အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ငတုံးငတိတို့  ပြောတဲ့ မြန်မာ့ဘောလုံး ( ၃ )

တစ်နေ့ သ၌ ကျွန်ုပ်ငတိနှင့်ငတုံးတို့ သည် လွန်စွာ တိတ်ဆိတ်၍ ဆူညံသံကင်းသည့်  လောက၏ ဆိတ်ငြိမ်မှု အရှိဆုံးနေရာ တစ်ခုဝယ် တွေ့ ဆုံဖြစ်ကြလေ၏ ။ ထိုနေရာသည်ကား လေးဘက်လေးတန်သော လင်းအားကောင်း မီးမောင်းကြီးများနှင့် လှပသေသပ်သော ထိုင်ခုံသစ်များ မွမ်းမံ ထားသည့် ရန်ကုန်မြို့ ၏ ကျက်သရေဆောင် နေရာတစ်ခု ၊  ပရိသတ် ၇သောင်းထိ ၀င်ဆံ့တော့မည် ဟူသော မခို့ တရို့  အိမ်မက်များ ပျက်ပြယ် ခဲ့ရသည့်နေရာ ။ ထိုနေရာသည် ယခု အဘယ်ကြောင့် တိတ်ဆိတ်မှု အရှိဆုံးဖြစ်ရပါသနည်း ။ အကြောင်းမှာမူ ယနေ့ ညနေ ကစားမည့် ပွဲစဉ်မှာ အသင်းကြီးများ မဟုတ်ကြလေသော ဆောက်သမ်း – ချင်း ယူနိုက်တက်တို့  ဖြစ်လေသောကြောင့်ပေတည်း ။
မှန်ပေ၏ ။ သုဝဏကွင်းကြီးသည် တစ်ခါတစ်ရံ ကွင်းပြိုကျလုမတတ် ပရိသတ်များ လာရောက်အားပေးရာ ဘောလုံးကွင်းကြီးဖြစ် သလို တစ်ခါ တစ်ရံလည်း ကွင်းထဲမှာ လူ အယောက် တစ်ရာလောက်ပင် မပြည့်အောင် လူဝင် ကျဲပါးလှပေ၏ ။ ယနေ့ တွင် မြန်မာ့ဘောလုံး မီဒီယာသမားတို့သည်လည်း သူတို့ ၏ ဘူမိနတ်သန် နေရာမှန်ဖြစ်သော မီဒီယာများသီးသန့် ကြည့်ရှုရာနေရာတွင် မကြည့်ရှုပဲ ပွဲကြည့်စင်တွင်း ၀င်ရောက် ကြည့်ရှုနေသည်ကို တွေ့ ရပေသည် ။ အကြောင်းမူကား သူတို့ ၏ သတ်မှတ်နေ၇ာတွင် တည်ရှိကုန်သော သစ်သားထိုင်ခုံများမှာ ဟောင်းနွမ်း၍ အသစ်မလဲရသေးသောကြောင့် ဖြစ်ဟန်တူပေ၏ ။
ယနေ့ ဆွေး နွေးပွဲကားစချေပြီ . ။
ငတုံး  ။      ။  ဘယ်လိုလဲ ကိုယ့်လူ ခုတလော ဘာသတင်းတွေ များကြားသေး လဲဗျ ။
ငတိ   ။      ။  သတင်းတွေ ကတော့ အကုန် အကောင်းချည်း ပါပဲဗျ ။ အဓိက စိတ်ဝင် စားစရာကောင်း တဲ့ သတင်းက နောက်တစ်ပတ် ကန်မယ့်  ရတနာပုံ- ရန်ကုန် ပွဲစဉ်မှာ အိမ်ရှင် ရတနာပုံ ပရိသတ် http://yadanarbonfans.com/community/ တွေနဲ့  Yangon United Warriors အဖွဲ့ က ရန်ကုန် ပရိသတ်တွေ ချစ်ကြည် ရင်းနှီးစွာ တွေ့ ဆုံ ကြမယ် ဆိုတဲ့ သတင်း ပဲဗျာ ။
ငတုံး ။      ။ ဟုတ်လား ဗျ ။ ရန်ကုန်နဲ့ ရတနာပုံက MNL စတင် ကတည်းက မဟာပြိုင် ဘက်တွေ မဟုတ် လားဗျ ကိုယ့်လူရ ။ သူတို့ အချင်းချင်း ချစ်ကြည်ရေး ကိစ္စ ဖြစ်မြောက်တယ်ဆိုတော့ အံ့သြ စရာပါ လားဗျာ ။
ငတိ ။       ။  အော် ဒါများ ဆရာရယ် ပြိုင်ဘက် ဆိုတာ ရန်သူမှ မဟုတ်ကြ ပဲဗျာ ။ ယှဉ်ပြိုင် မှုမှာ အနိုင်အရှုံး ရှိတယ် ဆိုတာ လက်ခံရ မှာပေါ့ဗျာ ။ နောက်ပြီး ပရိသတ်ချင်း ညီညွတ် မျှတစွာ အားပေးဖို့ ဆိုတာ တကယ်ကို အရေးကြီး တဲ့ အချက် ပဲလေ ။ ကျွန်တော် တို့  MNL ပြိုင်ပွဲတွေ မှာ ပရိသတ်ချင်း သင့်မြတ်ဖို့ ဆိုတာ အရမ်း လိုအပ်နေတဲ့ လိုအပ်ချက် တစ်ခု မဟုတ်လားဗျာ ။ အခုလို ပရိသတ် အဖွဲ့ တွေ အချင်းချင်း ချစ်ကြည်မှု ကနေ ပရိသတ် အားလုံး ချစ်ကြည်ရေး ဆီကို ဦးတည် လုပ်ဆောင်သွား ရမှာပေါ့ ဗျာ ။
ငတုံး ။       ။ ဘယ်လိုတွေ့ ဆုံကြမှလဲဆိုတာ ပြောပြပါဦးဗျ ။
ငတိ  ။       ။ YGNUTD warriors အဖွဲ့  က ရတနာပုံ – ရန်ကုန် ပွဲစဉ်ကို သွားရောက်အားပေးတဲ့အခါ ရတနာပုံပရိသတ်တွေက ကြိုဆိုတွေ့ ဆုံ မယ် ပေါ့ဗျာ ။ ဒါက အခုမှ စလုပ်တဲ့ချစ်ကြည်ရေးတော့မဟုတ်ဘူးကိုယ့်လူရ ။ ရန်ကုန်မှာ ကစားသွားတဲ့ ရန်ကုန် – ရတနာပုံပွဲက အစပျိုးခဲ့တယ်လို့  ပြောရမယ် ။YGNUTD warriors အဖွဲ့  က  www.ygnutdfans.com  ဆိုတာ စတင်တည်ထောင်တော့ ရတနာပုံပရိသတ်တွေ ၀င်ရောက်လည်ပတ်လာကြတယ်ဗျ ။ warriors အဖွဲ့ ကလည်း စတင်တည်ထောင်ကတည်းက MNL ပရိသတ်အားလုံးနဲ့   ညီညွတ်မှုရအောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့တော့  ရတနာပုံပရိသတ်တွေနဲ့  ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖေါ်ဆောင်နိုင်ခဲ့ကြတယ်ဗျာ ။ အဲဒီနောက် ရန်ကုန် – ရတနာပုံ ထိပ်တိုက်တွေ့ တဲ့  ပထမအကျော့ပွဲစဉ်မှာ ပထမပိုင်းအပီးမှာ warriors အဖွဲ့ က ရတနာပုံပရိသတ်တွေကို သွားရောက်တွေ့ ဆုံ နှုတ်ဆက်ခဲ့ကြတယ်ဗျာ ။ အဲဒီနောက် ရန်ကုန် – ဇေယျာရွှေမြေပွဲစဉ် အားပေးဖို့  warriors အဖွဲ့ တွေ မုံရွာသွားတောလည့်း မန္တလေးမှာတစ်ထောက်နားပီး ရတနာပုံပရိသတ်တွေနဲ့  တွေ့ ဆုံခဲ့ကြတယ်ဗျ ။  အခုတစ်ကြိမ်နဲ့ဆိုရင်တော့ ၃ကြိမ်မြောက်တွေ့ ဆုံမှုလို့ ပြော ရမယ်ဆရာရေ ။
ငတုံး ။       ။  အစီအစဉ်ကတော့ ကောင်းပါတယ်ဗျာ ။ တစ်ခုပဲ အိမ်ရှင် ရှုံးရင် အဆင်ပြေပါ့မလားဗျ ဆရာရ ဟဲဟဲ ။
ငတိ  ။       ။ အော် ကိုယ့်လူရယ် ရှုံးတာနိုင်တာ ဘာမဆိုဖြစ်နိုင်တာပေါ့ဗျာ ။ ရတနာပုံအသင်းဆို ရန်ကုန်ကွင်းမှာ ရန်ကုန်ပရိသတ်တွေ ရှေ့ မှာ ရန်ကုန်နဲ့ကန်ပီး ဖလားယူသွားတာ ၂ကြိမ်တောင်ရှိတယ်လေ။
ငတုံး ။       ။ ဘယ်လိုဗျ ။ တစ်ကြိမ်မဟုတ်ဘူးလား ။ ဗိုလ်လုပွဲတုန်းကလေ ။
ငတိ  ။       ။  ဘယ်ကလာဗျာ ။ ဒုတိယအကြိမ်ပြိုင်ပွဲတုန်းကလည်း ဒီလိုပဲဗျ ။ ရတနာပုံက နောက်ဆုံးပွဲမကန်ခင်ကတည်းက ချန်ပီယံဖြစ်နေဘီ ။ အဲဒါကိုဗျာ  ရန်ကုန်နဲ့နောက်ဆုံးပွဲစဉ်မှာကျမှ ဖလားပေးတယ်လေ ။ ရန်ကုန်က အဲဒီနောက်ဆုံးပွဲမှာ နိုင်လိုက်တယ် ။ နိုင်ပီးတော့ ပွဲအပြီးမှာ ရတနာပုံကို ရနကုန်ပရိသတ်တွေ ရှေ့ မှ ဆုဖလားပေးခဲ့တာဗျ ။ ရန်ကုန်ပရိသတ်အချို့  တော်တော်ပေါက်ကွဲခဲ့တာပေါ့ဗျာ ။ အဲဒီတုန်းက ရန်ကုန် – ရတနာပုံ ၂သင်းက အပြင်းထန်ဆုံးပြိုင်ဘက်တွေ ဖြစ်နေတာသိရက်နဲ့  အဲ့ဒီလို စီစဉ်ခဲ့တဲ့ ဘောလုံးအဖွဲ့ ချုပ်ကိုတော့ တော်တော်လေးစိတ်ပျက်မိတယ်ဗျာ ။  တကယ်ဆိုဖြစ်သင့်တာက ပွဲစဉ်တစ်ခုနိုင်လို့ အသင်းတစ်သင်းက ချန်ပီယံဖြစ်နိုင်ဘီဆိုရင် အဲဒီပွဲစဉ်မှာ ဆုဖလားကို အဆင်သင့်ထားပီး တစ်ခါတည်းပေးလိုက်ရမှာမဟုတ်လားဗျာ ။ ဒါမှမဟုတ် ချန်ပီယံဖြစ်တဲ့အသင်းကို သူ့ အိမ်ကွင်း သူ့ ပရိသတ်တွေရှေ့ မှောက်မှာ ဆုဖလားပေးရမှာမဟုတ်လားဗျာ ။
ငတုံး  ။       ။ ဒါကတော့ဗျာ ရန်ကုန်ဆိုတာ အိမ်ကွင်းမဟုတ်တဲ့  အိမ်ကွင်းအမည်ခံကွင်းမှာ ကန်နေရတာကိုးဗျာ ။
ငတိ ။         ။ ဘာကိုဆိုလိုတာလဲဗျ ဆရာရ ။
ငတုံး ။       ။   ဒီတစ်ခါတော့ ခင်ဗျား ဝေးသွားပီကိုယ့်လူ ။ ခင်ဗျားစဉ်းစားကြည့်လေ သုဝဏကွင်းမှာ ပွဲကြည့်စင်ကို ၂ဘက်အသင်းတွေအတွက် တစ်ဝက်စီ နေရာချထားတယ် ။ ပရိသတ်နည်းတဲ့  အသင်းတွေနဲ့  ရန်ကုန်နဲ့ ကန်လည်း ပြိုင်ဘက်အသင်းကို ကွင်းတစ်ဝက် နေရာပေးတာမဟုတ်လားဗျ ။ အဲဒါမျိုး ခင်ဗျား ဘယ်ကွင်းမှာမှ တွေ့ ရမှာမဟုတ်ဘူးလေ။
ငတိ  ။        ။ ဒါတော့မှန်တယ်ဗျာ ။ ဘယ်လိုပဲဖြစ်ဖြစ် ရတနာပုံနဲ့ကန်မယ့် ပွဲစဉ်ကို သွားကြည့်မယ့် ရန်ကုန်ပရိသတ်တွေအနေနဲ့  သိထားသင့်တာကတော့ ရန်ကုန်- ရတနာပုံ ချစ်ကြည်ရေး ဆိုတာ အခုမှ ဖြစ်လာတာလေ ။ မဟာပြိုင်ဘက်တွေအဖြစ် ရပ်တည်ခဲ့ကြတာက ၂၀၀၉ ခုနှစ်ကတည်းကဆိုတော့ဗျာ ပရိသတ်တွေအားလုံး မျှတညီညွတ်ဖို့ ဆိုတာကတော့ အချိန်ယူတည်ဆောက်ရမယ့် အခြေအနေ ပဲ ဆိုတာပေါ့ ။ ဘာအကြောင်းကြောင့်မှ ရင်းနှီးချစ်ကြည်မှု မပျက်စီးဖို့ တော့ အခုချိန်မှာ အားလုံးက ရည်ရွယ် ထားကြ တယ်လေ ။  facebook မှာလည်း  We Love MNL ဆိုတဲ့  group မှာ အားလုံးဝိုင်းဝန်း တိုင်ပင်နေကြတာတွေလည်း တွေ့ ရပါတယ်ဗျာ ။
ငတုံး ။        ။ ဒါပေါ့ဗျာ ။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ တော့ ဘယ်ရမလဲဗျာ ။ ဒီလိုပဲ ဖန်အဖွဲ့ချစ်း ချစ်ကြည်မှုခိုင်မြဲအောင်လုပ် ။ ပီးတော့မှ တဖြည်းဖြည်း ကျယ်ပြန့်အောင် လုပ်ဆောင်သွားကြရမှာပေါ့ဗျာ ။ ကျွန်တော်တော့ ဒီသတင်းကိုကြားပီး အရမ်းစိတ်ချမ်းသာသွားဘီ ကိုယ့်လူရေ ။
ငတိ ။          ။ နောက်ထပ် ၀မ်းသာစရာသတင်းတစ်ခုရှိသေးတယ်ဗျ ။ အဲဒါက မြန်မာကစားသမားတွေရဲ့  profile တွေကို စာရွက်ပေါ်မှာတင်မဟုတ်ပဲ online ပေါ်မှာ အလွယ်တကူရှာလို့ ရအောင် လုပ်ဖို့  ဘောလုံးအဖွဲ့ ချုပ်က ကြိုးစားနေတယ်ဆိုတဲ့သတင်းဗျ ။
ငတုံး ။        ။  ဘယ်လိုလဲဗျ သေခြာပြောပြပါဦး .။
ငတိ  ။        ။ ဒီလိုဗျာ … online မှာ ခင်ဗျားကြိုက်တဲ့ ဘောလုံးသမားတစ်ယောက်ကို အလွယ်တစ်ကူရှာဖွေနိုင်မယ် ။ ဥပမာ – ကျော်ကိုကိုလို့  ခင်ဗျား စာရိုက်ရှာရင် သူ့ ရဲ့  အကြောင်း အကုန်ရှာလို့ ရမယ် ။ မွေးသက္ကရာဇ် ၊ မိဘအမည် ၊ ကစားခဲ့တဲ့ ကလပ်အသင်းတွေ စတဲ့ အသေးစိတ်အချက်အလက်တွေပေါ့ဗျာ ။
ငတုံး ။        ။ ဟုတ်လားဗျ ။ ဒီလိုဆိုတော့ မြန်မာဘောလုံးပရိသတ်တွေအတွက် ကိုယ်သိချင်တာကို လွယ်လွယ်ကူကူ ရှာနိုင်ဖွေနိုင်တော့မှပေါ့ဗျာ ။ ဒါနဲ့  အဲ့ဒီမှတ်တမ်းမှာလည်း ကျော်ကိုကိုက ၁၉နှစ်ပေါ့နော် ။
ငတိ ။         ။ ဟာဗျာ ။ ခင်ဗျားကတော့လုပ်ပီ ။ ဒီဟာပဲ ခဏခဏ မပြောစမ်းပါနဲ့ဗျာ ။ ခင်ဗျားတစ်ယောက်တည်း သိတဲ့ကိစ္စမဟုတ်ပါဘူးဗျ ။
ငတုံး  ။       ။ ဟုတ်ပါဘီဗျာ ။ ဟုတ်ပါဘီ ။ ဟော ဟိုမှ ကစားသမားတွေ ကွင်းထဲဝင်လာပီဗျ ။ ဘောလုံးပွဲလေး အေးအေးဆေးဆေး  ကြည့်ရအောင်ဗျာ ။ ရန်ကုန်ပွဲမဟုတ်တော့  ပရိသတ်နည်းတယ်ဗျာ ။ တကယ့်အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်ပဲ ။
ငတိ ။        ။ အင်းဗျာ ။ အခုတော့ ဒီလိုပေါ့ ။ နောက်တော့လည်း တန်းဆင်းတန်းတက်စနစ်ကြောင့် တစ်ဖြည်းဖြည်း MNL ကြီး စည်ကားလာမှာပေါ့ဗျာ ။ မကြာခင်လည်း ဆောင်သမ်းမြန်မာ ၊ ဟံသာဝတီ ၊ ဧရာဝတီအသင်းတွေလည်း အိမ်ကွင်းတွေ လုပ်ကြတော့မယ်ကြားတယ်ဗျာ ။ မြန်မြန်လေးဖြစ်လာရင် ပိုစည်ကားလာမှာပါဗျာ ။
ကဲ ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ မြန်မာဘောလုံးပရိသတ်ကြီးရေ ……..
ရေးသားသူ - ကောင်းမြတ်သူ 

