အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.
Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts
ဆယ်စုနှစ်၏သူရဲကောင်းတစ်ဦး ( သို့ မဟုတ် ) ကြည်လင်း
     ကျွန်တော်ပြီးခဲ့တဲ့နှစ်က ကြည်လင်းအကြောင်း ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ် ။ ကျွန်တော့်ရဲ့  သူရဲကောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပါ။MNLအဖွင့်ပွဲစဉ်မှာကျွန်တော်သူ့ ရဲ့  ခြေစွမ်းကိုစပီး တွေ့ မြင်ခံစားခဲ့ရတာပါ ။ အဲ့ဒီအချိန်ကတည်းက သူ့ ကိုကျွန်တော် လက်ရွေးစင် ကစားသမားတစ်ဦးအဖြစ်
နိုင်ငံ့ဂုဏ်ဆောင်နိုင်မယ်လို့  စိတ်ကူးမျှော်လင့်ခဲ့ပါတယ်။ ၃နှစ်လောက်ကြာမြင့်ခဲ့တဲ့အချိန်မှာတော့ သူဟာ မြန်မာအသင်းအတွက် မရှိမဖြစ်ကစားသမားတစ်ဦးအဖြစ် အောင်မြင်စွာရပ်တည်နိုင်ခဲ့ပါတယ် ။
      ၁၉၆၀ ကျော်မြန်မာ့ဘောလုံးရွှေခေတ်ကာလမှာဗဟာဒူးဆိုတဲ့ထူးခြားတဲ့အရည်အသွေးနဲ့  ဘောလုံးသမားတစ်ဦး မြန်မာနိုင်ငံအတွက် ပေါ်ထွက်ခဲ့ပါတယ်။ သူ့ ကိုတော့ ယနေ့ ခေတ်လူငယ်တစ်ယောက်အနေနဲ့  ကျွန်တော်လက်လှမ်းမမှီတော့ပါဘူး ။ ငွေခေတ်ကာလရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်တဲ့  မျိုးလှိုင်ဝင်း ၊ ၂၀၀၀ပြည့်နှစ်အလွန် ဆယ်စုနှစ်ရဲ့  အကောင်းဆုံး ဘောလုံးသမား စိုးမြတ်မင်း ၊  သူတို့နဲ့ ကျွန်တော် ကြည်လင်းကိုနှိုင်းယှဉ်ကြည့်ချင်ပါတယ် ။
ပါဝင်ခဲ့သလို ၁၉၉၈ ခုနှစ် တိုက်ဂါးဖလားပြိုင်ပွဲမှာ မြန်မာအသင်း အုပ်စုအဆင့်နဲ့ သာကျေနပ်ခဲ့ရပေမယ့်   မျိုးလှိုင်ဝင်းဟာ၎ဂိုးသွင်းယူနိုင်ခဲ့ပြီး၃ဂိုးသွင်းယူနိုင်ခဲ့တဲ့ မြန်မာအသင်းက အောင်ခိုင်အပါအ၀င်
အင်ဒိုကစားသမား၂ဦးရဲ့အထက်မှာဂိုးသွင်းအများဆုံးကစားသမားအဖြစ် ထိပ်ဆုံးကရပ်တည်နိုင်ခဲ့ပါတယ် ။ အဲ့ဒီပြိုင်ပွဲမှာ စိုးမြတ်မင်းတစ်ယောက်လည်း လက်ရွေးစင်အဖြစ် ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။၁၉၉၅ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ စတုတ္ထနေရာရပ်တည်ခဲ့တဲ့ မြန်မာအသင်းမှာပါဝင်ခဲ့သလို  အထက်မှာဖေါ်ပြခဲ့တဲ့ မျိုးလှိုင်ဝင်း လက်ရွေးစင်တစ်ယောက်အဖြစ်  နောက်ဆုံးပါဝင်ကစားခဲ့တဲ့ ၂၀၀၄ခုနှစ် တိုက်ဂါးဖလားမှာ
သူဟာ စတုတ္ထနေရာအထိရောက်အောင် မြန်မာအသင်းအတွက် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။   မျိုးလှိုင်ဝင်းဟာ၁၉၉၀ကျော်ဆယ်စုနှစ်ကာလမှာတော့ ခေတ်ပြိုင်ကစားသမားတွေထက်သာလွန်ခဲ့တဲ့
အကြောင်းတရားတွေရှိပါတယ်။အဲ့ဒါကတော့ သူဟာ မြန်မာ့လက်ရွေးစင်အသင်းမှာ အမြဲတမ်းဆက်တိုက် ပါဝင်ကစားခဲ့ပြီး ပွဲပေါင်းများစွာကစားကာ ဂိုးပေါင်းများစွာသွင်းယူခဲ့သူတစ်ယောက်အဖြစ် မြန်မာပရိသတ် အကြားမှာ ရေပန်းစားခဲ့တာကြောင့်ဖြစ်ပါတယ် ။
           စိုးမြတ်မင်းကတော့  ၂၀၀၀ပြည့်နှစ်အလွန်ကာလမှာ ခေတ်ပြိုင်မြန်မာကစားသမားတွေထက် ပြတ်ပြတ်သားသား အသာရခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။ သူဟာ ငွေခေတ်ကာလနောက်ပိုင်း ဆယ်နှစ်လောက်ထိ အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တဲ့ မြန်မာအသင်းအတွက် ၂၀၀၁ခုနှစ် ပထမအကြိမ် ၂၃နှစ်အောက် ဆီးဂိမ်းမှာ ခြေစွမ်းပြကစားပြီး ကြေးတံဆိပ်ဆွတ်ခူးပေးခဲ့သလို ၂၀၀၃ ခုနှစ်ဆီးဂိမ်း တတိယလုပွဲမှာ မလေးရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး စတုတ္ထရခဲ့တဲ့ မြန်မာအသင်း အတွက်လည်း ၆ဂိုးအထိသွင်းယူကာ ဒုတိယ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ် ။  လူငယ်ပြိုင်ပွဲတစ်လျောက် အမြင့်ဆုံးအောင်မြင်မှုအနေနဲ့ ၂၀၀၇ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ဒုတိယငွေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပြီး မြန်မာ့ ဂုဏ်ဆောင်ခဲ့ပါတယ် ။ လက်ရွေးစင်အသင်းအတွက်၂၀၀၆ခုနှစ် မာဒေးကားဖလားမှာ  မြန်မာအသင်းကိုလည်း ချန်ပီယံဖြစ်စေခဲ့သလို ၂၀၀၈ခုနှစ် Grand Royal ဖိတ်ခေါ်ပြိုင်ပွဲမှာ သူကိုယ်တိုင်၅ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သလို မြန်မာအသင်းကိုလည်း ချန်ပီယံဖြစ်စေခဲ့ပါတယ် ။ ၂၀၀၄ ခုနှစ် တိုက်ဂါးဖလားမှာ မျိုးလှိုင်ဝင်းနဲ့ အတူ မြန်မာ့လက်ရွေးစင်အသင်းကို ဆီမီးဖိုင်နယ်ထိ ပို့ ဆောင်ပေးခဲ့သလို အဲံဒီပြိုင်ပွဲမှာ သူဟာ ခြေစွမ်းပြကစားခဲ့ပြီး ၆ဂိုးအထိသွင်းယူကာ ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပြန်ပါတယ် ။ ၂၀၀၇ ခုနှစ် မာဒေးကားဖလားမှာ မြန်မာအသင်းကို ဒုတိယနေရာအထိရရှိအောင် စွမ်းဆောင်ခဲ့ပြီး ၂၀၀၈ခုနှစ် AFC Challenge Cup မှာ သူ့ ရဲ့ နောက်ဆုံးအောင်မြင်မှုအဖြစ် မြန်မာအသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့ပြီး စတုတ္ထနေရာ ရယူပေးခဲ့ပါတယ် ။
        ကြည်လင်းကတော့ ၂၀၁၁ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ လူငယ်လက်ရွေးစင်အဖြစ် စတင်ပါဝင်ကစားခဲံပြီး ကွင်းလယ်ကစားသမားတစ်ဦးအနေနဲ့  ဘရူနိုင်းအသင်းနဲ့ ပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် တတိယကြေးတံဆိပ်ရယူနိုင်ခဲ့ပါတယ် ။ ၂၀၁၂ ဆူဇူကီးဖလားခြေစစ်ပွဲမှာ ၃ဂိုး
သွင်းယူပေးခဲ့ပြီး ခြေစစ်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးအဖြစ် တီမော ကစားသမားများနဲ့ အပြိုင်ရပ်တည်ခဲ့ပါတယ် ။ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာတော့ မြန်မာအသင်းအတွက် တစ်လုံးတည်းသောဂိုးကိုသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးညာတောင်ပံကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ် ။ ၂၀၁၄ AFC Challenge Cup ခြေစစ်ပွဲမှာ တစ်ဂိုးသွင်းယူပေးခဲ့သလို မြန်မာအသင်းအတွက် အဓိကကစားသမားအဖြစ်ပါဝင်ကစားခဲ့ပြီး ခြေစစ်ပွဲအောင်စေခဲ့ပါတယ် ။
စွမ်းဆောင်နိုင်ခဲ့သလို ဗီယက်နမ်အသင်းဘက်ကို တစ်ဂိုးသွင်းယူ  ပေးနိုင်ခဲ့ပါတယ်။အာရှရဲ့  ဘောလုံး
အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ တောင်ကိုရီးယားအသင်းနဲ့  ပွဲစဉ်မှာ မြန်မာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပါတယ် ။
လာမယ့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှာ သူ့ အနေနဲ့  တိုက်စစ်မှုးအဖြစ်ပါဝင်ကစားခွင့်ရရှိပြီး ဂိုးသွင်းအများဆုံးဆုနဲ့  ချန်ပီယံဆုဖလားကိုသာ ရယူနိုင်ခဲ့မယ်ဆိုရင် မျိုးလှိုင်ဝင်း ၊ စိုးမြတ်မင်း တို့ ထက်
အသာရသွားဖို့ ရှိနေပါတယ် ။ သူ့  ရဲ့  စိတ်ဓါတ်ခွန်အားနဲ့  ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်
အဆိုပါအောင်မြင်မှုဟာ ဖြစ်လာနိုင်ဖွယ် အကြောင်းရှိပါတယ် ။
         သူဟာမျိုးလှိုင်ဝင်း ၊ စိုးမြတ်မင်းတို့ နည်းတူ ခေတ်ပြိုင်ကစားသမားတွေထက် အသာရခဲ့တာကတော့ အောင်နိုင်လိုစိတ်ပြင်းပြမှု ၊ တစ်ကိုယ်တော်စွမ်းရည်နဲ့  နည်းပြတွေအပေါ်လေးစားမှု ၊ ကစားသမားအချင်းချင်း ချစ်ခင်လေးစားမှုတွေပဲဖြစ်ပါတယ် ။ သူဟာ ရန်ကုန်ယူနိုက်တက်အသင်းကို နည်းပြအဖြစ် မျိုးလှိုင်ဝင်းကိုင်တွယ်စဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲံပေမယ့် ဒုတိယပိုင်းမှာ လူစားလဲလှည်ခြင်းကို မကြာခဏဆိုသလိုခံခဲ့ရပါတယ်။
အဲရစ်ဝီလျံ ရောက်လာတဲ့နောက်ပိုင်းမှာလည်း ပွဲထွက်လူစာရင်းမှာတောင် ပါဝင်ကစားခွင့်မရတော့ပဲ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ရပါတယ် ။သို့ ပေမယ့် သူဟာ သူပါဝင်ကစားနေတဲ့ အချိန်ပိုင်းလေးမှာ အကောင်းဆုံး ကြိုးစားစွမ်းဆောင်ခဲ့ပြီး လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့သလို နည်းပြတွေအပေါ်မှာလည်း စောတကတက်ခဲ့တာမျိုး မရှိခဲ့ပါဘူး ။ ကစားသမားဘ၀တစ်လျှောက် အနီကတ် မထိခဲ့တာကတော့ စိုးမြတ်မင်းထက်တောင် အသာရခဲ့တဲ့အချက်ပဲဖြစ်ပါတယ် ။ စိုးမြတ်မင်းအနေနဲ့  ၂၀၀၀ပြည့်နှစ် အာရှခြေစစ်ပွဲ တောင်ကိုရီးယားအသင်းနဲ့  ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရတာကို မှတ်တမ်းများအရ တွေ့ ရှိရပါတယ် ။
          ၁၉၉၀ ပြည့်နှစ်အလွန် ဆယ်စုနှစ်ကာလတစ်လျှောက်မှာ မျိုးလှိုင်ဝင်းတစ်ခေတ်ဖြစ်ခဲ့သလို ၂၀၀၀ ပြည့်နှစ်အလွန် ဆယ်စုနှစ်ကာလမှာတော့ စိုးမြတ်မင်း သူရဲကောင်းဖြစ်ခဲ့တယ်ဆိုတာ ငြင်းချက်ထုတ်စရာ မရှိနိုင်ပါဘူး ။ ထို့ အတူပဲ မြန်မာ့ဘော်လုံးလောက ပြန်လည်ဦးမော့လာခဲ့တဲ့ ၂၀၁၀အလွန် ဆယ်စုနှစ်ရဲ့  သူရဲကောင်းဟာလည်း ကြည်လင်းဖြစ်လာလိမ့်မယ်လို့  ယုံကြည်မိပါတယ်။သူ့ ရဲ့  ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ၊  အောင်နိုင်လိုစိတ်ပြင်းပြမှု ၊ မဆုတ်မနစ်ကြိုးစားအားထုတ်မှု တွေကြောင့် ကြည်လင်းဟာသူ့ ရဲ့ ဆယ်စုနှစ်မှာ မျိုးလှိုင်ဝင်း ၊ စိုးမြတ်မင်းတို့ မကိုင်မြှောက်နိုင်ခဲ့တဲ့  အောင်မြင်မှု ဆုဖလားတွေကို ကိုင်မြှောက်ပြီး အရှေ့ တောင်အာရှရဲ့  အကောင်းဆုံးဘောလုံးသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့  ကျွန်တော်ဟောကိန်းထုတ်ပါရစေဗျာ ။
Kaung Myat Thu (facebook )
ငတုံးငတိတို့ ပြောတဲ့ မြန်မာ့ဘောလုံး (၄)
“ခြေစမ်းပွဲ ကန်တာနဲ့ ပဲ ကမ္ဘာ့ အဆင့် တက်ရောလားးဗျ ”
ငတိ ထိုင်နေကျ လက်ဘက်ရည်ဆိုင်ထဲက ရုတ်တရက် ထွက်ပေါ် လာသော အသံဖြစ်၏။ အသံ လာရာ လှည့်ကြည့် မိတော့ ဆိုင် အ၀င်ဝ ထိပ်ဆုံး စားပွဲဝိုင်းတွင် အသက် ၃၀ကျော်ခန့်  လောက် ရှိဟန်တူသော လူ၂ယောက်  ထိုင်နေသည်ကို တွေ့ ရ၏။ ဘာမဆို စပ်စု တတ်သော မြန်မာတို့ ၏ ထုံးစံ အတိုင်း  သူတို့ ၏ စကား သံများကို ငတိ နားစွင့်နေမိလေသည် ။ အခြား တစ်ယောက်က ပြန်ပြော၏ ။ “သေချာကန်ရင် တက်တာပေါ့ ဗျ“ ဟူ၏။ ငတိ စိတ်ထဲတွင် မတော့ ဘာရယ် မဟုတ် ဤသို့ အပြု သဘောဆောင် အပြောင် သဘောစုမိ၏။ ကြွက်တက်တာ များလားကွယ်။
ထိုခဏတွင်ပင် ကျွန်ုပ်၏ ဇာတ်လိုက်ကျော်ကြီး ငတုံး ဆိုင် အတွင်းသို့ အော်ကြီးဟစ်ကျယ်ဖြင့် ၀င်ရောက်လာပေပြီ။ စိတ်ပျက်တယ်ဟေ့ စိတ်ပျက်တယ်၊ ရင်လေးတယ်ဟ။ ငတုံး ဘာကို ဘယ်လို စိတ်ပျက်ပြီး ရင်လေးနေ  ပါလိမ့်နော်……
ဤသည်ကား ငတုံး ငတိတို့  စတုတ္တ မဏ္ဍိုင် ၂ ဦး ၏ စတုတ္ထ အကြိမ်မြောက် ဆွေးနွေးပွဲကြီး ဖြစ်မြောက် လာရသော အကြောင်း တရားပေတည်း။
ငတိ  ~ ကဲပြောပါဦး ကိုယ့်လူ ဘာတွေများ စိတ်ပျက် ရင်လေးနေ တာတုန်းဗျာ ။
ငတုံး ~ စိတ်ပျက်တာက  မြန်မာ အမျိုးသမီးအသင်း ဗိုလ်လုပွဲ တက်ပါရက်နဲ့  ပယ်နယ်တီနဲ့ ရှုံးရလို့ ပေါ့ဗျာ။ အမျိုးသမီး အသင်း ခမျာ အမျိုးသား အသင်းတွေ လောက် ပံ့ပိုးမှု လောက်လောက်လားလား မရပေမယ့်  အကောင်းဆုံး ကြိုးစား သွားတယ်။ ထိုင်းကိုနိုင်ပီးမှ ဖိုင်နယ်မှာ ရှုံးတော့  တော်တော်ကို စိတ်ပျက် မိတာပေါ့ဗျာ။
ငတိ ~  အင်းဗျာ ဟုတ် ပါပြီ ။ ဒါနဲ့  ရင်လေးတယ် ဆိုတာ ကရော ဘာကို ဆိုချင်တာလဲဗျ  ။
 ငတိ  ~  ဟုတ်တာပေါ့ဗျာ ။ ကမ္ဘာ့ အဆင့် တက်ချင်ရင် ခြေစမ်းပွဲ ကန်တာ အဓိက မကျဘူးလေ ။ လက်ရွေးစင် အဆင့် မှာ ၀င် ကန်လိုက်တိုင်း အုပ်စုက မတက်တော့  အာနိုးခေါ်ပီး ဆွဲတင်တောင် ဒီအဆင့်က တက်လာမှာ မဟုတ်ဘူးဗျ။ ခင်ဗျားပြောမှ သေခြာ သတိထား မိတယ် မြန်မာ့ လက်ရွေးစင် အသင်း ဗိုလ်လုပွဲနဲ့  ဝေးတာ အနှစ် ၂၀ ပြည့်တော့ မယ်ဗျို့။ ၁၉၉၃ ဆီးဂိမ်းမှာ ငွေရပီးတော့  ဆယ့် တစ်နှစ်အကြာ ၂၀၀၄ မှာ တစ်ကြိမ် ဆီမီးတက် စတုတ္ထရပီးကတည်းက အောင်ဖျာ လိပ်လာတာ အခုဆို ၈နှစ်တောင် ရှိဘီနော်။
ငတုံး ~ ဟားဟားဟား ဒါဆို မန်ယူ ပရိသတ်တွေ မန်စီးတီး ဖလား မရတဲ့  နှစ်ပတ်လည် ပါတီ လုပ်သလို တို့မြန်မာ ဖိုင်နယ် မရောက်တဲ့  အနှစ်၂၀ အမှတ်တရ ပါတီ လုပ်ကြရင် မကောင်း ပေဘူး လားဗျာ။ အခုဂျေလိဂ်နဲ့ လည်း ပူးပေါင်းမှုတွေ ရှိနေတော့ လက်ရှိ အာရှ ဘောလုံးလောကမှာ စိုးမိုးနေတဲ့  ဂျပန်တွေ အနေနဲ့  အာရှရဲ့ တစ်ချိန်က ကျားကြီး အာရှ ၀င် မတိုးနိုင်တော့တဲ့  ရွှေရတု အခမ်းအနားတွေ ဘာတွေ လုပ်မလား ဘာလား အစီအစဉ် ရှိမရှိ သွားဗျူး အုံးမှပါဗျာ ။
ငတိ  ~ ဒါပေမယ့် လက်ရှိ နည်းပြကြီးက တော်တယ် မဟုတ်လားဗျ ။ အာရှ ခြေစစ်ပွဲတွေ ဘာတွေတောင် အောင်မြင်အောင် စွမ်းဆောင်နိုင်တယ် မဟုတ်လား ။
ငတုံး ~ နေပါတော့ ကိုယ့်လူရယ် ကျုပ်က မြန်မာ ပွဲတွေက လွဲရင် မသိလို့  ကိုယ့်ကိုယ်ကိုယ် အတော် ပိန်းတယ် မှတ်တာ ခင်ဗျားက ကျုပ်ထက် ပိန်းတာပဲဗျ။ ပက်ဆောင်ဟွာ ကိုယ်တိုင်က ပြောတယ်လေ။ သူ့ တာဝန်က ဆီးဂိမ်း တဲ့ ဗျ။ ဆီးဂိမ်း ဆိုတာကလည်း အသက်ကန့် သတ် ထားသလို အိမ်ရှင်လည်း လုပ်မှာ ဆိုတော့ ဒီက ပရိသတ်ရဲ့ အားပေးမှုပုံစံ   နဲ့  ပေါင်းစပ် လိုက်မယ်ဆိုရင် ဘယ်နည်းပြပဲ လာကိုင်ပါစေ ချန်ပီယံ ဖြစ်ကိုဖြစ်မှာ ပါဗျာ။ အာရှခြေစစ်ပွဲ အောင်ခဲ့တယ် ဆိုတာကလည်း အသက် ကန့် သတ် ထားတဲ့ပြိုင်ပွဲ ဆိုတာ သတိ ရဦးမှပေါ့ဗျာ။ ဘရာဇီးနည်းပြ ဖလော်ပါ ကိုင်တုန်းက ဆီးဂိမ်းမှာ ငွေ ရ ရက်နဲ့  နောင်နှစ်ကျတော့ ထုတ် ခံရတယ်လေဗျာ။ ၁၅နှစ်ကျော် အတွင်းမှာ ဒေသတွင်း လက်ရွေးစင် အဆင့် ပြိုင်ပွဲ တစ်လျောက် ဆီမီး တက်အောင် လုပ်ပေးနိုင် ခဲ့တာကတော့ အခု ရန်ကုန် နည်းပြ အိုင်ဗန်ကိုလဗ်ပဲ ရှိသေးတယ် ဆရာရေ။ မာဒေးကား ဖိတ်ခေါ်ဖလား ရခဲ့ဖူးတဲ့ ဦးဆန်းဝင်းကိုလည်း အသိ အမှတ်တော့ ပြုရ မပေါ့ဗျာ။ အဲ့ ဒီတော့ဗျာ ကျွန်တော် ပြောချင်တာ ကတော့ ပက်ဆောင်ဟွာလည်း စွမ်းနိုင်မယ်လို့ တော့ မထင်ဘူး  ၊ ဆူဇူကီးမှာ မနှစ် ကလိုပဲ ဖြစ်မယ် ထင်တာပါပဲဗျာ။ ဆူဇူကီးမှာ အုပ်စု တက်ရင်တော့ ပက်ဆောင်ဟွာကို ချီးကျူးမယ်ဗျာ။ အခုတော့  စောသေးတယ်လို့ ပဲပြော ပါရစေဗျာ။ မြန်မာအသင်း ဆိုတာ အသက်ကန့် သတ်ထားတဲ့  ပြိုင်ပွဲတွေမှာ ဆို နည်းပြတွေကလည်း ဗျူဟာတွေ သိပ်ကောင်း၊ ကစားသမားတွေက လည်း ခြေစွမ်းတွေ သိပ်ထက်ပီး လက်ရွေးစင်ကျ ဘာတွေဖြစ်ကုန်မှန်း မသိတော့ ပြောရ ခက်ကြီးပါဗျာ ။
