ဘော်လုံး ပွဲထဲ မှာ တကယ့် ကို ကဲတဲ့ သူပါရှင်၊ အားရ ပါးရ အော်လိုက် တာများပင် ဂိုးးးးးးးး
ဒီသီချင်လေး ကတော့ ကျွန်တော် ငယ်စဉ် ကလေး
ဘ၀တုန်း က ရေဒီယိုက အမြဲကြား ခဲ့ရတဲ့ သီချင်လေး တစ်ပုဒ် ပါ ။ မြန်မာ ပွဲတွေ
ကန်တဲ့ အခါ ရေဒီယိုက တိုက်ရိုက် အသံလွှင့် တိုင်း ပွဲပြီး လို့ 
မြန်မာနိုင် ရင် လွှင့်နေ ကျ သီချင်းလေးပေါ့ ဗျာ ။ အဲဒီ တုန်း က ကျွန်တော့်
အသက်က သုံးလေးနှစ်လောက် ပဲ ရှိဦး မယ်။ အိမ်မှာ က ရုပ်မြင်သံကြား စက်
မရှိလေတော့ ရေဒီယို နား ကပ်လို့ အား ပါပါ အသံလွင့် ချက်လေး နားထောင် ရင်း
ဘောလုံး ကွင်း ထဲရောက်နေ သလို ပုံရိပ်တွေ ကို စိတ်ကူးပုံဖေါ် လို့ မြန်မာ
အသင်း ကို အားပေး ရပါတယ်။ ပွဲပြီး လို့ မြန်မာနိုင် တဲ့ အခါ အဲ့ဒီ
သီချင်းလေး နားထောင် ရတယ်ပေါ့ ဗျာ။ အင်းးး မြန်မာ ရှုံးရင်တော့ အဲ့ဒီ
သီချင်းကို မလွှင့် ပါဘူးဗျာ။ ဒီသီချင်းလေး ကို မှတ်မှတ် ရရ ရှိနေ ခဲ့ရခြင်း
ကတော့ ဒီ သီချင်းလေး ကြား ရတဲ့ နေ့ တွေ ဟာ ကျွန်တော့် ငယ်ဘ၀ ရဲ့ 
အပျော်ဆုံးနေ့  များ ဖြစ် ခဲ့လို့  ပါပဲ။
ကျွန်တော် ငယ်စဉ် ကတည်းက မြန်မာပွဲ ဆိုရင်
အလွတ် မခံနိုင်လောက်အောင် ကို ၀ါသနာကြီး ခဲ့ ပါတယ်။ ဘောလုံးပွဲ ရှိတဲ့နေ့
ဆို မနက် ကတည်းက ဘောလုံး ပွဲ ကန်မယ့် အချိန်ကို မျှော်နေ မိတယ်။
မြန်မာနိုင် ရင် အရမ်းပျော်ရွှင် ခဲ့ရ သလို မြန်မာ ရှုံးတဲ့ အခါမျိုး
ဆိုရင်တော့ ထမင်းတောင် မစားနိုင်လောက်အောင် ၀မ်းနည်း မိ တယ် ဗျာ။
ကျွန်တော်မှီ ခဲ့တဲ့  မြန်မာဘောလုံး
အသင်းက ထင်ပေါ်ကျော်ကြား သူတွေ ကတော့ မျိုးလှိုင်ဝင်း ၊ သန်းတိုးအောင် ၊
ကြည်လွင် တို့  ပါပဲ ။ ပြီးတော့ အုတ် တံတိုင်း စိုးနိုင်၊ သန်းဝေ နဲ့
အောင်ကျော်ကျော် တို့ ပေါ့ ဗျာ။ အော် တစ်ယောက် ကျန်သေး တယ်ဗျ။ သူ ကတော့
ဝင်းအောင် ပါ။ တောင်ပံ ကဖြတ်တင်ပေးပို့ လိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်
သွင်းယူတဲ့ နေရာမှာ တော်တော် ကို ထူးချွန်ပြောင်မြောက် တဲ့ ကစားသမား ပါဗျာ။
