ငတုံးနဲ့  ငတိတို့ 
မိတ်ဆွေ ဖြစ်သွားကြ ပြီးသကာလ မကြာခဏ ဆိုသလို တွေ့ ကြ ဆုံကြ စကား လက်ဆုံကျ
နေကြ ဖြစ်လေ သည် ။ ငတုံး သည်လည်း ယခင် လို မတုံးတော့ပေ။ တစ်စ
တစ်စ သူမြင်သမျှ တွေး သမျှ ဘောလုံးလောက အကြောင်း ဖေါက်သည် ချတတ်
လာပြီဖြစ်၏ ။ သို့နှင့် တစ်နေ့ တွင် မူ ငတုံးနှင့် ငတိ တို့ သည် သူတို
့နှစ်ဦး ထိုင်နေကျ လက်ဘက်ရည် ဆိုင်ဝယ် ဒုတိယ အကြိမ်မြောက် ဆွေးနွေး ပွဲကို
ပြုလုပ် ခဲ့ကြပေတော့ သည် ။
ဆွေးနွေးပွဲ
ဖြစ်မြောက်ရေး စတင် နိဒါန်းပျိုး သူက ငတုံး ဖြစ်၏ ။ ငတုံးက စကား စ၏ ။ “
ဟိုသတင်း ကြားပြီး ပြီလားကိုယ့်လူ ။ အိုမန် က ယူ၂၂ အာရှ ဖလား အတွက်
အိမ်ရှင် အဖြစ် အရွေး ခံလိုက်ရ ဘီတဲ့ ဗျ”
ငတိ ။ ။ ဘယ်လို
ဗျ။ ဟုတ်လား ။ အင်တာနက် သတင်းတွေ မှာတော့ မတွေ့ မိသေး ပါဘူးဗျာ ။ တို့ 
မြန်မာ က အိမ်ရှင် အဖြစ်လျောက် ထားတယ် မဟုတ်လား ။
ငတုံး ။ ။
ဟုတ်တယ် ဗျ။ ကျွန်တော်လည်း သတင်းကြား မိတော့ အံ့သြ မိတယ်လေ။ တကယ်တော့ ဗျာ
အိမ်ရှင် အဖြစ်လျောက် ထား ထားတဲ့ နိုင်ငံတွေ က မြန်မာ၊
ထိုင်းနဲ့ အိုမန်ဗျ။ ထိုင်း ကခြေစစ်ပွဲ မအောင်လေတော့ သူ့ ကိုတော့
မရွေးသင့် ဘူးပေါ့ဗျာ ။ အိုမန်နဲ့  မြန်မာ ကတော့ ခြေစစ် ပွဲအောင်တယ် ဗျ ။
ဒါပေမယ့် အိုမန် က အကောင်းဆုံး အုပ်စု တတိယ အဖြစ် ခြေစစ် ပွဲအောင်လာတဲ့
အသင်း ပါဗျာ။ ကျွန်တော်တို့ မြန်မာ အသင်းလို အဆင့် ရှိရှိ ခြေစစ် ပွဲအောင်
လာတာမှ မဟုတ်ပဲ ။
ငတိ ။ ။ အင်း
ခင်ဗျားပြော တာတော့ ဟုတ်သ လိုပါပဲ ။ ပြိုင်ပွဲက ၂၀၁၃ ဆိုတော့ ကျွန်တော်
တို့ ဆီမှာလည်း အဲ့ဒီ အချိန်ဆို ဘောလုံး ကွင်းသစ်တွေ တည်ဆောက်ပြီး စီးနေ
ဘီလေ ။ နောက်တစ်ချက် က ခြေစစ်ပွဲ ပွဲစဉ်တွေ ထဲမှာ ကျွန်တော် တို
့မြန်မာနိုင်ငံ မှာ ကစားတဲ့ ပွဲစဉ်တွေ က လူဝင် အများဆုံး ဖြစ်ခဲ့တာ မဟုတ်
လားဗျာ ။ ဘယ်လို စံနှုန်းတွေနဲ့  ရွေးခဲ့ သလဲ ဆိုတာတော့ ပြောရ ခက်ပါ တယ်လေ
။ ကျွန်တော် တို့ နိုင်ငံ က အိမ်ရှင် အဖြစ်လျောက် ထားတာ နောက်ကျ သွားလို