Myanmar Striker  www.myanmarstriker.com မှာ ကျွန်တော်ရေးသားခဲ့တဲ့ ဆောင်းပါးပါ ။
ဒီမှာ   ၀င်ရောက်ကြည့်ရှုနိုင်ပါတယ် ။ 

မြန်မာ့လက်ရွေးစင် ၂၈ဦးစာရင်းတွင် ရန်ကုန်အသင်းမှ ၉ ဦး ပါဝင်



ဆူဇူကီးဖလားအကြို ခြေစမ်းပွဲကစားရန် မြန်မာ့လက်ရွေးစင် ၂၈ဦး ရွေးချယ်ခဲ့ရာ ရန်ကုန်ယူနိုက်တက် ကစားသမား ၈ ဦးထိ ရွေးချယ်ခံရကြောင်းသိရပါသည် ။
ရွေးချယ်ခံရသော -ကစားသမားများမှာ -

ကောင်းစည်သူ              



 ရာဇာဝင်းသိန်း

 ကြည်လင်း


ဒေးဗစ်ဒန်း

ခင်မောင်လွင်

ရန်အောင်ကျော်

အောင်သိုက်

ရန်အောင်ဝင်း

ပြည့်ဖြိုးအောင်

ရန်ကုန် - ရတနာပုံ ပွဲကြို ခန့် မှန်း သုံးသပ်ချက်


ဒီတစ်ပတ်မှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးက ရတနာပုံနဲ့  နောက်ကတစ်မှတ်အကွာနဲ့ ကပ်လိုက်နေတဲ့ ကျွန်တော်တို့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့  ထိပ်တိုက်တွေ့ ဆုံမှုကို ကျွန်တော်တို့  ရှုစားအားပေးရတော့မှာပါ ။ MNL မှာ ဗိုလ်စွဲဖူးတဲ့အသင်းတွေ ဖြစ်သလို လက်ရှိအချိန်မှာလည်း အကောင်းဆုံးခြေစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ ၂သင်းဖြစ်တာကြောင့် ဒီပွဲဟာ တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြည့်ကောင်းမယ့်ပွဲစဉ်တစ်ခုဖြစ်လာမှာပါ။