ကျွန်တော် တီဗီ က ကြည့် ခဲ့ရတဲ့ ဘောလုံးပွဲ တစ်ပွဲ မှာ သူ့ ရဲ့ 
ခေါင်းတိုက် ဂိုး သွင်းမှု ကို ခုချိန် ထိ အမှတ် ရနေတုန်း ပါ ပဲဗျာ ။
ဘယ်နှစ် ခုနှစ် ကလည်း မမှတ်မိ တော့ပေမယ့် ကမ္ဘောဒီးယား နဲ့ ပွဲ ဆိုတာတော့
မှတ်မိ ပါတယ်။ အဲ့ဒီ ပွဲမှာ သူ သွင်း တဲ့ ဂိုးနဲ့  မြန်မာ ဦးဆောင်
ခဲ့ပေမယ့် ၃ ဂိုး ပြန်သွင်း ခံရပီး မြန်မာ ရှုံးခဲ့ တယ် ဗျာ။ မြန်မာရှုံး
နိမ့် သမျှမှာ ကျွန်တော် ရင် အနာရ ဆုံး ပွဲတစ်ပွဲ ရှိခဲ့တယ်။ လုံးဝ အမှတ်တ ရ
ပါပဲ။ အောင်ကျော်ကျော် အထုတ် ခံရတဲ့ ဗီယက်နမ် နဲ့ ပွဲပေါ့ ဗျာ ။ အဲ့ဒီပွဲ
ကိုကြည့် ဖို့  အိမ်ရှေ့  က လက်ဖက်ရည် ဆိုင် မှာ တစ်နာရီ လောက်ကြို သွားပီး
နေရာ ဦးခဲ့ ရတယ်။ ပွဲပြီး လို့ မြန်မာ ရှုံးတော့ ကျွန်တော် ဘယ်သူနဲ့ မှ
စကား မပြောပဲ အိမ်ကို ပြန်ပြေး အိပ်ရာ ထဲမှာ ငိုမိ တယ်။ ထမင်း လည်း
မစားတော့ ဘူး။ ဘယ်သူ ချော့လို မှ လည်း စိတ်က မပြောဘူး။ ရင်ထဲမှာ အရမ်း
ဝမ်းနည်းပြီး တစ်ညလုံး ငိုခဲ့ မိတယ်။ မြန်မာ အသင်း ကို ငယ်ငယ်လေး ကတည်းက
အဲ့ဒီလောက် ထိ ကျွန်တော် အားပေး ခဲ့ပါတယ်။ ငယ်ငယ် တုန်း က ကလေး ဘ၀ မှာပေါ့
ဗျာ။
အခု ကျွန်တော် အသက် ၂၂ နှစ်ရှိ ပါပြီ ။
ဘောလုံးပွဲ နဲ့ ပက်သက် ရင် ကျွန်တော် အင်္ဂလန် ပရီးမီးယား လိဂ်၊ ချန်ပီယံ
လိဂ် ပြိုင်ပွဲတွေ ကို အတော်လေး နှစ်ခြိုက် ပါတယ်။ မန်ယူ အသင်းဆိုရင်
ကျွန်တော့် ရဲ့ အသဲစွဲ ပေါ့ ဗျာ။ ဒါပေမယ့် ခုချိန်ထိ ကျွန်တော့် ကို
အမှန်တကယ် စိတ် လှုပ်ရှားစေ တဲ့ အသင်း ကတော့ မြန်မာ အသင်း ပါပဲဗျာ။ အရှေ
့တောင် အာရှ ဘောလုံး ပွဲတွေ ကန်နေ ကျ နှစ်ကုန် ခါနီး အချိန်ဆို ကျွန်တော်
ရဲ့  ဘောရူး အရူးဆုံး အချိန်တွေ ပဲပေါ့။
မြန်မာဘောလုံး အသင်း ဟာ အဖေတို့
ငယ်ငယ်တုန်း က အာရှ ချန်ပီယံဖြစ် ခဲ့တယ်တဲ့။ ဘပု၊ တင်ဝင်း၊ ကိုကိုကြီး၊
ဗဟာဒူး တို့  တော်တော် ကောင်းတယ် ဆိုပဲဗျ။ ဟုတ်မှ ဟုတ်ပါ့ မလား လို့ တောင်
စိတ်ထဲ မှာ တွေး မိတယ်။ ဒါနဲ့  ဘောလုံး သမိုင်းတွေထဲ ပြန်ရှာကြည့်တော့