ငတိ  ~ MNL All Star အသင်းနဲ့  လက်ရွေးစင်ကို ပညာပေး သွားတဲ့  ရတနာပုံနည်းပြ ပြော စကားကတော့ ရှင်းပါတယ်ဗျာ ဆရာရေ။ မြန်မာ ဆူဇူကီး ခြေစစ်ပွဲ အောင်မှာပါ  ပြိုင်ဘက်တွေက ညံ့ ပါတယ်တဲ့  ခင်ဗျာ။ အုပ်စု အဆင့်ကျရင်တော့ ဘယ်လိုဖြစ်လာ မလဲ မျှော်လင့် ရတော့မှာပေါ့ဗျာ။ ဟုတ်ကဲ့  အဲ့ ဒီတော့လည်း ဘောလုံး အဖွဲ့ ချုပ် အနေနဲ့   မြန်မာ ပရိသတ်ကို သက်တမ်း အလိုက်ပြိုင်ပွဲလေးတွေနဲ့  ပဲ  အချိုသပ်ဖို့  လုပ်နေဦးမှာလား တွေးရ တော့မယ်ပေါ့ဗျာ။ အသက်ကန့် သတ်တဲ့  ပြိုင်ပွဲတွေ ၀င်ရလွန်းလို့  လူငယ် မျိုးဆက်သစ်လည်း ထွက်ချိန်ကို မရပဲ မျိုးဆက်တုန်း ဖြစ်နေဘီ။ ကျွန်တော်လည်း ဆူဇူကီးဖလား အနီး ထားစေချင် ဆိုတဲ့  ခေါင်းစဉ်နဲ့ ဆောင်းပါး ရေးဖြစ် ခဲ့သေးတယ်ဗျာ။ တော်ဘီဗျာ။ ဒီ အကြောင်းတွေ ပြောရလွန်းလို့  အပ်ကြောင်းတွေလည်း ထပ်နေပါဘီ ၊  သောက်လက်စ လက်ဘက်ရည်လေး အမြန်မော့ပီး အရန်အသင်း ပွဲစဉ် သွားကြည့်ကြ စို့ ဗျာ ။
မည်သို့ ပင် ဆိုစေကာမူ မြန်မာ့ ဘောလုံးကို အားပေးသော ငတုံး ငတိတို့ သည်ကား  မျှော်လင့်ချက် ကောက်ရိုး တစ်မျှင်နှင့် Suzuki စိတ်ကူး  ယဉ်ကြ ပေဦးမည် မှာကား ဧကန် မုချ ဖြစ်တော့သည်တကား။
 ရေးသားသူ - ကောင်းမြတ်သူ
www.myanmarstriker.com မှာ ရေးသားခဲ့သော ကျွန်တော့်ရဲ့ ဆောင်းပါးလေးပါ ။ 
ဒီမှာ  ၀င်ရောက် ဖတ်ရှုနိုင်ပါတယ် ။
ချွေးသိပ်ခဲ့သော နေ့စွဲများ
2012  မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးကတော့ တစ်နှစ်တာ အနေဖြင့်  ခေတ္တ ပြီးခဲ့ပြန်ချေပြီ။ ဒီနှစ်မှာတော့ ရန်ကုန် ယူနိုက်တက် အသင်းကြီးမှ ဒုတိယ အကြိမ်အဖြစ် မြန်မာ နေရှင်နယ်လိဂ် ဖလားကြီးအား သိမ်းပိုက်နိုင်ခဲ့သဖြင့် ရန်ကုန် ပရိတ်သတ် တစ်ဦးဖြစ်သော ကျွန်တော့ အလွန်ပင် ၀မ်းမြောက် ဂုဏ်ယူ မိပါသည်။ နောက်ဆုံးပွဲစဉ် အထိ မာန်ဟုန်ပြင်းသည့် ခြေင်္သေ့မာန် အသွင်  အင်ပြည့် အားပြည့်ဖြင့် ကစားပေးခဲ့သော ရန်ကုန် ကစားသမားများကိုလည်း အထူးပင် ကျေးဇူး တင်မိပါသည်။ တကယ်ဆို ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ဖလားကြီးကို ရရှိရန် ကြိုးပမ်းပေးခဲ့သော ရန်ကုန် ယူနိုက်တက် အသင်းသည် ကျွန်တော်တို့ ရန်ကုန် ပရိတ်သတ်များ အတွက် ချန်ပီယံဟူသော ဂုဏ်ထက်ပိုပြီး ပြည့်စုံသော အဓိပ္ပာယ်ပါ ရရှိရန် စွမ်းဆောင်ပေးခဲ့ခြင်း  ဖြစ်သည်ဟု ထင်ပါသည်။
ရန်ကုန်အသင်း အကြောင်း ပြောရမည်ဆိုလျှင် မြန်မာ နေရှင်နယ်လိဂ် စတင် တည်ထောင်သည့် လွန်ခဲ့သော လေးနှစ်တာ ကာလဆီသို့ အတွေးများက ပြေးလွှား ရောက်ရှိသွားခဲ့မိပြန်သည်။ သတင်းစာထဲတွင် ပါသော မြန်မာ ဘောလုံးလောက ဆုကြေးစား စနစ်သို့ပြောင်းမည်၊ လုပ်ငန်းရှင်ကြီးများမှ စတင်ပြီး အသင်း တည်ထောင်မည် ဟူသော သတင်းသည် ကျွန်တော့်ကို ပထမ ဇဝေဇ၀ါ ဖြစ်သွားစေသည်။ ဒုတိယ မယုံသင်္ကာ ဖြစ်သွာစေသည်။ တတိယ အကြိမ်အဖြစ် သတင်းဆုံးသော အချိန်တွင်မူ ကျွန်တော်၏ စိတ်၌ မည်သည့် ဇဝေဇ၀ါ ၊ မည်သို့သော သံသယများ စိုးစဉ်းမျှ မကျန်တော့ပဲ အံ့သြ ၀မ်းသာပြီး တစ်ခုခုကို မျှော်လင့်ချက်များ တောက်ပ သကဲ့သို့ ဖြစ်နေပါသည်။ သင်နှင့် ဘာဆိုင်လဲဟု မမေးပါနှင့် ဆိုင်တာမှ အပြည့်အ၀ သက်ဆိုင်ပါ၏။ မြန်မာဘောလုံး လောက တိုးတက်ရေးသည် မြန်မာနိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည် မဟုတ်ပါလား ။
မြန်မာနေရှင်နယ်လိဂ် တည်ထောင်ခြင်း သတင်းသည် ကျွန်တော်တို့ ရပ်ကွက်ထဲတွင် အတော်လေး ထူးခြားသည့် သတင်းဟု ဆိုရပေမည်။ လက်ဘက်ရည် ဆိုင်မှာလည်း ထိုကိစ္စ ၊ ဈေးထဲက အမျိုးသမီးကြီးများကလည်း ထိုသတင်း၊ လမ်းထဲက ကလေးများလည်း ထိုအကြောင်း အမျိုးမျိုး စိတ်ဝင်စား နေကြသည်။ ဘယ်လို နိုင်ငံခြားသားတွေ ခေါ်မလဲ၊ လမ်းဘေးက ကောင်တွေပဲ နေမှာပါဟူ၍ နိုင်ငံတကာ ဘောလုံး ၀ါသနာရှင်ကြီးများက စိတ်ပျက်ဖွယ် ထင်ကြေးပေးကြသလို၊ အိမ်က အငယ်ကောင်ကို ဘယ်အသင်းကို ပို့ရမယ် ၊ အကြီးကောင်တော့ ဆေးလိပ် လျှော့သောက်ခိုင်ရမယ် ဟုပြောပြီ အန်တီကြီးများက သူတို့၏ သားအလိမ္မာများ အတွက် အားခဲကြသည် ။ ငါက ရန်ကုန်အသင်းမှာ ဘယ်နေ့သွား အရွေးခံမှာ ၊ မနက်တိုင်း ထပြေးကြရအောင်ဟု အဖော်ညှိနေသော ကလေးများလည်း ဒုနဲ့ဒေး စိတ်ချမ်းသာဖို့ ကောင်းလေစွ ။  ကျွန်တော်လည်း ထိုနေ့များတွင် လာသော သတင်းစာ မှန်သမျှ နောက်ဆုံး စာမျက်နှာမှ စပြီးဖတ်သော အကျင့်သစ် တစ်ခု တိုးလာလေသည် ။ ကစားသမား အပြောင်းအရွှေသတင်း ၊စာချုပ် သတင်းစသည် တို့သည် သတင်းစာ၏ နောက်ဆုံး စာမျက်နှာတွင် အဓိက ပါလေ့ရှိပြီး ကျွန်တော်တို့အား စိတ်ကူး ယဉ်စေလေသည်။ ကစားသမား တစ်ယောက်ဘယ်၍၊ ဘယ်မျှ စာချုပ် ချုပ်လိုက်လေတိုင်း ဘာရယ်မှန်းမသိ ကျွန်တော်ဝမ်းသာသည်။ ထိုဝမ်းသာ စိတ်ကလေး၏ အဓိပ္ပာယ်ကို ထိုအချိန်က သေချာ မစဉ်းစား မိသော်လည်း ယခု အချိန်တွင်မူ ထိုစိတ်လေးလည်း မြန်မာ ဘောလုံးကို ချစ်မြတ်နိုးသော သူတိုင်း၏  မသိစိတ်ထဲတွင် ကိန်းအောင်နေသော စိတ်ကူးယဉ် အိမ်မက်များပင် ဖြစ်ကြောင်း နားလည်နိုင်ခဲ့သည်။ ဟုတ်ပါသည် မြန်မာ ဘောလုံး ပရိတ်သက်များ သတိမမူမိသော် စိတ်ကူး အိမ်မက်လေးများပင် မဟုတ်ပေလော။
ကျွန်တော်သည် ယခင်က ဘဏ္ဍာအခွန် ၊ စီးပွါးကူးသန်း ၊ ပို့ဆောင်ရေး ၊ အဲပုဂံ ၊ ကမ္ဘောဇ စသော အသင်းများရှိ နာမည်ကြီး ကစားသမား တချို့ကိုသာ သိရှိပါသည်။ ဒါတောင် လက်ရွေးစင် အသင်းကြီးတွင် ပါဖူး၊ကစားဖူးမှသာ မှတ်မိပါသည်။ ထိုကစားသမား မှန်သမျှလည်း ကျွန်တော့ အချစ်တော် သူရဲကောင်းများ အဖြစ် စိတ်ထဲတွင် အလိုလို သတ်မှတ်ပြီးသကဲ့သို့ ဖြစ်နေပါသည် ။ ကျွန်တော်သိသော ကစားသမားကောင်း မှန်သမျှ ရန်ကုန် ယူနိုက်တက် ပရိတ်သတ်ပီပီ ကျွန်တော် အားပေးမည့် အသင်းသို့သာ ရောက်စေချင်ခဲ့သည်။ ကိုမျိုးမင်းထွန်း ရန်ကုန် ယူနိုက်တက်သို့ ရောက်လာသည့် အတွက် ၀မ်းသာရသလို ၊ ကိုရာဇာဝင်းသိန်း၊ ကိုရန်ပိုင်၊ ကိုပိုင်စိုးတို့ ကျွန်တော့် အားပေးသော ရန်ကုန်ယူနိုက်တက်သို့ မရောက်လာသဖြင့် စိတ်မကောင်းပင် ဖြစ်မိပါသေးသည်။ သို့ပေမယ့် တဖက်ကလည်း ကောင်းတယ် ဒါမှ ပိုစိတ်ဝင်စားဖို့ ကောင်းမှာဟု့လည်း အားခဲ့မိပြန်သေးသည် ။
ရန်ကုန် ယူနိုက်တက်မှ နိုင်ငံခြား ကစားသမားများအား ခြေလှမ်းသွက်သွက်ဖြင့် ခေါ်ပြန်တော့လည်း ဒါမှငါတို့ ရန်ကုန်ဟု စိတ်အား တက်ကြွမိပြန်ပါသည်။ နေရှင်နယ်လိဂ်ကြီး မြန်မြန်စပါစေတော့ဟုလည်း မကြာခဏ တောင်းတ လိုက်ရသည်မှာလည်း အမောပင်။ ချန်ပီယံ ဖလားကြီးသာ ရန်ကုန် ယူနိုက်တက် ရလိုက်လျှင် ပထမဆုံး ဖလားပိုင်ရှင်ကြီး ဖြစ်လာပြီး ပရီးမီးယားလိဂ်၊ လာလီဂါက အသင်းတွေ ဖလားရလျှင် အောင်ပွဲ ခံသကဲ့သို့ ဘယ်လောက်များ စည်လိုက်မည်နည်းဟု့ စိတ်ကူးများလည်း ယဉ်မိပါသည်။ သို့သော် ရာသီ ပြီးဆုံးချိန်တွင်တော့ ကျွန်တော်တို့ ရန်ကုန် ယူနိုက်တက်ကို ပင်နယ်တီတွင် ၁- ၄ ဂိုး ဖြင့် အနိုင်ယူကာ ရတနာပုံ အသင်းမှ ဗိုလ်စွဲ အောင်ပွဲခံပြီး ပထမဆုံး မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ဆိုသည် ဂုဏ်ပုဒ်ကို အရယူကာ ကျွန်တော်တို့ ရန်ကုန် အသင်းအား အသဲကွဲ စေခဲ့လေတော့သည်။ ရှိစေတော့  နောက်နှစ်ပေါ့ဟု တွေးလျှက် ကျွန်တော် စိတ်ထဲတွင် နောက်ရာသီသစ်ကို ကြိုတင်၍ အားခဲနေမိ ပြန်သည်။ အသင်းကလည်း ကစားသမားများကို လိုအပ်သလို ပြန်လည်း ပြုပြင် ခေါ်ယူနေသည့် အတွက် ဒီတစ်နှစ်တော့ဖြင့် တို့အလှည့် ဖြစ်ချေပီ ၊ လာခဲ့ မြန်မာနေရှင်နယ်လိဂ် ဘယ်ပြေးမလဲဟု တပွေ့တပိုက် မျှော်လင့်ချက်တွေ ပြန်လည် တောက်ပလာခဲ့သည်။ သို့သော် ထိုနှစ်သည်လည်း ယခင် နှစ်နည်းတူ ရန်ကုန် ယူနိုက်တက် မြင်းကောင်းခွါလိပ် ဖြစ်ခဲ့ရပြန်ချေပီ။  ရမှတ်(၄)မှတ် အသာဖြင့် ရတနာပုံ အသင်းက ကျွန်တော် အားပေးသော ရန်ကုန် ယူနိုက်တက် အသင်းကို နောက်ကောက်ချခဲ့ ပြန်သည်။ ရတနာပုံ အသင်း၏ နှစ်နှစ်ဆက်တိုက် ချန်ပီယံ ဟူသော ဂုဏ်ယူ ၀ံ့ကြွားသော အပြုံးများ အောက်တွင် ကျွန်တော်တို့ ရန်ကုန် ပရိတ်သတ် အနေဖြင့် ဖြေရှင်းစရာ စကားလုံးများ စွံ့အနေခဲ့သည်။ ဘာများ တတ်နိုင်ပေဦးမည်နည်း။ ဘောလုံး ဆိုသည်ကားလည်း ခန့်မှန်းရ အခတ်သားပင် မဟုတ်ပေလော။
သို့ပေမယ့် မည်သို့၊ မည်မျှပင် အောင်မြင်မှုတွေနှင့် ဝေးကွာနေပါစေ ကျွန်တော်တို့ ရန်ကုန် ပရိတ်သက်တွေ၏ စိတ်ထဲမှ ရန်ကုန်ယူနိုက်တက် အပေါ် အချစ် လျော့သွားခြင်း၊အားပေးမှု လျော့သွားခြင်း လုံးဝ မရှိပေ။ အခြေအနေ အကြောင်းကြောင်း အရသာ ကွင်းဝင် ပရိတ်သတ် နည်းသွားခဲ့သော်လည်း အားလုံး၏ စိတ်ထဲ ၊နှလုံးသားထဲတွင် ရန်ကုန် ယူနိုက်တက်၏ ပုံရိပ်က ခမ်းနားနေတုန်း ၊ ရှင်သန်နေတုန်းသာ ရှိ၍ ချစ်သောစိတ်ဓာတ် အနည်းငယ်မျှ အရာ မယွင်းခဲ့ပါ ။ ပုံစံများ အမျိုးမျိုးသော ပြောင်းလဲ ကျင်းပလာခဲ့သည့် နေရှင်နယ်လိဂ်သည် တတိယသက်တမ်း ၂၀၁၁ အရောက်တွင် အရောင်အသွေးများ ပိုမိုစုံလင် လာခဲ့ပြီး ပြိုင်ပွဲဝင် အသင်းများလည်း ပိုမိုများပြား လာခဲ့သည် ။နေပြည်တော် FC ကဲသို့ အကောင်းဆုံး ဖျက်မြင်း အသင်းသစ်များလည်း ပါဝင်လာခဲ့ပြီး ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန် လာခဲ့သည်။ ထိုနှစ်၌ပင် ရန်ကုန် ယူနိုက်တက်၏ မဟာပြိုင်ဘက်ဖြစ်သော  ရတနာပုံ အသင်းမှလည်း  AFC President’s Cup ဖလားကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအသင်း တစ်သင်း အနေဖြင့် ပထမဆုံး ဆွတ်ခူးပြီး အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည် အထိ ခြေစွမ်း ကောင်းမွန်ခဲ့သည်။ ရန်ကုန် ယူနိုက်တက်၏ ချန်ပီယံ မျှော်လင့်ချက်ကို ပျက်ပြယ်စေခဲ့သော အဓိက ပြိုင်ဘက် အသင်းပင် ဖြစ်သော်ငြှားလည်း နိုင်ငံ ကိုယ်စားပြု အသင်း အနေဖြင့် ဆွတ်ခူးပေး ခဲ့သည့် အတွက် ရတနာပုံ အသင်း ဖလားယူချိန်တွင် ကျွန်တော်လည်း ကျေနပ် ပျော်ရွှင်မိပါသည်။  ၂၀၁၁ ခုနှစ်သည် ရတနာပုံ အတွက် ကနဦး အပျော်များ ဆောင်ယူခဲ့ပြီး ရန်ကုန် ယူနိုက်တက် အတွက်မူ နောက်ဆုံးပိတ် အပျော်များ ချန်ထား ပေးခဲ့သည် ။
ရန်ကုန်ယူနိုက်တက် အသင်းအတွက် ၂၀၁၁ ခုနှစ်သည် တကယ့်ကို မင်္ဂလာနှစ်ဖြစ်ခဲ့ပြီး ဖလား ဆာလောင်နေသော ပရိတ်သတ်၏ ခံစားချက်ကို အကောင်းဆုံး ပေးဆပ်သည့် အနေဖြင့် အလွန် ခက်ခဲသော ၂၀၁၁ ခုနှစ်တွင် မြန်မာ နေရှင်နယ်လိဂ် ဖလားကို ရန်ကုန်မြေသို့ အရ ယူဆောင် ပေးခဲ့သည်။ ပျော်ရွှင်မှုများနှင့် အားပေးသံများ လွှမ်းခြုံခဲ့သော ထိုညနေသည် ရန်ကုန်ယူနိုက်တတ် ပရိတ်သတ်တို့အား မျက်ရည်များ လည်စေသည့် အထိ ၀မ်းသာ ပျော်ရွှင်မှုများကို ထုံးဖွဲ့စေခဲ့သည်။ ယခု ၂၀၁၂ တွင်လည်း ရန်ကုန် ယူနိုက်တက်အသင်းမှာ ပရိတ်သတ်တို့ အပေါ် တာဝန်ကျေစွာဖြင့် နေရှင်နယ်လိဂ် ဖလားကြီးကို ထပ်မံ အရ ယူပေးခဲ့ပြန်သည်။ မြန်မာနေရှင်နယ်လိဂ် ဖလားအား နှစ်နှစ်ဆက်တိုက်  အရ ယူပေးခြင်းဖြင့် အသင်း၏ ပရိတ်သတ်တို့၏ အသင်းအပေါ် ဂုဏ်ယူစွာ အားပေးခဲ့ခြင်း အပေါ်  အကောင်းဆုံး ပြန်လည် ပေးဆပ်ခဲ့သည် ။ ကျွန်တော်တို့ ပရိတ်သတ် အနေနှင့်လည်း ဂုဏ်ယူဝံ့ကြွား နိုင်ခဲ့ပါပြီ ငါတို့အသင်းလည်း နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ဖူးသည် ဟူသော စကားသည် ကျွန်တော်တို့၏ တိတ်ဆိတ်ခဲ့ရသော ရက်လနှစ်တွေကို အကောင်းဆုံး ဖြေရှင်းချက် အဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်။ အနာဂါတ် အတွက် မျှော်လင့်ချက်များကို အသက် သွင်းပေးခဲ့သည ။ ရန်ကုန် ယူနိုက်တက် အသင်း၏ အောင်မြင်မှုများသည်ကား ယခုမှ နိဒါန်းအစချီ ထုဆစ် ပုံဖော်ရုံသာ ရှိသေးသည်။ နောက်ပိုင်းတွင် ဒီထက် ခမ်းနား ကြီးကျယ်သော သမိုင်း မှတ်တမ်းကောင်းများ ရေးထိုးရန် အတွက် ဆန္ဒပြင်းထန် မာန်ဟုန်မြန်သည့် ကစားသမားများ ၊ ကြိုဆိုအားပေး လမ်းခင်း ပေးတတ်သည့်   အသင်းနှင့်အတူ အူလှိုက်သဲလှိုက် အပြည့်အဝ အားပေးမည့် ပရိတ်သက်ကလည်း အဆင်သင့် ရှိနေပေသည်။
အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော်သည် လူသားပီပီ အလိုကြီး စိတ်က အတော မသတ်နိုင်ခဲ့ပါ ။ အကြောင်းကား ရန်ကုန် ယူနိုက်တက် ပါဝင်ခဲ့သော AFC Cup 2012 တွင်လည်း ကျွန်တော် အားပေးသော ရန်ကုန် ယူနိုက်တက် အသင်း ဗိုလ်စွဲရန် အထိကြီးကြီးမားမား မျှော်လင့်ချက်ကို ထားခဲ့ပါသေးသည်။ သို့သော် ကျွန်တော် အပြည့်အ၀လည်း မမျှော်လင့် ရဲခဲ့ပါ။ AFC Cup တွင် စောပြီး ကျင်လည်ခဲ့ကာ သဘာနှင့် ကျွမ်းကျင်မှုများဖြင့် အသားကျနေသော အိမ်နီးချင်း ကလပ် အသင်းများကို ရန်ကုန် ယူနိုက်တက် အသင်းအနေဖြင့် ကျော်လွှားနိုင်ဖို့ ဆိုသည်မှာ မျှော်လင့်ချက်က ၀ိုးတ၀ါးသာ ဖြစ်ခဲ့ရသည်။
