အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.
Showing posts with label ပွဲကြိုခန့် မှန်းသုံးသပ်ချက်များ. Show all posts
Showing posts with label ပွဲကြိုခန့် မှန်းသုံးသပ်ချက်များ. Show all posts

ပြည်တွင်းဆုဖလားအားလုံး ဆွတ်ခူးရယူပိုင်ဆိုင်ဖူးသည့် တစ်ခုတည်းသောအသင်း ရန်ကုန်ယူနိုက်တက်ကို ယနေ့ မြင်တွေ့ ရပေမည်

ဆဌမ အကြိမ် MNL ဘောလုံးရာသီ စတင်ပါပြီ ။ ဒီကနေ့ မှာတော့ ယမန်နှစ်က အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ချစ်သော ရန်ကုန်ယူနိုက်အသင်းနဲ့  ရှုံးထွက်ဖလားချန်ပီယံ ဧရာဝတီတို့   ကွန်မြူနတီဖလားပွဲအဖြစ် ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ် ။ ရန်ကုန်ယူနိုက်တက်အသင်း အနေနဲ့  လက်ရွေးစင် ၂ဦး လက်လွှတ်ထားရသလို ဧရာဝတီအသင်းအနေနဲ့လည်း မနှစ်က ရှုံးထွက်ဆုဖလားရယူခဲ့ရာမှာ စွမ်းစွမ်းတမံ လက်စွမ်းတွေပြခဲ့တဲ့  လက်ရွေးစင်ဂိုးသမားကြီးကို လက်လွှတ်ထားရပါတယ် ။ ဒါပေမယ့် ဒီနေ့ ပွဲစဉ်ဟာ အသင်းကြီး ၂သင်းရဲ့  ထိပ်တိုက်တွေ့ ဆုံမှုဖြစ်သလို ချန်ပီယံ ၂သင်းရဲ့  ဗိုလ်လုပွဲလည်းဖြစ်တာကြောင့် အကြိတ်အနယ်ရှိမယ်ဆိုတာ အသေအခြာပါပဲ ။ ရန်ကုန် နဲ့  ဧရာဝတီတို့  မနှစ်က ရာသီအဖွင့်ပွဲမှာ တွေ့ ဆုံခဲ့ကြပေမယ့်လည်း ဖလား၂လုံးချန်ပီယံ ရန်ကုန်နဲ့  အမှတ်ပေးဖလား အဆင့် ၂ ဧရာဝတီတို့  ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ် ။  ဒီနှစ်မှာတော့ ချန်ပီယံ အသင်း ၂သင်းအဖြစ် ယှဉ်ပြိုင်ကစားကြမှာဖြစ်တာကြောင့် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။

ရန်ကုန်ယူနိုက်တက်အသင်း အနေနဲ့  ခြေစမ်းပွဲတွေမှာ ရလာဒ်မကောင်းခဲ့သလို ဧရာဝတီအသင်းကလည်း ရလာဒ်မကောင်းခဲ့ပါဘူး ။ ဒါကြောင့် ဒီပွဲစဉ်ကိုအနိုင်ယူပြီး ရာသီအစမှာ မျက်နှာပန်းလှစေဖို့  အစွမ်းကုန်ရုန်းကန်ကြမယ်လို့  တွက်ဆလို့ ရပါတယ် ။အဓိကကစားသမားတွေ ရောင်းထုတ်လိုက်လို့   အသင်းပရိသတ်တွေရဲ့  စိတ်ပျက်နေမှုကို ပြန်လည်ဖြေသိမ့်နိုင်ဖို့ လည်း  ၂သင်းလုံးလိုအပ်နေတာကြောင့် ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြမယ်လို့  မျှော်လင့်ရပါတယ် ။ ဧရာဝတီအသင်းအဖြစ် အမည်ပြောင်းလဲယှဉ်ပြိုင်ခဲ့တဲ့နောက်မှာ ရန်ကုန် - ဧရာဝတီ တွေ့ ဆုံမှုတွေဟာ နောက်ဆုံးမိနစ်မရောက်ခင်ထိ အနိုင်အရှုံးမသိနိုင်တဲ့  တကယ့်ပွဲကြီးပွဲကောင်းတွေ ဖြစ်ခဲ့ပါတယ် ။ သို့ ပေမယ့် နောက်ဆုံး  တွေ့ ဆုံမှုမှာတော့ ချန်ပီယံမျှော်လင့်ချက်မရှိတဲ့  ဧရာဝတီကို ရန်ကုန်တို့  ဂိုးပြတ် အနိုင်ယူထားနိုင်ခဲ့ပါတယ် ။ ဒါကြောင့် ဧရာဝတီတို့  ဒီနေ့ ပွဲမှာ ရှုံးကြွေးဆပ်ရမယ့်အနေအထားပါ ။ တစ်ဖက်ကပြန်ကြည့်ရင်လည်း ရန်ကုန်အသင်းဟာ မနှစ်က အခုလို ကွန်မြူနတီဖလားပွဲ ဧရာဝတီနဲ့ တွေ့ ဆုံမှုမှာ ဂိုးတွေသွင်းနိုင်ခဲ့ပြီးမှ own goal တွေပေးရပီး ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ပါတယ် ။ ဒါကြောင့် ဒီပွဲဟာ ရန်ကုန်အတွက် ဧရာဝတီကို ပြန်လည်လက်စားချေရမယ့်ပွဲလို့ လည်း ဆိုနိုင်ပါတယ် ။


ဧရာဝတီအသင်းဟာ အသင်းလိုက်ကစာပုံကောင်းမွန်တဲ့အသင်းဖြစ်သလို ရန်ကုန်အသင်းက ကစားသမားတွေဟာလည်း တစ်ဦးချင်းစွမ်းရည် ထက်မြက်သူတွေ ဖြစ်တာကြောင့် ဒီပွဲစဉ်မှာ ၂သင်းစလုံး တစ်ဖက်သက်အသာရဖို့  မဖြစ်နိုင်ပဲ အကြိတ်အနယ်ကစားရမှာပါ ။ ရန်ကုန်အသင်းရဲ့  အသစ်ခေါ်ယူထားတဲ့ကစားသမားတွေဖြစ်တဲ့  ဂျနိုဆီယမ် ၊ ကိုနေးအဒမ်မာနဲ့  အောင်မိုးတို့  အသင်းနဲ့  အံဝင်ခွင်ကျကစားနိုင်ခြင်းရှိမရှိက ဒီပွဲရဲ့ အဆုံးအဖြတ် ဖြစ်လာမှာပါ ။ ဧရာဝတီကို ဟက်ထရစ်သွင်းပြီး ရန်ကုန်ယူနိုက်တက်ကို ချန်ပီယံဖြစ်စေခဲ့တဲ့  ကြည်လင်းတစ်ယောက် ဒီပွဲစဉ်မှာတော့ တိုက်စစ်မှုးအဖြစ် ပါဝင်ကစားမှာမဟုတ်ပဲ တောင်ပံကစားသမားအနေနဲ့  ပွဲထွက်လာဖို့ ရှိတာကြောင့် ရန်ကုန်အသင်းဂိုးရဖို့ကတော့ နိုင်ငံခြားသားတိုက်စစ်မှုး၂ယောက်ကိုသာ အားကိုးရပါလိမ့်မယ် ။ 
ရန်ကုန်ယူနိုက်တက်အသင်းရဲ့  ဖြစ်နိုင်ဖွယ်ရာ လူစာရင်းကတော့ ဒီလိုပါ ။

                                          

                                          ကိုနေး                                  ဆီဇာ



    ကြည်လင်း                                       ရာဇာဝင်းသိန်း                              အောင်မိုး



                                                            ခင်မောင်လွင်



ပြည့်ဖြိုးအောင်                                                                                                 ဒေးဗစ်ဒန်း


                                      ဂျနိုဆီယမ်                              အောင်သိုက်         


                                                               နိုင်ဇေယျာထွန်း          


                Air Bagan ဖြစ်ရပ်ဆိုး အပါအ၀င် လက်ရွေးစင်ကစားသမားလက်လွှတ်ဆုံးရှုံးမှု  ၊ ခြေစမ်းပွဲရလာဒ် ဆိုးရွားမှု တွေကြောင့် ရန်ကုန်အသင်းကြုံတွေ့ ခဲ့ရတဲ့   စိတ်ပျက်ဝမ်းနည်းဖွယ်ရာ အခြေအနေတွေကို မေ့ပျောက်ပြီး ဒီနေ့ ပွဲစဉ်မှာ အနိုင်ယူကာ ရာသီအသစ်အဖွင့်ပွဲမှာ ဆုဖလားနဲ့  မင်္ဂလာယူနိုင်ဖို့  အခွင့်အရေးတွေ ရှိနေခဲ့ပါပြီ ။  နည်းပြကြီး အိုင်ဗန်ကိုလဗ်ရဲ့  အကောင်းဆုံး လမ်းညွှန်မှုနဲ့ အတူ  ကစားသမားတွေရဲ့  စိတ်ဓါတ်အင်အားနဲ့  အကောင်းဆုံး  ကြိုးစားအားထုတ်မှုတွေ ၊ ပရိသတ်တွေရဲ့ တခဲနက်အားပေးတဲ့  လက်ခုပ်သံတွေ ၊ ဒိုင်တွေရဲ့ တရားမျှတမှုတွေ ၊ ကံတရားရဲ့  အခြေအနေပေးမှုတွေနဲ့ အတူ  ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ရာသီအစရဲ့  အောင်မြင်မှု ခရီးလမ်းအစကို ဒီကနေ့ မှာ မျက်ဝါးထင်ထင်တွေ့ မြင်ရမယ်လို့  ယုံကြည်မျှော်လင့်မိပါတယ် ။