မြန်မာအသင်း ဟာ အီရန် ကို ၁- ၀ နဲ့နိုင်ပီး ၁၉၆၆ မှာ ချန်ပီယံဖြစ် ခဲ့သလို
ကိုရီးယား အသင်းနဲ့  အချိန်ပို ထိ ဂိုး မရှိ သရေနဲ့ ၁၉၇၀ မှာ ပူးတွဲ
ချန်ပီယံဖြစ် ခဲ့တာ တွေ့ ရ တယ် ဗျာ။ ဘောလုံးတင် မကဘူးဗျာ။ အဲဒီ အချိန်တုန်း
က အရှေ့တောင် အာရှ တစ်လွှား မှာ မြန်မာကို ဘယ်သူ မှ မော် မကြည့် နိုင်တဲ့
အားကစား တွေ အများကြီး ရှိခဲ့တယ် ဆိုတာပါ သိ ခဲ့ရတယ်။ အမျိုးသမီး မီတာ
၁၀၀ပြေးပွဲ၊ အမျိုး သမီးလှံတံ ပစ်၊ သံလုံးပစ်၊ သံပြားပစ်၊ စတာတွေ မှာ
ဆယ့်လေးငါးနှစ် ဆက်တိုက် မြန်မာတွေ ချည်း ဗိုလ်စွဲ ခဲ့ကြတယ် ဆိုပဲဗျာ။
နောက်ပြီး အမျိုးသား မာရသွန် ဆိုတာများ မြီတုံးနော် ခေတ်၊ ရှင်ဆွေဂန်း
ခေတ်၊ လှသိန်း ခေတ် ဆိုပြီး ဆယ်စုနှစ် နှစ်ခုကျော် ပိုင်စီးထားနိုင် ခဲ့သေး
တယ် တဲ့ဗျာ။ လက်ဝှေ့နဲ့ ပက်သက် ရင် လည်း ပြိုင်ပွဲ အတန်း တိုင်း မြန်မာတွေ
ပဲ ဗိုလ်စွဲ ခဲ့ သတဲ့ ဗျာ။ အာရှ ရဲ့ကျား လို့ တောင် သမုတ် ခံရ သတဲ့လေ။
ခုများတော့ဖြင့် အရှေ့ တောင် အာရှ ပွဲတွေမှာ မြန်မာ အားကစား အဖွဲ့ က
ဆယ်သင်းပြိုင်ရင် အဆင့် ၈လောက် နဲ့ပဲ ကျေနပ်နေ ရ တာ တွေ့ တော့ တစ်ချိန် က
အာရှရဲ့ ကျားကြီး ဖျားနေ ပီလား လို့ တွေးမိ တယ်။
ဒါနဲ့ပဲ ကျွန်တော် အရူးအမူး အားပေးတဲ့
မြန်မာ ဘောလုံး အသင်းက စလို့ ကစားနည်း တွေ အားလုံး မှာ မြန်မာ အသင်း
အောင်ပွဲ ဆင်နိုင်ဖို့  ဘာတွေများ လိုအပ်နေ ပါလိမ့်လို့ တွေးရင်း က
ဒီဆောင်းပါးလေး ရေးရင်း အကြံပေး ဖို့ စိတ်ကူးမိ ခဲ့တယ်ဆို ပါတော့ဗျာ။
နောက်နှစ် ၂၀၁၃ မှာ လည်း ကျွန်တော် တို့ မြန်မာနိုင်ငံ မှာ အရှေ့ တောင်
အာရှ အားကစား ပြိုင်ပွဲကြီး လည်း ကျင်းပတော့ မယ် မဟုတ်လား။ အခြား အားကစား
နည်းတွေ နဲ့ ပက်သက် လို့ ကျွန်တော် လက်လှမ်း မမှီပေမယ့် ကျွန်တော် ငယ်စဉ်
ကတည်းက အရူးအမူး အားပေး ခဲ့တဲ့ မြန်မာ့ ဘော်လုံး အကြောင်း တစ်စေ့ တစ်စောင်း
ဝေဖန် ရရင်ဖြင့် အကျိုးရှိမယ် လို့ ထင်မိ ပါတယ်။
ကျွန်တော် ငယ်ငယ် ကတည်းက ခုချိန်ထိ မြန်မာ