့လဲ ဖြစ်နိုင် တယ်ဗျ ။
ငတုံး ။ ။ ဒါထက်
စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခု ရှိသေး တယ်ဗျ ။ အဲ့ဒါက ခြေစစ် ပွဲဝင်ပြိုင်
သွားတဲ့ မြန်မာ ကစားသမား တစ်ချို့ က အသက် ၁၉နှစ်ပဲ ရှိသေးတယ် ဆိုပဲဗျ ။
ဒီလို ဆိုရင်တော့ နောက် လာမယ့် ၂၀၁၅ ဆီးဂိမ်းထိ ၀င်ပြိုင် ဦးမယ် ဆိုတဲ့
သဘော ပဲဗျ ကိုယ့်လူ ။
ငတိ ။ ။
ဒီကိစ္စ ကတော့ ကျွန်တော် တို့ ပြောတာ အပ်ကြောင်းလည်း ထပ်နေပါ ဘီဗျာ ။
ထားလိုက် ပါတော့လေ ။ အခု မြန်မာ့ဘောလုံး ပရိသတ်တွေ က အရင်လို ဘာမသိ ညာမသိ
မှ မဟုတ်ကြတော့ တာပဲဗျာ။အရင် တုန်း ကတော့ ပြည်တွင်း ၀န်ကြီး ဋ္ဌာန
ပြိုင်ပွဲတွေ မှာ အားပေးတဲ့ ပရိသတ် ကလည်း ကြိတ်ကြိတ်ကျဲ ဆိုတော့ ဘယ်ကစား
သမားက အသက် ဘယ်လောက် ရှိမှန်း ဘယ်သူမှ သိပ် မသိကြ ဘူးလေဗျာ ။
ငတုံး ။ ။ ဘယ်လို ဘယ်လို ကိုယ့်လူ ကြိတ်ကြိတ်ကြဲ ဆိုတာ ဘာ တုန်းဗျ ။ ကြိတ်ကြိတ်တိုး ပဲ ကြားဖူး ပါတယ်ဗျာ ။
ငတိ ။ ။
အော်ဗျာ ။ ခင်ဗျား ကလည်း နားဝေး လိုက်တာ ဟိုနား
လေးငါးယောက် ဒီနားလေးငါးယောက် နဲ့  နေရာ ကွက်ကြား မိုးထစ်ချုန်း ရွာ
ဆိုသလို ခပ်ကြဲကြဲနဲ့  ကွင်းလုံးပြည့် အားပေး တာမျိုးပေါ့ ဗျ။ အဲ့ဒီ တုန်း
ကတော့ ကစားသမားတွေ အသက် မပြောနဲ နာမည်တောင် သိပ် သိတာ မဟုတ်ဘူုးလေ ။
လက်ရွေးစင် ဖြစ်တော့ မှသာ လူသိ ကြတာ။ အခု ကျတော့ ကစားသမားတွေ ကလည်း
ခေတ်မှီ လာကြ ဘီဗျ ။ အင်တာနက်ပေါ် ထိ လူသိ ရှင်ကြား ဖြစ်လာကြပြီ ဆိုတော့
သူတို့ ရဲ့  မွေးနေ့ မွေးရက် အတိ အကျ ကို ပရိသတ်က သိနေကြ ပြီပေါ့ဗျာ ။
ဘာပဲဖြစ်ဖြစ် ၁၉ နှစ် ဆိုတော့လည်း ၁၉နှစ်ပေါ့ ဗျာ။ မလေးရှားဘောလုံး
အဖွဲ့ချုပ် ကတောင် သက်သေ အထောက် အထား ရှာမတွေ့ ပါဘူး လို့ ဆိုထား တာပဲ
မဟုတ်လားလေ ။
ငတုံး ။ ။ ဟုတ်ပါ
တယ်ဗျာ ။ ကျွန်တော် တို့ လည်း ဘာပဲ ဖြစ်ဖြစ် ယူ၂၂ ပွဲစဉ်တွေ ကွင်းထဲ ထိ
သွားကြည့် ခဲ့ကြ ပျော်ခဲ့ကြ တာပဲ မဟုတ်လား ဗျာ။
ငတိ ။ ။