သို့ပေမယ့် အသင်းကိုချစ်သော စိတ်ကြောင့် အလုပ် မအားသည့်ကြားမှ ထိုင်းကလပ် ချောင်ဘူရီ နှင့်ကန်သော ပွဲတွင် ကွင်းထဲအရောက် အားပေးဖြစ်ခဲ့သည်။ ပွဲပြီးကာနီးမှ ပေးလိုက်ရသော ဂိုးဖြင့် ရန်ကုန် ယူနိုက်တက်အသင်း သရေ ကျခဲ့သော်လည်း ကျွန်တော်၏ အသင်း အပေါ်တွင် နေရာ တစ်နေရာ ရရှိမည်ဟူသော ယုံကြည် မျှော်လင့်ချက်သည် ပိုမိုတောက်ပ လာခဲ့သည်။ ရန်ကုန် ယူနိုက်တက်၏ အုပ်စုတွင် ချောင်ဘူရီ အသင်းမှာ အတောင့်တင်းဆုံးဟု အများ ယူဆ ထားသောကြောင့် အခြား အသင်းများကို ထိုအသင်းလောက် စိတ်ဝင်စားမှု မရှိခဲ့ပါ။ ချောင်ဘူရီကို သရေ ကစားနိုင်လျှင် ကျန်အသင်းများနှင့် တွေ့လျှင် အခြေအနေ ကောင်းလိမ့်မည် ရန်ကုန် ယူနိုက်တက် အတွက် မဆိုးလှဟု တွေးနေမိသည်။ ကျွန်တော့် အတွေးများ မမှန်ခဲ့သည် အတွက် ၂၀၁၃ တွင် အသင်း အနေဖြင့် ချေဖျက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ။
ထိုအထဲတွင် အလို မကျမိသည်က ချောင်ဘူရီ နည်းပြ၏ စကားပင် သူတို့၏ အိမ်ကွင်းတွင် အနည်းဆုံး ၅ ဂိုးသွင်းမည် ဆိုသည့်စကားသည် ရုတ်တရက် ကြားပါက ရန်ကုန် ယူနိုက်တက်ကို ဦးတည်ပြောသည်ဟု ယူဆနိုင်သော်လည်း သေသေချာချာ တွေးလျှင် ဒီစကားသည် မြန်မာနေရှင်နယ်လိဂ် အသင်းအားလုံးကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ထိုစကားသည် ကျွန်တော့ရင်ကို တည့်တည့်မှန်ကာ ကန်ချက်ပြင်းသော ဘောလုံးတစ်လုံး ထိမှန်သကဲ့သို့ အခံရ ခက်လှသည့် ဝေဒနာဆိုးကို အပြည့်အ၀ ဖန်းတီးခဲ့သည်။ လက်ရှိ ချန်ပီယံ အသင်းကို ၅ ဂိုးသွင်းမည်ဟု ဆိုလျှင် ကျန်အသင်းများ ဆိုလျှင် ထည့်ပြောစရာ လိုတော့မည် မဟုတ်ဟူသော အဓိပ္ပာယ်သို့ အလိုလို သက်ရောက်နေပေသည်။  အရပ်စကား အတိုင်းသာ ပြောရလျှင် ဒီနိုင်ငံက အသင်းက ဘာမို့လို့လဲဟုပြောနေပေလိမ့်မည်။ အုပ်စု အဆင့်၌ပင် ရန်ကုန် ယူနိုက်တက်အသင်း ကျန်ရစ်ခဲ့သော်လည်း ချောင်ဘူရီ နည်းပြ၏ အဆိုအတိုင်း ၅ ဂိုး မပေးခဲ့ရသည့် အတွက် ကျေနပ်သည်ဟု့သာ ရသေ့စိတ်ဖြေ ဖြေလိုက်ရတော့သည်။ထို့အပြင် သတိပြု မိလိုက်ရသည်ကား ရန်ကုန် အသင်းအနေဖြင့် နိုင်ငံတကာ အဆင့် အလယ်အလတ် ပြိုင်ပွဲများ အတွက် အဆင်သင့် မဖြစ်သေးပါလား ဟူသော အသိလေးပင် ဖြစ်ပါသည်။
နောင်နှစ် AFC Cup 2012 တွင်တော့ ကျွန်တော် အားပေးသော ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် အကောင်းဆုံး အနေအထားဖြင့် ယှဉ်ပြိုင်နိုင် လိမ့်မည်ဟု ယုံကြည် မျှော်လင့်မိပါသည်။ ပဏာမ မြန်မာ လက်ရွေးစင် အသင်းတွင် ၉ ဦးအထိ အရွေးခံခဲ့သော ရန်ကုန် အသင်း ကစားအမားများ၏ အစွမ်းသည် တော်ရုံ အစွမ်းတော့ ဖြစ်လိမ့်မည် မဟုတ်။ ယခင် အချိန်များကကဲ့သို့ မျက်နှာကြီးရာ ဟင်းဖက်ပါ ဆိုသောခေတ်သည် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ လိုအပ်ချက် အချို့ရှိသော်လည်း လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက်၏ နိုင်ငံခြား ကစားသမားများကလည်း အသင်းနှင့် အတော်လေး အံဝင်လျှက် ရှိပြီး၊ သင့်တော်သော နိုင်ငံတကာ ခြေစမ်းပွဲများ ပြုလုပ်လျှင် အသင်းအတွက် ပိုပြီး ခြေစွမ်းကောင်းလာဖို့သာ ရှိတော့သည်။ အသင်း အပေါ်တွင် ရည်မှန်းချက် ကြီးမားစွာ ထားသော အသင်း၏ ပိုင်ရှင်မှလည်း သင့်တော်သော အပြောင်းအလဲများကို ပြုလုပ်ပေးမည် ဆိုသည်ကလည်း သံသယ ဖြစ်ဖွယ်မရှိပါ။ မြန်မာနေရှင်နယ်လိဂ်၏ နှစ် နှစ်ဆက်တိုက် ချန်ပီယံ ဟူသော ဂုဏ်ပုဒ်အပြင် အာရှ၏ အလယ်အလတ် အဆင့်တွင်ပါ ချန်ပီယံဟု ဆိုလျှင်မည်မျှ အထိ ဂုဏ်ယူဖို့ ကောင်းလိုက်မည်နည်း။ ထိုအခြေအနေ ရောက်ရှိရန်လည်း လက်ရှိ ချန်ပီယံအသင်း အတွက် တကယ်ကြိုးစားလျှင် အဟုတ်ဖြစ်လိမ့်မည်ဟူလည်း ကျွန်တော်တို့ ပရိတ်သတ်များမှ ရန်ကုန်ယူနိုက်တက် အသင်း အပေါ်တွင် အပြည့်အ၀ ယုံကြည်ပါသည် ။
ထို့အပြင် AFC Cup တွင် သတိထားမိသည်ကား အသင်းစွဲစိတ် မရှိတော့ခြင်းပင် ဧရာဝတီ အသင်း၏ ပွဲစဉ်များကိုလည်း ရန်ကုန် ပရိတ်သက်များ စိတ်ဝင်စားသည် ၊ ကွင်းထဲအရောက် အားပေးခဲ့ကြသည် ။
ဧရာဝတီ အသင်းနေရာတွင် ရတနာပုံ အသင်းပင် ဖြစ်စေဦး ရန်ကုန် ပရိတ်သတ်များကလည်း အားပေးမည်မှာ အသေအချာပင် ဖြစ်သည် ။ ရတနာပုံ အသင်း၏ AFC Cup ပွဲများတွင်လည်း ကျွန်တော်တို့ ရန်ကုန် ပရိတ်သတ်များက ရတနာပုံ ပရိတ်သက်များနှင့် တသွေးတည်း တသားတည်း အားပေးခဲ့ကြသည်က သာဓကပင် ဖြစ်သည်။ ချစ်ကြည် ရင်းနှီးစွာ ပုခုံးဖက်၍ ရတနာပုံ ၊ ရတနာပုံ ဟုသံပြိုင် ခုန်ပေါက်အော်ခဲ့ဖူးကြသည် ။
နေရှင်နယ်လိဂ်တွင် ကစားသမားများက တစ်သင်းနှင့် တစ်သင်း မိမိတို့အသင်း အနိုင်ရရန် အင်တိုက် အားတိုက် ကြိုးပမ်းကြသည်။ ပရိတ်သတ်များကလည်း အပြန်အလှန် စကားစစ် ထိုးကြသည် ၊ ငြင်းခုန်ကြသည်။ ပျော်ဖို့ အလွန်ကောင်းပါသည်။  နောက်ကြ ပြောင်ကြသကဲ့သို့ ဖြစ်သောကြောင့် ချစ်စရာပင် ကောင်းသေးသည်။ ထိုကဲသို့ အပြောလေးများကြောင့် ဘောလုံးပွဲကို ပိုမိုအသက် ၀င်စေသည်။ အားပေးရသည်ကိုက မိမိပါ ကွင်းထဲတွင် စီးမြော သွားသကဲ့သို့ ခံစားရပါသည် ။  ထိုအထဲတွင် ရုတ်ရင်း ကြမ်းတမ်းသော အပြောများ၊ အပြုအမူများ ပါလာရင်တော့ ကစားပွဲသည် ကြည့်မကောင်းတော့။ ဘောလုံး သမားများ ကြမ်းတမ်းလျှင် အနီကဒ်များဖြင့် ဒိုင်များက ချီးမြင့်ကြပြီး ပွဲ၏ အရသာမှာ ပျက်စီး ရတော့သည်။ ပရိတ်သက်များ ကြမ်းတမ်းလျှင် အနီကဒ်ပြမည့် သူမရှိပွဲသည် ရုတ်ချင်း အကျည်း တန်သွားသည်။
နိုင်ငံတကာတွင် ပရိတ်သက် သောင်းကျန်းမှုကြောင့် ဒါဏ်ရာ ရရှိရုံမက ၊ သေဆုံးခြင်း ၊ ကွင်းပျက်စီးခြင်း ၊ အသင်းအား ပွဲကစားခွင့် ပိတ်ခြင်းများ ရှိသည်ကို ဘောလုံး ၀ါသနာရှင်တိုင်း သိရှိကြား မိကြပေလိမ့်မည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း ထို့ကိစ္စများ မဖြစ်ပေါ်နိုင်ဟု ကံသေကံမ မပြောနိုင် သော်လည်း တတ်နိုင်လျှင် လုံးဝ မဖြစ်စေချင်ပါ။ ပြဿနာ ဆိုသည်က ဖြစ်ပြီးလျှင် ခံဖို့သာ ရှိသည်။ မဖြစ်ခင် ကြိုတင် သတိရှိကြတာ အကောင်းဆုံးဟု ထင်ပါသည်။ ဘောလုံး အင်အားကြီး နိုင်ငံများတွင် ပရိတ်သက် အားပေးပုံများကို မြင်ရသည်မှာ အလွန် ကြည့်ကောင်းပါသည်။ သို့သော် သူတို့လည်း အားလုံး ပြည့်စုံနေသည်တော့ မဟုတ်ပေ။ ငှက်ပျောခွံဖြင့် ပေါက်ခြင်းသည် ခေတ်စားသကဲ့သို့ ၊ အပြန်အလှန် လက်ခလယ် ထောင်ပြတတ်သည် ပရိတ်သက်များလည်း ဒု့ နဲ့ ဒေး ၊ တားဆီးထားသည့် ကြားမှ လေဆာပွိုင်တာဖြင့် ထိုးသည်ကလည်း ပွဲတိုင်းလိုလို ရှိပါသည်။ ထိုကဲ့သို စုန်းပြူး ပရိတ်သတ် များကြောင့် အသင်း၏ ပရိတ်သတ် အားလုံး ၀ါးလုံးရှည်ဖြင့် သိမ်းရမ်းခံရသကဲ့သို့ ဖြစ်ရသဖြင့် ထိုကဲ့သို ပရိတ်သတ်များကို တွေ့ရှိက အားလုံး ဖေးဖေးမမ စည်းရုံးသင့်ပါသည်။ ထိုသူအား ၀ိုင်းအပြစ်ပြော၍ မရပါ ၊ သူ၏ စိတ်တွင်လည်း ကျွန်တော်တို့ ကဲ့သို့ အသင်းအား ချစ်သောစိတ်၊ မခံချင်သော စိတ်က ရှိနေမည် ဖြစ်သောကြောင့် စည်းရုံးခြင်းသာလျှင် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
မြန်မာ နေရှင်နယ်လိဂ်၏ ရည်ရွယ်ချက်မှာ နိုင်ငံ၏ ဘောလုံးလောက တိုးတက်ရန် ဟူသည်က အဓိက ရည်ရွယ်ချက်ဟု ထင်ပါသည်။ ဘောလုံးလောက မတိုးတက်ခင် ပရိတ်သတ် အရင် တိုးတက်နေသည် ဟုမြင်မိပါသည်။ ပရီးမီးယားလိဂ် ကဲ့သို့ လူမျိုးရေး ခွဲခြားမှုများ ၊ စီးရီးအေ ကဲ့သို့ အားပေးမှုပြင်းထန် ပုံများ ၊စကောတလန် ကဲ့သို့ ပရိတ်သက် အချင်းချင်း တုန့်ပြန်ပုံများဖြင့် နေရှင်နယ်လိဂ်သည်လည်း အသက် ၀င်လှပါသည်။ တာဝန် ရှိသူများကလည်း သံဇကာ ကွက်များ ကာခြင်းဖြင့် ကွင်းများအား ချက်ချင်း အဆင့်မြင့်ထားသကဲ့သို့ ၊ ပရိတ်သတ်များကလည်း လှေကားထောင့်များတွင် အပေါ့ သွားပေးခြင်းဖြင့် ဆက်လက် ချီးမြှောက်ကြပါသည်။ တာဝန်ရှိသူများမှ မြန်မာဘောလုံး တိုးတက်ရန် ကြိုးစားနေသည်ကို ပရိတ်သက်မှလည်း ကျွန်း ကိုင်းမှီ ၊ ကိုင်း ကျွန်းမှီ ဖြင့် အကူအညီ ပေးချင်ပါသည်။ ပေးလည်း ပေးသင့်ပါသည်။ သို့သော် အမြန်ဆုံး ပြုပြင်သင့်သော အရေးပင် ဖြစ်သော်လည်း  မသိလိုက် မသိဘာသာဖြင့် အများအမြင် မတင့် သိက္ခာကျနိုင်သော ထိုကိစ္စလေးကိုပင် ယခုအချိန်ထိ မေ့ထား လွှတ်ထားလေသည်။
ဘယ်လိုပဲ အခြေအနေများပင် ဖြစ်စေဦး မြန်မာဘောလုံးချစ် ပရိတ်သတ်တွေကတော့ အားပေး နေဦးမှာ ဖြစ်ပါသည်။ ကျွန်တော်တို့ ရန်ကုန်ယူနိုက်တက် ပရိတ်သတ်များကလည်း အသင်းကို အပြည့်အ၀ အားပေးနေဦးမည် ဖြစ်သကဲ့သို့ ပြိုင်ဘက် အသင်းများမှလည်း နောက်လာမည့် ပြိုင်ပွဲများတွင် ခြေစွမ်းများ ယခုနှစ်ထက် အဆမတန် ကောင်းမွန်နေရန် မျှော်လင့်မိပါသည် ။ ၂၀၁၂ မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းမှလည်း လာမည့်နှစ်တွင် ယှဉ်ပြိုင်မည့် AFC Cup တွင် ယခင်ထက် ပိုမိုသော အဆင့် တစ်ခုတွင် ရပ်တည် နိုင်လိမ့်မည်ဟု တောင်းတမိပါသည်။
ရန်ကုန် အသင်းအား ချန်ပီယံ အဖြစ် နှစ်စဉ်အမြဲ ထာဝရ မြင်ချင်သော်လည်း ပြိုင်ဘက်အသင်းများ  ခြေစွမ်း ကျနေပါစေဟုလည်း ကလေး တစ်ယောက်ကဲ့သို့ ဆုမတောင်းချင်ပါ ။ ပြိုင်ဘက် ကောင်းမှသာ  အရည်အချင်းကောင်း အစစ်အမှန် ပေါ်ထွက်လာနိုင်မည် ၊ အရည်အချင်းကောင်း အစစ်အမှန်များပေါ်မှသာ မြန်မာ ဘောလုံးလောက အတွက် အကောင်းဆုံး အသုံး ချနိုင်ပေလိမ့်မည်။ ထိုအခါမှသာ ဟိုယခင် အချိန် ရွှေထီးများ ဆောင်းခဲ့သကဲ့သို့ နိုင်ငံတကာ အောင်မြင်မှုများဆီ ပြန်လည် ဦးတည်လာနိုင်မည်ဟု ကျွန်တော့ အနေဖြင့် ထင်မြင် ယူဆမိပါတော့သည် ။
www.soccermyanmar.com တွင် ရေးသားထားသော ရန်ကုန်ပရိသတ်
Kue Thart  ၏ ဆောင်းပါးဖြစ်ပါသည် ။ 
kue.thart ရဲ့  facebook  
ရန်ယူ မန်ယူ ဘယ်တော့မှ အလံဖြူမပြကြေး
မန်ယူလို့ ဆိုလိုက်တာနဲ့  မန်ချက်စတာ ယူနိုက်တက်ကို ဆိုလိုမှန်း ဘောလုံး ပရိသတ်တွေ သိကြပါတယ်။ ရန်ယူ ဆိုတာ ကတော့ ကျွန်တော် တစ်ယောက်တည်း သုံးနှုန်းတဲ့  အတိုကောက် အသုံးအနှုန်းလေး တစ်ခုပါ ။ ရန်ကုန် ယူနိုက်တက် အသင်းကို ရည်ရွယ်ပါတယ်။ မဆီမဆိုင် ဘာကြောင့်များ ဒီ၂သင်းကို ယှဉ်တွဲ သုံးနှုန်းရလဲ ဆိုရင်တော့ ဒီ၂သင်းမှာ တူညီချက်တွေ အများအပြား ရှိနေသလို ဒီ၂သင်းနဲ့  ပက်သက်လို့  ကျွန်တော့်ရဲ့  ခံစားချက်တွေက လည်း တူညီမှုတွေ အများအပြား ရှိခဲ့တာကြောင့်ပါ ။ နောက်ပီး ၂သင်းလုံးက ကျွန်တော့်ရဲ့  အရူးအမူး အားပေးတဲ့ အသင်းတွေလည်း ဖြစ်နေတာ မို့ ပါဗျာ။
ရန်ကုန် အသင်းရဲ့  ပွဲစဉ်တွေကို တီဗွီက ကြည့်တာထက် ကွင်းထဲ အရောက် သွားကြည့်ရတာ ပို သဘောကျမိပါတယ် ။ ဘာလို့ လဲ ဆိုတော့ ကိုယ့်လို အသင်းကို ချစ်တဲ့ ပရိသတ်တွေနဲ့  အတူတကွ အားပေးရင်း စိတ်လွတ် လက်လွတ် အော်ဟစ် ရတာကို သဘောကျ နှစ်ခြိုက်မိလို့ ပါဗျာ ။ ဒီလိုပါပဲ မန်ယူ အသင်းရဲ့  ပွဲစဉ်တွေကိုလည်း အိမ်မှာ တစ်ယောက်တည်း ထိုင်ကြည့် ရတာထက် ကိုယ်နဲ့ အကြိုက်တူ ၀ါသနာတူတွေနဲ့  လမ်းထိပ်က လက်ဘက်ရည် ဆိုင်မှာ အတူ စုဝေးကြည့်ရှုရတာကို ပိုနှစ်သက်မိပါတယ်။
တစ်ခါတုန်းက ပေါ့ဗျာ ၊ အရှန်အ၀ါ ကြီးမားတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးကို မန်ယူအသင်း ဖိုင်နယ်တက်ခဲ့တုန်းက ပေါ့ ၊  မန်ယူ အင်္ကျီ လေးဝတ်ပြီး လမ်းထိပ်က လက်ဘက်ရည် ဆိုင် မှာ အားရပါးရ အားပေးဖြစ် ခဲ့ပါတယ် ။ အီတူးရဲ့ သွင်းဂိုးနဲ့  ပြိုင်ဘက် အသင်းက ဦးဆောင်နေတဲ့ အခါ စိတ်လှုပ်ရှားမှုက အထွတ် အထိပ်ကို ရောက်ရှိနေ ခဲ့ပါတယ် ။ ပီကယ်တွေ လှိမ့်ဝါးနေတဲ့ အဘိုးကြီး ကလည်း အကြံကုန် ဂဠုန် ဆားချက်နေပါပြီ ။ တိုက်စစ်မှာ ဘာဘာတော့ဗ် ၊ ရွန်နီ ၊ တီဗက် ၊ ဒိုလေး ၄ယောက်ထိ ထုတ်သုံးနေ ခဲ့ပါတယ် ။ ခြေပဂိုး များ ရတော့မလားရယ်လို့  မျှော်လင့်တကြီး စောင့်စားနေချိန်မှာပဲ မထင်မှတ်တဲ့ ခေါင်းတိုက်ဂိုးနဲ့  မန်ယူ အသင်း ဂိုးထပ်ပေး လိုက်ရတယ် ။ ကျွန်တော်လည်း စိတ်ပျက် လက်ပျက်နဲ့  ၀တ်လာတဲ့ မန်ယူ အင်္ကျီကို ချွတ်ပီး လမ်းမပေါ် လွှင့်ပစ် ဖနောင့်နဲ့ ပေါက်ပီး ပေါက်ကွဲမှုတွေ ပြင်းထန်ခဲ့ပါတယ်။  ကျွန်တော့်လိုပဲ မန်ယူ ပရိသတ်တွေလည်း မန်ယူရဲ့  အရှုံးအတွက် အဆုံးစွန် စိတ်ပျက် ခဲ့ကြပေမယ့်  ပွဲပြီးလို့ အိမ်ပြန်ချိန် မှာတော့ ပြိုင်ဘက်ရဲ့  ထိုက်တန် တဲ့ အနိုင်အတွက် မန်ယူ ပရိသတ်တွေ ချီးမွမ်း ခဲ့ကြပါတယ်။ ကွင်းလယ်ဒိုင်က ပွဲသိမ်း ခရာမှုတ်လိုက်ချိန်မှာတော့  မန်ယူ ပရိသတ်တွေရဲ့  ညီညာစွာ ထွက်ပေါ်လာတဲ့ လက်ခုပ်သံဟာ လေးစားစရာကောင်း ခဲ့ပါတယ်။   ဒါက မန်ယူ ပရိသတ်တွေရဲ့  ပြိုင်ဘက်ကို လေးစားမှု ပေါ့ဗျာ။