ဘောလုံး အသင်းတွေ မှာ မပြင်နိုင်သေးတဲ့ အမှားလေး က စပြီး ဝေဖန် ရရင်
သင့်တော် မယ် ထင် ပါတယ် ။
“ဘာလုံးပွဲ ကန်ကြတဲ့ အခါ မှာလည်း ကိုယ် က
စပြီး ဂိုးသွင်း ရရင် အတော်ပဲ အားတက် လာ တယ်။ နောက် တစ်ခါ တော်တော်လေး
ဂိုးများ လာတယ် ဆိုရင် လျှော့လျှော့ ပေါ့ပေါ့ ကန်ချင် လာတယ်။ တစ်ဖက် ကလည်း
နောက်ဆုံး အပြီးသတ် ကျတော့ မှ ကပ်ပြီး ဂိုးသွင်း သွားလို့ ရှုံးတာတွေ သရေ
ဖြစ်တာ တွေ ကို ဘောလုံးပွဲ ရာဇ၀င် မှာ ပြန်စဉ်းစား ကြည့်ရင် တွေ့ ရမှာပဲ။
ဒါတင် မကသေး ဘူး။ သူတို့ လူတွေ က ပထမ နာရီဝက် မှာ ရှုံးသွား ရင် တော်သေး
တယ်။ ဒုတိယ နာရီဝက် မှာ ဆယ်မိနစ် လောက် ကြာတော့ တော်တော်လေး ကန်မိ လို့
ဂိုးပြန် မသွင်းနိုင် သေးဘူး ဆိုရင် လူကို ပြန်ချ တာပဲ။ ကျွန်တော်တို့
ဗမာပြည် မှာ အဲဒါ (Sporting Spirit) မရှိ ဘူး။ ဒါဘာလဲ ဆိုရင် ကျွန်တော်
တို့ ဗမာတွေ ရဲ့ စိတ်ဓာတ် ထက်မြက် တယ် ဆိုတာ တလွဲ မှာ ဆံပင် ကောင်း နေ
တာပဲ။”
ဒါ ကတော့ လွန် ခဲ့တဲ့ နှစ်ပေါင်း ၆၀
ကျော် က ဗိုလ်ချုပ်အောင်ဆန်း ပြော ခဲ့တဲ့ မိန့်ခွန်း ထဲက စာသား အချို့
ပါဗျာ ။ ခုချိန်ထိ ခေတ်မှီနေသေး တယ် ဆိုတာ အားလုံး လက် ခံကြ မှာပါ ။ လက်
မခံလို့  လဲ ဘယ် ရလိမ့်  မလဲ ဗျာ။ ပြည်တွင်း ဘောလုံး ပွဲတွေက စလို့ 
နိုင်ငံ တကာပြိုင်ပွဲတွေ ထိ မြန်မာ ဘောလုံး အသင်းတွေ ရဲ့  ဖြစ်ပုံ ပျက်ပုံ
လေးတွေက မရိုးနိုင်သော ဓါတ်ပြားဟောင်းကြီး ပဲ ဖြစ်နေပြန် တာ ကိုး။
မြန်မာ-အိုမန် ပွဲ ဆိုရင် လည်း တကယ့် ကို သမိုင်းတွင် ခဲ့တဲ့
အမည်းစက်ကြီးဖြစ် ခဲ့တယ် ဗျာ ။ခုချိန် ထိ လည်း ပြည်တွင်း ပွဲစဉ်တွေ မှာ
ပရိသတ် က အစ ကစားသမား တွေ အဆုံး ဘောမနိုင် လူချ ဆိုတာကြီး က အရိုးစွဲ
နေပြီ။ ကိုယ့်အိမ်ကွင်း ရောက် ကိုယ် က နှိပ်ကွပ် သူ့ အိမ်ကွင်း ရောက် သူက
နှိပ်ကွပ် ဆိုသလို ပွဲ တစ့်ပွဲ ရဲ့ အနိုင်အရှုံး ကို ကြိုးစား အားထုတ်မှု နဲ့ 
ဖန်တီးယူ ရမယ့် အစား ပရိသတ် အား အိမ်ကွင်း အားနဲ့  အနိုင် ယူချင်ကြ သလို