 ရန်ကုန်အသင်းဟာ ရန်ကုန်မြေမှာတော့ မိနစ်၉၀တွင်း ရတနာပုံကို အနိုင်နဲ့သရေသာ ရလာဒ်ထွက်ပေါ်ခဲ့ပြီး ရှုံးနိမ့်ခြင်းမရှိသေးပါဘူး ။ အခုကစားမယ့်ပွဲစဉ်က အဝေးကွင်းဖြစ်တာကြောင့် ရန်ကုန်အသင်းအတွက် တကယ့်ကို ခက်ခဲမယ့်ပွဲစဉ်တစ်ပွဲပါ ။ ဒီ ပွဲစဉ် မတိုင်မှီ ထွက်ပေါ်ခဲ့တဲ့ရလာဒ်တွေအရ နှစ်သင်းလုံးရလာဒ်ကောင်းနေပေမယ့် ရတနာပုံအသင်းရော ရန်ကုန်အသင်းပါ အသင်းကြီးချင်း ထိပ်တိုက်တွေ့ တဲ့ပွဲစဉ်တွေမှာ အနိုင်ရလာဒ် နည်းပါးနေတာ တွေ့ ရပါတယ် ။ ရန်ကုန် ၊ ရတနာပုံ ၊ ကေဘီဇက် ၊ ဧရာဝတီ ၊ ဇေယျာရွှေမြေ ၊ နေပ်ြညတော် တို့ ဟာ ခြေစွမ်းချင်း ကွဟမှုသိပ်မတွေ့ ရပေမယ့် ချန်ပီယံဆုအတွက်တော့ အခုချိန်မှာ အသင်း၎သင်းသာ ယှဉ်ပြိုင်ရလိမ့်မယ်လို့  သုံးသပ်မိပါတယ် ။
ရန်ကုန်  ၊ ရတနာပုံ ၊ ကေဘီဇက် ၊  ဇေယျာရွှေမြေတို့ ပါ ။ ဒီ ၄သင်းထဲမှာ ကျွန်တော်မြင်မိတာကတော့ ရန်ကုန်နဲ့ ရတနာပုံ သာ ချန်ပီယံ လုရလိမ့်မယ်လို့  ထင်မိပါတယ် ။  ယခုပွဲစဉ်မှာ အနိုင်ရတဲ့အသင်းဟာ ချန်ပီယံဖြစ်လိမ့်မယ်လို့  ကျွန်တော် ကြိုတင်ဟောကိန်းထုတ်ချင်ပါတယ် ။

 ရတနာပုံအသင်းဟာ ရန်ကုန်ုအသင်းနဲ့ ပွဲစဉ်အပြီးမှာ ဇေယျာ ၊ ဧရာဝတီ ၊ ကေဘီဇက်တို့ နဲ့ကန်ရမှာပါ ။ ရန်ကုန်ကို နိုင်လိုက်ရင် စိတ်ဓါတ်အမြင့်ဆုံးရောက်ရှိသွားပြီး ဇေယျာရွှေမြေကို အိမ်ကွင်းမှာ ဆက်လက်အနိုင်ယူနိုင်ပါလိမ့်မယ် ။ပီးရင် ဧရာဝတီနဲ့ကန်တဲ့အခါမှာလည်း ဧရာဝတီအသင်းဟာ ခြေစွမ်းအကျဘက်ရောက်နေတာကြောင့် အနိုင်ယူနိုင်ဖို့ များပါတယ် ။ ကေဘီဇက်နဲ့ အဝေးကွင်းပွဲမှာ သရေကစားနိုင်မယ်ဆိုရင် ရတနာပုံတို့  ချန်ပီယံ ဖြစ်ဖို့ သေခြာသွားပါလိမ့်မယ် ။ ဒီလိုရလာဒ်တွေ ထွက်မယ်ဆိုရင်တော့ မကွေးကို အနိုင်ကန်ပီး ချန်ပီယံဆုကို ရယူသွားနိုင်ပါလိမ့်မယ် ။

ရန်ကုန်အသင်းအနေနဲ့  ရတနာပုံကို အနိုင်ယူနိုင်ရင် အမှတ်ပေးဇယားထိပ်ဆုံးကိုေ၇ာက်သွားမှာဖြစ်သလို  လက်ကျန်ပွဲတွေဟာ ရက္ခပူရ ၊ ဇွဲကပင်၊မနောမြေ တို့ နဲ့ကန်ရမှာပါ ။ ဒီအသင်း၃သင်းကို ရန်ကုန်အနေနဲ့  စိတ်ဓါတ်ပိုင်းအမြင့်ဆုံးရောက်ရှိနေရင် နိုင်ဖို့ အလွန်လွယ်ကူပေမယ့် ရတနာပုံနဲ့ပွဲမှာ ရှုံးပွဲတွေ့ ခဲ့ရင်တော့ အခြေအနေ တစ်မျိုးပြောင်းသွား နိုင်ပါတယ် ။ ရတနာပုံနဲ့  လည်း ၄မှတ်ထိ ကွာဟသွားပါလိမ့်မယ် ။ ဒါကြောင့် ရန်ကုန်အနေနဲ့  ဒီပွဲမှာ မရှုံးဖို့ လိုသလို အနိုင်ရရင်လည်း ချန်ပီယံဖြစ်ပြီလို့ ဆိုနိုင်ပါတယ် ။ ရတနာပုံကို အနိုင်ရလိုက်ရင် ရန်ကုန်အသင်းအနေနဲ့  ပွဲစဉ်အားလုံး မပြီးဆုံးခင်  ဧရာဝတီနဲ့မကန်ခင်မှာ ချန်ပီယံဖြစ်ဖို့ သေခြာ သွားပါလိမ့်မယ် ။

အကယ်၍များ ဒီပွဲစဉ်ဟာ သရေဖြစ်မယ်ဆိုရင်တော့ ဘယ်အသင်းချန်ပီယံဖြစ်မယ်ဆိုတာ ပြိုင်ပွဲနောက်ဆုံးအချိန်ထိ ဆက်လက်စောင့်ကြည့်ရပါလိမ့်မယ် ။ ကျွန်တော်ပြောခဲ့တဲ့ အသင်း ၄သင်းလုံး 
အခွင့်အရေးဆတူရှိသွားပါလိမ့်မယ် ။ ယခုနှစ် MNLပြိုင်ပွဲမှာ ဘယ်အသင်းမှ ချန်ပီယံခြေစွမ်းမျိုး သိသိသာသာ ထုတ်ပြနိုင်တာမတွေ့ ရသေးသလို သူမသာကိုယ်မသာအဆင့်သာရှိနေ ပါတယ်။ ဒီပွဲစဉ်မှာ ဘယ်အသင်းကများ ချန်ပီယံခြေစွမ်း ပြသပြီး အနိုင်ယူနိုင်မလဲ စိတ်ဝင်စားစရာကောင်းပါတယ် ။

MNL မှာ အစဉ် အလာရှိတဲ့ ၂သင်းတွေ့ ဆုံမှုမှာ ကျွန်တော်ကတော့ ရန်ကုန်အသင်းအနိုင်ရလိမ့်မယ်လို့  ယုံကြည်မိပါတယ် ။ လူစုံတက်စုံ ပါဝင်နိုင်ဖို့ ပဲ မျှော်လင့်ရမှာပါ ။ ရန်အောင်ဝင်း ပြန်လည်ကစားနိုင်ပြီးဖြစ်တဲ့အတွက် ကျေနပ်မိပေမယ့် ကြည်လင်း ရတနာပုံနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အထူးလိုအပ်လှပါတယ် ။ နောက်တန်းမှာနီကိုလာဦးဆောင်မှုတွေကို သိပ်အားရမှုမရှိပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို ယုံကြည်မိတာကြောင့် ရန်ကုန်အနိုင်လို့ ပဲ ပြောချင်ပါတယ် ။ ရတနာပုံတို့ အနေနဲ့  အားသာချက်ရှိတာက ဒီပွဲမတိုင်ခင် အသင်းငယ်တွေနဲ့ တွေ့ ဆုံကစားခဲ့ရတာ ဖြစ်သလို  ဒီပွဲစဉ်မှာ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ် ။ ဒီရာသီ အိမ်ကွင်းမှာ ရတနာပုံတို့  ဧရာဝတီတစ်သင်းတည်ကိုသာရှုံးနိမ့်ထားပါတယ် ။

