလို့ပါ။ ကြည်လင်း ရန်ကုန် အသင်းမှာ line up ရဖို့  လူစားလဲ
ဝင် ကစားရတဲ့ အခိုက်အတန့် လေးတွေ ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်
ခဲ့ရတယ်။ ဒါတောင် မနှစ် ကလို နိုင်ငံခြားသား ၄ယောက် ခွင့်ပြုရင် သူ့ အတွက်
အခုလို လက်ရွေးစင်ဖြစ်ဖို့  မလွယ်လောက် ပါဘူး။ ဧရာဝတီမှာ အသင်းခေါင်းဆောင်
တာဝန်ယူ ခဲ့တဲ့ မျိုးဝင်းထွဋ် ပွဲထွက် ခွင့်မရတာတွေ တွေ့ နေ ရပါတယ်။
အောင်သိုက် လက်ရွေးစင်ဖြစ်သင့်နေ ပါပြီ။ မျိုးလှိုင်ဝင်း လက်ထက်မှာ
နိုင်ငံခြားသားတွေကို အလွန်အကျွံ အားမကိုး ပါဘူး။
သူမရှိတော့တဲ့နောက်ပိုင်းမှာ နိုင်ငံခြားသားတွေ ကို အသင်းငယ်တွေနဲ့ တွေ
့တဲ့ ပွဲတွေမှာတောင် မိနစ်၉၀လုံး ကစားခိုင်းနေတာ တွေ့ နေရ ပါတယ်။ ခြေစွမ်း
မပြနိုင်တဲ့ နိုင်ငံခြား ကစားသမားကို မျိုးလှိုင်ဝင်း လက်ထက်တုန်း ကလို
ရဲရဲဝံ့ဝံ့ လူစားလဲ မလဲရဲ တာတွေ့ နေရပါတယ်။ နယူချီ ရောက်လာ ကတည်းက ဂိုး
မသွင်းနိုင်သေး ပါဘူး။ သို့ သော်လည်း ကောင်းစည်သူ ပွဲထွက် ခွင့် မရပါ ။
ကြာရင် ကိုယ်ပျိုးထားတဲ့ ပန်းခင်း သူများဆီ ထိုးအပ် လိုက်ရပါ လိမ့်မယ်။
စူပါမင်းလို စွမ်းတဲ့ နိုင်ငံခြားသားတွေ ရှိမှ အောင်ပွဲ ယူနိုင်မယ့်
နိုင်ငံခြားနည်းပြတွေ အလို မရှိပါ။ for the league , for the nation ပါ။
အဓိက အောင်မြင်မှုသည် မိမိ အသင်းမှ နိုင်ငံခြားသား များ ဂိုးသွင်း
အများဆုံးဆု ရရန် မဟုတ်ပါ။ နိုင်ငံ အတွက် လက်ရွေးစင် ဘယ်လောက်ထိ
မွေးထုတ်နိုင် မလဲ ဆိုတာ မျှော်လင့် ရမှာပါ။ MNL ဖလား၂လုံး ချန်ပီယံ အသင်းက
ယူ ၂၂မှာ ၃ယောက်ပဲ အရွေး ခံရတာ မဖြစ်သင့် ပါဘူး ။ အဲဒီ ၃ယောက် မှာမှ တကယ်
ကစားရတာ ၂ယောက် တည်းပါ။
မြန်မာ့ဘောလုံး လောကမှာ မျိုးလှိုင်ဝင်း
ပီးတော့ စိုးမြတ်မင်း ခေတ်လို့  ဆိုလို့ ရပါတယ်။ စိုးမြတ်မင်း အနေနဲ့ 
မျိုးလှိုင်ဝင်းလောက် အောင်မြင်မှု ကာလတွေ မရှည်ကြာ ခဲ့ပေမယ့် သူဟာလည်း
ကစားသမားကောင်း တစ်ယောက်ပါ။ စိုးမြတ်မင်းပီးတဲ့နောက် မြန်မာ အသင်းရဲ့ 
ဂိုးသွင်းစက် ဟာ ……… ကလပ် အသင်း ကဖြစ်စေချင်ရင် ……… အသင်း အနေနဲ့ 
ဂိုးရဖို့  နိုင်ငံခြားသား ကို အားကိုးနေ ရတဲ့အသင်း ဘ၀က လွတ်အောင်
ကြိုးစားဖို့ လိုအပ်နေ ပါပြီ။
အနာဂတ် MNL မှာ ဂိုးသွင်းကောင်းတဲ့ ကိုကိုဟာ အာဖရိကန်လား၊ အနောက်တိုင်းက လူဖြူတွေ လား ၊ ဒါမှမဟုတ် ……………
လက်ရွေးစင် အသင်းကို ကိုင်တွယ်နေတဲ့
နည်းပြကြီး က တိုက်စစ်မှုး ရွေးချယ်ဖို့ ကြည့်လိုက်တဲ့ အခါ MNL မှာ
ဂိုးတွေသွင်းနေတာ က ဘယ်မှာလဲ မြန်မာ။ MNL မှာတောင် ကောင်းကောင်း
ပွဲထွက်ခွင့် မရပဲ တစ်ရာသီလုံးမှ ၄ / ၅ ဂိုးလောက် သွင်းတဲ့ တိုက်စစ်မှုးကို
လက်ရွေးစင် နည်းပြက ဘယ်လို လူရွေး ရမလဲ။ ပွဲတိုင်း ၄-၅-၁ ကစား ရမှာလား။
နိုင်ငံခြားသားကိုပဲ နိုင်ငံသား ခံယူ ခိုင်းရတော့ မလား။ ယူ – ၂၃ မှာ
ဖန်တီးလို့ ရနိုင်ကောင်း ရနိုင်ပါ လိမ့်မယ်။ လက်ရွေးစင် အတွက်တော့
မလွယ်လောက် ပါဘူး။
မြန်မာ တိုက်စစ်မှုးတွေ ကိုယ်စား
တောင်းဆို ပါရစေ။ ပွဲထွက်ခွင့်လေး ပေးပါ ။ ကျွန်တော်တို့ လည်း ဂိုးသွင်း
ချင်ပါတယ်။ နိုင်ငံခြားသားတွေပဲ ဂိုးသွင်းတော့ ကျွန်တော်တို့ မျက်နှာငယ်
ရတယ်။ အသင်းငယ်တွေနဲ့ တွေ့ တဲ့ ပွဲတွေတောင် ကျွန်တော်တို့ ကို line up
မထုတ်ချင်တော့ ဘူးလား။ မျိုးလှိုင်ဝင်းးတို့  စိုးမြတ်မင်း တို့ လို
ဂိုးသွင်းကောင်းတဲ့ ကိုကို ဖြစ်ချင်လှ ပါတယ်ဗျာ။ တစ်နေ့ နေ့ တစ်ချိန်ချိန်
မျိုးလှိုင်ဝင်း လို နည်းပြ တစ်ယောက်ဖြစ်လာတဲ့ အခါ ကစားသမားတွေ ကို ငါဟာ
MNL မှာ တစ်ရာသီ ၅ ဂိုး သွင်းပီး ယူ၂၃ မှာတော့ နည်းနည်း ပါးပါး
သွင်းဖူးတယ်။ လက်ရွေးစင် မှာတော့ တစ်သက်တာမှာ ၅ဂိုး သွင်း ခဲ့ဖူးတယ်လို့ 
ပြောရမှာ ရှက်စရာ ကောင်း လို့ ပါ ဗျာ။
ရေးသားသူ ~ ကောင်းမြတ်သူ
Posted by MMStriker on July 4, 2012
No comments:
Post a Comment