ခင်ဗျားပြောမှ သတိရ တယ်ဗျာ ။ မြန်မာ – မလေးရှား အုပ်စုနောက်ဆုံး ပွဲစဉ်
အကြောင်း ဖေါက်သည် ချရဦးမယ် ကိုယ့်လူရေ ။ အဲ့ဒီနေ့ က ညနေဘက် ၄နာရီ ထိုးခါ
နီးလောက် ကွင်းကိုရောက် သွားတယ်။ ၆နာရီ ၁၅မိနစ် ကန်မယ့် ပွဲကို ၄နာရီ
မထိုးသေးဘူး အထူးတန်း လက်မှတ် ကုန်ဘီ တဲ့ဗျာ ။ ဒါနဲ့ ပဲ မှောင်ခို
ဘက်ခြေဦး လှည့်ရတော့ တာပေါ့ဗျာ ။ မှောင်ခို က အထူးတန်း ၄၀၀၀၊ ရိုးရိုးတန်း
၂၅၀၀ တဲ့လေ။ ကျွန်တော် တို့ က စုစုပေါင်း ၃ယောက် သွားတာ
ဆိုတော့ ၄၀၀၀ဆိုရင် ၁၂၀၀၀ ကျမယ်ဗျာ ။ ပြီးတော့ အထူးတန်း ကလည်း ပြည့်ကျပ်နေ
မှာပဲ ဆိုပြီး ရိုးရိုးတန်း လက်မှတ်ပဲ ၀ယ်လိုက် တယ်ဗျာ။ အဲ့ဒီမှာ ကံဆိုး
တာပဲဗျို့ ။ လက်မှတ် ကိုဝယ် ပြီး သေခြာ မကြည့်လိုက် မိဘူး ။ ကွင်းထဲ အ၀င်
လက်မှတ်ပေးတော့ မှ ကိုယ့် လက်မှတ် ကိုယ်ပြန် ကြည့်မိတော့ ….. အမလေး
ဗျာ လက်မှတ် မှာ ရေးထား တာက တရုတ် တိုင်ပေ – ဗီယက်နမ် တဲ့ဗျာ ။
အောင်ဆန်းကွင်း မှာ ၃နာရီ ခွဲတဲ့ ။ လက်မှတ် စစ်က မြန်မာ လို့ ရေး ထားတာ
မပါရင် မရဘူး တဲ့။ ကျွန်တော်တို့ ၃ယောက် ဘာလုပ် လို့ ဘာကိုင် ရမှန်း
မသိတော့ ပါဘူးဗျာ။ ဘာ မဟုတ်တဲ့ လက်မှတ် အတုကို ကျွန်တော် တို့  ၂၅၀၀
ပေးပြီး ၀ယ်ခဲ့ ရတာ ပါလား ဆိုတာ အဲ့ဒီကျ မှပဲသိတော့ တယ်ဗျာ ။ ဒါနဲ့ပဲ
လက်မှတ်စစ် ကို အဲ့ဒီ လက်မှတ် ၃စောင် အတင်းပေးပြီး ၀င်ခဲ့ တယ်ဗျို့ ။
ကျွန်တော် တို့ လို ပရိသတ်တွေ မှောင်ခိုရောင်း သူတွေ ဆီ အလု အယက် ၀ယ်နေကြ
သူတွေလည်း မနည်း ဘူးဗျ။ သူတို့လည်း ဘယ်လို လုပ်ကြတယ်တော့ မပြောတတ်
ပါဘူးဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကွင်းထဲရောက်ပြီ ဆိုတော့ စိတ်အေး သွားရ ပါဘီ။
ကွင်း ထဲရောက်တော့ ဆောက် လက်စ ပွဲကြည့် စင်ပေါ်က တက်ကြည့် တာ မိုက်မှ
မိုက်ဗျာ ။ အထူးတန်း ထက် ၁၀ဆ သာပါတယ် မြင်ကွင်း ကတော့ တကယ့် ရှယ်ပါ ပဲဗျာ
။ အဲ အဲ့လို သာယာနေ လို့  မကြာခင် မှာပဲ ရဲတွေရောက် လာပြီး ကျွန်တော် တို
့ကို အောက် ဆင်းခိုင်း ပါလေေ၇ာ ဗျာ ။ မဆင်းရင် ပွဲစလို့ မရဘူး တဲ့လေ။