ပြည်တွင်းဆုဖလားအားလုံး ဆွတ်ခူးရယူပိုင်ဆိုင်ဖူးသည့် တစ်သင်းတည်းသောအသင်း ရန်ကုန်ယူနိုက်တက်ကို ယနေ့ မြင်တွေ့ ရပေမည် ။




အမြဲတမ်းကိုဇွဲကသန်
မလွဲတမ်းဗိုလ်စွဲရရန်
မာန်ဟုန်ပြင်းစွာကန်မည်အမှန်
ရန်ကုန်အသင်းသာချန်ပီယံ ။


Kaung Myat Thu

 

 ဒီနေ့ ပွဲစဉ်ကို  yangon united အသင်းမှ ဒီလင့်ကနေ အချိန်နဲ့တစ်ပြေးညီ သတင်း ဖေါ်ပြပေးပါမယ် ။

 

မြန်မာနေရှင်နယ်လိဂ် လူငယ်အသင်းပြိုင်ပွဲတွင် အောင်ကျော်ထွေး ဂိုးအများဆုံးသွင်းယူထား

MNL Youth Competition 2012 အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၈) ယှဉ်ပြိုင်အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း
ကွင်းလယ်လူ အောင်ကျော်ထွေးသည် သွင်းဂိုး (၈)ဂိုးဖြင့် ဂိုးအများဆုံးသွင်းသူစာရင်းတွင် ဦးဆောင်ထားပြီး ၎င်း၏
နောက်တွင် မကွေး အသင်းမှ ကျော်မြင်ထွန်းက ၇ဂိုးဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

၂၀၁၂ခုနှစ် မေလ ၁၆ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့သည့် MNL Youth Competition 2012 အမှတ်ပေးပြိုင်ပွဲ
တွင် အောင်ကျော်ထွေး၊ ကျော်မြင်ထွန်းတို့ ဂိုးအများဆုံးသွင်းထားပြီး ဇေယျာရွှေမြေအသင်းမှ စိုးပိုင်သွေးမှာ ၆ဂိုး၊
ရတနာပုံ အသင်းမှ ၀င်းနိုင်စိုးမှာ ၆ဂိုး၊ နေပြည်တော်အသင်းမှ ငြိမ်းတေဇာဝင်းမှာ ၅ဂိုးဖြင့် အဆင့် ၃၊ ၄၊ ၅နေရာတွင် အသီး
သီးရပ်တည်နေကြသည်။ MNL Youth Competition 2012 အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၉)မှ ပွဲစဉ်များကို အောက်တိုဘာလ
(၁)ရက်နေ့တွင် ပဒုမ္ပာအားကစားကွင်း၌ မနောမြေနှင့် ရတနာပုံ၊  အောက်တိုဘာလ (၂)ရက်နေ့တွင် ပဒုမ္ပာအားကစားကွင်း၌
ချင်းယူနိုက်တက်နှင့် ဇေယျာရွှေမြေ၊ အောက်တိုဘာလ (၂)ရက်နေ့တွင် စလင်းကွင်း၌  ဇွဲကပင်နှင့် ဧရာဝတီ၊ အောက်တို ဘာလ
(၂)ရက်နေ့တွင် အောင်ဆန်းကွင်း၌  ရက္ခပူရနှင့် ဆောက်သမ်းမြန်မာ၊ အောက်တိုဘာလ (၃)ရက်နေ့တွင် ပဒုမ္ပာကွင်း ၌
နေပြည်တော်နှင့် ရန်ကုန်ယူနိုက်တက်၊ အောက်တိုဘာလ (၃)ရက်နေ့တွင် စလင်းကွင်း ၌  မကွေးနှင့် ဟံသာဝတီ၊ အောက်တို
ဘာလ (၃)ရက်နေ့တွင် အောင်ဆန်းကွင်းတွင် မောရ၀တီနှင့် ကမ္ဘောဇ အသင်းတို့၏ ပွဲစဉ်များကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ကျင်းပပြုလုပ်မည့် MNL Youth Competition 2012 အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၉) ပွဲစဉ်များအားညနေ ၃နာရီအချိန်တွင်
ကျင်းပသွားမည်ဖြစ်သည်။




 www.myanmarnationalleague.com

ပရိသတ်တို့ ပြောတဲ့  ရန်ကုန်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ရလာဒ် ( ၁)

ကျွန်တော်ကတော့ ရန်ကုန် ဧရာဝတီ ပွဲကို ၂- ၀ လို့ ထင်တယ် ။ ကြည် လင်း ၊ ဆီဇာပေါ့ဗျာ ဂိုးသွင်းရှင်တွေက

Kaung Myat Thu


8-0လောက်ပေါ့ဆီဇာက3ဂိုး...ကိုကြည်လင်းက3ဂိုး....ကိုကောင်းစည်သူက2ဂိုး...ဟီးဟီး 
ဧ၇ာဝတီအတွက်.....အင်းသက်သက်ညာညာစဉ်းစားပေး၇၇င်...4-3ူလောက်ပဲသွားမယ်

Aye Chan


ဒိုင်မညစ်ရင် ရန်ကုန်အနိုင်သေချာတယ် ၃-၂

Phonemyat Kyaw

‎3-0လောက်နဲ့ပြီးမယ်ထင်တယ်။

Myo Htet



တစ်ဘက်အသင်းကိုလုံးဝလျော့တွက်လို့မရပါဘူး
ကိုသီဟ အရမ်းတော်ပါတယ်
ဂိုးများများသွင်းနိုင်ဖို့ကြိုးစားရမှာ
ပရိတ်သတ်နဲ့ကစားသမားတွေကိုလုံးဝယုံတယ်
အားလုံးပေါင်းပြီး ကံတရားကိုအနိုင်ယူရမှာပါ့

2-0 

Khinmya Oo


name ကို click လုပ်လိုက်ရင် သူ့ ရဲ့  facebook profile ရောက်သွားပါလိမ့်မယ် ။

ရန်ကုန်အသင်း အုပ်ချုပ်သူ ဥိးအောင်မြင့်မြတ်ရဲ့  ယုံကြည်ချက်

Professional ကစားသမားတော်တော် များများက အခွင့်အရေးနဲ့ ငွေကြေးကို အဓိကထားပြီး ကစားကြတယ်၊

အဲဒီထဲမှ မြန်မာpro တွေက ဂုဏ်သိက္ခာနဲ့ ကဓိသစ္စာ ကိုအဓိကထား ကစားတယ်ဆိုတာ လာမယ့် AYWD နဲ့ပွဲမှာ ရန်ကုန်ကစားသမားတွေက
အကောင်းဆုံး သက်သေပြလိမ့်မယ်လို့ ကျွန်တော့အနေနဲ့ ယုံကြည်တယ်

...
ဘယ်ဆုကြေး၊ ဘာအခွင့်အရေးမှ မမျော်ဘဲ ကျုပ်တို့အသင်းသားတွေ
တစိတ်ထဲ၊ တ၀မ်းထဲ ချန်ပီယံဆုကို ဆာလောင်နေပြီဖြစ်ကြောင်း
လုံးဝ ကတိသစ္စာပြုတယ်။
 

Aung Myint Myat

 

ကွန်မြူနတီ ရှုံးကြွေးဆပ်ပြီး ဒုတိယမြောက် MNL ဆုဖလားယူမယ့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်အသင်းနဲ့  ဧရာဝတီအသင်းတို့ ဟာ နည်းပြဟောင်း အဲရစ်ဝီလျံလက်ထက်မှာ ၅ကြိမ်တွေ့ ဆုံခဲ့ပြီး ၄ကြိမ်သရေကျကာ ဧရာဝတီတို့  ပယ်နယ်တီအဆုံးအဖြတ်နဲ့ တစ်ကြိမ်အနိုင်၇ထားပါတယ် ။ ဒါကြောင့် လာမယ့်ပွဲစဉ်မှာ နည်းပြသစ် အိုင်ဗန်ကိုလဗ်အနေနဲ့  အနိုင်ရလာဒ် စွမ်းဆောင်ဖို့  မဖြစ်မနေလိုအပ်နေပါတယ် ။


ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့  ဧရာဝတီအသင်းနဲ့  တွေ့ ဆုံတိုင်း  ဂိုးတွေပေးရလေ့ရှိတာ သတိထားရမယ့်အချက်တစ်ခုပါ ။ ရန်ကုန်အသင်းအနေနဲ့  ဧရာဝတီနဲ့  ယခင်တွေ့ ဆုံမှုတွေမှာ အပြန်အလှန် ဂိုးတွေ သွင်းယူခဲ့ကြတာတွေ့ ရပါတယ် ။ လာမယ့်ပွဲစဉ်မှာတော့ ရန်ကုန်အနေနဲ့  ဂိုးပေးရရင် အနိုင်ယူဖို့ အတော်ကိုကြိုးစားယူရမှာပါ ။ဦးဆောင်ဂိုးသာ ပေးလိုက်ရရင် ရန်ကုန်အတွက် ဖိအားတွေဖြစ်လာနိုင်ပါတယ် ။ဒါကြောင့် ဒီပွဲစဉ်မှာ ရန်ကုန်အနေနဲ့  ခံစစ်ကိုအသေအခြာပြင်ဆင်ဖို့ လိုအပ်နေပါတယ် ။ နည်းပြသစ် အိုင်ဗန်ကိုလဗ် လက်ထက်မှာ ခံစစ်ပိုင်းက အထူးပြင်ဆင်ဖို့ လိုအပ်နေပါတယ် ။ ၈ပွဲမှာ ၇ ဂိုးပေးထားရတာတွေ့ ရပါတယ် ။တိုက်စစ်ပိုင်းကတော့ အားရကျေနပ်စရာကောင်းပါတယ် ။ ၈ပွဲမှာ ၁၈ ဂိုးထိ သွင်းယူနိုင်ခဲ့တာကို တွေ့ ရပါတယ် ။ ဒါကြောင့် ရန်ကုန်အသင်းအနေနဲ့  လာမယ့်ဧရာဝတီနဲ့ပွဲမှာ ဂိုးရဖို့  သိပ်မခက်နိုင်ပေမယ့် ဂိုးမပေးရဖို့ အဓိကထားသင့်ပါတယ် ။ ဗဟိုခံစစ်နေရာမှာ ခင်မောင်လွင်နဲ့  နီကိုလာကို အသုံးပြုမယ်ဆိုရင် ရန်ကုန်ခံစစ်အတွက်အကောင်းဆုံးဖြစ်မယ်လို့ ယူဆမိပါတယ် ။ မျိုးမင်းထွန်းကို ဒီပွဲစဉ်မှာ အသုံးပြုသင့်တယ်လို့ ယူဆမိပါတယ် ။ မျိုးမင်းထွန်း ၊ ကြည်လင်းတို့ ရဲ့  တောင်ပံဖြတ်တင်ဘောတွေကို အဓိက အသုံးပြုပြီး တိုက်စစ်မှာ ဆီဇာ ၊ ကောင်းစည်သူတို့ ရဲ့  ခေါင်းတိုက်ဂိုးတွေ ရယူဖို့ ကစားမယ်ဆိုရင် သီဟစည်သူ ဘယ်လိုမှ ကာကွယ်နိုင်မယ်မထင်ပါဘူး ။ တိုက်စစ်မှာတော့ အဆုံးသတ်မသေချာတဲ့ နယူချီထက် ကောင်းစည်သူ ကို အသုံးပြုသင့်တယ်လို့ ယူဆမိပါတယ် ။ ကောင်းစည်သူ ရော ဆီဇာပါ ခေါင်းတိုက်ဂိုးသွင်းယူတတ်တဲ့  ကစားသမားတွေဖြစ်တာကြောင့် တောင်ပံဖြတ်တင်ဘောတွေနဲ့  အဓိက တိုက်စစ်ဆင်သင့်ပါတယ် ။ ဘောလုံးဖြန့် ဝေမှု ကောင်းတဲ့  ရာဇာဝင်းသိန်းကို ကွင်းလယ်တိုက်စစ်မှာထားပြီး ရန်အောင်ကျော်ကို ကွင်းလယ်ခံစစ်အဖြစ် အသုံးပြုမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ကွင်းလယ်ဖြစ်လာမှာပါ ။  ရန်ကုန်အသင်းအနေနဲ့  ဒီပွဲစဉ်မှာ စောစောစီးစီး အ၀ါကတ်တွေ မထိဖို့ လိုအပ်သလို အနီကတ်လုံးဝ မထိဖို့ လည်းလိုအပ်ပါတယ် ။ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ လိုအပ်ပါတယ် ။

 ဒီပွဲစဉ်မှာ ရန်ကုန်ပရိသတ်တွေ ကွင်းလုံးပြည့်အားပေးနိုင်မယ်ဆိုရင်တော့ အရမ်းကောင်းမှာပါ ။ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့  ဧရာဝတီအသင်းကို အနိုင်မယူနိုင်တာ အချိန်အတော်ကြာခဲ့ပြီဖြစ်တာကြောင့် အခုချိန်ဟာ အနိုင်ယူဖို့ အတွက် အကောင်းဆုံးအချိန်ကိုရောက်နေပါပြီ ။ ကစားသမားတွေသာ ချန်ပီယံဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့  စိတ်ဓါတ်နဲ့  ကစားမယ်ဆိုရင်တော့ ရာသီအစ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ ပယ်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့  ရှုံးကြွေးကို ပြန်ဆပ်ပြီး ဒုတိယမြောက် MNLဆုဖလားကိုင်မြှောက်ဖို့ ဆိုတာ မဖြစ်နိုင်စရာမရှိဘူးလို့ ယုံကြည်မိပါတယ်ဗျာ ။


ရန်ကုန် ယူနိုက်တက် အသင်း ထပ်ဆင့် ချန်ပီယံ ဖြစ်နိုင်ချေ ရှိကြောင်း ကမ္ဘောဇ နည်းပြပြောကြား

 
   ကမ္ဘောဇ အသင်း နည်းပြ ဆီဗာဂျီက ယခုရာသီတွင် လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းသည် MNL ချန်ပီယံဆုအား ကာကွယ်နိုင်ရန် အခွင့်အရေး များနေကြောင်း ပြောကြားခဲ့သည်။
  ထို့အပြင် အဆိုပါ ဟံသာဝတီ နည်းပြဟောင်းက လက်ကျန်ပွဲ ၃ ပွဲသာ ကျန်ရှိတော့သည့် ယခုရာသီတွင် မကွေး၊ ရတနာပုံ အသင်းတို့နှင့် အိမ်ကွင်း ပွဲများသည် မိမိတို့အသင်းအတွက် အလွန်ခက်ခဲမည့် ပွဲများဖြစ်သော်လည်း အိမ်ရှင် အခွင့်အရေး ရှိနေခြင်းကြောင့် အားသာချက် ရှိနိုင်ကြောင်း ဆောက်သမ်းမြန်မာအသင်းကို အနိုင်ရသော ပွဲအပြီး၌ ပြောကြားသည်။ နည်းပြ ဆီဗာဂျီက
“ရန်ကုန်ယူနိုက်တက် အသင်းဟာ လက်ကျန ပွဲစဉ်တွေမှာ ပွဲကျပ်ဆိုလို့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ကစားဖို့ပဲ ကျန်တော့တယ်။ သူတို့အသင်းရဲ့ ခြေစွမ်းနဲ့ လက်ကျန်ပွဲအနေအထားအရ ရန်ကုန်ယူနိုက်တက် အသင်းဟာ ချန်ပီယံဘွဲ့ရယူဖို့ အခွင့်အလမ်း များပါတယ်။ လက်ကျန်(၃)ပွဲမှာ မကွေး၊ ရတနာပုံတို့နဲ့ ကစားရမယ့် (၂)ပွဲက တကယ်ကို ခက်ခဲမယ့် ပွဲတွေပါ။ မကွေးအသင်းဟာ အသင်းကောင်း တစ်သင်း ဖြစ်သလို၊ ရတနာပုံ အသင်းကလည်း ချန်ပီယံဆုအတွက် ထိပ်ဆုံးက ရေပန်းစားနေတဲ့ အသင်းဖြစ်တယ်။ ဒါပေမဲ့ တောင်ကြီးအိမ်ကွင်းမှာ ကျွန်တော်တို့အတွက် အားသာချက်တချို့ရှိနေတယ်။ ကျွန်တော်တို့ကို တခဲနက်အားပေးတဲ့ အိမ်ကွင်း ပရိသတ်တွေရှိတယ်။ MNL မှာ အကောင်းဆုံး မြက်ခင်းပြင်ကို ပိုင်ဆိုင်ထားတဲ့ ကွင်းရှိတယ်။ တောင်ကြီးကွင်းဟာ ပင်လယ်မျက်နှာပြင်အထက် ပေ(၅၀၀၀)နီးပါးမြင့်လို့ အလေ့အကျင့် မရှိတဲ့ ဧည့်သည်အသင်းတိုင်းအတွက် သက်လုံပိုင်း ပြဿနာတွေ ဖြစ်ပေါ်စေနိုင်တယ်။ ဒီလို အားသာချက်တွေကြောင့် မကွေးနဲ့ ရတနာပုံ အသင်းတို့ကို ကျွန်တော်တို့ အကောင်းဆုံး အနေအထားနဲ့ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဆီဗာဂျီက ပြောကြားသည်။ 