ကိုနေး အဒမ်မာ ၊ ရန်ပိုင် ၊ ပိုင်စိုး တို့ ဦးဆောင်လာမယ့် တိုက်စစ်ထက် ဆီဇာ ၊ နယူချီ ၊ ကြည်လင်း ၊ ရာဇာဝင်းသိန်း တို့  ဦးဆောင်လာမယ့် တိုက်စစ်ကို ပိုပြီးသဘောကျမိပါတယ် ။တိုက်စစ်မှာရဂိုး ၅၄ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ၊ ခံစစ်မှာ ပေးဂီုး ၁၄ ဂိုးနဲ့ ဂိုးပေးအနည်းဆုံး ရန်ကုန်အသင်း ဆက်လက်အောင်ပွဲခံပါလိမ့်မယ် ။ တစ်ကြိမ်မှ မထွက်ပေါ်သေးတဲ့ရလာဒ် ကို ခန့် မှန်းလိုက်ပါတယ် ။

ရလာဒ်ခန့် မှန်းချက်
ရန်ကုန်ယူနိုက်တက်  3 - 1 ရတနာပုံ




YUFC မိသားစုဝင်များ၏ facebook account များ



YUFC media officer ကိုအောင်ပိုင်

အသင်းအုပ်ချုပ်သူ ဦးအောင်ကျော်လွင်

အသင်းအုပ်ချုပ်သူ ကိုဇွဲလှိုင်မှီ

PR mananger ဦးဘိုထွန်း 

အဆိုတော် ကိုမျိုးကြီး၏ ဇနီး မလုံးလုံးလွင်

အဆိုတော် ကိုမျိုးကြီး

ဦးဘိုထွန်း၏ ဇနီး မ လေးမူ

ကိုအောင်ပိုင်၏ ဇနီး  pyay moe

အသင်ခေါင်းဆောင် ကိုခင်မောင်လွင်၏ ဇနီး  မမိုမိုအေးချမ်း


တို့ ရဲ့  ရန်ကုန်ယူနိုက်တက် ( ၈)


ငတုံး ငတိ တို့ ပြောတဲ့ မြန်မာ့ဘောလုံး (၂)