အဲဒါနဲ့  ဘုံပျောက် ပြီး အောင်ပြန် ဆင်းခဲ့ရ ပါလေရော ဗျာ။ ဒါပေမယ့် ထုံးစံ
အတိုင်း ရဲတွေ ပြန်ထွက် သွားတော့ အပေါ် ပြန်တက် တာပေါ့ဗျာ ဟဲဟဲ ။
ငတုံး ။ ။
ကျွန်တော် လည်း ဒီလို ပါပဲဗျာ။ အထူးတန်း လက်မှတ်ကို ၅၀၀၀ပေးပြီး ကြည့်ခဲ့
ရတယ် ။ စိတ်ပျက် စရာ ပါဗျာ ။ ကွင်းထဲမှာ ဘယ်နားနေ လို့နေရ မှန်းမသိ။
ဒီကြားထဲ ကွမ်းစားပြီး စည်းမဲ့ ကမ်းမဲ့ ဟိုထွေး ဒီထွေး လုပ်တဲ့ သူကြောင့်
ကျွန်တော့် အကျီ င်္လေး လက်သည် မပေါ်ပဲ ကွင်းတံတွေးတွေ စွန်းခဲ့လို့  ၀တ်လို
့မ ရတော့ပဲ လွင့်ပစ် လိုက်ရပါ ပကောဗျာ ။
ငတိ ။ ။
ဒါတော်သေး တာပေါ့ ကိုယ့်လူရယ် ။ ကျွန်တော် တို့ ရိုးရိုးတန်း ဘက်က goal
score ထိုးတဲ့ ဘုတ်ကြီးအောက် မှာ အဲ့နေ့ က အခပေး အိမ်သာများ ဖွင့်ထား
လားအောက်မေ့ ရပါ တယ်ဗျာ။ အပြန် အဲ့ရှေ့ က ဖြတ်ပြန်တော့ လူကကြပ် ပြီး
ရှေ့ မြန်မြန်လဲ သွားလို့ မရ မတတ်သာတဲ့ အဆုံး ကိုယ့် အင်္ကျီနဲ့ကိုယ်
နှခေါင်း ကို အုပ်ပြီး မနည်း အသက်အောင့်လျောက် ခဲ့ရ တယ်ဗျာ။ ဟိုကြေငြာ
သွား သတိရမိ ပါတယ် ကိုယ့်လူရေ၊ ကိုသားကြီး ကြေငြာ တဲ့ ကမ္ဘာကျော် တန်ဖိုး
ကြီးရေမွှေးတွေ ရဲ့ အနံ့ နဲ့  တစ်ထပ် တည်းပဲ ဆိုတာလေ။ ဒါတင် ဘယ်က မလဲဗျာ ။
အပြန် တစ်လမ်းလုံး လဲ ဗွက်တွေနဲ့  ညစ်ပတ် လိုက်တာလွန် ပါရော။ ဒီကြားထဲ တစ်
ချို့ ကြောင်တောင်တောင် ဘဲတွေက ကာထား တဲ့ သွပ်ပြားတွေ တစ်အုံးအုံး ထုပြီး
မြန်မာမြန်မာ အော်နေ ကြတာ နားကို ကွဲမတတ် ပါပဲဗျာ။ အဲဒီ ကတည်းက သံဝေဂ
ရသွား ပါတယ်။ ဘာပွဲပဲ ဖြစ်ဖြစ် ဒီပုံစံတိုင်း ဆိုရင်တော့ ရိုးရိုးတန်း ဆို
ဝေါင်ဝေါင်ရှေး မယ်ဗျို့။
ငတုံး ။ ။
ကျွန်တော် တို့ အထူးတန်းရော ဘာထူး သတုန်းဗျာ။ အမျိုး သမီး အိမ်သာ မရှိတော့
တစ်ချို့  အမျိုးသမီးတွေ ကျွန်တော် တို့  အမျိုးသား ပြတိုက်ထဲ ၀င်၊
ဝင်လာလို့  ကျွန်တော် တို့  ယောက်ျားတွေတောင် မျက်နှာ ဘယ်ထား ရမှန်း