တစ်ဂိုးလောက် အသာရတာ နဲ့  အချိန် ဆွဲဖို့ ပဲ အားသန်နေကြတာ ဘောလုံးပွဲ
တစ်ပွဲ ရဲ့  ရသ ပျက် တဲ့ ထိအောင် ပါပဲဗျာ။ မကြာသေး ခင် က ပြည်တွင်း ပွဲစဉ်
တစ်ခု မှာလည်း ပရိသတ်က ခဲ့နဲ့ ပေါက် လို့  ကစားသမား တစ်ယောက် ကျောပေါက် တဲ့
ထိ ဖြစ်သွား ခဲ့တာ မြင်ရကြားရ တာ စိတ်ချမ်း မြေ့စရာ မရှိ လှ ပါဘူး ။
နိုင်ငံ တကာပြိုင်ပွဲ သွားပြိုင် လိုက်ရင်
လည်း ဆုတံဆိပ်တွေ ယူလာ မယ့်အစား အနီကတ် တွေ သယ်လာပေါင်း လဲ များလွန်း
လှပါဘီ။ နောက်ဆုံး မိနစ် နောက်ဆုံး စက္ကန့်တွေ မှာ ဂိုးပေး လိုက်ရ လို့
ရသင့်တဲ့ အမှတ်တွေ ဆုံးရှုံး သွားရ တာတွေ ကလည်း ဒုနဲ့ ဒေး ပါပဲ ဗျာ။ မကြာခင်
က မြန်မာနိုင်ငံ ကိုယ်စား ပြုပြီး ၀င်ကန်နေ တဲ့ AFC CUP မှာ လည်း ရန်ကုန်
ယူနိုက်တက် အသင်းဟာ ၂ပွဲ ကစားပြီး ရာမှာ ၂ပွဲလုံး ပွဲပီး ခါနီးမှ
ဂီုးတွေပေး ခဲ့ရတာ အမှတ် ရကြ မှာပါ။ တကယ် ဆိုရင်တော့ ၂ပွဲလုံး ဟာ အနိုင်
သုံးမှတ် ရနိုင်တဲ့ ပွဲစဉ်တွေ ဖြစ် ခဲ့ပါတယ် ။ ပန်းတိုင် မရောက်ခင်
တက်ထောင် ချင်တဲ့ မြန်မာ ကစားသမားတွေ ရဲ့  စိတ်ဓါတ် ကိုလည်း အများကြီး
ပြုပြင် ရဦး မှာပါ ။
လက်ရှိ အချိန် မှာ For the League , For
the Nation ဆိုတဲ့  ဆောင်ပုဒ် နဲ့  MNL ပြည်တွင်း ဘောလုံးပွဲတွေ ကျင်းပ နေ
ပါတယ်။ အဲ့ဒီ ပြိုင်ပွဲကြီး ရဲ့ အကျိုး သက်ရောက်မှု အနေနဲ့  မြန်မာ့
ဘောလုံးလောက အောင်မြင် တိုးတက်ရေး အတွက် ထိုက်သင့် သလောက် အကျိုးဖြစ်
ထွန်းစေ ပါတယ်။ သို့ ပေမယ့် လည်း ကျွန်တော် တို့  တွေးဆ လို့ 
ချင့်ချိန် သင့်တာလေးတွေ ရှိနေပြန် ပါတယ်။ ဒါကတော့ ပရိုဘောလုံး လောက ပါ ။
လက်ရှိ ပြည်တွင်း ပြိုင်ပွဲတွေ မှာ ပရို စနစ် ကျင့်သုံးနေ တဲ့နေရာ မှာ
မြန်မာ ကစားသမားကောင်း တွေ ပေါ်ထွက် လာဖို့ အဓိက လိုအပ် လှ ပါတယ်။ လက်ရှိ
အနေအထား ကို ပွင့်ပွင့် လင်းလင်း ဝေဖန် ရရင်တော့ MNL မှာ ဖြစ်ပျက်နေ တဲ့
အနေအထားတွေ ဟာ ကျေနပ်လောက် စရာ မရှိသေးတာ ကိုတွေ့ ရပါတယ်။ ဘာကြောင့် လဲ