ငတုံးနဲ့  ငတိတို့  မိတ်ဆွေ ဖြစ်သွားကြ ပြီးသကာလ မကြာခဏ ဆိုသလို တွေ့ ကြ ဆုံကြ စကား လက်ဆုံကျ နေကြ ဖြစ်လေ သည် ။ ငတုံး သည်လည်း ယခင် လို မတုံးတော့ပေ။ တစ်စ တစ်စ သူမြင်သမျှ တွေး သမျှ  ဘောလုံးလောက အကြောင်း ဖေါက်သည် ချတတ် လာပြီဖြစ်၏ ။ သို့နှင့်  တစ်နေ့ တွင် မူ ငတုံးနှင့် ငတိ တို့ သည်  သူတို့ နှစ်ဦး ထိုင်နေကျ လက်ဘက်ရည် ဆိုင်ဝယ် ဒုတိယ အကြိမ်မြောက် ဆွေးနွေး ပွဲကို ပြုလုပ် ခဲ့ကြပေတော့ သည် ။
ဆွေးနွေးပွဲ ဖြစ်မြောက်ရေး စတင် နိဒါန်းပျိုး သူက ငတုံး ဖြစ်၏ ။ ငတုံးက စကား စ၏ ။ “ ဟိုသတင်း ကြားပြီး ပြီလားကိုယ့်လူ ။ အိုမန် က ယူ၂၂ အာရှ ဖလား အတွက် အိမ်ရှင် အဖြစ် အရွေး ခံလိုက်ရ ဘီတဲ့ ဗျ”
ငတိ   ။      ။  ဘယ်လို ဗျ။ ဟုတ်လား ။ အင်တာနက် သတင်းတွေ မှာတော့ မတွေ့ မိသေး ပါဘူးဗျာ ။ တို့  မြန်မာ က အိမ်ရှင် အဖြစ်လျောက် ထားတယ် မဟုတ်လား ။
ငတုံး   ။     ။  ဟုတ်တယ် ဗျ။ ကျွန်တော်လည်း သတင်းကြား မိတော့ အံ့သြ မိတယ်လေ။ တကယ်တော့ ဗျာ အိမ်ရှင် အဖြစ်လျောက် ထား ထားတဲ့ နိုင်ငံတွေ က မြန်မာ၊ ထိုင်းနဲ့ အိုမန်ဗျ။ ထိုင်း ကခြေစစ်ပွဲ မအောင်လေတော့ သူ့ ကိုတော့ မရွေးသင့် ဘူးပေါ့ဗျာ ။ အိုမန်နဲ့  မြန်မာ ကတော့ ခြေစစ် ပွဲအောင်တယ် ဗျ ။ ဒါပေမယ့် အိုမန် က အကောင်းဆုံး အုပ်စု တတိယ အဖြစ် ခြေစစ် ပွဲအောင်လာတဲ့ အသင်း ပါဗျာ။ ကျွန်တော်တို့ မြန်မာ အသင်းလို အဆင့် ရှိရှိ ခြေစစ် ပွဲအောင် လာတာမှ မဟုတ်ပဲ ။
ငတိ ။      ။  အင်း ခင်ဗျားပြော တာတော့ ဟုတ်သ လိုပါပဲ ။ ပြိုင်ပွဲက ၂၀၁၃ ဆိုတော့  ကျွန်တော် တို့ ဆီမှာလည်း အဲ့ဒီ အချိန်ဆို ဘောလုံး ကွင်းသစ်တွေ တည်ဆောက်ပြီး စီးနေ ဘီလေ ။ နောက်တစ်ချက် က ခြေစစ်ပွဲ ပွဲစဉ်တွေ ထဲမှာ ကျွန်တော် တို့ မြန်မာနိုင်ငံ မှာ ကစားတဲ့ ပွဲစဉ်တွေ က လူဝင် အများဆုံး ဖြစ်ခဲ့တာ မဟုတ် လားဗျာ ။ ဘယ်လို စံနှုန်းတွေနဲ့  ရွေးခဲ့ သလဲ ဆိုတာတော့ ပြောရ ခက်ပါ တယ်လေ ။ ကျွန်တော် တို့ နိုင်ငံ က အိမ်ရှင် အဖြစ်လျောက် ထားတာ နောက်ကျ သွားလို့ လဲ ဖြစ်နိုင် တယ်ဗျ ။
ငတုံး ။      ။  ဒါထက် စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခု ရှိသေး တယ်ဗျ ။ အဲ့ဒါက ခြေစစ် ပွဲဝင်ပြိုင် သွားတဲ့ မြန်မာ  ကစားသမား တစ်ချို့ က အသက် ၁၉နှစ်ပဲ ရှိသေးတယ် ဆိုပဲဗျ ။ ဒီလို ဆိုရင်တော့ နောက် လာမယ့် ၂၀၁၅ ဆီးဂိမ်းထိ ၀င်ပြိုင် ဦးမယ် ဆိုတဲ့ သဘော ပဲဗျ ကိုယ့်လူ ။
ငတိ  ။       ။   ဒီကိစ္စ ကတော့ ကျွန်တော် တို့ ပြောတာ အပ်ကြောင်းလည်း ထပ်နေပါ ဘီဗျာ ။ ထားလိုက် ပါတော့လေ ။ အခု မြန်မာ့ဘောလုံး ပရိသတ်တွေ က အရင်လို ဘာမသိ ညာမသိ မှ မဟုတ်ကြတော့ တာပဲဗျာ။အရင် တုန်း ကတော့ ပြည်တွင်း ၀န်ကြီး ဋ္ဌာန ပြိုင်ပွဲတွေ မှာ အားပေးတဲ့ ပရိသတ် ကလည်း ကြိတ်ကြိတ်ကျဲ ဆိုတော့ ဘယ်ကစား သမားက အသက် ဘယ်လောက် ရှိမှန်း ဘယ်သူမှ သိပ် မသိကြ ဘူးလေဗျာ ။
ငတုံး  ။       ။  ဘယ်လို ဘယ်လို ကိုယ့်လူ ကြိတ်ကြိတ်ကြဲ ဆိုတာ ဘာ တုန်းဗျ ။ ကြိတ်ကြိတ်တိုး ပဲ ကြားဖူး ပါတယ်ဗျာ ။
ငတိ ။        ။   အော်ဗျာ  ။ ခင်ဗျား ကလည်း နားဝေး လိုက်တာ ဟိုနား လေးငါးယောက် ဒီနားလေးငါးယောက် နဲ့  နေရာ ကွက်ကြား မိုးထစ်ချုန်း ရွာ ဆိုသလို ခပ်ကြဲကြဲနဲ့  ကွင်းလုံးပြည့် အားပေး တာမျိုးပေါ့ ဗျ။ အဲ့ဒီ တုန်း ကတော့ ကစားသမားတွေ အသက် မပြောနဲ နာမည်တောင် သိပ် သိတာ မဟုတ်ဘူုးလေ ။ လက်ရွေးစင် ဖြစ်တော့ မှသာ လူသိ ကြတာ။ အခု ကျတော့ ကစားသမားတွေ ကလည်း ခေတ်မှီ လာကြ ဘီဗျ ။ အင်တာနက်ပေါ် ထိ လူသိ ရှင်ကြား ဖြစ်လာကြပြီ ဆိုတော့ သူတို့ ရဲ့  မွေးနေ့ မွေးရက် အတိ အကျ ကို ပရိသတ်က သိနေကြ ပြီပေါ့ဗျာ ။ ဘာပဲဖြစ်ဖြစ် ၁၉ နှစ် ဆိုတော့လည်း ၁၉နှစ်ပေါ့ ဗျာ။ မလေးရှားဘောလုံး အဖွဲ့ချုပ် ကတောင် သက်သေ အထောက် အထား ရှာမတွေ့ ပါဘူး လို့ ဆိုထား တာပဲ မဟုတ်လားလေ ။
ငတုံး ။       ။ ဟုတ်ပါ တယ်ဗျာ ။ ကျွန်တော် တို့ လည်း ဘာပဲ ဖြစ်ဖြစ် ယူ၂၂ ပွဲစဉ်တွေ ကွင်းထဲ ထိ သွားကြည့် ခဲ့ကြ ပျော်ခဲ့ကြ တာပဲ မဟုတ်လား ဗျာ။
ငတိ ။       ။ ခင်ဗျားပြောမှ သတိရ တယ်ဗျာ ။ မြန်မာ – မလေးရှား အုပ်စုနောက်ဆုံး ပွဲစဉ် အကြောင်း ဖေါက်သည် ချရဦးမယ် ကိုယ့်လူရေ ။ အဲ့ဒီနေ့ က ညနေဘက် ၄နာရီ ထိုးခါ နီးလောက် ကွင်းကိုရောက် သွားတယ်။ ၆နာရီ ၁၅မိနစ် ကန်မယ့် ပွဲကို  ၄နာရီ မထိုးသေးဘူး အထူးတန်း လက်မှတ် ကုန်ဘီ တဲ့ဗျာ ။ ဒါနဲ့ ပဲ မှောင်ခို ဘက်ခြေဦး လှည့်ရတော့ တာပေါ့ဗျာ ။ မှောင်ခို က အထူးတန်း ၄၀၀၀၊ ရိုးရိုးတန်း ၂၅၀၀ တဲ့လေ။ ကျွန်တော် တို့ က စုစုပေါင်း ၃ယောက် သွားတာ ဆိုတော့ ၄၀၀၀ဆိုရင် ၁၂၀၀၀ ကျမယ်ဗျာ ။ ပြီးတော့ အထူးတန်း ကလည်း ပြည့်ကျပ်နေ မှာပဲ ဆိုပြီး  ရိုးရိုးတန်း လက်မှတ်ပဲ ၀ယ်လိုက် တယ်ဗျာ။ အဲ့ဒီမှာ ကံဆိုး တာပဲဗျို့ ။ လက်မှတ် ကိုဝယ် ပြီး သေခြာ မကြည့်လိုက် မိဘူး ။ ကွင်းထဲ အ၀င် လက်မှတ်ပေးတော့ မှ ကိုယ့် လက်မှတ် ကိုယ်ပြန် ကြည့်မိတော့  …..   