မသိ ဖြစ်ရပါ တယ်ဗျာ။ ဒါတင် ဘယ်ကမ လဲဗျာ ။ သန့် စင်ခန်း မှာ ရေးထားတဲ့
“သောက်ရေ” ဆိုတဲ့ အဲ့ဒီ နေရာ မှာ ဘာတွေ လုပ်တယ် ဆိုတာတော့ ဘောပွဲ
ကြည့်ဖူးတဲ့ သူတိုင်း သိပါ တယ်ဗျာ။
ငတိ ။ ။ အေးပေါ့လေ ။ မှန်လုံ
ခန်းထဲက ကြည့်တဲ့သူတွေ ကတော့ ဘယ်သိပါ့ မလဲဗျာ။ လက်ဘက်လေး စားလိုက် ၊
အအေးလေးသောက် လိုက်နဲ့ အဆင် ကိုပြေ လို့ ပေါ့ဗျာ။ ခင်ဗျားပြော သလို
ကွင်းထဲ က အဆင့်မှီ မီးမှောင်းကြီးမှ မထောက် သန့် စင်ခန်း က တော်တော်
ဆိုးတာတော့ အမှန်ပါ ပဲဗျာ။
ငတုံး ။ ။
ဒါပေါ့ဗျာ ။ နိုင်ငံခြား သားတွေ လည်း တစ်ခါ တစ်ခါ လာလာ အားပေးတာ တွေ့ မိ
ပါတယ်။ ဒီတိုင်း ဆို သူတို့ အတွက်လည်း အဆင် မပြေနိုင် ဘူးလေ ။ ကိုယ့်လူတွေ
ကလည်း တွေ့ ရာ နံရံ ပိုးသတ်ဆေး ဖြန်းနေတော့ အမြင် မတော်ဘူးပေါ့
ဗျာ။ ဆူဇူကီးခြေစစ် ပွဲတွေ လည်း ကျင်းပ ဦးမယ် ဆိုတော့ ပြင်စရာ ရှိတာ
မြန်မြန် ပြင်ကြဖို့တော့ လိုမယ် ဆရာရေ။
ငတိ ။ ။ ဟုတ်ပါ တယ်ဗျာ။ မျက်နှာ သနပ်ခါး ပေါင်ဂျေးကြောင်း ဆိုသလို မဖြစ်ဖို့  လိုတာပေါ့ ဗျာ။
ငတုံး ။ ။ ဒါနဲ
့ဗျာ ရန်ကုန် ယူနိုက်တက် အသင်း က ကြီးမှူး ကျင်းပတဲ့ Elite Tech Sunday
League 2012 ပြိုင်ပွဲ ပြီးဆုံးလို့ air bagan အသင်း ဗိုလ်စွဲတဲ့ သတင်းရော
သိလိုက်သေး လားဗျ။
ငတိ ။ ။ သိပါ့
ကိုယ့်လူရာ ။ ကျွန်တော် က မြန်မာ့ဘောလုံးလောက နဲ့  ပက်သက်လို့  အားနည်း
ချက်တွေပဲ လိုက်ဝေဖန်နေတာ မဟုတ်ပါဘူး။ ကောင်း သတင်းလေးတွေ လည်း အမြဲ
နားစွင့်နေ တာ ပါဗျ ။ အဲ့ဒီ elite ပြိုင်ပွဲမှာ ထူးခြား တာက ဆုရတဲ့ အသင်းက
ရတဲ့ ဆုငွေကို လူမှု အကျိုးပြု လုပ်ငန်းတွေ မှာ လှူကြ တယ်ဗျ ။ အဲ့ဒီမှာ
ပိုပြီး ထူးခြားတာ တစ်ခုက အားကစား မီဒီယာတွေ စုပေါင်းပြီး spot media
ဆိုတဲ့ အသင်း တစ်ခု ပါဝင် ယှဉ်ပြိုင် ခဲ့တယ်ဗျ ။ plus forever , forever ,
olympic , 7day , fighter , myanmar special , highlight , inside , first
line – up အစုံ ပါပဲဗျာ။ MFF က မီဒီယာ ဆရာကြီး အိုကိုချာတောင် ပါသေး
