ဒီတစ်ပတ်မှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးက ရတနာပုံနဲ့  နောက်ကတစ်မှတ်အကွာနဲ့ ကပ်လိုက်နေတဲ့ ကျွန်တော်တို့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့  ထိပ်တိုက်တွေ့ ဆုံမှုကို ကျွန်တော်တို့  ရှုစားအားပေးရတော့မှာပါ ။ MNL မှာ ဗိုလ်စွဲဖူးတဲ့အသင်းတွေ ဖြစ်သလို လက်ရှိအချိန်မှာလည်း အကောင်းဆုံးခြေစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ ၂သင်းဖြစ်တာကြောင့် ဒီပွဲဟာ တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြည့်ကောင်းမယ့်ပွဲစဉ်တစ်ခုဖြစ်လာမှာပါ။
ရန်ကုန်အသင်းဟာ ရန်ကုန်မြေမှာတော့ မိနစ်၉၀တွင်း ရတနာပုံကို အနိုင်နဲ့သရေသာ ရလာဒ်ထွက်ပေါ်ခဲ့ပြီး ရှုံးနိမ့်ခြင်းမရှိသေးပါဘူး ။ အခုကစားမယ့်ပွဲစဉ်က အဝေးကွင်းဖြစ်တာကြောင့် ရန်ကုန်အသင်းအတွက် တကယ့်ကို ခက်ခဲမယ့်ပွဲစဉ်တစ်ပွဲပါ ။ ဒီ ပွဲစဉ် မတိုင်မှီ ထွက်ပေါ်ခဲ့တဲ့ရလာဒ်တွေအရ နှစ်သင်းလုံးရလာဒ်ကောင်းနေပေမယ့် ရတနာပုံအသင်းရော ရန်ကုန်အသင်းပါ အသင်းကြီးချင်း ထိပ်တိုက်တွေ့ တဲ့ပွဲစဉ်တွေမှာ အနိုင်ရလာဒ် နည်းပါးနေတာ တွေ့ ရပါတယ် ။ ရန်ကုန် ၊ ရတနာပုံ ၊ ကေဘီဇက် ၊ ဧရာဝတီ ၊ ဇေယျာရွှေမြေ ၊ နေပ်ြညတော် တို့ ဟာ ခြေစွမ်းချင်း ကွဟမှုသိပ်မတွေ့ ရပေမယ့် ချန်ပီယံဆုအတွက်တော့ အခုချိန်မှာ အသင်း၎သင်းသာ ယှဉ်ပြိုင်ရလိမ့်မယ်လို့  သုံးသပ်မိပါတယ် ။
ရန်ကုန် ၊ ရတနာပုံ ၊ ကေဘီဇက် ၊ ဇေယျာရွှေမြေတို့ ပါ ။ ဒီ ၄သင်းထဲမှာ ကျွန်တော်မြင်မိတာကတော့ ရန်ကုန်နဲ့ ရတနာပုံ သာ ချန်ပီယံ လုရလိမ့်မယ်လို့  ထင်မိပါတယ် ။ ယခုပွဲစဉ်မှာ အနိုင်ရတဲ့အသင်းဟာ ချန်ပီယံဖြစ်လိမ့်မယ်လို့  ကျွန်တော် ကြိုတင်ဟောကိန်းထုတ်ချင်ပါတယ် ။
ရတနာပုံအသင်းဟာ ရန်ကုန်ုအသင်းနဲ့ ပွဲစဉ်အပြီးမှာ ဇေယျာ ၊ ဧရာဝတီ ၊ ကေဘီဇက်တို့ နဲ့ကန်ရမှာပါ ။ ရန်ကုန်ကို နိုင်လိုက်ရင် စိတ်ဓါတ်အမြင့်ဆုံးရောက်ရှိသွားပြီး ဇေယျာရွှေမြေကို အိမ်ကွင်းမှာ ဆက်လက်အနိုင်ယူနိုင်ပါလိမ့်မယ် ။ပီးရင် ဧရာဝတီနဲ့ကန်တဲ့အခါမှာလည်း ဧရာဝတီအသင်းဟာ ခြေစွမ်းအကျဘက်ရောက်နေတာကြောင့် အနိုင်ယူနိုင်ဖို့ များပါတယ် ။ ကေဘီဇက်နဲ့ အဝေးကွင်းပွဲမှာ သရေကစားနိုင်မယ်ဆိုရင် ရတနာပုံတို့  ချန်ပီယံ ဖြစ်ဖို့ သေခြာသွားပါလိမ့်မယ် ။ ဒီလိုရလာဒ်တွေ ထွက်မယ်ဆိုရင်တော့ မကွေးကို အနိုင်ကန်ပီး ချန်ပီယံဆုကို ရယူသွားနိုင်ပါလိမ့်မယ် ။