အမလေး ဗျာ လက်မှတ် မှာ ရေးထား တာက တရုတ် တိုင်ပေ – ဗီယက်နမ် တဲ့ဗျာ ။ အောင်ဆန်းကွင်း မှာ ၃နာရီ ခွဲတဲ့ ။ လက်မှတ် စစ်က မြန်မာ လို့ ရေး ထားတာ မပါရင် မရဘူး တဲ့။ ကျွန်တော်တို့ ၃ယောက် ဘာလုပ် လို့ ဘာကိုင် ရမှန်း မသိတော့ ပါဘူးဗျာ။ ဘာ မဟုတ်တဲ့ လက်မှတ် အတုကို ကျွန်တော် တို့  ၂၅၀၀ ပေးပြီး ၀ယ်ခဲ့ ရတာ ပါလား ဆိုတာ အဲ့ဒီကျ မှပဲသိတော့ တယ်ဗျာ ။ ဒါနဲ့ပဲ လက်မှတ်စစ် ကို အဲ့ဒီ လက်မှတ် ၃စောင် အတင်းပေးပြီး ၀င်ခဲ့ တယ်ဗျို့ ။ ကျွန်တော် တို့ လို ပရိသတ်တွေ မှောင်ခိုရောင်း သူတွေ ဆီ  အလု အယက် ၀ယ်နေကြ သူတွေလည်း မနည်း ဘူးဗျ။ သူတို့လည်း ဘယ်လို လုပ်ကြတယ်တော့ မပြောတတ် ပါဘူးဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကွင်းထဲရောက်ပြီ ဆိုတော့ စိတ်အေး သွားရ ပါဘီ။ ကွင်း ထဲရောက်တော့ ဆောက် လက်စ ပွဲကြည့် စင်ပေါ်က တက်ကြည့် တာ မိုက်မှ မိုက်ဗျာ ။ အထူးတန်း ထက် ၁၀ဆ သာပါတယ် မြင်ကွင်း ကတော့ တကယ့် ရှယ်ပါ ပဲဗျာ ။ အဲ အဲ့လို သာယာနေ လို့  မကြာခင် မှာပဲ ရဲတွေရောက် လာပြီး ကျွန်တော် တို့ ကို အောက် ဆင်းခိုင်း ပါလေေ၇ာ ဗျာ ။ မဆင်းရင် ပွဲစလို့ မရဘူး တဲ့လေ။ အဲဒါနဲ့  ဘုံပျောက် ပြီး အောင်ပြန် ဆင်းခဲ့ရ ပါလေရော ဗျာ။ ဒါပေမယ့် ထုံးစံ အတိုင်း ရဲတွေ ပြန်ထွက် သွားတော့ အပေါ် ပြန်တက် တာပေါ့ဗျာ ဟဲဟဲ ။
ငတုံး  ။        ။ ကျွန်တော် လည်း ဒီလို ပါပဲဗျာ။ အထူးတန်း လက်မှတ်ကို ၅၀၀၀ပေးပြီး ကြည့်ခဲ့ ရတယ် ။ စိတ်ပျက် စရာ ပါဗျာ ။ ကွင်းထဲမှာ ဘယ်နားနေ လို့နေရ မှန်းမသိ။ ဒီကြားထဲ ကွမ်းစားပြီး စည်းမဲ့ ကမ်းမဲ့ ဟိုထွေး ဒီထွေး လုပ်တဲ့ သူကြောင့် ကျွန်တော့် အကျီ င်္လေး လက်သည် မပေါ်ပဲ ကွင်းတံတွေးတွေ စွန်းခဲ့လို့  ၀တ်လို့ မ ရတော့ပဲ လွင့်ပစ် လိုက်ရပါ ပကောဗျာ ။
ငတိ  ။        ။  ဒါတော်သေး တာပေါ့ ကိုယ့်လူရယ် ။ ကျွန်တော် တို့ ရိုးရိုးတန်း ဘက်က goal score ထိုးတဲ့ ဘုတ်ကြီးအောက် မှာ အဲ့နေ့ က အခပေး အိမ်သာများ ဖွင့်ထား လားအောက်မေ့ ရပါ တယ်ဗျာ။ အပြန် အဲ့ရှေ့ က ဖြတ်ပြန်တော့ လူကကြပ် ပြီး ရှေ့ မြန်မြန်လဲ သွားလို့ မရ မတတ်သာတဲ့ အဆုံး ကိုယ့် အင်္ကျီနဲ့ကိုယ် နှခေါင်း ကို အုပ်ပြီး မနည်း အသက်အောင့်လျောက် ခဲ့ရ တယ်ဗျာ။ ဟိုကြေငြာ သွား သတိရမိ ပါတယ် ကိုယ့်လူရေ၊ ကိုသားကြီး ကြေငြာ တဲ့ ကမ္ဘာကျော် တန်ဖိုး ကြီးရေမွှေးတွေ ရဲ့ အနံ့ နဲ့  တစ်ထပ် တည်းပဲ ဆိုတာလေ။  ဒါတင် ဘယ်က မလဲဗျာ ။ အပြန် တစ်လမ်းလုံး လဲ ဗွက်တွေနဲ့  ညစ်ပတ် လိုက်တာလွန် ပါရော။ ဒီကြားထဲ တစ် ချို့ ကြောင်တောင်တောင် ဘဲတွေက ကာထား တဲ့ သွပ်ပြားတွေ တစ်အုံးအုံး ထုပြီး မြန်မာမြန်မာ အော်နေ ကြတာ နားကို ကွဲမတတ် ပါပဲဗျာ။ အဲဒီ ကတည်းက သံဝေဂ ရသွား ပါတယ်။ ဘာပွဲပဲ ဖြစ်ဖြစ် ဒီပုံစံတိုင်း ဆိုရင်တော့ ရိုးရိုးတန်း ဆို ဝေါင်ဝေါင်ရှေး မယ်ဗျို့။
ငတုံး ။      ။  ကျွန်တော် တို့ အထူးတန်းရော ဘာထူး သတုန်းဗျာ။ အမျိုး သမီး အိမ်သာ မရှိတော့ တစ်ချို့  အမျိုးသမီးတွေ ကျွန်တော် တို့   အမျိုးသား ပြတိုက်ထဲ ၀င်၊ ၀င်လာလို့  ကျွန်တော် တို့  ယောက်ျားတွေတောင် မျက်နှာ ဘယ်ထား ရမှန်း မသိ ဖြစ်ရပါ တယ်ဗျာ။ ဒါတင် ဘယ်ကမ လဲဗျာ ။ သန့် စင်ခန်း မှာ ရေးထားတဲ့ “သောက်ရေ” ဆိုတဲ့ အဲ့ဒီ နေရာ မှာ ဘာတွေ လုပ်တယ် ဆိုတာတော့ ဘောပွဲ ကြည့်ဖူးတဲ့ သူတိုင်း သိပါ တယ်ဗျာ။
ငတိ ။       ။  အေးပေါ့လေ ။ မှန်လုံ ခန်းထဲက ကြည့်တဲ့သူတွေ ကတော့ ဘယ်သိပါ့ မလဲဗျာ။ လက်ဘက်လေး စားလိုက် ၊ အအေးလေးသောက် လိုက်နဲ့ အဆင် ကိုပြေ လို့ ပေါ့ဗျာ။ ခင်ဗျားပြော သလို ကွင်းထဲ က အဆင့်မှီ မီးမှောင်းကြီးမှ မထောက် သန့် စင်ခန်း က တော်တော် ဆိုးတာတော့ အမှန်ပါ ပဲဗျာ။
ငတုံး ။     ။   ဒါပေါ့ဗျာ ။ နိုင်ငံခြား သားတွေ လည်း တစ်ခါ တစ်ခါ လာလာ အားပေးတာ တွေ့ မိ ပါတယ်။ ဒီတိုင်း ဆို သူတို့ အတွက်လည်း အဆင် မပြေနိုင် ဘူးလေ ။ ကိုယ့်လူတွေ ကလည်း တွေ့ ရာ နံရံ ပိုးသတ်ဆေး ဖြန်းနေတော့ အမြင် မတော်ဘူးပေါ့ ဗျာ။ ဆူဇူကီးခြေစစ် ပွဲတွေ လည်း ကျင်းပ ဦးမယ် ဆိုတော့ ပြင်စရာ ရှိတာ မြန်မြန် ပြင်ကြဖို့တော့ လိုမယ် ဆရာရေ။
ငတိ ။     ။  ဟုတ်ပါ တယ်ဗျာ။ မျက်နှာ သနပ်ခါး ပေါင်ဂျေးကြောင်း ဆိုသလို မဖြစ်ဖို့  လိုတာပေါ့ ဗျာ။
ငတုံး ။     ။ ဒါနဲ့ ဗျာ ရန်ကုန် ယူနိုက်တက် အသင်း က ကြီးမှူး ကျင်းပတဲ့ Elite Tech Sunday League 2012 ပြိုင်ပွဲ ပြီးဆုံးလို့ air bagan အသင်း ဗိုလ်စွဲတဲ့ သတင်းရော သိလိုက်သေး လားဗျ။
ငတိ ။       ။  သိပါ့ ကိုယ့်လူရာ ။ ကျွန်တော် က မြန်မာ့ဘောလုံးလောက နဲ့  ပက်သက်လို့  အားနည်း ချက်တွေပဲ လိုက်ဝေဖန်နေတာ မဟုတ်ပါဘူး။ ကောင်း သတင်းလေးတွေ လည်း အမြဲ နားစွင့်နေ တာ ပါဗျ ။ အဲ့ဒီ elite ပြိုင်ပွဲမှာ ထူးခြား တာက ဆုရတဲ့ အသင်းက ရတဲ့ ဆုငွေကို လူမှု အကျိုးပြု လုပ်ငန်းတွေ မှာ လှူကြ တယ်ဗျ ။ အဲ့ဒီမှာ ပိုပြီး ထူးခြားတာ တစ်ခုက အားကစား မီဒီယာတွေ စုပေါင်းပြီး spot media ဆိုတဲ့ အသင်း တစ်ခု ပါဝင် ယှဉ်ပြိုင် ခဲ့တယ်ဗျ ။ plus forever , forever , olympic , 7day , fighter , myanmar special , highlight , inside , first line – up  အစုံ ပါပဲဗျာ။ MFF က မီဒီယာ ဆရာကြီး အိုကိုချာတောင် ပါသေး တယ်ဗျာ ။