ဒီနေရာ  က ကူးယူဖေါ်ပြလိုက်ပါတယ် ။

ထပ်ဆင့်ချန်ပီယံ ရန်ကုန် အတွက် ၉မှတ်သာလိုတော့သည်

Myanmar National League ပြိုင်ပွဲကြီး ပြီးဆုံးဖို့ လက်ကျန် ၃ပွဲသာ ကျန်ရှိပါတော့တယ်။ အခုအချိန်ကိုရောက်လာတဲ့အခါမှာတော့ ချန်ပီယံဆုအတွက် ရန်ကုန် ၊ ရတနာပုံ ၊ KBZ အသင်းတို့ သာ ချန်ပီယံပြေးလမ်းပေါ်မှာကျန်ရှိပါတော့တယ်  ။ ဒီအသင်းတွေထဲမှာ အခွင့်အရေးအကောင်းဆုံးကတော့ ရတနာပုံအသင်းပါပဲ ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိနေတဲ့ ရတနာပုံအသင်းဟာ လက်ကျန်ပွဲတွေကို ပွဲတိုင်းနိုင်ကောင်ကစားနိုင်ရင် ချန်ပီယံဖြစ်သွားမှာပါ ။ AFC အတွက် ဒုတိယနေရာကလည်း အရေးပါနေပါတယ် ။ ဒီလိုအနေအထားမှာ ရန်ကုန်အသင်းကတော့ ပထမမဟုတ်တောင် ဒုတိယ ရဖို့ သေခြာသလောက်ရှိနေတဲ့အတွက် AFC အတွက် ကျိန်းသေ၀င်ပြိုင်ခွင့်ရနိုင်မယ်လို့ သုံးသပ်မိပါတယ် ။
ရာသီအစတုန်းကတော့ ရန်ကုန် ၊ ရတနာပုံ ၊ နေပြည်တော်တို့  ဆုဖလားလုရလိမ့်မယ်လို့  ကျွန်တော် ယုံကြည်ခဲ့ပေမယ့် အခုချိန်မှာတော့ ရန်ကုန်နဲ့  ရတနာပုံ တို့ သာ ချန်ပီယံဖြစ်နိုင်တယ်လို့  ယူဆမိပါတယ် ။ ရမှတ် ၆၅ မှတ် ရယုံနဲ့  ချန်ပီယံဖြစ်မယ်လို့  ရာသီအစမှာ ကျွန်တော်သုံးသပ်ခဲ့ပေမယ့် အခုချိန်မှာတော့ ရမှတ် ၆၀ ဟာ ချန်ပီယံဖြစ်ဖို့  လုံလောက်ခဲ့ပါတယ် ။ ဒါဟာ ပြိုင်ပွဲရဲ့  အကြိတ်အနယ်ရှိမှုကို ဖေါ်ပြတယ်ဆိုပေမယ့် ချန်ပီယံဖြစ်ဖို့  ရမှတ်ဟာ နည်းလွန်းတယ်လို့  ထင်မြင်မိပါတယ် ။ အသင်းကြီးချင်းထိပ်တိုက်ပွဲစဉ်တိုင်းလိုလို သရေတွေ များနေခဲ့တာကြောင့် ရမှတ်တွေဟာ အခုလို လျော့နည်းလာခဲ့တာပါ ။ အကြိတ်အနယ်ရှိတာ ကောင်းပေမယ့် သရေတွေများနေခြင်းကတော့ ဘယ်အသင်းမှာ ချန်ပီယံခြေစွမ်းပြပြီး ထူးထူးခြားခြား မစွမ်းဆောင်နိုင်ခဲ့တာကြောင့်လို့  ဆိုရမှာပါ ။ ဒါပေမယ့် အခုချိန်မှာတော့ ချန်ပီယံဆုအတွက် ချန်ပီယံခြေစွမ်းကို ထုတ်ပြဖို့  လိုအပ်နေပါပြီ ။ တကယ်ချန်ပီယံခြေစွမ်းကို ထုတ်ပြနိုင်မှသာလျှင် ဒီနှစ်မှာ ချန်ပီယံ ဖြစ်နိုင်မယ်ဆိုတာ ပွဲစဉ်အနေအထားတွေက ဖေါ်ပြနေပါတယ် ။ 

ရန်ကုန်အသင်းရဲ့  လက်ကျန် ၃ပွဲဟာ မနောမြေ ၊ ဇွဲကပင် ၊ ဧရာဝတီတို့ နဲ့ ကန်ရမှာပါ ။ပြီးခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားခွင့်မရခဲ့တဲ့ နီကိုလာ ၊ ခင်မောင်လွင် ၊ ရာဇာဝင်းသိန်း ၊ ကောင်းစည်သူတို့  အနားရထားတာကြောင့် လာမယ့်မနောမြေနဲ့ပွဲမှာ ကြံ့ခိုင်မှု ပြည့်ဝစွာ ကစားနိုင်မှာဖြစ်ပါတယ် ။ ဒါ့အပြင် မျိုးမင်းထွန်းအနေနဲ့  သူ့ ရဲ့  အကောင်းဆုံးခြေစွမ်းပြန်ရထားသလို လူငယ်ကစားသမားတွေဖြစ်တဲ့ အောင်ကျော်ထွေး ၊ စည်သူအောင်တို့ ဟာလည်း အဆုံးသတ်ပိုင်းအားနည်းချက်တွေ ရှိနေပေမယ့် ကစားအားကတော့ တော်တော်လေး ကောင်းမွန်တာတွေ့ ရတာကြောင့် ရန်ကုန်အသင်းဟာ အရန်အင်အားတောင့်တောင့်တင်းတင်းနဲ့  ကစားရမှာဖြစ်တာကြောင့် မနောမြေနဲ့ပွဲစဉ်အတွက် အကောင်းဆုံးယှဉ်ပြိုင် အနိုင်ယူနိုင်လိမ့်မယ်လို့  သုံးသပ်မိပါတယ် ။ နောက်တစ်ပွဲကတော့ ဇွဲကပင်အသင်းပါ ။ ဇွဲကပင်အသင်းဟာ မောရ၀တီကို ၇မှတ်ဖြတ်ထားနိုင်တာကြောင့် ၂သင်းတန်းဆင်းရမယ်ဆိုရင်  သူ့ အနေနဲ့  တန်းဆင်းဇုန်နဲ့  နီးကပ်နေသော်လည်း စိုးရိမ်စရာ သိပ်မရှိတာကြောင့် ခြေကုန်ထုတ်ကန်စရာ မလိုတဲ့အနေအထားပါ။ ဒါ့အပြင် ခြေစွမ်းပိုင်းကွာဟမှုရှိတာကြောင့် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်လာမယ့် ရန်ကုန်အသင်းကို ဇွဲကပင်အသင်း ယှဉ်နိုင်မယ်လို့ မထင်ပါဘူး ။ နောက်ဆုံးပွဲစဉ်ကတော့ ဧရာဝတီအသင်းနဲ့ ကန်ရမှာပါ ။ မနှစ်က နောက်ဆုံးပွဲစဉ်မှာ ဧရာဝတီအသင်းကို ခက်ခက်ခဲခဲကစားခဲ့ရပြီး အနိုင်မယူနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မနှစ်ကလို ဧရာဝတီအသင်း ချန်ပီယံမျှော်လင့်ချက်မရှိတော့သလို  ခြေစွမ်းပိုင်းကလည်း အကျဘက်ကိုရောက်ရှိနေပါတယ် ။ ဒါကြောင့် အိမ်ရှင် ပရိသတ်အားနဲ့  ကစားလာမယ့် ရန်ကုန်အသင်း အနိုင်ရဖို့  သိပ်ခက်ခဲလွန်းတယ်မထင်မိပါဘူး ။ ရန်ကုန်အသင်းသာ ၃ပွဲလုံးအနိုင်ရမယ်ဆိုရင် ဒုတိယနေရာ ကျိန်းသေရရှိမှာဖြစ်တာကြောင့် ၃ပွဲလုံး အနိုင်ရဖို့ သေခြာသလောက်ရှိနေတဲ့  ရန်ကုန်အသင်း ရတနာပုံ - ကမ္ဘောဇ ထိပ်တိုက်တွေ့ ဆုံမှုမှာ ဘယ်လိုရလာဒ်ပဲဖြစ်ဖြစ် AFC ၀င်ခွင့်အတွက် သေခြာသလောက်ရှိနေပါတယ် ။