ဆိုတော့ MNL အသင်းတိုင်း ဟာ နိုင်ငံခြား ကစားသမားတွေ အပေါ် မှီခိုမှု
အားကြီးနေ တာကြောင့် ပါ။ နိုင်ငံခြား ကစားသမား တွေ မသုံးပါဘူး ဆိုတဲ့
အသင်းတွေ နိင်ငံခြား ကစားသမားတွေ ခေါ်ယူ လာကြတာ တွေ့ ရ သလို ၊ နိုင်ငံခြား
သားတွေ မသုံးတော့ ဘူး ဆိုတဲ့ အသင်းဟာ တော်တော် ကို ခြေစွမ်း ကျဆင်း သွားတာ
တွေ့ ရ ပါတယ်။ ခေါ်ယူ လိုက်တဲ့ နိုင်ငံခြား ကစားသမား တွေရဲ့ ခြေစွမ်း အပေါ်
မူတည်ပြီး အသင်းတိုင်း ရဲ့  အနေအထားတွေ ဟာ သိသိသာသာ ပြောင်း လဲတာ တွေ့ ရ
ပါတယ်။ အသစ် ခေါ်ယူ လိုက် တဲ့ နိုင်ငံခြားက စားသမားတွေရဲ့
ခြေစွမ်းကောင်းခြင်း မကောင်းခြင်း အပေါ် မူတည်ပြီး အသင်း တစ်သင်း ရဲ့  တစ်
ရာသီ အောင်မြင်မှု ဟာ လုံးဝ မူတည်နေတာ တွေ့ရ ပါတယ်။
လက်ရှိ အချိန်မှာ ပြည်ပ ကစားသမား
၎ယောက်ခေါ်ယူ ခွင့် ကနေ ၃ယောက် အထိ လျှော့ချ ထား တာတောင် လွှမ်းမိုးမှု က
ကြီးမား လွန်းနေတာ က ပြဿနာ တစ်ရပ် ပါ ။
အင်္ဂလန် အသင်း ကို လေ့လာကြည့် ပါ။ သူ တို့
ရဲ့ ပြည်တွင်း လိဂ်ပြိုင်ပွဲ ဟာ ကမ္ဘာ မှာ ထင်ရှား ကျော်ကြား မှု အရှိဆုံး
ပြိုင်ပွဲ တစ်ခု ပါ။ အရမ်းလဲ အောင်မြင် ပါတယ်။ သို့ ပေမယ့် လည်း
အောင်မြင်မှု ရဲ့ အသီးအပွင့် ကို အင်္ဂလန် လက်ရွေးစင် အသင်း မခံစား ရပါဘူး။
အင်္ဂလန် လက်ရွေးစင် အသင်း ဟာ ဥရောပ ပြိုင်ပွဲ တွေ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ
မှာ အောင်မြင်မှု နဲ့  တော်တော်လေး ကို အလှမ်းဝေးနေ သလို တစ်ခါတစ်ရံ မှာ
ခြေစစ်ပွဲ တောင် မအောင် တဲ့  ဖြစ်ရပ်မျိုး တွေ ရှိ ခဲ့တာ ကို တွေ့ ရ မှာပါ ။
ဒါကြောင့် မို့ မြန်မာ နေရှင်နယ် လိဂ် ရဲ့
အောင်မြင်မှု အသီး အပွင့်တွေ ကို မြန်မာ့ လက်ရွေးစင် အသင်း ခံစားစေနိုင်
ဖို့  အတွက် အထူး ပဲ အရေးကြီး ပါတယ်။ နိုင်ငံခြားသား ဘောလုံးသ မားတွေ အတွက်
အလုပ် အကိုင် အခွင့်အလမ်း ပွင့်လန်းစေ တာထက် ပိုတဲ့  မြန်မာ ဘောလုံး
သမားကောင်း များ ပေါ်ထွက်စေရေး ကို ပိုမို အာရုံ စိုက်ကြ ရ မှာဖြစ် ပါတယ်။