ရန်ကုန်အသင်းအနေနဲ့  ရတနာပုံကို အနိုင်ယူနိုင်ရင် အမှတ်ပေးဇယားထိပ်ဆုံးကိုေ၇ာက်သွားမှာဖြစ်သလို လက်ကျန်ပွဲတွေဟာ ရက္ခပူရ ၊ ဇွဲကပင်၊မနောမြေ တို့ နဲ့ကန်ရမှာပါ ။ ဒီအသင်း၃သင်းကို ရန်ကုန်အနေနဲ့  စိတ်ဓါတ်ပိုင်းအမြင့်ဆုံးရောက်ရှိနေရင် နိုင်ဖို့ အလွန်လွယ်ကူပေမယ့် ရတနာပုံနဲ့ပွဲမှာ ရှုံးပွဲတွေ့ ခဲ့ရင်တော့ အခြေအနေ တစ်မျိုးပြောင်းသွား နိုင်ပါတယ် ။ ရတနာပုံနဲ့  လည်း ၄မှတ်ထိ ကွာဟသွားပါလိမ့်မယ် ။ ဒါကြောင့် ရန်ကုန်အနေနဲ့  ဒီပွဲမှာ မရှုံးဖို့ လိုသလို အနိုင်ရရင်လည်း ချန်ပီယံဖြစ်ပြီလို့ ဆိုနိုင်ပါတယ် ။ ရတနာပုံကို အနိုင်ရလိုက်ရင် ရန်ကုန်အသင်းအနေနဲ့  ပွဲစဉ်အားလုံး မပြီးဆုံးခင် ဧရာဝတီနဲ့မကန်ခင်မှာ ချန်ပီယံဖြစ်ဖို့ သေခြာ သွားပါလိမ့်မယ် ။
အကယ်၍များ ဒီပွဲစဉ်ဟာ သရေဖြစ်မယ်ဆိုရင်တော့ ဘယ်အသင်းချန်ပီယံဖြစ်မယ်ဆိုတာ ပြိုင်ပွဲနောက်ဆုံးအချိန်ထိ ဆက်လက်စောင့်ကြည့်ရပါလိမ့်မယ် ။ ကျွန်တော်ပြောခဲ့တဲ့ အသင်း ၄သင်းလုံး
အခွင့်အရေးဆတူရှိသွားပါလိမ့်မယ် ။ ယခုနှစ် MNLပြိုင်ပွဲမှာ ဘယ်အသင်းမှ ချန်ပီယံခြေစွမ်းမျိုး သိသိသာသာ ထုတ်ပြနိုင်တာမတွေ့ ရသေးသလို သူမသာကိုယ်မသာအဆင့်သာရှိနေ ပါတယ်။ ဒီပွဲစဉ်မှာ ဘယ်အသင်းကများ ချန်ပီယံခြေစွမ်း ပြသပြီး အနိုင်ယူနိုင်မလဲ စိတ်ဝင်စားစရာကောင်းပါတယ် ။
MNL မှာ အစဉ် အလာရှိတဲ့ ၂သင်းတွေ့ ဆုံမှုမှာ ကျွန်တော်ကတော့ ရန်ကုန်အသင်းအနိုင်ရလိမ့်မယ်လို့  ယုံကြည်မိပါတယ် ။ လူစုံတက်စုံ ပါဝင်နိုင်ဖို့ ပဲ မျှော်လင့်ရမှာပါ ။ ရန်အောင်ဝင်း ပြန်လည်ကစားနိုင်ပြီးဖြစ်တဲ့အတွက် ကျေနပ်မိပေမယ့် ကြည်လင်း ရတနာပုံနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အထူးလိုအပ်လှပါတယ် ။ နောက်တန်းမှာနီကိုလာဦးဆောင်မှုတွေကို သိပ်အားရမှုမရှိပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို ယုံကြည်မိတာကြောင့် ရန်ကုန်အနိုင်လို့ ပဲ ပြောချင်ပါတယ် ။ ရတနာပုံတို့ အနေနဲ့  အားသာချက်ရှိတာက ဒီပွဲမတိုင်ခင် အသင်းငယ်တွေနဲ့ တွေ့ ဆုံကစားခဲ့ရတာ ဖြစ်သလို ဒီပွဲစဉ်မှာ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ် ။ ဒီရာသီ အိမ်ကွင်းမှာ ရတနာပုံတို့  ဧရာဝတီတစ်သင်းတည်ကိုသာရှုံးနိမ့်ထားပါတယ် ။
ကိုနေး အဒမ်မာ ၊ ရန်ပိုင် ၊ ပိုင်စိုး တို့ ဦးဆောင်လာမယ့် တိုက်စစ်ထက် ဆီဇာ ၊ နယူချီ ၊ ကြည်လင်း ၊ ရာဇာဝင်းသိန်း တို့  ဦးဆောင်လာမယ့် တိုက်စစ်ကို ပိုပြီးသဘောကျမိပါတယ် ။တိုက်စစ်မှာရဂိုး ၅၄ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ၊ ခံစစ်မှာ ပေးဂီုး ၁၄ ဂိုးနဲ့ ဂိုးပေးအနည်းဆုံး ရန်ကုန်အသင်း ဆက်လက်အောင်ပွဲခံပါလိမ့်မယ် ။ တစ်ကြိမ်မှ မထွက်ပေါ်သေးတဲ့ရလာဒ် ကို ခန့် မှန်းလိုက်ပါတယ် ။
ရလာဒ်ခန့် မှန်းချက်
ရန်ကုန်ယူနိုက်တက် 3 - 1 ရတနာပုံ
No comments:
Post a Comment