 ရတနာပုံနဲ့ ကမ္ဘောဇတို့ ထိပ်တိုက်အနေအထားမှာ ရတနာပုံ အနိုင်မယူနိုင်ခဲ့ရင် ရန်ကုန်အသင်း ချန်ပီယံဖြစ်ဖို့ အခွင့်အရေးများသွားပါမယ် ။ လက်ကျန်ပွဲစဉ်တွေမှာ ရန်ကုန်အသင်းသာ ပွဲတိုင်းအနိုင်ရမယ်ဆိုရင်  ကမ္ဘောဇအသင်းအနေနဲ့  အခွင့်အရေးမရှိတော့တဲ့အတွက် ရတနာပုံအသင်းသာလျှင် ရန်ကုန်အသင်းရဲ့  အဓိက ချန်ပီယံလုရမယ့်အသင်းဖြစ်လာဖို့ ရှိပါတယ် ။ ရတနာပုံအသင်းရဲ့  လက်ကျန် ၃ပွဲကလည်း ဧရာဝတီ ၊ ကမ္ဘောဇ ၊ မကွေးတို့ နဲ့ ကစားရမှာဖြစ်တာကြောင့် အမှတ်ဆုံးရှုံးဖို့  ဖြစ်နိုင်တဲ့အနေအထားပါ ။ လက်ရှိအချိန်မှာ ခြေစွမ်းကျနေတဲ့  ဧရာဝတီကို အနိုင်ကစားဖို့ ဖြစ်နိုင်ပေမယ့် ကမ္ဘောဇနဲ့  အဝေးကွင်းပွဲစဉ်ဟာ အတော်ပဲ ခက်ခဲမှာပါ ။ နောက်ဆုံးပွဲစဉ်မှာလည်း ပထမအကျော့က သရေကျခဲ့တဲ့  မကွေးနဲ့ ကန်ရမှာဖြစ်တာကြောင့် မကွေးနဲ့ တွေ့ တိုင်း ခက်ခဲလေ့ရှိတဲ့ ရတနာပုံအသင်း အနိုင်ယူဖို့ အတော်လေးရုန်းကန်ရမှာပါ ။

ကမ္ဘောဇရဲ့  လက်ကျန် ၃ပွဲကတော့ မကွေး ၊ ရတနာပုံ ၊ ဇွဲကပင် အသင်းတို့ ဖြစ်နေတာကြောင့် ၃ပွဲလုံးအနိုင်ယူဖို့  ဆိုတာ ရန်ကုန်အသင်းထက် ခက်ခဲမယ့်အနေအထားပါ ။ဇွဲကပင်ကို အနိုင်ယူဖို့ သေခြာပေမယ့် မကွေးနဲ့  ရတနာပုံပွဲစဉ်ဟာ ခက်ခဲမှာပါ။ ကမ္ဘောဇရဲ့  ပွဲကျပ်လို့ ဆိုရမယ့် မကွေးနဲ့  ရတနာပုံပွဲစဉ်ဟာ အိမ်ကွင်းမှာ ကစားခွင့်ရထားတာဖြစ်ပါတယ် ။  အကယ်၍များ ၃ပွဲလုံးခြေစွမ်းပြအနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ရန်ကုန် - ဧ ရာဝတီ ပွဲစဉ်ဟာ မနှစ်ကလို အဆုံးအဖြတ် ဖြစ်လာမှာပါ။ မနှစ်က ချန်ပီယံဆုနဲ့  ကပ်လွဲခဲ့တဲ့  ဧရာဝတီတို့  ရန်ကုန်အသင်းကို  အကောင်းဆုံးယှဉ်ပြိုင်မယ်ဆိုတာ သံသယရှိစရာမလိုပေမယ့် အိမ်ကွင်းပရိသတ်ရှေ့ မှောက်မှာ ထပ်ဆင့်ချန်ပီယံဖြစ်ဖို့  ကစားလာမယ့် ရန်ကုန်ကို ဘာမှမျှော်လင့်ချက်မရှိတဲ့ ဧရာဝတီတို့  ဦးဆောင်ဂိုးသာပေးလိုက်ရမယ်ဆိုရင် ရန်ကုန်နိုင်ဖို့  ၉၀ ရာခိုင်နှုန်းသေခြာသွားမှာပါ ။ ရန်ကုန်အသင်းရဲ့  တိုက်စစ်ကလည်း လက်ရှိအချိန်မှာ အခြားအသင်းတွေထက် သာလွန်တာကြောင့် ရန်ကုန်အသင်းပဲ နိုင်သွားပါလိမ့်မယ် ။

ချန်ပီယံဆုအတွက် အသင်း၃သင်း ထိပ်တိုက်အနေအထားမှာ ရန်ကုန်အတွက် အဓိက မျှော်လင့်ချက်ကတော့ ရတနာပုံအသင်း လက်ကျန် ၃ပွဲမှာ သရေတစ်ပွဲ ဖြစ်လာဖို့ ပါပဲ ။ ဖြစ်နိုင်ခြေလည်းများပါတယ် ။ ရတနာပုံအသင်းရဲ့  လက်ရှိခြေစွမ်းဟာ ချန်ပီယံခြေစွမ်းရှိသလို ကမ္ဘောဇအသင်းထက် သာလွန်ပေမယ့် ကမ္ဘောဇရဲ့  အိမ်ကွင်းမှာ အနိုင်ယူဖို့ ဆိုတာက သိပ်ခက်ခဲမှာဖြစ်ပါတယ် ။ ဒါကြောင့် လက်ရှိအချိန်မှာ ရန်ကုန်အသင်းဟာ ဒုတိယနေရာမှာရှိနေပေမယ့် ဒီနှစ်ရာသီမှာ ချန်ပီယံဆုအတွက် အခြေအနေအကောင်းဆုံအသင်းလို့  ဆိုချင်ပါတယ် ။

လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလို ရန်ကုန်အသင်းဟာ မနောမြေ ၊ ဧရာဝတီတို့ နဲ့  ပွဲမှာ ထင်တာထက်ပိုပြီး ခက်ခဲတာမျိုးလည်းဖြစ်နိုင်ပါတယ် ။ ပထမအကျော့မှာ ၂သင်းလုံးကို အနိုင်မယူနိုင်ခဲ့တာကြောင့် ရန်ကုန်အသင်းအနေနဲ့  ပေါ့ဆလို့ လုံးဝမဖြစ်တဲ့အနေအထားပါ ။ နည်းပြရဲ့ နည်းဗျူဟာတွေ အရေးကြီးသလို ကစားသမားတွေရဲ့  ကြိုးစားအားထုတ်မှုကလည်း အရေးကြီးပါတယ် ။ ဧရာဝတီနဲ့ပွဲမှာ ကစားသမားတွေ ဒါဏ်ရာပြဿနာ ကင်းစင်နေဖို့ ကလည်း လိုအပ်ပါတယ် ။ ချန်ပီယံခြေစွမ်းပြနိုင်မှသာ ၃ပွဲလုံး အနိုင်ယူနိုင်ပါလိမ့်မယ် ။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိခြေစွမ်းပိုင်းနဲ့  ပွဲစဉ်အနေအထားတွေမှာ ရန်ကုန်အသင်းဟာ AFC ၀င်ခွင့်အတွက် လုံးဝကျိန်းသေတဲ့ အနေအထားမှာ ရှိနေသလို  လက်ရှိချန်ပီယံဘွဲ့ ကို ဆက်လက်ထိန်းသိမ်းဖို့  အကောင်းဆုံးအခြေအနေမှာရှိနေပါတယ် ။ ရန်ကုန်အသင်းအနေနဲ့  လက်ကျန်ပွဲတိုင်းကို အနိုင်ကစားနိုင်မယ်ဆိုရင် ချန်ပီယံဆုဟာ ရန်ကုန်အတွက်ပဲဖြစ်လာပါလိမ့်မယ်လို့  တစ်ထစ်ချ ယုံကြည်မိပါတယ် ။ဒါကြောင့် ထပ်ဆင့်ချန်ပီယံ ဖြစ်ဖို့  ရန်ကုန်အသင်း အတွက် ၉မှတ်သာလိုပါတော့တယ်လို့  ရဲရဲဝံ့ဝံ့ ပြောလိုက်ချင်ပါတယ်ဗျာ ။



ချန်ပီယံဆုကို ကာကွယ်ဖို့ အကာင်းဆုံး ကြိုးစားသွားမည်ဟု ရန်ကုန် နည်းပြချုပ် ပြောကြား