သက်တမ်း
အလိုက် လက်ရွေးစင် လူငယ်လေး များ ပေါ်ထွန်း လာမှု မှ သည် နိုင်ငံ လက်ရွေးစင်
အဆင့်ဖြစ် လာသည် အထိ အဆင့်ဆင့် ဖေါ်ဆောင် သွားကြဖို့ အထူး အရေးကြီး ပါတယ်။
ယူ၂၃ အသင်း က ဘောလုံး သမား တစ်ယောက် ဟာ ယူ၂၃ လက်ရွေးစင် ဘောလုံးမား ဘ၀ က
အနားယူ လို့ သုံးလေးနှစ်လောက် ပဲ ရှိသေး တယ် ဘောလုံး သမား ဘ၀က အသက်
အရွယ်ကြောင့် အနားယူ သွားတယ် ဆိုတာ အလွန်ပဲ ရုပ်ဆိုး လွန်းလှ ပါတယ်။
မြန်မာနိုင်ပြီ ဆိုတဲ့ သီချင်းသံလေး ကြားနိုင်ဖို့ အတွက် ဆေးမြီးတိုတွေနဲ့ 
ကုစားဖို့ မသင့်လှ ပါဘူး။ ရေရှည် အကျိုးဖြစ်ထွန်း စေဖို့ ကာလ တို
အောင်မြင်မှု ကို မက်မောနေ လို့ မဖြစ် ပါဘူး။ လူငယ်တွေ ကို များများ
ပွဲထုတ်ပေး ပါမှ အနာဂတ် မျိုးဆက်သစ် တွေ ဖြစ်လာ မှပါ။ မဟုတ် ရင်တော့ ၂၅ ၊
၂၆ နှစ်လောက် နဲ့  ယူ ၂၁ ၀င်ကန်တဲ့  မျိုးဆက်တုံး လူငယ် အသင်း ကိုပဲ
ပရိသတ်ထံ ချပြနိုင် မှာဖြစ် ပါတယ် ။
အချို့ ဒေသတွင်းနိုင်ငံတွေ မှာ လည်း
အောင်မြင်မှု ရရှိရေး အတွက် နိုင်ငံခြားသား ကို နိုင်ငံသား ခံယူစေပြီး
နိုင်ငံ ကိုယ်စားပြု ကစားခိုင်း တဲ့ အနေအထားတွေ တွေ့  ရပါတယ်။ ဒါမျိုး
ဟာလည်း နိမ့် ကျတဲ့ ခံယူ ချက်နဲ့  နိမ့်ကျတဲ့  အတွေး အကြံတွေ မို့  အတုယူ
ဖို့  မကောင်းလှ ပါဘူး။ ရေရှည် အတွက် အကျိုး ဖြစ်ထွန်း မှု မရှိပဲ ကာလတို
အောင်မြင်မှု ကိုသာ ရရှိနိုင် မှာဖြစ် ပါတယ်။
ဒါကြောင့် မို့ အာရှရဲ့ ကျား နလန်
ထနိုင်ဖို့ ဆေးမြီးတိုနှင့် ကား မစွမ်းနိုင်ကြောင်း တင်ပြရင်း တစ်ခေတ်
တစ်ခါ က အနှစ် သာရ ရှိတဲ့ ရွှေမြန်မာ တစ်ခေတ် ပြန်လည်ကာ ဖြစ်စေ ဖို့ 
အတွေးအမြင် သစ်များ နဲ့  မနှေးပြင် သင့် တာ များ ကို ပြင်ကြ ပါလို့ 
တိုက်တွန်း လိုက်ရ ပါတယ်။
ရေးသားသူ – ကောင်းမြတ်သူ
Posted by MMStriker on April 1, 2012
www.myanmarstriker.com မှာ ရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့  ဆောင်းပါးလေးပါ ။
ဒီမှာဝင်ကြည့်နိုင်ပါတယ် ။
No comments:
Post a Comment