ဒီလိုဖြစ်ရပ်နဲ့ ထပ်တူထပ်မျှ ရန်ယူပွဲ တစ်ခုမှာလည်း ကျွန်တော်ကြုံခဲ့ ရဖူးတယ်လေ။ ရှုံးထွက် ပြိုင်ပွဲ တစ်ခုမှာ ဦးဆောင်ဂိုးပေး လိုက်ရတဲ့  ရန်ယူ အသင်းဟာ ခြေပဂိုးရဖို့  ပြိုင်ဘက်ကို ဖိ ကစားနေပါတယ်။ ပွဲပြီးခါနီးလေ ရန်ယူတို့ ဖိကစားနိုင်လေ ပါပဲ။ ခြေပဂိုးပြန် ရဖို့ အစွန်းကုန် တိုက်စစ်မြှင့်နေချိန်မှာပဲ မထင်မှတ်တဲ့  တန်ပြန် တိုက်စစ်က တစ်ဆင့် ပြိုင်ဘက် အသင်း ဂိုးသွင်းယူ သွားခဲ့ပြန် ပါတယ်။ ပွဲ အပြီးမှာတော့  ရန်ကုန် ပရိသတ်တွေရဲ့  ပေါက်ကွဲ အားက အလွန်ပဲပြင်းထန် ခဲ့ပါတယ်။ ကိုယ့်အသင်း ကိုယ် အော်ဟစ်ပြစ်တင် ခဲ့ကြပြီး အကျီ င်္တွေချွတ် ကွင်းထဲ လွှင့်ပစ် ခဲ့ကြပါတယ်။ တစ်ချို့ ဆို အသင်း အကျီ င်္ကို မီးရှို့ တက်နင်း ခဲ့ကြတဲ့ အထိပါပဲ။ အနိုင်ရ သွားတဲ့  ပြိုင်ဘက် အသင်းကလည်း  ရန်ယူ ပရိသတ်တွေရဲ့  ပေါက်ကွဲ ဒေါသဖြစ်မှုတွေကို စိုးရိမ် ထိတ်လန့် နေကြပြီး ကွင်းထဲ ကနေ ချက်ချင်းပြန် မထွက်ရဲကြပါဘူး။ အဲ့ဒီ အချိန်မှာပဲ တာဝန် ရှိသူတွေက သံဇကာတွေ ကာရံထားတဲ့  ကစားသမားတွေ ရဲ့ ၀င်ပေါက် အမိုးအကာကြီးကို ကွင်း အစပ်နားထိ ဆွဲထုတ်ပြီး ကစားသမားတွေ ကွင်းပြင်ပြန် ထွက်ဖို့  အကာအကွယ် လုပ်ပေးနေကြ ပါတယ်။ ဒါပေမယ့် သူတို့ရဲ့စိုးရိမ်မှုက မလိုအပ် ခဲ့ပါဘူး။ ပြိုင်ဘက် အသင်း ကွင်းပြင်ပြန်ထွက်တဲ့ အခါ ရန်ယူ ပရိသတ်တွေက ရန်လိုတဲ့ အမူအရာ လုံးဝမရှိပဲ ပြိုင်ဘက်ကို လက်ခုပ် တီးပီး အားပေး ခဲ့ကြပါတယ်။ ဒါဟာ ပြိုင်ဘက်ရဲ့ ထိုက်တန်တဲ့ အနိုင်အတွက်  ရန်ယူ ပရိသတ်တွေရဲ့  ဂုဏ်ပြု အားပေးမှု တစ်ခုပေါ့ဗျာ။ မန်ယူ နဲ့  ရန်ယူ ပရိသတ်တွေဟာ ပြိုင်ဘက်ရဲ့ ထိုက်တန်တဲ့ အနိုင် ရလာဒ်ကို အဲ့ဒီလို တူညီစွာ  ဂုဏ်ပြု အားပေးတတ်ကြပါတယ်။
မန်ယူ ဆိုတာ အမြဲတမ်း လိုလို ပြိုင်ဘက်တွေရဲ့ လေးစား အထင်ကြီးမှုတွေနဲ့ အတူ ချန်ပီယံဆု အတွက် အမြဲတမ်း ရေပန်းစားလေ့ ရှိတဲ့ အသင်းဖြစ် သလို ရန်ယူဟာ လည်း နှစ်စဉ်နှစ်တိုင်းမှာ ဆုဖလား မရခဲ့သည့်တိုင်  နာမည်ကြီး အသင်း တစ်သင်းအဖြစ် အရှိန်အ၀ါကြီးမားလွန်း ခဲ့ပါတယ်။ တစ်ချိန်က ချန်ပီယံ အကြိမ်များစွာ ဖြစ်ခဲ့ဖူးတဲ့ လီဗာပူးရဲ့ စံချိန်ကို မန်ယူတို့  အမှီလိုက်ပြီး ကျော်ဖြတ်နိုင် ခဲ့သလို  အတိတ် သမိုင်းကြောင်းထဲက အောင်မြင်မှုတွေ နဲ့  အရှိန်အ၀ါကြီးမား ခဲ့တဲ့ ရတနာပုံ အသင်းရဲ့  အောင်မြင်မှု တွေကို ရန်ယူတို့ ကျော်ဖြတ်ဖို့ အသင့်ဖြစ်နေ ပါပြီ။ မန်ယူဟာ ကွင်းလယ်ဒိုင်တွေရဲ့  လွန်ကဲတဲ့ ဆုံးဖြတ် ချက်တွေကြောင့် အထိနာ ခဲ့ရတာတွေ အကြိမ်တော်တော် များများ ရှိပင် ရှိ ခဲ့ငြားသော်လည်း ဒိုင်ကူ မန်ယူရယ်လို့  မနာလို သူတွေ ပြစ်တင် ကဲ့ရဲ့ကြ သလို ရန်ယူ အသင်းဟာ လည်း ဒိုင်ရဲ့မျက်နှာသာပေးမှုကို မခံ  ရဘဲ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကြားမှာ နစ်နာ ခဲ့ရတာတွေ များ ခဲ့ပေမယ့် ပြိုင်ဘက် ပရိသတ်တွေ ကတော့ ရန်ယူကို ဒိုင်ကူ သယောင် ထင်မှတ်ကြပြန်ပါတယ်။ မန်ယူဟာ မိနစ် ၈၀အထိ အရှုံးနဲ့  ရင်ဆိုင်နေ ရပေမယ့် မန်ယူ ရှုံးပြီလို့  ပြောလို့ မရလောက်အောင် နောက်ဆုံး မိနစ်ထိ တိုက်ပွဲ ၀င်တတ်  ၊ ဆုဖလားတွေ ရယူတတ် သလို ရန်ယူ အသင်းဟာလည်း အနိုင်မခံ အရှုံး မပေးတတ်တဲ့ စိတ်ဓါတ် အပြည့်နဲ့  နောက်ဆုံး အချိန်ထိ တိုက်ပွဲဝင် ဆုဖလား ရယူတတ်တဲ့ အသင်းဖြစ်နေပြန် ပါတယ် ။
မန်ယူ အသင်းဟာ အကောင်းဆုံး ဆိုတဲ့ ကစားသမားတွေကို ၀ယ်ယူ အားဖြည့်ပြီး အောင်မြင်မှုကို  တည်ဆောက်ခြင်းမျိုး မဟုတ်ပဲ လူငယ် ကစားသမား ငယ်မွေးခြံပေါက်တွေနဲ့  အောင်မြင်မှုကို တည်ဆောက် ယူတတ် သလို ရန်ယူဟာ လည်း အခုချိန်မှာ အသင်းရဲ့  ငယ်မွေး ခြံပေါက်တွေဖြစ်တဲ့ ရန်အောင်ဝင်း ၊ ကြည်လင်း ၊ ဒေးဗစ်ဒန်း ၊ ရန်အောင်ကျော် ၊ ပြည့်ဖြိုးအောင် ၊ နိုင်ဇေယျာထွန်း ၊ ကောင်းစည်သူ ၊ အောင်သိုက် စတဲ့ လက်ရွေးစင် အဆင့် ရှိလာပြီးဖြစ်တဲ့ ကစားသမားတွေနဲ့  အကောင်းဆုံး အနေအထားမှာ ရှိနေ ခဲ့ပြန်ပါတယ်။
အဲ့ဒီလို တိုက်ဆိုင်မှုတွေ ၊ တူညီမှုတွေ အကြားမှာ ကျွန်တော့် အတွက်ဂုဏ်ယူ စရာတွေ ပြည့်နှက်နေ သလို အခုချိန်မှာ စိုးရမ်မှု တစ်ချို့ ရှိနေ ခဲ့ပြန်ပါတယ်။ မန်ယူရဲ့  စံချိန် ချိုးဖျက်မှုကို မလိုလား ထိတ်လန့် စွာနဲ့  ဒရော့ဘာရဲ့ ပြေးလမ်းကြောင်းထဲ ကို အကောင်းဆုံး ဘောလုံးဖန်တီးပေးပို့  ခဲ့တဲ့  စတီဗင် ဂျရတ်ရဲ့  လုပ်ရက်ကြောင့် မန်ယူ အသင်း အထိနာ ခဲ့ရသလို  ရန်ယူ အသင်းမှာရော ဒီလို ဖြစ်ရပ်မျိုး  မြင်တွေ့ ရမလား စိုးရိမ် မိပါတယ်။ တိုက်ဆိုင်မှုတွေကလည်းရှိနေ ပြန်တယ်လေ။ မန်ယူ အသင်းဟာ အဲ့ဒီ ရာသီမှာ အားကစား စိတ်ဓါတ်မရှိတဲ့ လုပ်ရပ်ကြောင့်  ပြိုင်ဘက်ရဲ့  တစ်မှတ် အသာနဲ့  အနိုင် ယူမှုကို ခံခဲ့ရတယ်။ ဒီလိုပါပဲ ။ မနှစ်က နောက်ဆုံး ရာသီသိမ်း ပွဲစဉ်မှာ ကျူပီအာရဲ့ လုပ်ပွဲလို့ ယူဆလို့ ရတဲ့  လုပ်ရပ်ကြောင့် နောက်ဆုံး မိနစ်မှ ဆုဖလား လက်လွှတ် ခဲ့ရတယ်။ ဘော်တန် အသင်းအနိုင် ရနေချိန်မှာ တစ်ယောက်လျော့နေတဲ့  ကျူပီအာ ဟာ အနိုင် ဂိုးတောင် သွင်းယူနိုင် ခဲ့ပြီးမှ ဘော်တန်ရဲ့  အခြေ မလှမှုမှာ အလိုလို တန်းဆင်းစရာ မလိုတော့တဲ့ အချိန်လည်း ရောက်ရော မိနစ်၉၀လုံးလုံး တောင့်ခံထားတဲ့ ခံစစ်က ခြေပဂိုးရော အနိုင်ဂိုးရော ခွင့်ပြုလိုက်တယ် ဆိုတာ သာမာန်ဖြစ်ရိုးဖြစ်စဉ် လို့  ကျွန်တော်တော့ မသတ်မှတ်နိုင် ပါဘူးဗျာ။
အဲ့ဒီနေ့ က မန်စီးတီး-ကျူပီအာ ပွဲစဉ်ကို ကျွန်တော အိမ်မှာကြည့်နေ ခဲ့ပါတယ်။ မိနစ် ၉၀ရောက်လာတော့ မန်ယူ ဆုဖလား ရဖို့ ကျိန်းသေပြီ ဆိုပြီး ပျော်ရွှင်မှု တစ်ပွေ့ တစ်ပိုက်နဲ့  ၀ါသနာတူ မိတ်ဆွေတွေနဲ့  အောင်ပွဲခံဖို့  လမ်းထိပ်က လက်ဘက်ရည် ဆိုင်ကို ထွက်လာ ခဲ့ပါတယ်။ မကြာခင်မှာ ပဲ မန်စီးတီး  ချေပဂိုးပြန် သွင်းသွားတာ တွေ့ လိုက် ရပါတယ်။ အဲ့ဒီ အချိန်မှာ မန်ယူပွဲက ပြီးသွား ခဲ့ပါပြီ။ မန်စီးတီး – ကျူပီအာ ပွဲစဉ်ရဲ့  လက်ကျန် မိနစ်ပိုင်းလေးက မန်ယူ ပရိသတ်တွေ အတွက် ရှည်ကြာ လွန်းခဲ့ပါတယ်။ ပွဲသိမ်း ခရာ စောင့်ဆိုင်းနေ ချိန်မှာပဲ မန်စီးတီး အနိုင်ဂိုး ရသွား ခဲ့ပါတယ်။ အဲ့ဒီ အချိန်က ကျွန်တော့်ရဲ့  ခံစားချက် ကတော့ ပြော မပြတတ်လောက်အောင် ပါပဲ။ အဲ့ဒီပွဲစဉ်နဲ့ ပက်သက်လို့   ကျွန်တော့်စိတ်ထဲ အမည်ပေး ခေါင်းစဉ် တပ်မိတာက ကျူပီအာ ပေးတဲ့ လက်ဆောင် ဆုဖလား လို့ပေါ့ဗျာ။ အခုဆိုရင် ရန်ယူအသင်းဟာ လည်း ဒီလိုဖြစ် ရပ်မျိုးနဲ့  ရင်ဆိုင်ရနိုင်တဲ့  အခြေ အနေတွေ ရှိနေပြန်ပါတယ်။ မန်ယူ အသင်းရဲ့  ထိုက်တန်တဲ့ကြိုးစား အားထုတ်မှုနဲ့  ရသင့်တဲ့ အောင်မြင်မှုတွေဟာ  ဖျက်လို ဖျက်ဆီး လုပ်ခံခဲ့ရတာ ရင်နာစရာ ကောင်းလွန်း ပါတယ်။ ချဲလ်ဆီးကို တစ်မှတ် အသာနဲ့  ဆုဖလားပေး  လိုက်ရပေမယ့် မန်ယူ အသင်းဟာ အကောင်းဆုံး တုန့် ပြန်မှုတွေနဲ့  နောက်နှစ်မှာ ပရီးမီးယားလိဂ် ဆုဖလားပြန်လည် ရယူပြီး လီဗာပူးရဲ့ စံချိန်ကို ကျော်ဖြတ် ခဲ့ပါတယ်။
မန်ယူ အသင်းရဲ့  အောင်မြင်မှု သမိုင်းကြောင်းကို ဘယ်သူတွေ ဘယ်လို ဖျက်ချင်၊ တာဆီး ချင်ပေမယ့် မန်ယူရဲ့ အကောင်းဆုံးကြိုးစား အားထုတ်မှုတွေ အတွက် အချိန်ကြာကြာ ဘယ်သူမှ မတားဆီးနိုင် ခဲ့ပါဘူး။ လာမယ့် ရာသီမှာလည်း ကျူပီအာ လုယူ သွားတဲ့  ဆုဖလားကို မန်ယူတို့  မရ ရအောင် ပြန်ယူနိုင်မယ် ဆိုတာ  ကျွန်တော်တို့ မန်ယူ ပရိသတ်တွေ အားလုံး ယုံကြည်မှု အပြည့် ရှိထားကြပါတယ်။ မန်ယူလို ဖြစ်ရပ်မျိုးတွေ ဒီရာသီ သိမ်း ပွဲစဉ်တွေမှာ ရန်ယူ အသင်း ကြုံတွေခဲ့ ရရင်လည်း ရန်ယူဟာ အောင်မြင်မှု ကို အကောင်းဆုံး ပြန်လည် တည်ဆောက် ပါလိမ့်မယ်။ အီတလီ စီးရီးအေမှာ  တတိယနေရာက ဂျူဗီတို့  လုပ်ပွဲ အရှုပ်တော်ပုံနဲ့ အတူ ထိပ်ဆုံးက ၂သင်းကို ကျော်ဖြတ်ဗိုလ်စွဲ ခဲ့ သလို၊ မန်ယူရဲ့ စံချိန်ချိုးမှုကို ကြောက်ရွံ့ စွာနဲ့ ချန်ပီယံ မဖြစ်နိုင်တော့တဲ့ အသင်းက အသင်းခေါင်းဆောင်ကြီး ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ခဲ့သလို၊ တန်း မဆင်းရတော့ဘူး လို့ သိလိုက်တဲ့ အချိန်မှာ တစ်ဖက် အသင်းကို ဖလား လက်ဆောင်ပေးတဲ့ အဖြစ်လို ဖြစ်ရပ်တွေ ရန်ယူတို့ ဒီရာသီမှာ ကြုံတွေ့ နိုင်တယ်လို့ စိုးရိမ် မိပါတယ်။ ဒါပေမယ့်  အခက်အခဲ အတားအဆီးတွေကြားမှာ စိတ်ဓါတ်ချင်း ထပ်တူကျတဲ့  မန်ယူနဲ့ ရန်ယူ ဆိုတာ ဘယ်တော့မှ ဘာကြောင့်မှ အလံဖြူ မထောင်ဘူး ဆိုတာတော့ မြေကြီး လက်ခတ် မလွဲပါပဲဗျာ။
www.myanmarstriker.com မှာ ကျွန်တော်ရေးသားထားတဲ့ဆောင်းပါးလေးကို ကူးယူဖေါ်ပြလိုက်ပါတယ် ။
ဒီနေရာမှာ  ၀င်ရောက်ဖတ်ရှု ဝေဖန်နိုင်ပါတယ် ။
MS ဆောင်းပါးပြိုင်ပွဲမှ ရရှိသည့် ဆုငွေ ကို ပရိသတ်တစ်ဦး မြေကွက်အလှုဒါန ပြုလုပ်ခဲ့
Myanmar Striker ၀က်ဘ်ဆိုက် မှ ကျင်းပပြုလုပ် ခဲ့သည့် ဒုတိယ အကြိမ် ပရိသတ် အမြင် ဘောလုံးဆောင်းပါးပြိုင်ပွဲ တွင် Facebook မှ Like အများဆုံး ရရှိသည့် ဆု (လူကြိုက် အများဆုံးဆု)ကို ဆွတ်ခူး ရရှိ ခဲ့သော ကောင်းမြတ်သူ သည် ဆုငွေများကို အလှုဒါနပြု လှုဒါန်းခဲ့ ကြောင်း သိရှိရသည်။
ကောင်းမြတ်သူ သည် MS မှ ကျင်းပ ပြုလုပ်ခဲ့သည့် ဖန်ပို့စ် ပြိုင်ပွဲတွင် ကျွန်တော့်ရဲ့ သူရဲကောင်း အမည်ရှိ ဖန်ပို့စ်နှင့် ဆုရရှိ ခဲ့ခြင်း ဖြစ်သည်။ ယင်း ဆုငွေများအား ရွှေမဟာ ဗုဒ္ဓဂါယာ ဘုရားဖူး အဖွဲ့အား လှုဒါန်း ခဲ့ကြောင်း MS သို့ ပြောသည်။ ထို လှုဒါန်းငွေ များနှင့် ဗုဒ္ဓဂါယာ တွင် မြေကွက်ဝယ်ယူ လှုဒါန်းခြင်း ဖြစ်ပြီး ၃ပေ ပတ်လည် မြေကွက် ၆ ကွက် လှုဒါန်းခဲ့သည် ဟု ဆိုသည်။ မြေကွက် တစ်ကွက် တွင် တန်ကြေး လှုငွေ သုံးသောင်း ကျပ် တိတိ ကျသင့်သည်ဟု သိရှိရသည်။
ယခု အလှုဒါန နှင့်  ပတ်သတ်၍ မူ ကောင်းမြတ်သူက “အလှူဖြစ်မြောက်လာ ရခြင်း ကတော့ MS  fan post ပြိုင်ပွဲမှာ ကျွန်တော့်ရေးသား ခဲ့တဲ့ ကျွန်တော့်ရဲ့သူရဲကောင်း ဆိုတဲ့ ဆောင်းပါးလေးက like အများဆုံးဆု ဒေါ်လာ ၁၅၀ ရရှိခဲ့တဲ့အတွက် ကျွန်တော့် အနေနဲ့  အလှူတစ်ခု ပြုလုပ်ဖို့ဆန္ဒရှိတာကြောင့်  ကျွန်တော်တို့  ရန်ကုန်ယူနိုက်တက် ၀ါရီယာအဖွဲ့ နဲ့ တိုင်ပင်ပူးပေါင်းပြီး အခုလို အဖွဲ့ လိုက် စုပေါင်း လှူဒါန်း ဖြစ်ခဲ့တာပဲဖြစ် ပါတယ်။  ကျွန်တော်တို့ ရန်ကုန် ယူနိုက်တက် ၀ါရီယာ အဖွဲ့  အနေနဲ့  ရန်ကုန် ယူနိုက်တက် အသင်းကို အစဉ်တစ်စိုက် အားပေးသွားမှာ ဖြစ်သလို ယခုကဲ့သို့  ရန်ကုန်ယူနိုက်တက်  အသင်းကို ကိုယ်စားပြုပြီး လှူမှုရေးလုပ်ငန်းများ ပရဟိတ  လုပ်ငန်းများ ကိုလည်း တတ်နိုင်သ၍ အမြဲတမ်း ဆက်လက်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။” ဟု ဆိုသည်။
MS တွင် ကျင်းပ ပြုလုပ်သော ဖန်ပို့စ် ပြိုင်ပွဲ ပထမ အကြိမ်တွင်လည်း ယခုကဲ့သို့ ဆုရ ပရိသတ် တစ်ဦး၏ လူမှုရေး အဖွဲ့အစည်း တစ်ခုအား လှုဒါန်းမှု ပြုလုပ် ခဲ့ဖူးသည်။ ယခု တတိယအကြိမ် ပြိုင်ပွဲ အတွက်လည်း ပြိုင်ပွဲဝင် ဆောင်းပါးများအား MS မှ လက်ခံနေပြီ ဖြစ်ပါသည်။
www.myanmarstriker.com
ငတုံးငတိတို့  ပြောတဲ့ မြန်မာ့ဘောလုံး ( ၃ )
တစ်နေ့ သ၌ ကျွန်ုပ်ငတိနှင့်ငတုံးတို့ သည် လွန်စွာ တိတ်ဆိတ်၍ ဆူညံသံကင်းသည့်  လောက၏ ဆိတ်ငြိမ်မှု အရှိဆုံးနေရာ တစ်ခုဝယ် တွေ့ ဆုံဖြစ်ကြလေ၏ ။ ထိုနေရာသည်ကား လေးဘက်လေးတန်သော လင်းအားကောင်း မီးမောင်းကြီးများနှင့် လှပသေသပ်သော ထိုင်ခုံသစ်များ မွမ်းမံ ထားသည့် ရန်ကုန်မြို့ ၏ ကျက်သရေဆောင် နေရာတစ်ခု ၊  ပရိသတ် ၇သောင်းထိ ၀င်ဆံ့တော့မည် ဟူသော မခို့ တရို့  အိမ်မက်များ ပျက်ပြယ် ခဲ့ရသည့်နေရာ ။ ထိုနေရာသည် ယခု အဘယ်ကြောင့် တိတ်ဆိတ်မှု အရှိဆုံးဖြစ်ရပါသနည်း ။ အကြောင်းမှာမူ ယနေ့ ညနေ ကစားမည့် ပွဲစဉ်မှာ အသင်းကြီးများ မဟုတ်ကြလေသော ဆောက်သမ်း – ချင်း ယူနိုက်တက်တို့  ဖြစ်လေသောကြောင့်ပေတည်း ။
မှန်ပေ၏ ။ သုဝဏကွင်းကြီးသည် တစ်ခါတစ်ရံ ကွင်းပြိုကျလုမတတ် ပရိသတ်များ လာရောက်အားပေးရာ ဘောလုံးကွင်းကြီးဖြစ် သလို တစ်ခါ တစ်ရံလည်း ကွင်းထဲမှာ လူ အယောက် တစ်ရာလောက်ပင် မပြည့်အောင် လူဝင် ကျဲပါးလှပေ၏ ။ ယနေ့ တွင် မြန်မာ့ဘောလုံး မီဒီယာသမားတို့သည်လည်း သူတို့ ၏ ဘူမိနတ်သန် နေရာမှန်ဖြစ်သော မီဒီယာများသီးသန့် ကြည့်ရှုရာနေရာတွင် မကြည့်ရှုပဲ ပွဲကြည့်စင်တွင်း ၀င်ရောက် ကြည့်ရှုနေသည်ကို တွေ့ ရပေသည် ။ အကြောင်းမူကား သူတို့ ၏ သတ်မှတ်နေ၇ာတွင် တည်ရှိကုန်သော သစ်သားထိုင်ခုံများမှာ ဟောင်းနွမ်း၍ အသစ်မလဲရသေးသောကြောင့် ဖြစ်ဟန်တူပေ၏ ။
ယနေ့ ဆွေး နွေးပွဲကားစချေပြီ . ။
ငတုံး  ။      ။  ဘယ်လိုလဲ ကိုယ့်လူ ခုတလော ဘာသတင်းတွေ များကြားသေး လဲဗျ ။
ငတိ   ။      ။  သတင်းတွေ ကတော့ အကုန် အကောင်းချည်း ပါပဲဗျ ။ အဓိက စိတ်ဝင် စားစရာကောင်း တဲ့ သတင်းက နောက်တစ်ပတ် ကန်မယ့်  ရတနာပုံ- ရန်ကုန် ပွဲစဉ်မှာ အိမ်ရှင် ရတနာပုံ ပရိသတ် http://yadanarbonfans.com/community/ တွေနဲ့  Yangon United Warriors အဖွဲ့ က ရန်ကုန် ပရိသတ်တွေ ချစ်ကြည် ရင်းနှီးစွာ တွေ့ ဆုံ ကြမယ် ဆိုတဲ့ သတင်း ပဲဗျာ ။
ငတုံး ။      ။ ဟုတ်လား ဗျ ။ ရန်ကုန်နဲ့ ရတနာပုံက MNL စတင် ကတည်းက မဟာပြိုင် ဘက်တွေ မဟုတ် လားဗျ ကိုယ့်လူရ ။ သူတို့ အချင်းချင်း ချစ်ကြည်ရေး ကိစ္စ ဖြစ်မြောက်တယ်ဆိုတော့ အံ့သြ စရာပါ လားဗျာ ။
ငတိ ။       ။  အော် ဒါများ ဆရာရယ် ပြိုင်ဘက် ဆိုတာ ရန်သူမှ မဟုတ်ကြ ပဲဗျာ ။ ယှဉ်ပြိုင် မှုမှာ အနိုင်အရှုံး ရှိတယ် ဆိုတာ လက်ခံရ မှာပေါ့ဗျာ ။ နောက်ပြီး ပရိသတ်ချင်း ညီညွတ် မျှတစွာ အားပေးဖို့ ဆိုတာ တကယ်ကို အရေးကြီး တဲ့ အချက် ပဲလေ ။ ကျွန်တော် တို့  MNL ပြိုင်ပွဲတွေ မှာ ပရိသတ်ချင်း သင့်မြတ်ဖို့ ဆိုတာ အရမ်း လိုအပ်နေတဲ့ လိုအပ်ချက် တစ်ခု မဟုတ်လားဗျာ ။ အခုလို ပရိသတ် အဖွဲ့ တွေ အချင်းချင်း ချစ်ကြည်မှု ကနေ ပရိသတ် အားလုံး ချစ်ကြည်ရေး ဆီကို ဦးတည် လုပ်ဆောင်သွား ရမှာပေါ့ ဗျာ ။