ရန်ကုန် ယူနိုက်တက် အသင်း နည်းပြချုပ် အီဗန်ကိုလက်ဗ်က လေ့ကျင့်ချိန် နည်းပါးခြင်း၊ ပွဲပယ် ကစားသမား များပြားခြင်းတို့ကြောင့် အခက်အခဲ ကြုံနေရသည်ဟု ရက္ခပူရ အသင်းနှင့် မကစားမီ ထုတ်ဖော် ပြောကြားသည်။ ရန်ကုန် အသင်းသည် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းသို့ ကစားသမား (၉)ဦး စေလွှတ်ခဲ့ရသည့် အပြင် အဓိက ကစားသမား (၄)ဦး ပွဲပယ် ခံထားရသဖြင့် ရက္ခပူရနှင့် ကစားမည့် ပွဲတွင် မမျှော်လင့်သည့် အခက်အခဲများ ကြုံလာနိုင်သည်ဟု နည်းပြ ကိုလက်ဗ်က ဆိုသည်။

“မြန်မာ့ လက်ရွေးစင် အသင်းအတွက် ကျွန်တော်တို့ ဆီက ကစားသမား (၉)ယောက် အရွေးခံရ တာကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် သူတို့တွေကို လေ့ကျင့်ခန်း ဆင်းဖို့ လွှတ်ပေးထား ရတာကြောင့် ပူးတွဲ လေ့ကျင့်ချိန် နည်းနေပါတယ်။ ဒါတောင် ကျွန်တော်တို့ အသင်းက တနင်္လာနေ့ ကျမှ ကစားရမှာပါ။ နောက်တစ်ချက်က ပွဲပယ် ပြဿနာပါ။ ရာဇာဝင်းသိန်း၊ ကောင်းစည်သူ၊ ခင်မောင်လွင်နဲ့ နီကိုလာတို့ (၄)ယောက် စလုံး ရက္ခပူရနဲ့ ပွဲကို လွဲပါလိမ့်မယ်။ တချို့ ကစားသမားတွေ ကလည်း ဒဏ်ရာ ပြဿနာတွေ ရှိနေတယ်။ အကောင်းဆုံး ကစားသွားမှာ ဖြစ်ပေမယ့် လက်ရှိ အနေအထားက ကျေနပ်စရာ မဟုတ်ပါဘူး” ဟု နည်းပြချုပ်က ဆိုသည်။

ရက္ခပူရနှင့် ပွဲကို (၃)၀ါ တစ်ပွဲပယ် ပြစ်ဒဏ်ခံ ထားရသော ရာဇာဝင်းသိန်း၊ ကောင်းစည်သူ၊ ခင်မောင်လွင်တို့ အပြင် (၆)၀ါ (၂)ပွဲပယ် ခံထားရသည့် နီကိုလာပါ လွဲချော်မည် ဖြစ်သောကြောင့် အသင်း၏ (၁၈) ယောက် စာရင်းတွင် အပြောင်းအလဲ ရှိလာမည်ဟု မြန်မာ့ လက်ရွေးစင် အသင်း နည်းပြဟောင်း ကိုလက်ဗ်က ပြောကြားသည်။

“ကျွန်တော်တို့ အသင်းမှာ တခြား ရွေးစရာ ကစားသမား အများကြီး မရှိပါဘူး။ (၁၈)ယောက် စာရင်းမှာ လူငယ်တချို့ ပါဝင် လာပါလိမ့်မယ်။ ဘယ်သူတွေ (၁၈)ယောက် စာရင်းဝင်မယ်၊ ဘယ်သူတွေ ပွဲထွက်ခွင့် ရမယ် ဆိုတာကတော့ မပြောနိုင် သေးဘူး။ လက်ကျန် (၄)ပွဲပဲ ကျန်တဲ့ အချိန်မှာ အကောင်းဆုံး ကစားပြီး ချန်ပီယံဆုကို ထိန်းနိုင်ဖို့ ကြိုးစားသွားပါမယ်” ဟု ကိုလက်ဗ်က ဆိုသည်။

ဆက်လက်ပြီး ရန်ကုန် နည်းပြချုပ်က ရက္ခပူရ အသင်းသည် အသင်းကောင်း တစ်သင်းဖြစ်ကြောင်း၊ အထူးသဖြင့် ဒုတိယ အကျော့တွင် ခြေစွမ်း ပိုမိုကောင်းမွန်လာကြောင်းနှင့် ပွဲချိန်ပြည့် သတိထား ကစားသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ပဏာမ မြန်မာ့ လက်ရွေးစင် ကစားသမားများကို သြဂုတ်လ (၇)ရက်နေ့ ကတည်းက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လေ့ကျင့်ရေး အဆောင်သို့ စေလွှတ်ခဲ့ရပြီး ကစားသမား အစုံအလင် ပါဝင်သော လေ့ကျင့်ရေး အစီအစဉ်ကို သြဂုတ်လ (၁၆)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန် အသင်း ပြန်လည် ပြုလုပ်နိုင်ခဲ့သည်။

ရန်ကုန် - ရက္ခပူရ ထိပ်တိုက် တွေ့ဆုံမှု ရလဒ်များ…

၂၀၁၁ နေရှင်နယ်လိဂ်
ရက္ခပူရ (၀-၂) ရန်ကုန်
ရန်ကုန် (၄-၀) ရက္ခပူရ

၂၀၁၂ နေရှင်နယ်လိဂ်
ရန်ကုန် (၅-၀) ရက္ခပူရ

www.ygnutd.com

ဗထူးကွင်းသို့  အောင်မြင်မှုခရီးစဉ်

ယနေ့ ယှဉ်ပြိုင်မယ့် အိမ်ရှင်ရတနာပုံအသင်းနဲ့  ပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်း မန္တလာမြေကိုရောက်ရှိနေပြီဖြစ်သလို လေ့ကျင့်ခန်းများလည်း ပြုလုပ်နေပြီဖြစ်ပါတယ် ။



ကျွန်တော်တို့  Yangon United Warriors အဖွဲ့ သားများကလည်း  ယမန်နေ့  ည ၈နာရီ မှာ ရန်ကုန်အသင်းရဲ့  အိမ်ကွင်းဖြစ်တဲ့  လှိုင်မြို့ နယ် မြက်ခင်းတုကွင်းစုရပ်မှ မန္တလေးမြို့ သို့  မိမိအစီအစဉ်ဖြင့် ထွက်ခွာသွားပြီဖြစ်ပါတယ် ။


ရန်ကုန်ယူနိုက်တက်အသင်းနဲ့  ပရိသတ်တွေအားလုံးကတော့ ချန်ပီယံဆုကလွဲပြီး ဘာကိုမှမလိုချင်ကြပါဘူးဗျာ .။

ကျွန်တော်တို့  ရန်ကုန်ပရိသတ်တွေ ယုံကြည်ထားတာက ဒီနှစ်မှာလည်း ရန်ကုန်အသင်း ဆုဖလားအားလုံး ထပ်မံသိမ်းယူနိုင်ဖို့ ပဲ မဟုတ်ပါလားဗျာ ။

ပြိုင်ဘက်ဟူသမျှ
အနိုင်အပြတ်ယူပြကာ
ဂရုမထားလို့ မောက်ကြွားမှာ
ဆုဖလားတို့ မြောက်များစွာ
ခိုပြီးနားဖို့ အမှန်ယုံကြည်တာ
မြို့ ကြီးသားတို့ ရန်ကုန်ဆီသာ ။



ချန်ပီယံဘယ်သူလဲဟေ့ ...........


အမြဲတမ်းကိုဇွဲကသန်
မလွဲတမ်းဗိုလ်စွဲရရန်

မာန်ဟုန်ပြင်းစွာကန်မည်အမှန်
ရန်ကုန်အသင်းသာချန်ပီယံ ။


အပြင်းထန်ဆုံး မြန်မာဒါဘီပွဲစဉ် (ဗထူးကွင်း )ယနေ့ ကစားမည်။

မြန်မာနိုင်ငံရဲ့   အအောင်မြင်ဆုံး ကလပ်၂သင်းရဲ့ ယခုနှစ်ရာသီ ဒုတိယအကြိမ်မြောက် ထိပ်တိုက်တွေ့ ဆုံမှုကို ယနေ့ ညနေ၄နာရီမှာ ရှုစားရပါတော့မယ် ။
ပထမအကျော့မှာတော့ ၂ဂိုးစီသရေကျခဲ့တဲ့ ရန်ကုန်ယူနိုက်တက်နဲ့  ရတနာပုံတို့ ဟာ ယနေ့ ညနေ၄နာရီမှာ ရတနာပုံအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကြရတော့မှာပါ ။ ဒီနေ့ ပွဲစဉ်မှာ အနိုင်ယူနိုင်တဲ့အသင်းဟာ ချန်ပီယံဆုအတွက် အရမ်းကိုအခြေအနေကောင်းသွားမှာဖြစ်တာကြောင့် MNL ဗိုလ်လုပွဲအဖြစ်လည်း မှတ်ယူနိုင်ပါတယ် ။ ဒီနေ့  ပွဲစဉ်မှာ MNL ဆုဖလား ၃ ကြိမ်ဆက်ရယူခဲ့ဖူးတဲံ အိမ်ရှင်ရတနာပုံတို့  အနိုင်ယူသွားမလား ၊ မနှစ်က ပြည်တွင်းဆုဖလား ၂ခုစလုံး သိမ်းယူနိုင်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲရယူသွားမလားဆိုတာကတော့ ဒီနေ့ ညနေမှာ အဖြေပေါ်တော့မှာပါ။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ သရေဆိုတဲ့ရလာဒ်ကို အလိုမရှိကြတာတော့ အမှန်ပါပဲဗျာ ။
အောင်မြင်မှုအရှိဆုံးအသင်း၂သင်းဖြစ်သလို ပြိုင်ဆိုငမှုကလည်း အထွဋ်အထိပ်ကိုရောက်နေပါပြီ။ ဒီ၂သင်းက ပရိသတ်တွေရဲ့  အားပေးမှုကလည်း အခြားအသင်းတွေထက်သာလွန်လွန်းပါတယ် ။ ဒါကြောင့် ဒီနေ့ ပွဲစဉ်ကတော့ မြန်မာဒါဘီလို့ ပြောရင် မှားမယ်မထင်မိပါဘူးဗျာ ။