တယ်ဗျာ ။
ငတုံး ။ ။ ဟုတ်လားဗျ၊ ဘယ်လိုလဲ ဆရာ သူတို့ခြေစွမ်း က ကောင်းလား၊ ဆုတွေ ဘာတွေရော ရသေး လားဗျ။
ငတိ ။ ။ အော်
ကိုယ့် ဆရာရယ် မီဒီယာသမားတွေ ဆိုတာ က ဝေဖန်မယ် အကြံပေးမယ် သတင်းဖေါ်ပြမယ်
ဆိုတာလောက် ပဲ သိတာပေါ့ ဗျ ဘောလုံး သမား စစ်စစ်တွေ မဟုတ်လေတော့
ခြေစွမ်းခြေစတော့ ဘယ်ကောင်း ပါ့မလဲ ။ ဒါပေမယ့် လေးစား ဖို့ ကောင်းတာ က
ပွဲစဉ် တစ်လျောက် မှာ အ၀ါကတ်တောင် တစ်ကတ်မှ မထိပဲ ကစားနိုင် ခဲ့တယ်ဗျ ။
ဒါကြောင့် အသန့်ရှင်းဆုံး ဆုရ ခဲ့တယ်လေ ။ အဲ့ဒီ ရတဲ့ ဆုကြေး ၄၄၀၀၀၀ အပြင်
ကစားသမားတွေ ရဲ့ စုပေါင်း ထည့်ဝင်ငွေ ၂သောင်း ၊ စုစုပေါင်း ၄၆၀၀၀၀ ကို
ရခိုင်ဒေသ ပြန်လည် ထူထောင်ရေး အတွက် ရုပ်ရှင် အစည်းအရုံးက တဆင့် လှူဒါန်း
ခဲ့တယ် တဲ့ဗျာ။
ငတိ ။ ။ ဂုဏ်ယူ
ဝမ်းသာစရာ သတင်း ပါပဲဗျာ။ မီဒီယာလောက အတွက် တကယ့်ကို ဂုဏ်တက်စေ တာပေါ့ဗျာ။
လိုအပ်တာတွေ့ ရင် ကောင်းစေချင်တဲ့ စိတ်နဲ့  ဝေဖန်လေကန် တတ်တဲ့ မီဒီယာတွေ
ဟာ ကိုယ်တိုင် လည်း ကောင်း ရာကောင်း ကျိုးကို လိုလား သူတွေ ဆိုတာ လက်တွေ
့ပြလို က်တာပေါ့ဗျာ ။
ငတိ ။ ။
ဒါပေါ့ဗျာ ။ စတုတ္ထ မဏ္ဍိုင် ဆိုတဲ့  မီဒီယာတွေ က စံပြ အဖြစ် အမြဲ ရှိနေရ
မှာပေါ့ ဗျာ။ ကဲ ကိုယ့်လူရေ ကျွန်တော် တို့  ပြောတာ လည်း တော်တော်လေး
များသွားပြီ။ နောက်တစ်ခေါက် မှပဲ အခြား ကျန်တာလေးတွေ ကို ဆွေးနွေး ကြသေး
တာပေါ့ဗျာ။
ငတုံး ။ ။
ဟုတ်ကဲ့ဗျာ ။ ပြောမယ် ဆိုရင်တော့ ပြော စရာတွေ က တောင်ပုံ ရာပုံ ပါပဲ။
ယောက်ခမ နဲ့  တစ်ထောင့် တစ်ည ပုံပြင် လို ပြောမဆုံးပေါင် တော သုံးထောင်
ပါဗျာ။ အခုတော့ ၇န်ကုန် – မကွေး ပွဲစဉ်လေး အားပေး ရဦး မှာမို့  ဒီ
တစ်ခေါက်တော့ ဒီလောက် နဲ့ပဲ တော်ကြ ဦးစို့ ဗျာ။
———
ရေးသားသူ - ကောင်းမြတ်သူ
Myanmar Striker www.myanmarstriker.com မှာ ကျွန်တော်ရေးသားခဲ့တဲ့ ဆောင်းပါးပါ ။
ဒီမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ် ။
No comments:
Post a Comment