ငတုံး ။       ။ ဘယ်လိုတွေ့ ဆုံကြမှလဲဆိုတာ ပြောပြပါဦးဗျ ။
ငတိ  ။       ။ YGNUTD warriors အဖွဲ့  က ရတနာပုံ – ရန်ကုန် ပွဲစဉ်ကို သွားရောက်အားပေးတဲ့အခါ ရတနာပုံပရိသတ်တွေက ကြိုဆိုတွေ့ ဆုံ မယ် ပေါ့ဗျာ ။ ဒါက အခုမှ စလုပ်တဲ့ချစ်ကြည်ရေးတော့မဟုတ်ဘူးကိုယ့်လူရ ။ ရန်ကုန်မှာ ကစားသွားတဲ့ ရန်ကုန် – ရတနာပုံပွဲက အစပျိုးခဲ့တယ်လို့  ပြောရမယ် ။YGNUTD warriors အဖွဲ့  က  www.ygnutdfans.com  ဆိုတာ စတင်တည်ထောင်တော့ ရတနာပုံပရိသတ်တွေ ၀င်ရောက်လည်ပတ်လာကြတယ်ဗျ ။ warriors အဖွဲ့ ကလည်း စတင်တည်ထောင်ကတည်းက MNL ပရိသတ်အားလုံးနဲ့   ညီညွတ်မှုရအောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့တော့  ရတနာပုံပရိသတ်တွေနဲ့  ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖေါ်ဆောင်နိုင်ခဲ့ကြတယ်ဗျာ ။ အဲဒီနောက် ရန်ကုန် – ရတနာပုံ ထိပ်တိုက်တွေ့ တဲ့  ပထမအကျော့ပွဲစဉ်မှာ ပထမပိုင်းအပီးမှာ warriors အဖွဲ့ က ရတနာပုံပရိသတ်တွေကို သွားရောက်တွေ့ ဆုံ နှုတ်ဆက်ခဲ့ကြတယ်ဗျာ ။ အဲဒီနောက် ရန်ကုန် – ဇေယျာရွှေမြေပွဲစဉ် အားပေးဖို့  warriors အဖွဲ့ တွေ မုံရွာသွားတောလည့်း မန္တလေးမှာတစ်ထောက်နားပီး ရတနာပုံပရိသတ်တွေနဲ့  တွေ့ ဆုံခဲ့ကြတယ်ဗျ ။  အခုတစ်ကြိမ်နဲ့ဆိုရင်တော့ ၃ကြိမ်မြောက်တွေ့ ဆုံမှုလို့ ပြော ရမယ်ဆရာရေ ။
ငတုံး ။       ။  အစီအစဉ်ကတော့ ကောင်းပါတယ်ဗျာ ။ တစ်ခုပဲ အိမ်ရှင် ရှုံးရင် အဆင်ပြေပါ့မလားဗျ ဆရာရ ဟဲဟဲ ။
ငတိ  ။       ။ အော် ကိုယ့်လူရယ် ရှုံးတာနိုင်တာ ဘာမဆိုဖြစ်နိုင်တာပေါ့ဗျာ ။ ရတနာပုံအသင်းဆို ရန်ကုန်ကွင်းမှာ ရန်ကုန်ပရိသတ်တွေ ရှေ့ မှာ ရန်ကုန်နဲ့ကန်ပီး ဖလားယူသွားတာ ၂ကြိမ်တောင်ရှိတယ်လေ။
ငတုံး ။       ။ ဘယ်လိုဗျ ။ တစ်ကြိမ်မဟုတ်ဘူးလား ။ ဗိုလ်လုပွဲတုန်းကလေ ။
ငတိ  ။       ။  ဘယ်ကလာဗျာ ။ ဒုတိယအကြိမ်ပြိုင်ပွဲတုန်းကလည်း ဒီလိုပဲဗျ ။ ရတနာပုံက နောက်ဆုံးပွဲမကန်ခင်ကတည်းက ချန်ပီယံဖြစ်နေဘီ ။ အဲဒါကိုဗျာ  ရန်ကုန်နဲ့နောက်ဆုံးပွဲစဉ်မှာကျမှ ဖလားပေးတယ်လေ ။ ရန်ကုန်က အဲဒီနောက်ဆုံးပွဲမှာ နိုင်လိုက်တယ် ။ နိုင်ပီးတော့ ပွဲအပြီးမှာ ရတနာပုံကို ရနကုန်ပရိသတ်တွေ ရှေ့ မှ ဆုဖလားပေးခဲ့တာဗျ ။ ရန်ကုန်ပရိသတ်အချို့  တော်တော်ပေါက်ကွဲခဲ့တာပေါ့ဗျာ ။ အဲဒီတုန်းက ရန်ကုန် – ရတနာပုံ ၂သင်းက အပြင်းထန်ဆုံးပြိုင်ဘက်တွေ ဖြစ်နေတာသိရက်နဲ့  အဲ့ဒီလို စီစဉ်ခဲ့တဲ့ ဘောလုံးအဖွဲ့ ချုပ်ကိုတော့ တော်တော်လေးစိတ်ပျက်မိတယ်ဗျာ ။  တကယ်ဆိုဖြစ်သင့်တာက ပွဲစဉ်တစ်ခုနိုင်လို့ အသင်းတစ်သင်းက ချန်ပီယံဖြစ်နိုင်ဘီဆိုရင် အဲဒီပွဲစဉ်မှာ ဆုဖလားကို အဆင်သင့်ထားပီး တစ်ခါတည်းပေးလိုက်ရမှာမဟုတ်လားဗျာ ။ ဒါမှမဟုတ် ချန်ပီယံဖြစ်တဲ့အသင်းကို သူ့ အိမ်ကွင်း သူ့ ပရိသတ်တွေရှေ့ မှောက်မှာ ဆုဖလားပေးရမှာမဟုတ်လားဗျာ ။
ငတုံး  ။       ။ ဒါကတော့ဗျာ ရန်ကုန်ဆိုတာ အိမ်ကွင်းမဟုတ်တဲ့  အိမ်ကွင်းအမည်ခံကွင်းမှာ ကန်နေရတာကိုးဗျာ ။
ငတိ ။         ။ ဘာကိုဆိုလိုတာလဲဗျ ဆရာရ ။
ငတုံး ။       ။   ဒီတစ်ခါတော့ ခင်ဗျား ဝေးသွားပီကိုယ့်လူ ။ ခင်ဗျားစဉ်းစားကြည့်လေ သုဝဏကွင်းမှာ ပွဲကြည့်စင်ကို ၂ဘက်အသင်းတွေအတွက် တစ်ဝက်စီ နေရာချထားတယ် ။ ပရိသတ်နည်းတဲ့  အသင်းတွေနဲ့  ရန်ကုန်နဲ့ ကန်လည်း ပြိုင်ဘက်အသင်းကို ကွင်းတစ်ဝက် နေရာပေးတာမဟုတ်လားဗျ ။ အဲဒါမျိုး ခင်ဗျား ဘယ်ကွင်းမှာမှ တွေ့ ရမှာမဟုတ်ဘူးလေ။
ငတိ  ။        ။ ဒါတော့မှန်တယ်ဗျာ ။ ဘယ်လိုပဲဖြစ်ဖြစ် ရတနာပုံနဲ့ကန်မယ့် ပွဲစဉ်ကို သွားကြည့်မယ့် ရန်ကုန်ပရိသတ်တွေအနေနဲ့  သိထားသင့်တာကတော့ ရန်ကုန်- ရတနာပုံ ချစ်ကြည်ရေး ဆိုတာ အခုမှ ဖြစ်လာတာလေ ။ မဟာပြိုင်ဘက်တွေအဖြစ် ရပ်တည်ခဲ့ကြတာက ၂၀၀၉ ခုနှစ်ကတည်းကဆိုတော့ဗျာ ပရိသတ်တွေအားလုံး မျှတညီညွတ်ဖို့ ဆိုတာကတော့ အချိန်ယူတည်ဆောက်ရမယ့် အခြေအနေ ပဲ ဆိုတာပေါ့ ။ ဘာအကြောင်းကြောင့်မှ ရင်းနှီးချစ်ကြည်မှု မပျက်စီးဖို့ တော့ အခုချိန်မှာ အားလုံးက ရည်ရွယ် ထားကြ တယ်လေ ။  facebook မှာလည်း  We Love MNL ဆိုတဲ့  group မှာ အားလုံးဝိုင်းဝန်း တိုင်ပင်နေကြတာတွေလည်း တွေ့ ရပါတယ်ဗျာ ။
ငတုံး ။        ။ ဒါပေါ့ဗျာ ။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ တော့ ဘယ်ရမလဲဗျာ ။ ဒီလိုပဲ ဖန်အဖွဲ့ချစ်း ချစ်ကြည်မှုခိုင်မြဲအောင်လုပ် ။ ပီးတော့မှ တဖြည်းဖြည်း ကျယ်ပြန့်အောင် လုပ်ဆောင်သွားကြရမှာပေါ့ဗျာ ။ ကျွန်တော်တော့ ဒီသတင်းကိုကြားပီး အရမ်းစိတ်ချမ်းသာသွားဘီ ကိုယ့်လူရေ ။
ငတိ ။          ။ နောက်ထပ် ၀မ်းသာစရာသတင်းတစ်ခုရှိသေးတယ်ဗျ ။ အဲဒါက မြန်မာကစားသမားတွေရဲ့  profile တွေကို စာရွက်ပေါ်မှာတင်မဟုတ်ပဲ online ပေါ်မှာ အလွယ်တကူရှာလို့ ရအောင် လုပ်ဖို့  ဘောလုံးအဖွဲ့ ချုပ်က ကြိုးစားနေတယ်ဆိုတဲ့သတင်းဗျ ။
ငတုံး ။        ။  ဘယ်လိုလဲဗျ သေခြာပြောပြပါဦး .။
ငတိ  ။        ။ ဒီလိုဗျာ … online မှာ ခင်ဗျားကြိုက်တဲ့ ဘောလုံးသမားတစ်ယောက်ကို အလွယ်တစ်ကူရှာဖွေနိုင်မယ် ။ ဥပမာ – ကျော်ကိုကိုလို့  ခင်ဗျား စာရိုက်ရှာရင် သူ့ ရဲ့  အကြောင်း အကုန်ရှာလို့ ရမယ် ။ မွေးသက္ကရာဇ် ၊ မိဘအမည် ၊ ကစားခဲ့တဲ့ ကလပ်အသင်းတွေ စတဲ့ အသေးစိတ်အချက်အလက်တွေပေါ့ဗျာ ။
ငတုံး ။        ။ ဟုတ်လားဗျ ။ ဒီလိုဆိုတော့ မြန်မာဘောလုံးပရိသတ်တွေအတွက် ကိုယ်သိချင်တာကို လွယ်လွယ်ကူကူ ရှာနိုင်ဖွေနိုင်တော့မှပေါ့ဗျာ ။ ဒါနဲ့  အဲ့ဒီမှတ်တမ်းမှာလည်း ကျော်ကိုကိုက ၁၉နှစ်ပေါ့နော် ။
ငတိ ။         ။ ဟာဗျာ ။ ခင်ဗျားကတော့လုပ်ပီ ။ ဒီဟာပဲ ခဏခဏ မပြောစမ်းပါနဲ့ဗျာ ။ ခင်ဗျားတစ်ယောက်တည်း သိတဲ့ကိစ္စမဟုတ်ပါဘူးဗျ ။
ငတုံး  ။       ။ ဟုတ်ပါဘီဗျာ ။ ဟုတ်ပါဘီ ။ ဟော ဟိုမှ ကစားသမားတွေ ကွင်းထဲဝင်လာပီဗျ ။ ဘောလုံးပွဲလေး အေးအေးဆေးဆေး  ကြည့်ရအောင်ဗျာ ။ ရန်ကုန်ပွဲမဟုတ်တော့  ပရိသတ်နည်းတယ်ဗျာ ။ တကယ့်အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်ပဲ ။
ငတိ ။        ။ အင်းဗျာ ။ အခုတော့ ဒီလိုပေါ့ ။ နောက်တော့လည်း တန်းဆင်းတန်းတက်စနစ်ကြောင့် တစ်ဖြည်းဖြည်း MNL ကြီး စည်ကားလာမှာပေါ့ဗျာ ။ မကြာခင်လည်း ဆောင်သမ်းမြန်မာ ၊ ဟံသာဝတီ ၊ ဧရာဝတီအသင်းတွေလည်း အိမ်ကွင်းတွေ လုပ်ကြတော့မယ်ကြားတယ်ဗျာ ။ မြန်မြန်လေးဖြစ်လာရင် ပိုစည်ကားလာမှာပါဗျာ ။
ကဲ ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ မြန်မာဘောလုံးပရိသတ်ကြီးရေ ……..
ရေးသားသူ - ကောင်းမြတ်သူ 
Myanmar Striker  www.myanmarstriker.com မှာ ကျွန်တော်ရေးသားခဲ့တဲ့ ဆောင်းပါးပါ ။
ဒီမှာ   ၀င်ရောက်ကြည့်ရှုနိုင်ပါတယ် ။ 
ငတုံး ငတိ တို့ ပြောတဲ့ မြန်မာ့ဘောလုံး (၂)
ငတုံးနဲ့  ငတိတို့  မိတ်ဆွေ ဖြစ်သွားကြ ပြီးသကာလ မကြာခဏ ဆိုသလို တွေ့ ကြ ဆုံကြ စကား လက်ဆုံကျ နေကြ ဖြစ်လေ သည် ။ ငတုံး သည်လည်း ယခင် လို မတုံးတော့ပေ။ တစ်စ တစ်စ သူမြင်သမျှ တွေး သမျှ  ဘောလုံးလောက အကြောင်း ဖေါက်သည် ချတတ် လာပြီဖြစ်၏ ။ သို့နှင့်  တစ်နေ့ တွင် မူ ငတုံးနှင့် ငတိ တို့ သည်  သူတို့ နှစ်ဦး ထိုင်နေကျ လက်ဘက်ရည် ဆိုင်ဝယ် ဒုတိယ အကြိမ်မြောက် ဆွေးနွေး ပွဲကို ပြုလုပ် ခဲ့ကြပေတော့ သည် ။
ဆွေးနွေးပွဲ ဖြစ်မြောက်ရေး စတင် နိဒါန်းပျိုး သူက ငတုံး ဖြစ်၏ ။ ငတုံးက စကား စ၏ ။ “ ဟိုသတင်း ကြားပြီး ပြီလားကိုယ့်လူ ။ အိုမန် က ယူ၂၂ အာရှ ဖလား အတွက် အိမ်ရှင် အဖြစ် အရွေး ခံလိုက်ရ ဘီတဲ့ ဗျ”
ငတိ   ။      ။  ဘယ်လို ဗျ။ ဟုတ်လား ။ အင်တာနက် သတင်းတွေ မှာတော့ မတွေ့ မိသေး ပါဘူးဗျာ ။ တို့  မြန်မာ က အိမ်ရှင် အဖြစ်လျောက် ထားတယ် မဟုတ်လား ။
ငတုံး   ။     ။  ဟုတ်တယ် ဗျ။ ကျွန်တော်လည်း သတင်းကြား မိတော့ အံ့သြ မိတယ်လေ။ တကယ်တော့ ဗျာ အိမ်ရှင် အဖြစ်လျောက် ထား ထားတဲ့ နိုင်ငံတွေ က မြန်မာ၊ ထိုင်းနဲ့ အိုမန်ဗျ။ ထိုင်း ကခြေစစ်ပွဲ မအောင်လေတော့ သူ့ ကိုတော့ မရွေးသင့် ဘူးပေါ့ဗျာ ။ အိုမန်နဲ့  မြန်မာ ကတော့ ခြေစစ် ပွဲအောင်တယ် ဗျ ။ ဒါပေမယ့် အိုမန် က အကောင်းဆုံး အုပ်စု တတိယ အဖြစ် ခြေစစ် ပွဲအောင်လာတဲ့ အသင်း ပါဗျာ။ ကျွန်တော်တို့ မြန်မာ အသင်းလို အဆင့် ရှိရှိ ခြေစစ် ပွဲအောင် လာတာမှ မဟုတ်ပဲ ။
ငတိ ။      ။  အင်း ခင်ဗျားပြော တာတော့ ဟုတ်သ လိုပါပဲ ။ ပြိုင်ပွဲက ၂၀၁၃ ဆိုတော့  ကျွန်တော် တို့ ဆီမှာလည်း အဲ့ဒီ အချိန်ဆို ဘောလုံး ကွင်းသစ်တွေ တည်ဆောက်ပြီး စီးနေ ဘီလေ ။ နောက်တစ်ချက် က ခြေစစ်ပွဲ ပွဲစဉ်တွေ ထဲမှာ ကျွန်တော် တို့ မြန်မာနိုင်ငံ မှာ ကစားတဲ့ ပွဲစဉ်တွေ က လူဝင် အများဆုံး ဖြစ်ခဲ့တာ မဟုတ် လားဗျာ ။ ဘယ်လို စံနှုန်းတွေနဲ့  ရွေးခဲ့ သလဲ ဆိုတာတော့ ပြောရ ခက်ပါ တယ်လေ ။ ကျွန်တော် တို့ နိုင်ငံ က အိမ်ရှင် အဖြစ်လျောက် ထားတာ နောက်ကျ သွားလို့ လဲ ဖြစ်နိုင် တယ်ဗျ ။
ငတုံး ။      ။  ဒါထက် စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခု ရှိသေး တယ်ဗျ ။ အဲ့ဒါက ခြေစစ် ပွဲဝင်ပြိုင် သွားတဲ့ မြန်မာ  ကစားသမား တစ်ချို့ က အသက် ၁၉နှစ်ပဲ ရှိသေးတယ် ဆိုပဲဗျ ။ ဒီလို ဆိုရင်တော့ နောက် လာမယ့် ၂၀၁၅ ဆီးဂိမ်းထိ ၀င်ပြိုင် ဦးမယ် ဆိုတဲ့ သဘော ပဲဗျ ကိုယ့်လူ ။
ငတိ  ။       ။   ဒီကိစ္စ ကတော့ ကျွန်တော် တို့ ပြောတာ အပ်ကြောင်းလည်း ထပ်နေပါ ဘီဗျာ ။ ထားလိုက် ပါတော့လေ ။ အခု မြန်မာ့ဘောလုံး ပရိသတ်တွေ က အရင်လို ဘာမသိ ညာမသိ မှ မဟုတ်ကြတော့ တာပဲဗျာ။အရင် တုန်း ကတော့ ပြည်တွင်း ၀န်ကြီး ဋ္ဌာန ပြိုင်ပွဲတွေ မှာ အားပေးတဲ့ ပရိသတ် ကလည်း ကြိတ်ကြိတ်ကျဲ ဆိုတော့ ဘယ်ကစား သမားက အသက် ဘယ်လောက် ရှိမှန်း ဘယ်သူမှ သိပ် မသိကြ ဘူးလေဗျာ ။
ငတုံး  ။       ။  ဘယ်လို ဘယ်လို ကိုယ့်လူ ကြိတ်ကြိတ်ကြဲ ဆိုတာ ဘာ တုန်းဗျ ။ ကြိတ်ကြိတ်တိုး ပဲ ကြားဖူး ပါတယ်ဗျာ ။
ငတိ ။        ။   အော်ဗျာ  ။ ခင်ဗျား ကလည်း နားဝေး လိုက်တာ ဟိုနား လေးငါးယောက် ဒီနားလေးငါးယောက် နဲ့  နေရာ ကွက်ကြား မိုးထစ်ချုန်း ရွာ ဆိုသလို ခပ်ကြဲကြဲနဲ့  ကွင်းလုံးပြည့် အားပေး တာမျိုးပေါ့ ဗျ။ အဲ့ဒီ တုန်း ကတော့ ကစားသမားတွေ အသက် မပြောနဲ နာမည်တောင် သိပ် သိတာ မဟုတ်ဘူုးလေ ။ လက်ရွေးစင် ဖြစ်တော့ မှသာ လူသိ ကြတာ။ အခု ကျတော့ ကစားသမားတွေ ကလည်း ခေတ်မှီ လာကြ ဘီဗျ ။ အင်တာနက်ပေါ် ထိ လူသိ ရှင်ကြား ဖြစ်လာကြပြီ ဆိုတော့ သူတို့ ရဲ့  မွေးနေ့ မွေးရက် အတိ အကျ ကို ပရိသတ်က သိနေကြ ပြီပေါ့ဗျာ ။ ဘာပဲဖြစ်ဖြစ် ၁၉ နှစ် ဆိုတော့လည်း ၁၉နှစ်ပေါ့ ဗျာ။ မလေးရှားဘောလုံး အဖွဲ့ချုပ် ကတောင် သက်သေ အထောက် အထား ရှာမတွေ့ ပါဘူး လို့ ဆိုထား တာပဲ မဟုတ်လားလေ ။
ငတုံး ။       ။ ဟုတ်ပါ တယ်ဗျာ ။ ကျွန်တော် တို့ လည်း ဘာပဲ ဖြစ်ဖြစ် ယူ၂၂ ပွဲစဉ်တွေ ကွင်းထဲ ထိ သွားကြည့် ခဲ့ကြ ပျော်ခဲ့ကြ တာပဲ မဟုတ်လား ဗျာ။
ငတိ ။       ။ ခင်ဗျားပြောမှ သတိရ တယ်ဗျာ ။ မြန်မာ – မလေးရှား အုပ်စုနောက်ဆုံး ပွဲစဉ် အကြောင်း ဖေါက်သည် ချရဦးမယ် ကိုယ့်လူရေ ။ အဲ့ဒီနေ့ က ညနေဘက် ၄နာရီ ထိုးခါ နီးလောက် ကွင်းကိုရောက် သွားတယ်။ ၆နာရီ ၁၅မိနစ် ကန်မယ့် ပွဲကို  ၄နာရီ မထိုးသေးဘူး အထူးတန်း လက်မှတ် ကုန်ဘီ တဲ့ဗျာ ။ ဒါနဲ့ ပဲ မှောင်ခို ဘက်ခြေဦး လှည့်ရတော့ တာပေါ့ဗျာ ။ မှောင်ခို က အထူးတန်း ၄၀၀၀၊ ရိုးရိုးတန်း ၂၅၀၀ တဲ့လေ။ ကျွန်တော် တို့ က စုစုပေါင်း ၃ယောက် သွားတာ ဆိုတော့ ၄၀၀၀ဆိုရင် ၁၂၀၀၀ ကျမယ်ဗျာ ။ ပြီးတော့ အထူးတန်း ကလည်း ပြည့်ကျပ်နေ မှာပဲ ဆိုပြီး  ရိုးရိုးတန်း လက်မှတ်ပဲ ၀ယ်လိုက် တယ်ဗျာ။ အဲ့ဒီမှာ ကံဆိုး တာပဲဗျို့ ။ လက်မှတ် ကိုဝယ် ပြီး သေခြာ မကြည့်လိုက် မိဘူး ။ ကွင်းထဲ အ၀င် လက်မှတ်ပေးတော့ မှ ကိုယ့် လက်မှတ် ကိုယ်ပြန် ကြည့်မိတော့  …..   အမလေး ဗျာ လက်မှတ် မှာ ရေးထား တာက တရုတ် တိုင်ပေ – ဗီယက်နမ် တဲ့ဗျာ ။ အောင်ဆန်းကွင်း မှာ ၃နာရီ ခွဲတဲ့ ။ လက်မှတ် စစ်က မြန်မာ လို့ ရေး ထားတာ မပါရင် မရဘူး တဲ့။ ကျွန်တော်တို့ ၃ယောက် ဘာလုပ် လို့ ဘာကိုင် ရမှန်း မသိတော့ ပါဘူးဗျာ။ ဘာ မဟုတ်တဲ့ လက်မှတ် အတုကို ကျွန်တော် တို့  ၂၅၀၀ ပေးပြီး ၀ယ်ခဲ့ ရတာ ပါလား ဆိုတာ အဲ့ဒီကျ မှပဲသိတော့ တယ်ဗျာ ။ ဒါနဲ့ပဲ လက်မှတ်စစ် ကို အဲ့ဒီ လက်မှတ် ၃စောင် အတင်းပေးပြီး ၀င်ခဲ့ တယ်ဗျို့ ။ ကျွန်တော် တို့ လို ပရိသတ်တွေ မှောင်ခိုရောင်း သူတွေ ဆီ  အလု အယက် ၀ယ်နေကြ သူတွေလည်း မနည်း ဘူးဗျ။ သူတို့လည်း ဘယ်လို လုပ်ကြတယ်တော့ မပြောတတ် ပါဘူးဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကွင်းထဲရောက်ပြီ ဆိုတော့ စိတ်အေး သွားရ ပါဘီ။ ကွင်း ထဲရောက်တော့ ဆောက် လက်စ ပွဲကြည့် စင်ပေါ်က တက်ကြည့် တာ မိုက်မှ မိုက်ဗျာ ။ အထူးတန်း ထက် ၁၀ဆ သာပါတယ် မြင်ကွင်း ကတော့ တကယ့် ရှယ်ပါ ပဲဗျာ ။ အဲ အဲ့လို သာယာနေ လို့  မကြာခင် မှာပဲ ရဲတွေရောက် လာပြီး ကျွန်တော် တို့ ကို အောက် ဆင်းခိုင်း ပါလေေ၇ာ ဗျာ ။ မဆင်းရင် ပွဲစလို့ မရဘူး တဲ့လေ။ အဲဒါနဲ့  ဘုံပျောက် ပြီး အောင်ပြန် ဆင်းခဲ့ရ ပါလေရော ဗျာ။ ဒါပေမယ့် ထုံးစံ အတိုင်း ရဲတွေ ပြန်ထွက် သွားတော့ အပေါ် ပြန်တက် တာပေါ့ဗျာ ဟဲဟဲ ။