Photo@Elite Sunday League
ငတုံး ။        ။  ဟုတ်လားဗျ၊ ဘယ်လိုလဲ ဆရာ သူတို့ခြေစွမ်း က ကောင်းလား၊  ဆုတွေ ဘာတွေရော ရသေး လားဗျ။
ငတိ  ။         ။  အော် ကိုယ့် ဆရာရယ် မီဒီယာသမားတွေ ဆိုတာ က ဝေဖန်မယ် အကြံပေးမယ် သတင်းဖေါ်ပြမယ် ဆိုတာလောက် ပဲ သိတာပေါ့ ဗျ ဘောလုံး သမား စစ်စစ်တွေ မဟုတ်လေတော့ ခြေစွမ်းခြေစတော့ ဘယ်ကောင်း ပါ့မလဲ ။ ဒါပေမယ့် လေးစား ဖို့ ကောင်းတာ က ပွဲစဉ် တစ်လျောက် မှာ အ၀ါကတ်တောင် တစ်ကတ်မှ မထိပဲ ကစားနိုင် ခဲ့တယ်ဗျ ။ ဒါကြောင့် အသန့်ရှင်းဆုံး ဆုရ ခဲ့တယ်လေ ။ အဲ့ဒီ ရတဲ့ ဆုကြေး ၄၄၀၀၀၀ အပြင် ကစားသမားတွေ ရဲ့ စုပေါင်း ထည့်ဝင်ငွေ ၂သောင်း ၊ စုစုပေါင်း ၄၆၀၀၀၀ ကို ရခိုင်ဒေသ ပြန်လည် ထူထောင်ရေး အတွက် ရုပ်ရှင် အစည်းအရုံးက တဆင့် လှူဒါန်း ခဲ့တယ် တဲ့ဗျာ။

