ရန်ကုန်
ယူနိုက်တက် အသင်းသည် မြန်မာ့ လက်ရွေးစင် နည်းပြဟောင်း အိုင်ဗန်ကိုလက်ဗ်ကို
(၅)လ စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။
မေလ ၂၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ
လာပြီးနောက် အသင်းပိုင် YUSC ကွင်းရှိ အသင်း အထွေထွေ မန်နေဂျာ ရုံးခန်း၌
စာချုပ်ခဲ့ခြင်း ဖြစ်သည်။
“၂၀၀၄ ခုနှစ်တုန်းက မြန်မာ ဘောလုံး လောကနဲ့ အခု အခြေအနေ ကတော့
နှိုင်းယှဉ်ဖို့ ခက်ခဲပါတယ်။ မြန်မာ ဘောလုံး လောက အကြောင်းကိုလည်း တစ်လလောက်
အချိန်ယူ လေ့လာရ ဦးမယ်။ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ ကစားသမား
တွေအကြောင်းကိုလည်း လေ့လာရ ဦးမှာပါ။ ရာသီကုန်မှာ ချန်ပီယံ ဖြစ်မယ်လို့
မပြောနိုင် ပေမယ့် ချန်ပီယံဘွဲ့ ထိန်းနိုင်အောင်တော့ ကျွန်တော်ရဲ့
အကောင်းဆုံး စွမ်းအင်တွေကို ပေးဆပ် သွားမှာပါ။ ရန်ကုန် အသင်းရဲ့
ဖွဲ့စည်းပုံနဲ့ ဆိုရင် အောင်မြင်မှု လမ်းကြောင်း ပေါ်ကနေ ချော်ကျသွားဖို့
မရှိပါဘူး” ဟု ရန်ကုန် ယူနိုက်တက် အသင်း၏ နည်းပြချုပ် အသစ်က ပြောကြားသည်။
မြန်မာ့ လက်ရွေးစင် နည်းပြဟောင်း အိုင်ဗန်ကိုလက်ဗ်သည် ဇေယျာရွှေမြေနှင့်
ကစားမည့် ပွဲစဉ်ကို လေ့လာသူ အဖြစ် လိုက်ပါမည် ဖြစ်ပြီး ဇူလိုင်လ (၇)
ရက်နေ့တွင် ကစားမည့် ဟံသာဝတီ-ရန်ကုန် ယူနိုက်တက် ပွဲမှစ၍ တာဝန်ယူ
ဆောင်ရွက်မည် ဖြစ်သည်။
အိုင်ဗန်ကိုလက်ဗ်သည် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် (၁၇)အပြီးတွင် တစ်လကြာ
ရပ်နားမည့် ကာလ၌ ရန်ကုန် အသင်းကို အသေးစိတ် လေ့လာမည် ဖြစ်ပြီး သေချာပေါက်
အောင်မြင်မှု ရမည်ဟုလည်း ယုံကြည်လျက် ရှိသည်။
နည်းပြချုပ် အသစ် ခေါ်ယူခြင်းနှင့် ပတ်သက်၍ အသင်း အထွေထွေ အတွင်းရေးမှူး
ဦးဇွဲလှိုင်မှီက မိမိတို့ အသင်းသည် ချန်ပီယံဘွဲ့ ကာကွယ်နိုင်ရေး အတွက်သာ
ပစ်မှတ်ထား ကစားလျက် ရှိကြောင်း၊ ဒုတိယဆု ရမည် ဆိုလျှင် ပရိသတ်များက
ကျေနပ်မည် မဟုတ်ကြောင်း၊ ရန်ကုန်မြို့ခံ ပရိသတ် များ၏ ဆန္ဒကို ဖြည့်ဆည်း
ပေးနိုင်ရန် ကြိုးစားလျက် ရှိကြောင်း ပြောကြားသည်။
အိုင်ဗန်ကိုလက်ဗ်၏ ကိုယ်ရေး အကျဉ်း ….
အိုင်ဗန် ဗန်ကို ကိုလက်ဗ်
၁၄.၇.၁၉၅၇ (၅၅)နှစ်
နောက်ဆုံး ၁၂ နှစ် အတွင်း တာဝန်ယူခဲ့သည့် အသင်းများ
ဘူဂေးရီယား ယူ-၂၀ (၂၀၀၀-၂၀၀၂)
အင်ဒိုနီးရှား (၂၀၀၂-၂၀၀၄)
မြန်မာ (၂၀၀၄-၂၀၀၅)
မီထရာကူကာ (၂၀၀၆)
ဂျာရာပူလာ (၂၀၀၇)
အင်ဒိုနီးရှား (၂၀၀၇)
ဘူဂေးရီးယား ယူ-၂၀ (၂၀၀၈-၂၀၀၉)
ဆီရီဂျာရာ (၂၀၁၀-၂၀၁၁)
ပရိုဒူတာ (၂၀၁၂)
www.ygnutd.com
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
-
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။
ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် ...
12 years ago
No comments:
Post a Comment