ရန်ကုန် - ရတနာပုံ ပွဲကြို ခန့် မှန်း သုံးသပ်ချက်


ဒီတစ်ပတ်မှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးက ရတနာပုံနဲ့  နောက်ကတစ်မှတ်အကွာနဲ့ ကပ်လိုက်နေတဲ့ ကျွန်တော်တို့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့  ထိပ်တိုက်တွေ့ ဆုံမှုကို ကျွန်တော်တို့  ရှုစားအားပေးရတော့မှာပါ ။ MNL မှာ ဗိုလ်စွဲဖူးတဲ့အသင်းတွေ ဖြစ်သလို လက်ရှိအချိန်မှာလည်း အကောင်းဆုံးခြေစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ ၂သင်းဖြစ်တာကြောင့် ဒီပွဲဟာ တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြည့်ကောင်းမယ့်ပွဲစဉ်တစ်ခုဖြစ်လာမှာပါ။

 ရန်ကုန်အသင်းဟာ ရန်ကုန်မြေမှာတော့ မိနစ်၉၀တွင်း ရတနာပုံကို အနိုင်နဲ့သရေသာ ရလာဒ်ထွက်ပေါ်ခဲ့ပြီး ရှုံးနိမ့်ခြင်းမရှိသေးပါဘူး ။ အခုကစားမယ့်ပွဲစဉ်က အဝေးကွင်းဖြစ်တာကြောင့် ရန်ကုန်အသင်းအတွက် တကယ့်ကို ခက်ခဲမယ့်ပွဲစဉ်တစ်ပွဲပါ ။ ဒီ ပွဲစဉ် မတိုင်မှီ ထွက်ပေါ်ခဲ့တဲ့ရလာဒ်တွေအရ နှစ်သင်းလုံးရလာဒ်ကောင်းနေပေမယ့် ရတနာပုံအသင်းရော ရန်ကုန်အသင်းပါ အသင်းကြီးချင်း ထိပ်တိုက်တွေ့ တဲ့ပွဲစဉ်တွေမှာ အနိုင်ရလာဒ် နည်းပါးနေတာ တွေ့ ရပါတယ် ။ ရန်ကုန် ၊ ရတနာပုံ ၊ ကေဘီဇက် ၊ ဧရာဝတီ ၊ ဇေယျာရွှေမြေ ၊ နေပ်ြညတော် တို့ ဟာ ခြေစွမ်းချင်း ကွဟမှုသိပ်မတွေ့ ရပေမယ့် ချန်ပီယံဆုအတွက်တော့ အခုချိန်မှာ အသင်း၎သင်းသာ ယှဉ်ပြိုင်ရလိမ့်မယ်လို့  သုံးသပ်မိပါတယ် ။
ရန်ကုန်  ၊ ရတနာပုံ ၊ ကေဘီဇက် ၊  ဇေယျာရွှေမြေတို့ ပါ ။ ဒီ ၄သင်းထဲမှာ ကျွန်တော်မြင်မိတာကတော့ ရန်ကုန်နဲ့ ရတနာပုံ သာ ချန်ပီယံ လုရလိမ့်မယ်လို့  ထင်မိပါတယ် ။  ယခုပွဲစဉ်မှာ အနိုင်ရတဲ့အသင်းဟာ ချန်ပီယံဖြစ်လိမ့်မယ်လို့  ကျွန်တော် ကြိုတင်ဟောကိန်းထုတ်ချင်ပါတယ် ။

 ရတနာပုံအသင်းဟာ ရန်ကုန်ုအသင်းနဲ့ ပွဲစဉ်အပြီးမှာ ဇေယျာ ၊ ဧရာဝတီ ၊ ကေဘီဇက်တို့ နဲ့ကန်ရမှာပါ ။ ရန်ကုန်ကို နိုင်လိုက်ရင် စိတ်ဓါတ်အမြင့်ဆုံးရောက်ရှိသွားပြီး ဇေယျာရွှေမြေကို အိမ်ကွင်းမှာ ဆက်လက်အနိုင်ယူနိုင်ပါလိမ့်မယ် ။ပီးရင် ဧရာဝတီနဲ့ကန်တဲ့အခါမှာလည်း ဧရာဝတီအသင်းဟာ ခြေစွမ်းအကျဘက်ရောက်နေတာကြောင့် အနိုင်ယူနိုင်ဖို့ များပါတယ် ။ ကေဘီဇက်နဲ့ အဝေးကွင်းပွဲမှာ သရေကစားနိုင်မယ်ဆိုရင် ရတနာပုံတို့  ချန်ပီယံ ဖြစ်ဖို့ သေခြာသွားပါလိမ့်မယ် ။ ဒီလိုရလာဒ်တွေ ထွက်မယ်ဆိုရင်တော့ မကွေးကို အနိုင်ကန်ပီး ချန်ပီယံဆုကို ရယူသွားနိုင်ပါလိမ့်မယ် ။

ရန်ကုန်အသင်းအနေနဲ့  ရတနာပုံကို အနိုင်ယူနိုင်ရင် အမှတ်ပေးဇယားထိပ်ဆုံးကိုေ၇ာက်သွားမှာဖြစ်သလို  လက်ကျန်ပွဲတွေဟာ ရက္ခပူရ ၊ ဇွဲကပင်၊မနောမြေ တို့ နဲ့ကန်ရမှာပါ ။ ဒီအသင်း၃သင်းကို ရန်ကုန်အနေနဲ့  စိတ်ဓါတ်ပိုင်းအမြင့်ဆုံးရောက်ရှိနေရင် နိုင်ဖို့ အလွန်လွယ်ကူပေမယ့် ရတနာပုံနဲ့ပွဲမှာ ရှုံးပွဲတွေ့ ခဲ့ရင်တော့ အခြေအနေ တစ်မျိုးပြောင်းသွား နိုင်ပါတယ် ။ ရတနာပုံနဲ့  လည်း ၄မှတ်ထိ ကွာဟသွားပါလိမ့်မယ် ။ ဒါကြောင့် ရန်ကုန်အနေနဲ့  ဒီပွဲမှာ မရှုံးဖို့ လိုသလို အနိုင်ရရင်လည်း ချန်ပီယံဖြစ်ပြီလို့ ဆိုနိုင်ပါတယ် ။ ရတနာပုံကို အနိုင်ရလိုက်ရင် ရန်ကုန်အသင်းအနေနဲ့  ပွဲစဉ်အားလုံး မပြီးဆုံးခင်  ဧရာဝတီနဲ့မကန်ခင်မှာ ချန်ပီယံဖြစ်ဖို့ သေခြာ သွားပါလိမ့်မယ် ။

အကယ်၍များ ဒီပွဲစဉ်ဟာ သရေဖြစ်မယ်ဆိုရင်တော့ ဘယ်အသင်းချန်ပီယံဖြစ်မယ်ဆိုတာ ပြိုင်ပွဲနောက်ဆုံးအချိန်ထိ ဆက်လက်စောင့်ကြည့်ရပါလိမ့်မယ် ။ ကျွန်တော်ပြောခဲ့တဲ့ အသင်း ၄သင်းလုံး 
အခွင့်အရေးဆတူရှိသွားပါလိမ့်မယ် ။ ယခုနှစ် MNLပြိုင်ပွဲမှာ ဘယ်အသင်းမှ ချန်ပီယံခြေစွမ်းမျိုး သိသိသာသာ ထုတ်ပြနိုင်တာမတွေ့ ရသေးသလို သူမသာကိုယ်မသာအဆင့်သာရှိနေ ပါတယ်။ ဒီပွဲစဉ်မှာ ဘယ်အသင်းကများ ချန်ပီယံခြေစွမ်း ပြသပြီး အနိုင်ယူနိုင်မလဲ စိတ်ဝင်စားစရာကောင်းပါတယ် ။