ငတုံး  ။        ။ ကျွန်တော် လည်း ဒီလို ပါပဲဗျာ။ အထူးတန်း လက်မှတ်ကို ၅၀၀၀ပေးပြီး ကြည့်ခဲ့ ရတယ် ။ စိတ်ပျက် စရာ ပါဗျာ ။ ကွင်းထဲမှာ ဘယ်နားနေ လို့နေရ မှန်းမသိ။ ဒီကြားထဲ ကွမ်းစားပြီး စည်းမဲ့ ကမ်းမဲ့ ဟိုထွေး ဒီထွေး လုပ်တဲ့ သူကြောင့် ကျွန်တော့် အကျီ င်္လေး လက်သည် မပေါ်ပဲ ကွင်းတံတွေးတွေ စွန်းခဲ့လို့  ၀တ်လို့ မ ရတော့ပဲ လွင့်ပစ် လိုက်ရပါ ပကောဗျာ ။
ငတိ  ။        ။  ဒါတော်သေး တာပေါ့ ကိုယ့်လူရယ် ။ ကျွန်တော် တို့ ရိုးရိုးတန်း ဘက်က goal score ထိုးတဲ့ ဘုတ်ကြီးအောက် မှာ အဲ့နေ့ က အခပေး အိမ်သာများ ဖွင့်ထား လားအောက်မေ့ ရပါ တယ်ဗျာ။ အပြန် အဲ့ရှေ့ က ဖြတ်ပြန်တော့ လူကကြပ် ပြီး ရှေ့ မြန်မြန်လဲ သွားလို့ မရ မတတ်သာတဲ့ အဆုံး ကိုယ့် အင်္ကျီနဲ့ကိုယ် နှခေါင်း ကို အုပ်ပြီး မနည်း အသက်အောင့်လျောက် ခဲ့ရ တယ်ဗျာ။ ဟိုကြေငြာ သွား သတိရမိ ပါတယ် ကိုယ့်လူရေ၊ ကိုသားကြီး ကြေငြာ တဲ့ ကမ္ဘာကျော် တန်ဖိုး ကြီးရေမွှေးတွေ ရဲ့ အနံ့ နဲ့  တစ်ထပ် တည်းပဲ ဆိုတာလေ။  ဒါတင် ဘယ်က မလဲဗျာ ။ အပြန် တစ်လမ်းလုံး လဲ ဗွက်တွေနဲ့  ညစ်ပတ် လိုက်တာလွန် ပါရော။ ဒီကြားထဲ တစ် ချို့ ကြောင်တောင်တောင် ဘဲတွေက ကာထား တဲ့ သွပ်ပြားတွေ တစ်အုံးအုံး ထုပြီး မြန်မာမြန်မာ အော်နေ ကြတာ နားကို ကွဲမတတ် ပါပဲဗျာ။ အဲဒီ ကတည်းက သံဝေဂ ရသွား ပါတယ်။ ဘာပွဲပဲ ဖြစ်ဖြစ် ဒီပုံစံတိုင်း ဆိုရင်တော့ ရိုးရိုးတန်း ဆို ဝေါင်ဝေါင်ရှေး မယ်ဗျို့။
ငတုံး ။      ။  ကျွန်တော် တို့ အထူးတန်းရော ဘာထူး သတုန်းဗျာ။ အမျိုး သမီး အိမ်သာ မရှိတော့ တစ်ချို့  အမျိုးသမီးတွေ ကျွန်တော် တို့   အမျိုးသား ပြတိုက်ထဲ ၀င်၊ ၀င်လာလို့  ကျွန်တော် တို့  ယောက်ျားတွေတောင် မျက်နှာ ဘယ်ထား ရမှန်း မသိ ဖြစ်ရပါ တယ်ဗျာ။ ဒါတင် ဘယ်ကမ လဲဗျာ ။ သန့် စင်ခန်း မှာ ရေးထားတဲ့ “သောက်ရေ” ဆိုတဲ့ အဲ့ဒီ နေရာ မှာ ဘာတွေ လုပ်တယ် ဆိုတာတော့ ဘောပွဲ ကြည့်ဖူးတဲ့ သူတိုင်း သိပါ တယ်ဗျာ။
ငတိ ။       ။  အေးပေါ့လေ ။ မှန်လုံ ခန်းထဲက ကြည့်တဲ့သူတွေ ကတော့ ဘယ်သိပါ့ မလဲဗျာ။ လက်ဘက်လေး စားလိုက် ၊ အအေးလေးသောက် လိုက်နဲ့ အဆင် ကိုပြေ လို့ ပေါ့ဗျာ။ ခင်ဗျားပြော သလို ကွင်းထဲ က အဆင့်မှီ မီးမှောင်းကြီးမှ မထောက် သန့် စင်ခန်း က တော်တော် ဆိုးတာတော့ အမှန်ပါ ပဲဗျာ။
ငတုံး ။     ။   ဒါပေါ့ဗျာ ။ နိုင်ငံခြား သားတွေ လည်း တစ်ခါ တစ်ခါ လာလာ အားပေးတာ တွေ့ မိ ပါတယ်။ ဒီတိုင်း ဆို သူတို့ အတွက်လည်း အဆင် မပြေနိုင် ဘူးလေ ။ ကိုယ့်လူတွေ ကလည်း တွေ့ ရာ နံရံ ပိုးသတ်ဆေး ဖြန်းနေတော့ အမြင် မတော်ဘူးပေါ့ ဗျာ။ ဆူဇူကီးခြေစစ် ပွဲတွေ လည်း ကျင်းပ ဦးမယ် ဆိုတော့ ပြင်စရာ ရှိတာ မြန်မြန် ပြင်ကြဖို့တော့ လိုမယ် ဆရာရေ။
ငတိ ။     ။  ဟုတ်ပါ တယ်ဗျာ။ မျက်နှာ သနပ်ခါး ပေါင်ဂျေးကြောင်း ဆိုသလို မဖြစ်ဖို့  လိုတာပေါ့ ဗျာ။
ငတုံး ။     ။ ဒါနဲ့ ဗျာ ရန်ကုန် ယူနိုက်တက် အသင်း က ကြီးမှူး ကျင်းပတဲ့ Elite Tech Sunday League 2012 ပြိုင်ပွဲ ပြီးဆုံးလို့ air bagan အသင်း ဗိုလ်စွဲတဲ့ သတင်းရော သိလိုက်သေး လားဗျ။
ငတိ ။       ။  သိပါ့ ကိုယ့်လူရာ ။ ကျွန်တော် က မြန်မာ့ဘောလုံးလောက နဲ့  ပက်သက်လို့  အားနည်း ချက်တွေပဲ လိုက်ဝေဖန်နေတာ မဟုတ်ပါဘူး။ ကောင်း သတင်းလေးတွေ လည်း အမြဲ နားစွင့်နေ တာ ပါဗျ ။ အဲ့ဒီ elite ပြိုင်ပွဲမှာ ထူးခြား တာက ဆုရတဲ့ အသင်းက ရတဲ့ ဆုငွေကို လူမှု အကျိုးပြု လုပ်ငန်းတွေ မှာ လှူကြ တယ်ဗျ ။ အဲ့ဒီမှာ ပိုပြီး ထူးခြားတာ တစ်ခုက အားကစား မီဒီယာတွေ စုပေါင်းပြီး spot media ဆိုတဲ့ အသင်း တစ်ခု ပါဝင် ယှဉ်ပြိုင် ခဲ့တယ်ဗျ ။ plus forever , forever , olympic , 7day , fighter , myanmar special , highlight , inside , first line – up  အစုံ ပါပဲဗျာ။ MFF က မီဒီယာ ဆရာကြီး အိုကိုချာတောင် ပါသေး တယ်ဗျာ ။
Photo@Elite Sunday League
ငတုံး ။        ။  ဟုတ်လားဗျ၊ ဘယ်လိုလဲ ဆရာ သူတို့ခြေစွမ်း က ကောင်းလား၊  ဆုတွေ ဘာတွေရော ရသေး လားဗျ။
ငတိ  ။         ။  အော် ကိုယ့် ဆရာရယ် မီဒီယာသမားတွေ ဆိုတာ က ဝေဖန်မယ် အကြံပေးမယ် သတင်းဖေါ်ပြမယ် ဆိုတာလောက် ပဲ သိတာပေါ့ ဗျ ဘောလုံး သမား စစ်စစ်တွေ မဟုတ်လေတော့ ခြေစွမ်းခြေစတော့ ဘယ်ကောင်း ပါ့မလဲ ။ ဒါပေမယ့် လေးစား ဖို့ ကောင်းတာ က ပွဲစဉ် တစ်လျောက် မှာ အ၀ါကတ်တောင် တစ်ကတ်မှ မထိပဲ ကစားနိုင် ခဲ့တယ်ဗျ ။ ဒါကြောင့် အသန့်ရှင်းဆုံး ဆုရ ခဲ့တယ်လေ ။ အဲ့ဒီ ရတဲ့ ဆုကြေး ၄၄၀၀၀၀ အပြင် ကစားသမားတွေ ရဲ့ စုပေါင်း ထည့်ဝင်ငွေ ၂သောင်း ၊ စုစုပေါင်း ၄၆၀၀၀၀ ကို ရခိုင်ဒေသ ပြန်လည် ထူထောင်ရေး အတွက် ရုပ်ရှင် အစည်းအရုံးက တဆင့် လှူဒါန်း ခဲ့တယ် တဲ့ဗျာ။
Photo@Elite Sunday League
ငတိ  ။        ။ ဂုဏ်ယူ ၀မ်းသာစရာ သတင်း ပါပဲဗျာ။ မီဒီယာလောက အတွက် တကယ့်ကို ဂုဏ်တက်စေ တာပေါ့ဗျာ။ လိုအပ်တာတွေ့ ရင် ကောင်းစေချင်တဲ့ စိတ်နဲ့  ဝေဖန်လေကန် တတ်တဲ့ မီဒီယာတွေ ဟာ ကိုယ်တိုင် လည်း ကောင်း ရာကောင်း ကျိုးကို လိုလား သူတွေ ဆိုတာ လက်တွေ့ ပြလို က်တာပေါ့ဗျာ ။
ငတိ  ။         ။  ဒါပေါ့ဗျာ ။  စတုတ္ထ မဏ္ဍိုင် ဆိုတဲ့  မီဒီယာတွေ က စံပြ အဖြစ် အမြဲ ရှိနေရ မှာပေါ့ ဗျာ။ ကဲ ကိုယ့်လူရေ ကျွန်တော် တို့  ပြောတာ လည်း တော်တော်လေး များသွားပြီ။ နောက်တစ်ခေါက် မှပဲ အခြား ကျန်တာလေးတွေ ကို ဆွေးနွေး ကြသေး တာပေါ့ဗျာ။
ငတုံး ။    ။  ဟုတ်ကဲ့ဗျာ ။ ပြောမယ် ဆိုရင်တော့ ပြော စရာတွေ က တောင်ပုံ ရာပုံ ပါပဲ။ ယောက်ခမ နဲ့  တစ်ထောင့် တစ်ည ပုံပြင် လို ပြောမဆုံးပေါင် တော သုံးထောင် ပါဗျာ။ အခုတော့ ၇န်ကုန် – မကွေး ပွဲစဉ်လေး အားပေး ရဦး မှာမို့  ဒီ တစ်ခေါက်တော့ ဒီလောက် နဲ့ပဲ တော်ကြ ဦးစို့ ဗျာ။
———
ရေးသားသူ - ကောင်းမြတ်သူ 
Myanmar Striker  www.myanmarstriker.com မှာ ကျွန်တော်ရေးသားခဲ့တဲ့ ဆောင်းပါးပါ ။
ဒီမှာ   ၀င်ရောက်ကြည့်ရှုနိုင်ပါတယ် ။ 
ငတုံး၊ ငတိ တို့ ပြောတဲ့ မြန်မာ့ဘောလုံး
ညလုံးပေါက် ဖွင်သော့ လက်ဘက်ရည် ဆိုင်ထဲတွင် ငတိတစ်ယောက် ထိုင်နေ၏ ။ ထိုငတိ သည်ကား ဘောလုံး ၀ါသနာအိုး တစ်ယောက်ဖြစ်၏ ။ သို့ သော် ဘောလုံးနှင့် ပက်သက်၍ သူသည် ကြွယ်ကြွယ်၀၀ မသိ။ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ယူလောက်သာ သိသော ထို ငတိသည် အခါ အားလျော်စွာ လက်ဘက်ရည်ဆိုင် ထိုင်ရင်း ငတုံးများကို ရှာဖွေကာ လေကြီးလေကျယ် လုပ်တတ်ပေသည်။ အခါအခွင့်များ သင့်ပီဆိုလျှင် ညလုံးပေါက် ဘောလုံး အကြောင်းကို ဆွေးနွေးနိုင်သော ငတိဖြစ်၏။ ငတိ အကြောင်းကို သိသူများက ငတိကို လက်ရှောင်ကြ၏။ အကြောင်းမူကား ဘာမသိ ညာမသိ ထိုငတိ၏ ဘောလုံးလောက သီအိုရီ များကို လိုက် မမှီကြသောကြောင့်ပေတည်း။ ငတိ၏ လက်သုံး စကားမှာမူ ကား “မြန်မာ့ဘော်လုံး ခဏပျော် မဆုံး” ဟူသတတ်။ သူ၏ လက်စွဲဆောင်ပုဒ် မှာ သူ့ အတွက်မူ ဧရာမ ရှာဖွေတွေ့ ရှိချက်ကြီး တစ်ခု သဖွယ် တင့်တယ် လှပေ၏ ။
များ မကြာလှသော အချိန်ဝယ် ငတိမျှော်လင့်နေသော ငတုံး တစ်ယောက်သည် ငတိရှိရာ လက်ဘက်ရည် ဆိုင်ထဲသို့  ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ လာချေ၏။ ငတုံးသည် အလွန်ပျော်ရွှင်နေသော ကိုယ်ဟန်အမူအရာတို့ ဖြင့် ငတိနားရှိစားပွဲဝိုင်း၌ ထိုင်ပီးသကာလ လက်ဘက်ရည်ဆိုင်ပိုင်ရှင်အား နှုတ်ခွန်းဆက်စကား ပြောကြားချေ၏ ။ “ ကိုတုတ်ကြီးရေ မနက်ဖြန် မြန်မာပွဲ သွားကြည့်မယ်ဗျာ။ သုဝဏ ကွင်းကြီးမှာ ထိုင်ခုံတွေ လည်း တပ်ထားတယ်။ မီးမောင်းကြီးတွေ ကလည်း ရှယ်ပဲတဲ့ဗျာ။ အင်္ကျီတွေတောင် ဝေမယ် ဆိုပဲဗျ” ။ ထို စကားကိုကြားတော့ ငတိ တစ်ယောက် တတ်သည့် ပညာ မနေသာ ဆိုသလို ၀င်ပါရပြီပေါ့ဗျာ။ ထို ခဏတွင်ပင် ငတိက  ငတုံးအား သူ၏ ဘောလုံး ဝေဖန် သုံးသပ်ချက်များကို တစ် မဟုတ်ချင်း ချပြလေတော့၏ ။ ဤသည် ကား ငတုံး – ငတိ တို့ ပြောသော မြန်မာ့ဘောလုံး ဆောင်းပါး ဖြစ်ပေါ် လာရသော အကြောင်းပင် ဖြစ်ပေတော့ သတည်း။
ဆွေးနွေးခန်းကြီး စတင် ဖန်တီးသူက ငတိ။ ငတိက စကားစ၏။ အစ်ကိုရေ “ကျွန်တော်တော့ ဖြင့် ကိုရီးယားကို မြန်မာနိုင် သွားမှာ စိုးရိမ် မိတယ်ဗျာ”။ ထိုသို့  စကားဦး သမ်းလိုက် သည်နှင့် ညလုံးပေါက် လက်ဘက်ရည် ဆိုင်တွင် အပန်းဖြေတတ်သော ညမင်းသားတို့၏ ဗီဇ အတိုင်း ညလုံးပေါက် စကားဝိုင်း တစ်ခု  ငတုံးနှင့် ငတိတို့  စတင် ဖန်တီး လိုက်ကြလေတော့သည်။
ငတုံး ~~~  ကိုရီးယားကိုနိုင်တော့ ဘာဖြစ်လို့ တုန်းဗျ ကိုယ့်လူရ ။
ငတိ အကွက်ထဲ ၀င်လေပြီ ။ ငတိပြောချင်ရာပြောတော့မည်။
ငတိ ~~~   အော်ဗျာ။ ဆရာသမားရယ် ကိုရီးယားက လက်ရှိ ကမ္ဘာ့ အဆင့် ၃၅ ရှိတဲ့ အာရှ ဘောလုံး အင်အားကြီးနိုင်ငံလေဗျာ။ မြန်မာက ၁၇၄ ဆိုတော့ မိုးနဲ့ မြေလို ကွာတာပေါ့။ ဒီလို ၂သင်းတွေ့ ဆုံတဲ့ အခါ မြန်မာက သာ နိုင်သွားရင် အာရှဘောလုံးလောကမှာ တို့ မြန်မာကို အားလုံး သတိထား မိကုန်တော့ မှာပေါ့ဗျာ ။
ငတုံး ~~~    သတိထားမိတော့ မကောင်း ဘူးလားဗျ ။ ကျုပ်တို့ မြန်မာတွေ ဂုဏ်တက် တာပေါ့ဗျာ
ငတိ ~~~   မကောင်းဘူးဆရာရေ မကောင်းဘူးဗျ ။ ခင်ဗျား လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျွန်တော်တို့ မြန်မာ လူငယ် ယူ ၁၇ ၊ ယူ ၁၈ တွေ အာဆီယံမှာ ဗိုလ်စွဲတာ မှတ်မိသေးလားဗျ ။
ငတုံး ~~~    မြန်မာလူငယ်တွေ အာဆီယံ လူငယ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲတာတော့ မှတ်မိတယ်ဗျ။ ခုနှစ်တွေတော့ ဘယ်မှတ်မိ ပါတော့မလဲဗျာ ။
ငတိ ~~~ ဒါဖြင့် မှတ်လေတော့ ကိုယ့်လူရေ … မြန်မာလူငယ် ယူ ၁၇ အသင်းက လွန်ခဲ့တဲ့ ၁၀နှစ်ကာလ ခုလို အချိန်မှာ အာဆီယံ လူငယ်ဖလား ရခဲံ့တယ်ဗျ။ ချန်ပီယံဖြစ်တာမှ တစ်ကြိမ် မကဘူး။ ယူ ၁၈ ကန်တော့လည်း ရပြန်တယ်လေ။ ကျွန်တော်လေ့လာ မိသလောက် မြန်မာ အသင်းက ငယ်လေကောင်းလေဖြစ်နေတာတွေ့ ရတယ်ဗျာ။ ယူ ၁၇ ၊ ယူ ၁၈ အရမ်းကောင်း ခြေပြတ်ဂိုးပြတ်နဲ့ ဖလားတွေရ၊ ယူ ၂၃ – နည်းနည်းတော့ ကောင်းသေးတယ်ဗျ။ ဆီမီးလောက်တော့ တက်သေးတယ်။ လက်ရွေးစင်လဲ ကျရောဗျာ ရှုံးချက်က သောက်သောက် လဲရယ်။ ရင်ထု မနာဖြစ်မိပါရဲ့ ဗျာ။ ယူ ၁၇ ၊ ယူ ၁၈ တုန်းက ဖလားတွေ ရလို့ အာရှအဆင့်တောင် နောင်အနာဂတ်မှာ တက်လှမ်းတော့မလား ထင်ခဲ့ရတာ အဲ့ဒီလူငယ်တွေ လက်ရွေးစင် လဲဖြစ်ရော လူငယ်တုန်းက ချန်ပီယံဖြစ် ခဲ့တာကိုမှ မထောက် ရှုံးပြ လိုက်တာမှ ရုပ်ပျက် ဆင်းပျက်ဗျာ။ ကဲ ဒီလောက်ဆို ကိုရီးယားကို နိုင်မှာ ဘာလို့ စိုးရိမ်လဲ သိပီဟုတ်စ ကိုယ့်လူ ။
ငတုံး ~~~  ခင်ဗျားပြောတာတွေ ဟုတ်တယ်ဗျ။ ဒါပေမယ့် ကိုရီးယားကိစ္စကိုတော့ သေခြာ သဘော မပေါက်သေးဘူးဗျာ ။
ငတိ ~~~  အော် ဆက်စပ် တွေးကြည့်ပေါ့ဗျာ။ မြန်မာ လူငယ် အသင်းတွေ ရဲ့  အတိတ်က အောင်မြင်မှုဟာ အနှစ်သာရ မရှိတဲ့ အောင်မြင်မှုတွေဖြစ် ခဲ့တယ်လို့ ဆိုလို တာပေါ့ဗျာ။ အခု တို့ ဆီမှာက မိုးတွင်းလေ။ မိုးတွေ သည်းကြီးမည်းကြီး ရွာမယ်။ ကိုရီးယားက မိုးထဲရေထဲမှာ ကစားရတော့ စိတ်ကြိုက် မကစားနိုင်ဖြစ်ကောင်းဖြစ်မယ်။ ပီးတော့ အခု လာကန်တဲ့ လူစာရင်း ကလည်း လန်ဒန် အိုလံပစ် ပြိုင်ပွဲဝင်မယ့် ကစားသမား ၂ယောက် ၃ယောက်လောက်ပဲ ပါတယ်လို့ ဆိုပြန်တော့ ပရိသတ် အင်အားနဲ့  တို မြန်မာက မနိုင်ဘူးလို့  မပြောနိုင်ဘူးဗျ။ နိုင်သွားရင် ဘာတွေဖြစ်လာ မလဲ ဆိုတော့ဗျာ … အနီးကပ်ဆုံးပြိုင်ပွဲ အနေနဲ့  ဆူဇူကီး ဖလားမှာ မြန်မာ့ လက်ရွေးစင်က အုပ်စုက အရင် တစ်ခါလို ပြုတ်မယ် ဆိုရင် ကိုရီးယားလို အသင်းကို နိုင်တဲ့ မြန်မာက ဆူဇူကီးလဲ ကျရော ဘယ်လိုဖြစ် ရတာလဲဆိုပီး မေးခွန်းထုတ် စရာတွေ ဖြစ်လာနိုင် တာပေါ့ဗျာ။ ပြီးခဲ့တဲ့ ဆီးဂိမ်းကို ပဲကြည့်ဗျာ။ ဗီယက်နမ် ကို နိုင်ခဲ့တယ်။ နိုင်တာမှ တတိယ လုပွဲမှာ ဂိုးပြတ်နဲ့ကို နိုင်ခဲ့တာနော်။ အဲ့ဒီ မတိုင်ခင် ဆူဇူကီး ဖလားတုန်းကကျတော့ ၇ဂိုးနဲ့တောင် ရှုံးတာဗျ။ အကယ်၍များ လာမယ့် ဆူဇူကီးမှာ ဗီယက်နမ်နဲ့  တစ်အုပ်စုထဲ ကျပီး ဂိုးပြတ်ရှုံးးမယ် ဆိုရင် တို့  မြန်မာက လူငယ်ပဲ စွမ်းတယ်ဆိုတာ တော်တော်ကို ပေါ်လွင် သွားမှာဗျ။
ငတုံး ~~~   အင်းးး ခင်ဗျားပြော သလိုဆို ဟုတ်တော့လည်း ဟုတ်တာပဲဗျ။
ငတိ ~~~   ဟာ သိပ်ဟုတ် တာပေါ့ဗျာ ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က စပီးကြည့်ဗျာ။ မြန်မာ ယူ ၂၃ က ၂၀၀၁မှာ တတိယရတယ်ဗျာ။ ၂၀၀၃မှာ စတုတ္ထ ၊ ၂၀၀၇မှာ ဒုတိယဗျာ ၊ ပီးခဲ့တဲ့ ၂၀၁၁မှာ တတိယ ရတယ်။ ကဲ လက်ရွေးစင် အသင်းရဲ့  ရလာဒ်တွေကိုကြည့်ပါဦး။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ထိ အာဆီယံပြိုင်ပွဲတွေမှာ အုပ်စုက ပြုတ်တာ ချည်းပဲ။ ထူးထူးခြားခြား အနေနဲ့  ၂၀၀၄ မှာ ဆီမီးတက်ပီး စတုတ္ထ ရခဲ့တာ တစ်ကြိမ်ပဲ ရှိခဲ့တယ်ဗျာ ။
