ယနေ့ ပွဲမှာ စတင်ကိုင်တွယ်ခဲ့တဲ့ ရန်ကုန်အသင်းရဲ့နည်းပြသစ် အိုင်ဗန်ကိုလဗ်
ရန်ကုန် ယူနိုက်တက် အသင်း၏ ပွဲထွက် ကစားသမား စာရင်း....
ဂိုး - နိုင်ဇေယျာထွန်း
နောက် - ဒေးဗစ်ထန်း၊ အောင်သိုက်၊ နီကိုလာ၊ ပြည့်ဖြိုးအောင်
လယ် - ရန်အောင်ကျော်၊ ရာဇာဝင်းသိန်း၊ ခင်မောင်လွင် (အသင်းခေါင်းဆောင်)
ရှေ့ - ကြည်လင်း၊ နယူချီ၊ ဆီဇာ
ကွင်းအတွင်းရောက်ရှိနေကြသော ရန်ကုန်ပရိသတ်များ
ပွဲချိန် ၁၅ မိနစ်မှာ ရန်ကုန် တောင်ပံ ကစားသမား ကြည်လင်း ကွင်းလယ်မှ ညာတောင်ပံ တောက်လျှောက် မရပ်မနား ဆွဲပြေးပြီး ဂိုးရှေ့ ဖြတ်တင်ပေးသည်ကို နယူချီက တစ်ချက် ဖမ်းထိန်း ကန်သွင်းကာ ရန်ကုန် အသင်း ဗွေဆော်ဦးဂိုး စတင် ရရှိခဲ့ ပါတယ်။
ရန်ကုန် အသင်း တရစပ် တိုက်စစ်ဆင် ကစားရာ ပွဲချိန် ၄၂ မိနစ်တွင် ဟံသာဝတီ ဂိုးရှေ့ ရှုပ်ရှက်ခတ် အနေအထားမှ ရာဇာဝင်းသိန်းက ရန်ကုန် အတွက် ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၇၅ မိနစ်တွင် ဟံသာဝတီ နောက်ခံလူ အောင်ဇေယျာဦးရဲ့ ပြစ်ဒဏ်ဘော တင်ပို့မှုကို အောင်မိုးက ခေါင်းတိုက်ပြီး ဟံသာဝတီ အသင်း ချေပဂိုး တစ်ဂိုး သွင်းယူခဲ့ ပါတယ်။
ရန်ကုန်ကစားသမားများရဲ့  ကစားဟန်
No comments:
Post a Comment