MNL မှာ အစဉ် အလာရှိတဲ့ ၂သင်းတွေ့ ဆုံမှုမှာ ကျွန်တော်ကတော့ ရန်ကုန်အသင်းအနိုင်ရလိမ့်မယ်လို့  ယုံကြည်မိပါတယ် ။ လူစုံတက်စုံ ပါဝင်နိုင်ဖို့ ပဲ မျှော်လင့်ရမှာပါ ။ ရန်အောင်ဝင်း ပြန်လည်ကစားနိုင်ပြီးဖြစ်တဲ့အတွက် ကျေနပ်မိပေမယ့် ကြည်လင်း ရတနာပုံနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အထူးလိုအပ်လှပါတယ် ။ နောက်တန်းမှာနီကိုလာဦးဆောင်မှုတွေကို သိပ်အားရမှုမရှိပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို ယုံကြည်မိတာကြောင့် ရန်ကုန်အနိုင်လို့ ပဲ ပြောချင်ပါတယ် ။ ရတနာပုံတို့ အနေနဲ့  အားသာချက်ရှိတာက ဒီပွဲမတိုင်ခင် အသင်းငယ်တွေနဲ့ တွေ့ ဆုံကစားခဲ့ရတာ ဖြစ်သလို  ဒီပွဲစဉ်မှာ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ် ။ ဒီရာသီ အိမ်ကွင်းမှာ ရတနာပုံတို့  ဧရာဝတီတစ်သင်းတည်ကိုသာရှုံးနိမ့်ထားပါတယ် ။

ကိုနေး အဒမ်မာ ၊ ရန်ပိုင် ၊ ပိုင်စိုး တို့ ဦးဆောင်လာမယ့် တိုက်စစ်ထက် ဆီဇာ ၊ နယူချီ ၊ ကြည်လင်း ၊ ရာဇာဝင်းသိန်း တို့  ဦးဆောင်လာမယ့် တိုက်စစ်ကို ပိုပြီးသဘောကျမိပါတယ် ။တိုက်စစ်မှာရဂိုး ၅၄ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ၊ ခံစစ်မှာ ပေးဂီုး ၁၄ ဂိုးနဲ့ ဂိုးပေးအနည်းဆုံး ရန်ကုန်အသင်း ဆက်လက်အောင်ပွဲခံပါလိမ့်မယ် ။ တစ်ကြိမ်မှ မထွက်ပေါ်သေးတဲ့ရလာဒ် ကို ခန့် မှန်းလိုက်ပါတယ် ။

ရလာဒ်ခန့် မှန်းချက်
ရန်ကုန်ယူနိုက်တက်  3 - 1 ရတနာပုံ




ရန်ကုန် - ဟံသာဝတီ ပွဲကြိုခန့် မှန်း သုံးသပ်ချက်

ရန်ကုန် - ဟံသာဝတီ ပွဲကြိုခန့် မှန်း သုံးသပ်ချက်


ရန်ကုန်အသင်းဟာ နည်းပြသစ် အိုင်ဗန်ကိုလာဗ်ရဲ့  လက်အောက်မှာ ၄ -၃ -၃ ပုံစံနဲ့ ပွဲထွက်လာဖို့  သေခြာသလောက်ရှိပါတယ် ။ ရန်ကုန်နဲ့ကန်တိုင်း ဖိုင်နယ်ပွဲလို ခြေကုန်ထုတ်ကန်လေ့ရှိတဲ့ ဟံသာဝတီတို့အနေနဲ့  ရန်ကုန်ကို အစွမ်းကုန်ခုခံပါလိမ့်မယ် ။ ရန်ကုန်ဟာ ဟံသာဝတီနဲ့ကန်တိုင်း ရလာဒ်ကောင်းလေ့ရှိသလို မြန်မာကစားသမားတွေဟာလည်း ဟံသာဝတီနဲ့ ပွဲဆိုရင် ခြေပေါ်ပီး ဂီုးသွင်းယူလေ့ရှိပါတယ် ။ ဒါပေမယ့် ဟံသာဝတီနဲ့ကန်တိုင်း ရန်ကုန်ဟာ ခက်ခက်ခဲခဲကစားရပီးမှ အနိုင်ရလေ့ရှိပါတယ် ။မာမာထန်ထန်တုန့်ပြန်လာမယ့် ဟံသာဝတီတို့ ဒီပွဲမှာ အ၀ါကတ် အနည်းဆုံး ၂ကတ်လောက် ပြခံရဖို့  ရှိပါတယ် ။ ကောင်းစည်သူ တိုက်စစ်မှာ ပါဝင်လာနိုင်သလို ခြေစွမ်းထက်နေတဲ့ ရန်အောင်ဝင်း ကြည်လင်းတို့ အနေနဲ လည်း မြန်မာပွဲတွေကန်ထားရလို့  ပွဲပန်းနေမယ်လို့ ယူဆရပေမယ့်  ဒီပွဲမှာ အကောင်းဆုံးကစားနိုင်မယ်လို့ ထင်ပါတယ် ။ ရန်အောင်ကျော်တစ်ယောက် ဂိုးသွင်းယူနိုင်မယ်လို့ ခန့် မှန်းပါတယ် ။ ဒီပွဲစဉ်ဟာ နည်းပြသစ် အိုင်ဗန်ကိုလာဗ်အတွက် ကျိန်းသေ အနိုင်နဲ့ဖွင့်လှစ်နိုင်မယ့်ပွဲလို့ ယူဆပါတယ် ။

ရန်ကုန်အသင်းက စောင့်ကြည့်ရမယ့်ကစားသမားတွေကတော့  ကြည်လင်း ၊ ရန်အောင်ကျော် နဲ့  ဘရာဇီးတိုက်စစ်မှုးဆီဇာတို့ ပါ ။

ရလာဒ်ခန့်မှန်းချက်ကတော့

ရန်ကုန်ယူနိုက်တက်  ၃- ၀ ဟံသာဝတီ


ရန်အောင်ဝင်းရဲ့  အကောင်းဆုံး ခေါင်းတိုက်ဂိုး

Myanmar U22 5-1 Philippines U22

 

 

ကြည်လင်းရဲ့  လှပသေသပ်တဲ့သွင်းဂိုး

Myanmar U22 3-1 Vietnam U22

 

Myanmar Football Song ( Myo Gyi )


(  မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာဟေ့

   မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာ မြန်မာဟေ့ )


သမိုင်းကြောင်းအစဉ်အလာကြီးမား  ရာဇ၀င်မှာရွှေရောင်ခြုံလွှမ်းသော...နေ့ စွဲများ   M Y A N M A R

အခုလက်ရှိမျိုးဆက်သစ်များ တာဝန်ကိုယ်စီယူဆောင်ထိမ်းသိမ်းစို့ အနာဂတ်မှာ...   M Y A N M A R
သူရဲကောင်းများရဲ့  မိန့် မွက်စကား ရင်မှာအစဉ်သိမ်းထား

ဦးခေါင်းထက်ကသွေးနီရဲပါစေအရှုံးမပေးဘူးဟေ့
သူရဲကောင်းတို့ ထုံးနှလုံးမူမယ် ဇာတိသွေးဇာတိမာန်အပြည့်
ရဲရင့်ကြစို့ တို့မြန်မာတွေ ဇွဲမလျော့နဲ့ဟေ့
ပထမဆုလာဒ်အရယူမယ် တို့ အိမ်မက်ကို တို့အသက်သွင်းလို့ 
M Y A N M A R  မြန်မာ မြန်မာ မြန်မာတဲ့ဟေ့

မျှတညီညွတ်ခြင်းနဲ့  နိုင်ငံတကာမှာ အောင်မြင်ဖို့ အတွက် တို့ကြိုးစား  M Y A N M A R
မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့  မြန်မာကိုဒီကမ္ဘာက လေးစားဖို့ ပိုမိုကြိုးစား  M Y A N M A R
မျှော်လင့်ချက်များနဲ့  ရှေ့ ခရီးဆက် အခိုင်အမာခြေလှမ်းများ

ဦးခေါင်းထက်ကသွေးနီရဲပါစေအရှုံးမပေးဘူးဟေ့
သူရဲကောင်းတို့ ထုံးနှလုံးမူမယ် ဇာတိသွေးဇာတိမာန်အပြည့်
ရဲရင့်ကြစို့ တို့မြန်မာတွေ ဇွဲမလျော့နဲ့ဟေ့
ပထမ ဆုလာဒ်အရယူမယ် တို့ အိမ်မက်ကိုတို့အသက်သွင်းလို့ 
M Y A N M A R  မြန်မာ မြန်မာ မြန်မာတဲ့ဟေ့

(  မြန်မာ မြန်မာ မြန်မာဟေ့    မြန်မာ မြန်မာ မြန်မာဟေ့
   မြန်မာ မြန်မာ မြန်မာဟေ့    မြန်မာ မြန်မာ မြန်မာဟေ့
   မြန်မာ မြန်မာ မြန်မာဟေ့    မြန်မာ မြန်မာ မြန်မာဟေ့ )