ငတုံး ~~~ ဒီလိုဆိုတော့ လူငယ် အသင်းတွေရဲ့  အောင်မြင်မှုက တစ်ခုခုတော့ မှားနေ သလိုပဲဗျာ ။
ငတိ ~~~ ဟုတ်သမှ ဟုတ်ပဲဗျာ ။ယူ ၁၆ ၊ ယူ ၁၇ ၊ ယူ ၁၈ ၊ ယူ ၁၉ ပွဲတွေမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်မှာ အောင်မြင်မှုတွေ တော်တော် ရခဲ့တယ် ဆိုတာတော့ မှတ်မိတယ်။ တိတိကျကျတော့ မသိတော့ ဘူးဗျာ။ ပြောချင်တာက လွန်ခဲ့တဲ့ ၁၀နှစ်လောက်က လူငယ် ချန်ပီယံ ဖြစ်ခဲ့တဲ့  ၁၆ ၊ ၁၇ အရွယ် ကစားသမားတွေဟာ အခုလို အချိန်မှာ လက်ရွေးစင် အသင်းမှာ တကယ့်ကို အားကိုး ရသူတွေ ဖြစ်မလာပဲ အနားယု လုယူခင် ခြေစွမ်း ကုန်ခမ်းလုဖြစ်နေတဲ့ ကစားသမားတွေ အဖြစ် မြင်တွေ့ ရတာတော့ စိတ် မကောင်းပါဘူးဗျာ။ အဲဒီတော့ ကျွန်တော်တို့  အခုကန်မယ့်  ယူ ၂၂ မှာ မြန်မာအသင်း အာရှ ဖလားကြီး ရရင်တောင်မှ နောင် ၅နှစ်လောက်မှာ အာဆီယံဒေသတွင်း လက်ရွေးစင် အဆင့်ပွဲတွေမှာ အုပ်စုက ကျွတ်မယ် မထင်ပါဘူးဗျာ။ အဲဒီတော့ ခင်ဗျား အနေနဲ့  မနက်ဖြန် ကန်မယ့်ပွဲကို သွားချင်လည်း သွားပေါ့ဗျာ။ မြန်မာဆိုတဲ့ စိတ်ဓါတ်နဲ့  ကိုယ့်နိုင်ငံအသင်းကို အားပေးတာ အပြစ်ဆိုသာပါဘူး။ ဒါပေမယ့် တစ်ခုတော့ သတိပေးလိုက် ချင်ပါတယ်ဗျာ။ မြန်မာ ယူ ၂၂ အသင်းက ကိုရီးယားလိုအသင်းကို နိုင်ပီး အာရှမှာ အဆင့် တစ်ခုခုများ အောင်မြင် ခဲ့ရင်၊ မျှော်လင့် မထားတာတွေ ဖြစ်ခဲ့ရင်ပေါ့လေ … နောင် အနာဂတ် လက်ရွေးစင် အသင်းအတွက် စိတ်ကူးနဲ့  အောင်မြင်မှုတွေရဖို့  မမျှော်လင့် မိပါစေနဲ့ဗျာ ။
ငတုံး ~~~  ဘယ်လိုပဲဖြစ်ဖြစ်ဗျာ နောင်နှစ် ဆီးဂိမ်းအတွက် အခု ယူ၂၂က အသက်ပဲဗျ ။ အခု ယူ ၂၂ ဆိုတော့ နောင်နှစ် ယူ ၂၃ ပေါ့လေ။ နောင်နှစ် မြန်မာ ဆီးဂိမ်းကျရင် တို့ မြန်မာနိုင်ငံ နေပြည်တော် ကွင်းသစ်ကြီးတွေမှာ မြန်မာ ယူ ၂၃ အောင်ပွဲ ခံပီး ဆီးဂိမ်း ချန်ပီယံဖြစ်ဖို့  အားလုံးက မျှော်လင့်နေကြ တယ်လေ။ နောင်ခါလာ နောင်ခါဈေးပေါ့ ဗျာ။ လောလောဆယ်တော့ မရ ရတဲ့ ဖလား အပိုင်သိမ်းဖို့  လိုတယ် မဟုတ်လားလေ။ ဆူဇူကီး ဖလားရဖို့ ၊ အာရှခြေစစ်ပွဲအောင်ဖို့ ဆိုတာတွေက လက်တလော အနေအထားနဲ့  အလှမ်းဝေးနေတော့ ဘာပဲဖြစ်ဖြစ် ယူ ၂၃ ဆိုတော့ လည်း ယူ၂၃ ၊ ၂၂ဆိုတော့လည်း ၂၂ပေါ့ဗျာ ။ နောင် လာမယ့် လက်ရွေးစင်ပွဲတွေမှာ အခု ယူ၂၂တွေ ၅နှစ် ၆နှစ်လောက် ကန်ရဦးမှာပဲဟာ။ ပြိုင်ပွဲအတွေ့ အကြုံရတာပေါ့ဗျာ ။
ငတိ ~~~ ကောင်းရောဗျာ ။ ဒါဆို ကျွန်တော်လည်း ကျွန်တော့် အစ်ကိုကို ယူ ၁၆ မှာ လက်ရွေးစင်ဖြစ်ဖို့ သေခြာကြိုးစား ခိုင်းရမယ် ။
ငတုံး ~~~ ဟင် ဒါဖြင့် ခင်ဗျား အသက်က ဘယ်လောက် တုန်းဗျ ။
ငတိ ~~~  ကျွန်တော်က အသက် ၂၃ ပါဗျာ ။
ငတုံး ~~~  ဟိုက် ဒါဖြင့် ခင်ဗျား အစ်ကိုဆိုတော့ ခင်ဗျားထက် အသက်ကြီးတယ် မဟုတ်ဘူးလား။
ငတိ ~~~ ဟာဗျာ မနက်ဖြန် ကန်မယ့် ကစားသမားတွေတောင် ကျွန်တော် ၁၅နှစ်သားလောက် ကတည်းက ၀န်ကြီးဋ္ဌာန အသင်းတွေမှာ ဘောလုံး ကန်နေတဲ့ သူတွေပဲ ဥစ္စာ။ ဘာပဲဖြစ်ဖြစ် ယူ၂၂က ဘောသမားတွေ လမ်းမှာတွေ့ ရင် ညီလေးလို့ ခေါ်ကြစို့ ဗျာ ။
သူတို့ က ကျွန်တော်တို့ ထက် ၀ါအားဖြင့် ငယ်တယ်မဟုတ်လားလေ …
Posted by on June 23, 2012
www.myanmarstriker.com  မှာ ရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့  ဆောင်းပါးလေးပါ  ။  
 ဒီမှာဝင်ကြည့်နိုင်ပါတယ် ။ 
ဂိုးသွင်းကောင်းတဲ့ ကိုကို
လွန်ခဲ့သော ၁၉၉၀ကျော်နှစ်များ ဆီက မေခလာသီဆို ခဲ့တဲ့ ဂိုးသွင်းကောင်း  တဲ့ကိုကို ဆိုတဲ့ သီချင်း ကို ယခု အသက်၂၀ ကျော်သူတိုင်း   နားဆင် ခံစားဖူးကြ မှာပါ။  အဲဒီ ကာလတုန်းက  အဲဒီ သီချင်းနဲ့ အတူ မြန်မာ့ဘောလုံး ပရိသတ်တွေ အကြားမှာ ရေပန်းစား ခဲ့တဲ့  မြန်မာ အသင်းရဲ့  တိုက်စစ်မှုး ပြည်သူ့ အချစ်တော် မျိုးလှိုင်ဝင်းကို မြန်မာ ဘောလုံး ပရိသတ်တွေ အမှတ်ရ နေကြဦး မှာပါ ။ မြန်မာ့ လက်ရွေးစင် တိုက်စစ်မှုး  မျိုးလှိုင်ဝင်း ဟာ ၁၉၇၁ ခုနှစ် ဇွန်လ (၂၇) ရက် နေ့ မှာ မွေးဖွား ခဲ့သူဖြစ်ပြီး ၁၉၉၃ ဆီးဂိမ်းမှာ ငွေတံတိပ်  ဆွတ်ခူးနိုင် ခဲ့စဉ်က အသင်း အတွက်   မရှိမဖြစ် အားထားရတဲ့ တိုက်စစ်မှုး တစ်ယောက်  ဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက သူဟာ အသက် ၂၃နှစ် အရွယ်သာရှိသေးပေမယ့်  မြန်မာ့ လက်ရွေးစင် အသင်းအတွက် ဂိုးပေါင်း များစွာ သွင်းယူ နိုင် ခဲ့သူဖြစ်ခဲ့ပါတယ်။
မျိုးလှိုင်ဝင်းဟာ  ဘောလုံးလောက ကို ၁၉၈၉ခုနှစ်မှာ စတက် ၀င်ရောက်ခဲ့ပြီး မြန်မာ  အသင်းအတွက် နိုင်ငံတကာ  ပွဲပေါင်း ၁၀၀ကျော် ကစား ခဲ့သူဖြစ်ပါတယ်။ ၁၉၉၃  ငွေတံဆိပ်ရ   မြန်မာ့  လက်ရွေးစင် အသင်းမှာ ပါဝင် ခဲ့သလို   စတုတ္ထ ရခဲ့တဲ့ ၂၀၀၄ တိုက်ဂါးဖလား ပြိုင်ပွဲဝင် မြန်မာ အသင်းမှာလည်း ပါဝင် ခဲ့ပါတယ်။ သူဟာ ကွင်းလယ် ကစားသမားတွေရဲ့  ဖန်တီးပေးပို့ မှုတွေကို အဆုံးသတ်ရာမှာ တိကျ သေသပ်သူ တစ်ဦး ဖြစ်သလို နေရာပေါင်းစုံက ဂိုးကန် သွင်းနိုင်စွမ်းရှိသူ   တစ်ယောက်လည်းဖြစ်ပါတယ်။
ခေါင်းတိုက်ကောင်း သလို အလွတ် တည်ကန်ဘောများ ကန်သွင်း ရာမှာလည်း ကျွမ်းကျင် ပိုင်နိုင်သူ တစ်ယောက်ဖြစ်ပါတယ် ။ မြန်မာ့ လက်ရွေးစင် အသင်းအနေနဲ့  သူပါဝင် ကစား တဲ့ ပွဲတိုင်းမှာ ဂိုးရဖို့ မခက်ခဲ ခဲ့ပါဘူး ။ သူဟာ မြန်မာ အသင်းအတွက် တကယ့်ကို အားထားရတဲ့ ဂိုးသွင်းစက် တစ်ခုအဖြစ် ဆယ်စုနှစ် တစ်ခုကျော်လောက် ရပ်တည်နိုင် ခဲ့ပါတယ်။ သူဟာ ဒေသတွင်း ပြိုင်ဘက် အသင်းတွေရဲ့  လေးစား ကြောက်ရွံ့ ရတဲ့ တိုက်စစ်မှုး    တစ်ယောက်       ဖြစ်အောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။
မျိုးလှိုင်ဝင်းဟာ ဘောလုံးသမား ဘ၀နောက်ဆုံးချိန်မှာ air bagan အသင်းမာ ပါဝင် ကစားခဲ့ပြီး ပထမတန်း အမှတ်ပေးချန်ပီယံဆု ကို ဆွတ်ခူးပေးနိုင် ခဲ့ပါတယ်။ အဆင့်မြင့်တန်း မှာလည်း အဆင့် ၅နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။ အဲဒီနောက် Myanmar national league စတင်ချိန်မှာ air bagan အသင်းကို အခြေခံ  ဖွဲ့ စည်း ထားတဲ့ ရန်ကုန်ယူနိုက်တက်    အသင်းကို နည်းပြချုပ် အဖြစ် ဆက်လက် ကိုင်တွယ် ခဲ့ပါတယ်။ လက်ရွေးစင် ကစားသမားအဖြစ် မျိုးမင်းထွန်းနဲ့  အောင်အောင်ဦးတို့ ကိုသာ ခေါ်ယူခဲ့ပြီး နိုင်ငံခြားသား ကစားသမား ၃ယောက်ခေါ်ယူ ခဲ့ပါတယ်။ မျိုးလှိုင်ဝင်းဟာ အသင်းမှာရှိနေတဲ့ လက်ရွေးစင်ဟောင်းတွေ ဖြစ်ကြတဲ့ ကျော်သူရ ၊ စိုးလင်းထွန်း ၊ ဋ္ဌေးအောင် ၊ ကျော်ဒွန်း တို့နဲ့ လူငယ် ကစားသမားတွေဖြစ်တဲ့ ကြည်လင်း ၊ ကျော်ဇေယျာဝင်း ( ယခု မြန်မာ့ လက်ရွေးစင် ) ၊ နိုင်ဦးလွင် ၊ ကောင်းစည်သူ တို့ ကို မျှတစွာ တွဲဖက် ကစားစေခဲ့ပြီး နိုင်ငံခြားသား ကစားသမား  တွေကိုတော့  ပွဲချိန်ပြည့် မဟုတ်ပဲ အခါအားလျော်စွာ ထည့်သွင်း ကစားစေခဲ့ပါတယ်။ နိုင်ဦးလွင် ၊ အောင်သိုက် ၊ ကျော်ဇေယျာဝင်း ၊ နိုင်ဇေယျာထွန်းတို့ ဟာ airbagan အသင်းမှာ မျိုးလှိုင်ဝင်း ကစားသမားအဖြစ် ကစားစဉ် ကတည်းက တစ်သင်းတည်း ကစားဖက်တွေ ဖြစ်ခဲ့ ပါတယ်။ ဒါကြောင့် မျိုးလှိုင်ဝင်းဟာ လက်ရွေးစင် ၂ယောက်သာ ပါတဲ့ ရန်ကုန် ယူနိုက်တက် အသင်းကို ဖိုင်နယ် အဆင့်ထိ အောင်မြင်အောင်ပို့ ဆောင်ပေးနိုင် ခဲ့ပါတယ် ။ ချန်ပီယံဖြစ် ခဲ့တဲ့ ရတနာပုံ အသင်းဟာ အဲဒီအချိန်က လက်ရွေးစင် ကစားသမားတွေဖြစ်တဲ့ ခင်မောင်ထွန်း ၊ ပိုင်စိုး ၊ ထွန်းထွန်းဝင်း ၊ ယဉ်မင်းအောင်  ၊ ကျော်ခိုင်ဝင်း ၊ အောင်ကျော်မိုး ၊ ရန်ပိုင်  စတဲ့ နာမည်ကြီး ကစားသမားတွေနဲ့  ဖွဲ့စည်း ထားတာဖြစ်ပေမယ့် အုပ်စု ပတ်လည် ပွဲစဉ်မှာရော ၊ နောက်ဆုံး ဗိုလ်လုပွဲထိအောင် ရန်ကုန် ယူနိုက်တက် အသင်းကို ခက်ခဲစွာ ကစားခဲ့ရပြီး ပယ်နယ်တီ အဆုံးအဖြတ်နဲ့ ဗိုလ်စွဲ ခဲ့တာဖြစ်ပါတယ်။ မျိုးလှိုင်ဝင်း အနေနဲ့  ရန်ကုန် ယူနိုက်တက် အသင်းကို စတင် ကိုင်တွယ်စဉ်မှာ လက်ရွေးစင် ကစားသမားတွေ ခေါ်ယူမှု နည်းပါး ခဲ့တာကတော့ သူ့ ရဲ့  အသင်းမှာ ဆက်လက် တည်မြဲရေး အတွက် ခက်ခဲစေ ခဲ့ပါတယ်။ သူ့ အနေနဲ့  ပထမ အကြိမ်ပြိုင်ပွဲမှာ ပယ်နယ်တီ အဆုံးအဖြတ်နဲ့  မရှုံးနိမ့်ပဲ ဆုဖလား ရယူနိုင်ခဲ့မယ် ဆိုရင် သူဟာ ရန်ကုန်ယူနိုက်တက် အသင်းမှာ ယနေ့ ထက်တိုင် ရှိနေလိမ့်မယ်လို့  ကျွန်တော့် အနေနဲ့  ယူဆမိပါတယ်။
မျိုးလှိုင်ဝင်းဟာ တစ်ခေတ်မှာ တစ်ယောက် ဆိုသလို သူ့ ရဲ့  ဘောလုံး ကျွမ်းကျင်မှု ၊ လျှင်မြန် ဖျတ်လတ်မှုတွေ နဲ့  ဂိုးပေါင်း များစွာ သွင်းယူနိုင် ခဲ့သလို နည်းပြအဖြစ် ရပ်တည်မှုမှာလည်း ပြည်တွင်းက ၀ါရင့် သမ္ဘာရင့် နည်းပြတွေကို ကောင်းကောင်း ယှဉ်နိုင် ခဲ့ပြန်ပါတယ်။ လက်ရှိ လက်ရွေးစင် ကစားသမားတွေ ကို စိစစ်ကြည့်လိုက်တဲ့ အခါ မျိုးလှိုင်ဝင်းရဲ့  အစွမ်းအစ ကို သိရှိနိုင် ပါတယ်။ သူ့ ရဲ့  နည်းပြ သက်တမ်းဟာ တိုတောင်းနေသေးပေမယ့် သူ့ ရဲ့  သင်ကြားပြသမှုတွေ ခံယူနိုင် ခဲ့တဲ့ ရန်အောင်ဝင်း ၊ ကျော်ဇေယျာဝင်း ၊ ဒေးဗစ်ဒန်း ၊ ရွှေလှိုင်ဝင်း ၊ ကြည်လင်း ၊ ကောင်းစည်သူ ရန်အောင်ကျော် တို့ ဟာ လက်ရှိ အချိန်မှာ လက်ရွေးစင် အဆင့်ကို ရောက်ရှိ ခဲ့ပါပြီ။ မျိုးလှိုင်ဝင်း ရန်ကုန် နည်းပြ အဖြစ်တာဝန် ယူခဲ့တဲ့  လွန်ခဲ့တဲ့ ၂၀၀၉ တုန်းက  ဒီ ကစားသမားတွေဟာ မထင်မရှား ကစားသမားတွေ အဆင့်ပဲ ရှိနေပါသေးတယ်။ သို့ သော်လည်း အဲ့ဒီ မထင်မရှား ကစားသမားတွေကို အကောင်းဆုံး ဦးဆောင်ပြီး နိုင်ဦးလွင် ၊ တင်ဝင်းအောင် ၊ ကြည်လင်း ၊ ရွှေလှိုင်ဝင်း တို့ ကို မြန်မာ့ဘောလုံး ပရိသတ်တွေ သတိထားမိစေ ခဲ့ပါတယ်။ ရွှေလှိုင်ဝင်းကို ယူ၂၃ အသင်းမှာ လက်ရွေးစင် ကစားသမား အဖြစ် မြေတောင်မြှောက်ပေး ခဲ့ပါတယ်။ ပထမ အကြိမ်ပြိုင်ပွဲမှာ မင်းသူ ၊ ရာဇာဝင်းသိန်း ၊ ဇော်လင်းထွန်း ၁ ၊ ဇော်လင်းထွန်း၂  ၊ ညီညီလွင် စတဲ့ ကစားသမားတွေ ပါဝင်တဲ့ MNL မစတင်ခင်က မြန်မာလိဂ် အဆင့်မြင့်တန်း ချန်ပီယံ စီးပွားကူးသန်း အသင်းကို အခြေခံ ဖွဲ့စည်းထားတဲ့  ဇေယျာရွှေမြေ ကို အဖွင့် ပွဲစဉ်မှာ ဂိုးပြတ် အနိုင်ယူနိုင်ခဲ့ သလို ဟန်ဝင်းအောင် ၊ စိုးမင်းဦး ၊ ကျော်ဇင်ထက် ၊အေးဆန်း တို့ လို မြန်မာ့ လက်ရွေးစင်တွေ အများအပြားပါဝင်တဲ့ ကမ္ဘောဇ ကိုလည်း အနိုင်ယူနိုင် ခဲ့ပါတယ်။
မျိုးလှိုင်ဝင်း အနေနဲ့  ရန်ကုန် အသင်း နည်းပြဘ၀မှာ  လူငယ်တွေကို အတော်များများ  ပွဲထွက် ခွင့်ပေး ခဲ့ပြီး အသင်းက နိုင်ငံခြားသားတွေ ကိုတောင် အရန်ခုံ ထိုင်ခိုင်းတတ်တဲ့ သူ တစ်ယောက်ပါ။ သို့ သော်လည်း ဒုတိယ ရာသီအေ၇ာက်မှာ အသင်းတိုင်းက နိုင်ငံခြား ကစားသမားတွေ ခေါ်ယူလာတဲ့ အခါ လူငယ်တွေကို နေရာပေးတတ်တဲ့ သူ့ အတွက် အခက်တွေ့ စေ ခဲ့ပါတယ်။ လက်ရွေးစင် ၂ယောက်သာ ပါဝင်တဲ့ ရန်ကုန် အသင်းဟာ ဒုတိယ ရာသီရဲ့  ပထမရာသီဝက် မှာ ရလ်ာဒ်တွေ မကောင်း ခဲ့ပဲ ၀က်စ်ဟမ်းနဲ့ ၀က်ဘရွန်း အသင်းတွေမှာ တစ်ချိန်က အလယ်တန်းလူ အဖြစ် ကစားခဲ့ပီး ဩစတြေးလျ၊ စင်ကာပူ၊ အင်ဒို နီးရှားနဲ့ မလေးရှား တို့မှာ နည်းပြ အဖြစ် နှစ်ပေါင်း များစွာ လုပ်ကိုင်ခဲ့တဲ့  အတွေ့အကြုံရှိ နည်းပြ တစ်ဦးဖြစ်တဲ့ ပီတာဘက်တလာ ဟာ ရန်ကုန်နည်းပြချုပ်ဖြစ်လာ ခဲ့ပါတယ် ။ ပီတာဘက်တလာ အနေနဲ့  ဒုတိယ ရာသီဝက်မှာ ပွဲတိုင်းကို အနိုင်ရလာဒ် စွမ်းဆောင်နိုင် ခဲ့ပြီး ဥဿာ တစ်သင်းတည်း ကိုသာ သရေကျ ခဲ့ပါတယ်။ အဲဒီနှစ်မှာ ချန်ပီယံဖြစ် ခဲ့တဲ့ ၇တနာပုံကို အိမ်ကွင်းမှာ  အနိုင်ယူနိုင် ခဲ့ပါတယ်။ သို့ သော်လည်း တတိယအကြိမ် ပြိုင်ပွဲမှာတော့ ရလာဒ်တွေ ဆိုးဝါး ခဲ့ပီး အသင်းက ထွက်ခွာသွား ခဲ့ရပါတယ်။ ၂၀၁၀ မတ်လမှာ စတင်ကျင်းပတဲ့ တတိယ အကြိမ် MNL ပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ မျိုးလှိုင်ဝင်းနဲ့  ပရိသတ် အချို့  ပြဿနာဖြစ် ခဲ့ပါတယ်။ အဲ့ဒီ အချိန်မှာ နည်းပြချုပ် အဖြစ် ပီတာ ဘက်တလာက တာဝန်ယူနေ တာဖြစ်ပြီး အဖွင့် ပွဲစဉ်မှာ ကမ္ဘောဇ အသင်းနဲ့  တွေ့ ဆုံရာမှာ သရေဖြစ် ခဲ့တဲ့ အတွက် မူးယစ်ရမ်းကား ပရိသတ် အချို့ က မကျေမနပ်ဖြစ်ပီး မျိုးလှိုင်ဝင်းကို ဆဲဆို ပြစ်တင် ခဲ့တဲ့ အတွက်  မျိုးလှိုင်ဝင်းက ပြန်လည်အော်ဟစ်ရာမှ အချေအတင်ဖြစ် ခဲ့ကြတာဖြစ် ပါတယ်။ ယခုချိန်မှာတော့ မျိုးလှိုင်ဝင်းဟာ ရန်ကုန် အသင်းနဲ့ နေပြည်တော် အသင်းတွေ့ ဆုံတိုင်း ရန်ကုန် ပရိသတ်တွေကို လက်ပြနှုတ်ဆက်ကာ အရိုအသေပြုပီး သူ့ ရဲ့ အမှားအတွက် အကောင်းဆုံး ပြန်လည်ပြင်ဆင်နေပြီဖြစ် ပါတယ်။ တကယ်တော့ အဲဒီပွဲ အတွက် အဓိက တာဝန်ရှိသူဟာ နည်းပြချုပ်ဖြစ်တဲ့ ပီတာဘက်တလာ သာလျင်ဖြစ် ပါတယ်။
ပီတာဘက်တလာ အနေနဲ့  ရန်ကုန် အသင်းကို ရောက်လာခါစမှာ အနိုင် ရလာဒ်တွေ ရရှိ ခဲ့ပေမယ့် တကယ်တမ်းတော့ ထိုင်း ပရီးမီးယားလိဂ်က အငှားခေါ်ယူ ထားတဲ့ ကိုနေးရဲ့  ခြေစွမ်းပြမှုတွေကြောင့်သာ ဖြစ်ခဲ့ပြီး ကိုနေး ထွက်ခွာသွား ချိန်မှာတော့ နဂိုကတည်းက လက်ရွေးစင်နည်းနေ တဲ့ အသင်းဟာ အရင်လိုပဲ ခက်ခဲနေ ခဲ့ပါတယ်။ ဒဲလ်တာ အသင်းကို တစ်ယောက်အသာနဲ့ ကစားရပိး ရှုံးနိမ့်ခဲ့တဲ့ အနေအထား မျိုးတွေကြောင့်  ရာထူးက ထုတ်ပယ်ခံ ခဲ့ရပါတယ်။ အဲဒီနောက် နည်းပြ အဖြစ် မျိုးလှိုင်ဝင်း ပြန်လည် တာဝန် ယူခဲ့ကာ  သူ့ ရဲ့  ထုံးစံ အတိုင်း လူငယ်တွေကို အခွင့်အရေးတွေပေး ခဲ့ပြန်ပါတယ်။လိဂ်မှာ ရှုံးပွဲမရှိ ကစားနိုင်နေပေမယ့် မျိုးလှိုင်ဝင်း အတွက် ကြမ္မာငင် ခဲ့တာကတော့ ဆောက်သမ်းမြန်မာ အသင်းနဲ့ ပထမဆုံး ရှုံးထွက် ပွဲစဉ်မှာ ပဲဖြစ် ပါတယ်။ တိုက်စစ်မှုးနေရာမှာ ကောင်းစည်သူ ကို ပွဲထွက်စေ ခဲ့တဲ့ အဲဒီပွဲမှာ ရန်ကုန် အသင်းဟာ မထင်မှတ်ပဲ ဦးဆောင်ဂိုးပေး လိုက်ရပီး ဒုတိယပိုင်းမှာ ချေပဂိုး ရဖို့ အစွမ်းကုန်ပြန်လည်ကြိုးပမ်းရာ မှာ တန်ပြန် တိုက်စစ်ကနေ တစ်ဆင့် ပွဲပီး ခါနီးမှာ ထပ်မံ ဂိုးပေးလိုက် ရပြီး ရှုံးနိမ့် ခဲ့ပါတယ်။ ဒီပွဲရဲ့ ရလာဒ်ဟာ မျိုးလှိုင်ဝင်း အတွက် ရန်ကုန် ယူနိုက်တက် အသင်းကနေ ထွက်ခွာသွာားရဖို့ အဓိက ကျတယ်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်း ဝေဖန်  သုံးသပ်ကြည့် ရရင်တော့  အသင်း   စတင် တည်ထောင်စဉ်မှာ လက်ရွေးစင် ကစားသမားခေါ်ယူမှု နည်းပါး ခဲ့ခြင်းကသာ အဓိက ကျပါတယ်။ အသင်းမှာ ရှိနေတဲ့ သက်ကြီး ကစားသမားတွေ အနေနဲ့  ခြေစွမ်းပိုင်းက အကျဘက် ဦးတည်လာတဲ့ အခါမှာ ရန်ကုန် အသင်း အနေနဲ့  လူငယ်တွေနဲ့  နိုင်ငံခြားသားတွေကို အဓိက အားကိုးရတဲ့ အခြေ အနေဖြစ် ခဲ့ပါတယ်။ အသင်းက နိုင်ငံခြားသားတွေဟာ လည်း အသင်းငယ်တွေက ခေါ်ယူထားတဲ့ နိုင်ငံခြားသားတွေလောက်တောင် ကစားအား မရှိတဲ့ အခါမှာ လူအပြောင်းအလဲ တွေများ ခဲ့ပြီး အသင်း အနေနဲ့  အတော်ကို ရုန်းကန် ခဲ့ရပါတယ်။ ယခုချိန်မှာ နာမည်ကြီး တိုက်စစ်မှုး အဖြစ် ရပ်တည်နေတဲ့  ချားစ်အိုဘီ ဟာလည်း ရန်ကုန်အသင်းကို ရောက်ခါစမှာ အသင်းနဲ့  အထိုင် မကျပဲ  ခြေစွမ်းပိုင်းတွေ ဆိုးရွားနေ ခဲ့ပါတယ်။
အဲဒီနောက် ရန်ကုန် နည်းပြချုပ်အဖြစ် အဲရစ်ဝီလျံက တာဝန်ယူ ခဲ့ပါတယ်။ အဲရစ်ဝီလျံရဲ့  စွမ်းဆောင်မှုကို သုံးသပ် ရမယ် ဆိုရင်တော့ ရန်ကုန် ပရိသတ်တော်တော် များများနဲ့  ကျွန်တော့်ရဲ့ အမြင်ဟာ ကွဲလွဲနေ ပါတယ်။ အဲရစ် ရန်ကုန် အသင်းကို စတင် ကိုင်တွယ်တဲ့ ရာသီမှာ ၅ပွဲ ကစားရချိန် ၃ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ခဲ့ပါတယ်။ ဇွဲကပင်ကိုနိုင်ပါတယ်။ ဒါပေမယ့် မကွေးကို ခက်ခက်ခဲခဲ ကစားခဲ့ ရပီး ပွဲပီိး ခါနီးမှာမှ အိုဘီရဲ့ တစ်လုံးတည်းသောခေါင်းတိုက် ဂိုးနဲ့  နိုင်ခဲ့တာပါ။ တစ်ပွဲလုံးမှာ မကွေး အသင်းက ကစားကွက် ခြေစွမ်းပိုင်း အသာ ရခဲ့ပါတယ်။ အဲရစ်ရဲ့ အကောင်းဆုံး ရလာဒ်လို့ ဆိုရမယ့် ပွဲ ကတော့ ရတနာပုံကို ၄ -၁ နဲ့ နိုင်တဲ့ ပွဲပါ။ ဒီပွဲစဉ် ကတော့ သူ့ ကို ချီးကျူးရမှာပါ။ ဒါပေမယ့် ရန်ကုန်အသင်းဟာ ရန်ကုန်မြေမှာ အရင် ကလည်း မိနစ်၉၀တွင်း တစ်ခါမှ မရှုံးနိမ့်ခဲ့သလို အဲဒီပွဲစဉ် အနိုင်ရရင် ချန်ပီယံဆု မျှော်မှန်းနိုင်ခွင့် ရှိတဲ့ အတွက် ကစားသမားတွေ အစွမ်းကုန်ကြိုးစား ခဲ့သလို  ပရိသတ်ကလည်း တစ်ကွင်းလုံးနေရာလပ် မရှိလောက်အောင် အားပေး ခဲ့ကြပါတယ်။ ဒါကြောင့် အဲ့ဒီပွဲမှာ ရန်ကုန် အနိုင်ရတာဟာ သိပ်တော့ မဆန်း လှပါဘူး။ တကယ်တမ်း အနိုင်ရရင် ချန်ပီယံ ကျိန်းသေဖြစ်ပါပြီ ဆိုတဲ့ ပွဲမှာတော့ ဇေယျာရွှေမြေကို ရှုံး ခဲ့ပါတယ်။ နောက်တန်းလူ ၆ယောက်ထိ line up မှာ ထည့်ကစားခဲ့တဲ့ ထိုပွဲကိုတော့ ကျွန်တော် အတော်လေး စိတ်ပျက် မိပါတယ်။ နောက်ဆုံး ရာသီ အပိတ် ပွဲစဉ်မျာလည်း ဒဲလ်တာကို  ဂိုးပြတ် ဦးဆောင် ခဲ့ပီးမှ ဂိုးတွေပြန်ပေး ခဲ့ရပီး ၃- ၃ သရေကျကာ ဒုတိယနေရာ ကို မရတော့ပဲ တတိယနဲ့ ကျေနပ် ခဲ့ရပါတယ်။ အဲဒီပွဲမှာလည်း ၇န်ကုန်ဟာ ကစားကွက် ဘောလုံး ပိုင်ဆိုင်မှု အသာ မရခဲ့ပြန်ပါဘူး။ ချန်ပီယံဖြစ် ခဲ့တဲ့ မနှစ်က ရာသီမှာလည်း နောက်ဆုံးပွဲ နောက်ဆုံး မိနစ်ထိ ရင် တမမနဲ့  ချန်ပီယံဆု ကို ခက်ခက်ခဲခဲ ကစားပီးမှ ရခဲ့တာပါ။ ချန်ပီယံဆု အတွက်အရေး ပါတဲ့ ဇေယျာနဲ့ ပွဲကို ရှုံးနိမ့် ခဲ့ပြီး ဇေယျာရွှေမြေသာ ရာသီသိမ်းခါနီးခြေ မပျက်ခဲ့ဘူး ဆိုရင် ရန်ကုန်အတွက် ဆုဖလား မရနိုင်ပါဘူး။
နောက်တစ်ချက်က ရန်ကုန် အတွက် ကြီးမားတဲ့ အားသာချက် တစ်ခုက မနှစ်ကဘောလုံး ရာသီမှာ မြက်ခင်းတု ကွင်းမှာ ပွဲစဉ်တော်တော် များများ ကစား ခဲ့ရတာပဲဖြစ် ပါတယ်။ ရာသီသိမ်း ခါနီးမှာ အိမ်ကွင်း အားသာချက် ရနိုင် ခဲ့တာကြောင့် ချန်ပီယံဖြစ် ခဲ့တယ်လို့ လဲ ဆိုနိုင် ပါတယ်။ နောက်တစ်ချက်က လက်ရွေးစင်တွေဖြစ်တဲ့ ခင်မောင်လွင် ၊ ရာဇာဝင်းသိန်း တို့ ကို ခေါ်ယူနိုင် ခဲ့တာကလည်း အသင်း အတွက် အရင်လို လက်ရွေးစင် ကစားသမား နည်းပါးမှုကို ပြန်လည် ဖာထေးနိုင် ခဲ့ပါတယ်။ နောက်တစ်ချက် ကတော့ နိုင်ငံခြား ကစားသမား ၄ယောက်ထိ ခွင့်ပြုခဲ့တဲ့ အတွက် ရန်ကုန် အသင်း အနေနဲ့  နိုင်ငံခြား ကစားသမားတွေ ကို ကောင်းကောင်း အားကိုးခွင့် ရခဲ့ပါတယ်။ ခံစစ်မှာ ဟန်ဆန် အရမ်းကောင်းနေ ခဲ့သလို တိုက်စစ်မှာ နိုင်ငံခြားသား တိုက်စစ်မှုး၂ယောက် ကိုသာ အားကိုးနေ ရပီး အရင်က ခြေစွမ်း တက်ရိပ်ပြနေတဲ့ ကောင်းစည်သူ ၊ နိုင်ဦးလွင် တို့  ပွဲထွက် ခွင့်ဝေး ခဲ့ရပါတယ်။  ကြည်လင်းတောင် အရန် ကစားသမား အဖြစ်နဲ့သာ ဒုတိယပိုင်းမှ ကစား ခွင့်ရခဲ့ပါတယ်။ ရန်ကုန်ဟာ အသင်းငယ်တွေနဲ့ ပွဲတွေမှာ ကျိန်းသေ အနိုင်လို့  ယုံကြည်လို့  မရခဲ့ပဲ ပွဲတိုင်းကို ခက်ခက်ခဲခဲ ကစား ခဲ့ရတာပါ။ အဝေးကွင်း ပွဲစဉ်တွေမှာလည်း မနှစ်က ခြေပျက်နေတဲ့ ရတနာပုံကို သာနိုင် ခဲ့ပြီး ကမ္ဘောဇကို ၃- ၀ ၊ ဇေယျာရွှေမြေကို ၃-၁ နဲ့ ရှုံး ခဲ့ပါတယ်။
ဒါတွေကို အနှစ်ချုပ် ပြန်သုံးသပ်တဲ့ အခါမှာ အဲရစ်ဝီလျံဟာ ရန်ကုန် အသင်းကို ဖလားရအောင် စွမ်းဆောင်နိုင် ခဲ့ရာမှာ နိုင်ငံခြားသား ကစားသမားတွေကို အဓိက အားကိုး ခဲ့တာကိုတွေ့  ရသလို ရန်ကုန် အသင်းရဲ့ လက်ရွေးစင် ကစားသမားတွေ ခေါ်ယူမှု၊ မြက်ခင်းတု အိမ်ကွင်း အားသာချက်တွေ အတော်များများ ရရှိခဲ့မှု နဲ့  အဓိကပြိုင်ဘက် ရတနာပုံ ဆိုးဆိုးဝါးဝါး ခြေပျက် ခဲ့သလို ဇေယျာရွှေမြေ ဟာလည်း ရာသီ သိမ်းခါနီးမှ ဆက်တိုက် ရှုံးပွဲ ဆက်ခဲ့တာတွေကြောင့်သာ ဖြစ်ပါတယ်။ ဇေယျာရွှေမြေသာ ရှုံးထွက် ဖလားဆီမီးမှာ နေပြည်တော် ကို အနိုင်ယူနိုင် ခဲ့ရင် ရန်ကုန်အတွက် တကယ့်ကို ခက်ခဲမယ်ဆိုတာ သေခြာ သလောက်ပါ။ ယခုနှစ် ရာသီမှာ နိုင်ငံခြား ကစားသမား ၄ ဦးကနေ ၃ဦးလျှော့ချ လိုက်သလို ရန်ကုန် အသင်းဟာလည်း မြက်ခင်းတု ပွဲစဉ်တွေ နည်းပါးနေ ခဲ့ပါတယ်။ အသစ်ခေါ်ယူ လိုက်တဲ့ ကစားသမားတွေ အနေနဲ့  မနှစ်က ချားစ်အိုဘီ ဟန်ဆန်တို့ ကို မမှီတဲ့ အခါ ဘယ်လို ရလာဒ်တွေထွက် ခဲ့တယ်ဆိုတာ အားလုံး အမြင်ပဲဖြစ်ပါတယ် ။ အသင်းကြီးတွေနဲ့ တွေ့ ဆုံမှုမှာ မြက်ခင်းတုမှာ ကန်ရတဲ့  ပွဲမှာ အောင်သိုက်ရဲ့  ဖရီကစ် တစ်ဂိုးတည်းနဲ့ နိုင်ခဲ့ပီး ဧရာဝတီကို သရေ ၊ ကမ္ဘောဇကိုရှုံး ၊ မကွေးကို နောက်ဆုံး မိနစ်မှ ၂- ၁နဲ့ အနိင်ရပီး နေပြည်တော်ကို သရေ ရတနာပုံကို ကစားကွက်ပိုင်းမှာ မယှဉ်နိုင်ပဲ  ပြိုင်ဘက် တိုက်စစ်မှုးတွေရဲ့  ဂိုးသွင်း မသေခြာမှု တိုင်ထိ ထွက်မှုတွေကြောင့် သာ ၂-၂ သရေရ ခဲ့ရသလို မနောမြေ ကိုတောင် ရှုံးပွဲတွေ့ ခဲ့ပါတယ်။ ကမ္ဘောဇကို အိမ်ကွင်းမှာ အနိုင်မယူနိုင် ခဲ့တဲ့ ပွဲအပီးမှာတော့ အဲရစ်ဝီလျံ တစ်ယောက် အိမ်ပြန် ခဲ့ရပါတယ်။ AFC မှာ ၆ပွဲကစား တစ်ပွဲမှမနိုင် ၂မှတ်သာ ရခဲ့ပါတယ်။
မျိုးလှိုင်ဝင်း အကြောင်း ဦးတည်ရေးရင်းက ရန်ကုန် ယူနိုက်တက်နဲ့ ပက်သက်ပြီး ကျွန်တော် ဒီဆောင်းပါးလေးမှာ အများကြီးရေး ခဲ့တာ အကြောင်း ရှိပါတယ်။ ဒါကတော့ ရန်ကုန် ပရိသတ် တစ်ယောက် အနေနဲ့  မျိုးလှိုင်ဝင်းကို ရန်ကုန် အသင်းက ပြန်လည်ခေါ်ယူဖို့  မျှော်လင့်မိလို့ ပဲဖြစ် ပါတယ်။  လက်ရှိ ရန်ကုန် ယူနိုက်တက်ကို တာဝန်ယူ ကိုင်တွယ်နေတဲ့ အိုင်ဗန်ကိုလဗ် လက်အောက်မှာ မျိုးလှိုင်ဝင်း ဟာ ၂၀၀၄ခုနှစ်က လက်ရွေးစင် အဖြစ် ကစားခဲ့ဖူးပါတယ်။ သူတို့ ဆရာ တပည့်၂ယောက် ယခုချိန်မှာ ပြန်လည် ဆုံဆည်းဖို့  ကျွန်တော်မျှော်လင့်နေ တာပါ။ မျိုးလှိုင်ဝင်းကို အသင်းက ထုတ်ပယ် တုန်းက ရန်ကုန် အသင်းအနေနဲ့  ထုတ်ပယ်တယ် လို့ မသုံးနှုန်းခဲ့ပဲ အတွေ့ အကြုံ ယူစေမယ်လို့ သတင်းထုတ်ပြန် ခဲ့တာပါ။ နည်းပြ သင်တန်းတွေ တက်ေ၇ာက်ဖို့ တောင် ရန်ကုန် အသင်းက ပံ့ပိုးပေးမယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဒါတွေကြောင့် ကျွန်တော်မျှော်လင့်နေ တာပါ။
ကျွန်တော် ငယ်စဉ် ကလေး ဘ၀ ကတည်းက နှစ်ခြိုက် အားပေးခဲ့ရတဲ့  သူ့ ကို  ကျွန်တော် အရူးအမူး အားပေးတဲ့ အသင်းရဲ့  နည်းပြ အဖြစ် ရှိနေစေချင်တာ ကျွန်တော့် ဆန္ဒပါ။ သူဟာ ၇န်ကုန် ယူနိုက်တက်ရဲ့  မူစ အစ airbagan အသင်း ကတည်းက စတင် ပါဝင်ခဲ့သူပါ။ သူ့ရဲ့ စွမ်းဆောင်မှုတွေ ဟာ ရန်ကုန် အသင်းအတွက် အကျိုး မမဲ့စေ ခဲ့ပါဘူး။ သူထွက်ခွာ သွားရပိးနောက်မှာ သူ ကိုင်တွယ်တုန်းက ခြေစွမ်းပြနေတဲ့ ကစားသမားတွေ ဘာတွေဖြစ်ကုန်လဲ တွေ့ နိုင် ပါတယ်။ နိုင်ဦးလွင် အရန် အသင်းရောက် သွားပါတယ်။ ရွှေလှိုင်ဝင်း လက်ရွေးစင် အဖြစ် ရွေးချယ်ခြင်း မခံရတော့ ပါဘူး။ အခု ယူ ၂၂မှာ ကောင်းစည်သူ ဘာလို့ ပွဲထွက်ခွင့် မရသေး တာလဲ ဆိုတာ အဖြေက တစ်ခုတည်းပါ။ ရန်ကုန် အသင်းမှာ ပွဲထွက်ခွင့် မရလို့ပါ။ ကြည်လင်း ရန်ကုန် အသင်းမှာ line up ရဖို့  လူစားလဲ ၀င် ကစားရတဲ့ အခိုက်အတန့် လေးတွေ ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင် ခဲ့ရတယ်။ ဒါတောင် မနှစ် ကလို  နိုင်ငံခြားသား ၄ယောက် ခွင့်ပြုရင် သူ့ အတွက် အခုလို လက်ရွေးစင်ဖြစ်ဖို့  မလွယ်လောက် ပါဘူး။ ဧရာဝတီမှာ အသင်းခေါင်းဆောင် တာဝန်ယူ ခဲ့တဲ့ မျိုးဝင်းထွဋ် ပွဲထွက် ခွင့်မရတာတွေ တွေ့ နေ ရပါတယ်။ အောင်သိုက် လက်ရွေးစင်ဖြစ်သင့်နေ ပါပြီ။ မျိုးလှိုင်ဝင်း လက်ထက်မှာ နိုင်ငံခြားသားတွေကို အလွန်အကျွံ အားမကိုး ပါဘူး။ သူမရှိတော့တဲ့နောက်ပိုင်းမှာ နိုင်ငံခြားသားတွေ ကို အသင်းငယ်တွေနဲ့ တွေ့ တဲ့ ပွဲတွေမှာတောင် မိနစ်၉၀လုံး ကစားခိုင်းနေတာ တွေ့ နေရ ပါတယ်။ ခြေစွမ်း မပြနိုင်တဲ့ နိုင်ငံခြား ကစားသမားကို မျိုးလှိုင်ဝင်း လက်ထက်တုန်း ကလို ရဲရဲဝံ့ဝံ့ လူစားလဲ မလဲရဲ တာတွေ့ နေရပါတယ်။ နယူချီ ရောက်လာ ကတည်းက ဂိုး မသွင်းနိုင်သေး ပါဘူး။ သို့ သော်လည်း ကောင်းစည်သူ ပွဲထွက် ခွင့် မရပါ ။ ကြာရင် ကိုယ်ပျိုးထားတဲ့ ပန်းခင်း သူများဆီ ထိုးအပ် လိုက်ရပါ လိမ့်မယ်။ စူပါမင်းလို စွမ်းတဲ့ နိုင်ငံခြားသားတွေ ရှိမှ အောင်ပွဲ ယူနိုင်မယ့် နိုင်ငံခြားနည်းပြတွေ အလို မရှိပါ။ for the league , for the nation ပါ။ အဓိက အောင်မြင်မှုသည် မိမိ အသင်းမှ နိုင်ငံခြားသား များ ဂိုးသွင်း အများဆုံးဆု ရရန် မဟုတ်ပါ။ နိုင်ငံ အတွက် လက်ရွေးစင် ဘယ်လောက်ထိ မွေးထုတ်နိုင် မလဲ ဆိုတာ မျှော်လင့် ရမှာပါ။ MNL ဖလား၂လုံး ချန်ပီယံ အသင်းက ယူ ၂၂မှာ ၃ယောက်ပဲ အရွေး ခံရတာ မဖြစ်သင့် ပါဘူး ။  အဲဒီ ၃ယောက် မှာမှ တကယ် ကစားရတာ ၂ယောက် တည်းပါ။
မြန်မာ့ဘောလုံး လောကမှာ မျိုးလှိုင်ဝင်း ပီးတော့ စိုးမြတ်မင်း ခေတ်လို့  ဆိုလို့ ရပါတယ်။ စိုးမြတ်မင်း အနေနဲ့  မျိုးလှိုင်ဝင်းလောက် အောင်မြင်မှု ကာလတွေ မရှည်ကြာ ခဲ့ပေမယ့် သူဟာလည်း ကစားသမားကောင်း တစ်ယောက်ပါ။ စိုးမြတ်မင်းပီးတဲ့နောက် မြန်မာ အသင်းရဲ့  ဂိုးသွင်းစက် ဟာ ………  ကလပ် အသင်း ကဖြစ်စေချင်ရင် ……… အသင်း အနေနဲ့  ဂိုးရဖို့  နိုင်ငံခြားသား ကို အားကိုးနေ ရတဲ့အသင်း ဘ၀က လွတ်အောင် ကြိုးစားဖို့ လိုအပ်နေ ပါပြီ။
အနာဂတ် MNL မှာ ဂိုးသွင်းကောင်းတဲ့ ကိုကိုဟာ  အာဖရိကန်လား၊ အနောက်တိုင်းက လူဖြူတွေ လား ၊ ဒါမှမဟုတ် ……………
လက်ရွေးစင် အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြကြီး က တိုက်စစ်မှုး ရွေးချယ်ဖို့ ကြည့်လိုက်တဲ့ အခါ MNL မှာ ဂိုးတွေသွင်းနေတာ က ဘယ်မှာလဲ မြန်မာ။ MNL မှာတောင် ကောင်းကောင်း ပွဲထွက်ခွင့် မရပဲ တစ်ရာသီလုံးမှ ၄ / ၅ ဂိုးလောက် သွင်းတဲ့ တိုက်စစ်မှုးကို လက်ရွေးစင် နည်းပြက ဘယ်လို လူရွေး ရမလဲ။ ပွဲတိုင်း ၄-၅-၁ ကစား ရမှာလား။ နိုင်ငံခြားသားကိုပဲ နိုင်ငံသား ခံယူ ခိုင်းရတော့ မလား။ ယူ – ၂၃ မှာ ဖန်တီးလို့ ရနိုင်ကောင်း ရနိုင်ပါ လိမ့်မယ်။ လက်ရွေးစင် အတွက်တော့ မလွယ်လောက် ပါဘူး။
မြန်မာ တိုက်စစ်မှုးတွေ ကိုယ်စား တောင်းဆို ပါရစေ။ ပွဲထွက်ခွင့်လေး ပေးပါ ။ ကျွန်တော်တို့ လည်း ဂိုးသွင်း ချင်ပါတယ်။ နိုင်ငံခြားသားတွေပဲ ဂိုးသွင်းတော့ ကျွန်တော်တို့ မျက်နှာငယ် ရတယ်။ အသင်းငယ်တွေနဲ့ တွေ့ တဲ့ ပွဲတွေတောင် ကျွန်တော်တို့ ကို line up မထုတ်ချင်တော့ ဘူးလား။ မျိုးလှိုင်ဝင်းးတို့  စိုးမြတ်မင်း တို့ လို     ဂိုးသွင်းကောင်းတဲ့ ကိုကို ဖြစ်ချင်လှ ပါတယ်ဗျာ။ တစ်နေ့ နေ့ တစ်ချိန်ချိန် မျိုးလှိုင်ဝင်း လို နည်းပြ တစ်ယောက်ဖြစ်လာတဲ့ အခါ ကစားသမားတွေ ကို ငါဟာ MNL မှာ တစ်ရာသီ ၅ ဂိုး သွင်းပီး ယူ၂၃ မှာတော့ နည်းနည်း ပါးပါး သွင်းဖူးတယ်။ လက်ရွေးစင် မှာတော့ တစ်သက်တာမှာ ၅ဂိုး သွင်း ခဲ့ဖူးတယ်လို့  ပြောရမှာ ရှက်စရာ ကောင်း လို့ ပါ ဗျာ။
ရေးသားသူ ~ ကောင်းမြတ်သူ
 Posted by on July 4, 2012
www.myanmarstriker.com  မှာ ရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့  ဆောင်းပါးလေးပါ  ။  
 ဒီမှာဝင်ကြည့်နိုင်ပါတယ် ။