Photo@Elite Sunday League
ငတိ  ။        ။ ဂုဏ်ယူ ၀မ်းသာစရာ သတင်း ပါပဲဗျာ။ မီဒီယာလောက အတွက် တကယ့်ကို ဂုဏ်တက်စေ တာပေါ့ဗျာ။ လိုအပ်တာတွေ့ ရင် ကောင်းစေချင်တဲ့ စိတ်နဲ့  ဝေဖန်လေကန် တတ်တဲ့ မီဒီယာတွေ ဟာ ကိုယ်တိုင် လည်း ကောင်း ရာကောင်း ကျိုးကို လိုလား သူတွေ ဆိုတာ လက်တွေ့ ပြလို က်တာပေါ့ဗျာ ။
ငတိ  ။         ။  ဒါပေါ့ဗျာ ။  စတုတ္ထ မဏ္ဍိုင် ဆိုတဲ့  မီဒီယာတွေ က စံပြ အဖြစ် အမြဲ ရှိနေရ မှာပေါ့ ဗျာ။ ကဲ ကိုယ့်လူရေ ကျွန်တော် တို့  ပြောတာ လည်း တော်တော်လေး များသွားပြီ။ နောက်တစ်ခေါက် မှပဲ အခြား ကျန်တာလေးတွေ ကို ဆွေးနွေး ကြသေး တာပေါ့ဗျာ။
ငတုံး ။    ။  ဟုတ်ကဲ့ဗျာ ။ ပြောမယ် ဆိုရင်တော့ ပြော စရာတွေ က တောင်ပုံ ရာပုံ ပါပဲ။ ယောက်ခမ နဲ့  တစ်ထောင့် တစ်ည ပုံပြင် လို ပြောမဆုံးပေါင် တော သုံးထောင် ပါဗျာ။ အခုတော့ ၇န်ကုန် – မကွေး ပွဲစဉ်လေး အားပေး ရဦး မှာမို့  ဒီ တစ်ခေါက်တော့ ဒီလောက် နဲ့ပဲ တော်ကြ ဦးစို့ ဗျာ။
———
ရေးသားသူ - ကောင်းမြတ်သူ 

Myanmar Striker  www.myanmarstriker.com မှာ ကျွန်တော်ရေးသားခဲ့တဲ့ ဆောင်းပါးပါ ။
ဒီမှာ   ၀င်ရောက်ကြည့်ရှုနိုင်ပါတယ် ။ 

Yangon United 4 - 1 Southern Myanmar

ရန်ကုန်အသင်း၏ ပွဲထွက်ကစားသမားစာရင်း 

                                               နိုင်ဇေယျာထွန်း၊ 
                         
                            ကျော်ဒွန်း၊ အောင်သိုက်၊ နီကိုလာ၊ ပြည့်ဖြိုးအောင်၊ 
        
         ရန်အောင်ကျော်၊ ရာဇာဝင်းသိန်း (အသင်းခေါင်းဆောင်)၊ နယူချီ၊ ဒေးဗစ်ထန်း၊ 
                                  
                                      ကောင်းစည်သူ  ၊ ဆီဇာ  


အရန်ကစားသမားစာရင်း 

 မျိုးဝင်းထွဋ်၊ ရန်အောင်ဝင်း၊ ခင်မောင်လွင်၊ ဇော်ဝင်း၊ နိုင်ဦးလွင်၊ စောအယ်ထူး (ဂိုး) 

ဒီနေ့ ပွဲစဉ်မှာ ရန်အောင်ဝင်းနဲ့  ကြည်လင်းတို့  ဒါဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိကြောင်း သိရပါတယ် ။ 


ပွဲကစားချိန် ၈မိနစ်မှာ ရန်ကုန်ယူနိုက်တက်အသင်း အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ကောင်းစည်သူက သွင်းယူခဲ့တာဖြစ်ပါတယ် ။

 ပွဲချိန် မိနစ် ၂၀ မှာ အောင်ရဲထွဋ်က ဆောင်သမ်းအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ် ။

ပွဲချိန် ၂၇ မိနစ်မှာ နယူချီရဲ့ လှပတဲ့ ဖန်တီပေးမှုကို တိုက်စစ်မှူး ဆီဇာ အကောင်းမွန်ဆုံး အဆုံးသတ်ပြီး ရန်ကုန်အသင်း (၂-၁)နဲ့ ပွဲကို ဦးဆောင်ပါတယ်။ ဒီဂိုးဟာ ရန်ကုန် တိုက်စစ်မှူး ဆီဇာရဲ့ နေရှင်နယ်လိဂ် ၉ ဂိုးမြောက် သွင်းယူခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။ 
  
ပထမပိုင်းအပြီးမှာ ရန်ကုန်ယူနိုက်တက်အသင်း က ၂- ၁ နဲ့  ဦးဆောင်ထားနိုင်ခဲ့ပါတယ် ။

ပွဲချိန် ၇၁ မိနစ်မှာ ရာဇာဝင်းသိန်း တင်ပို့တဲ့ ထောင့်ကန်ဘောကို ရန်ကုန် တိုက်စစ်မှူး ဆီဇာက ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်ပြီး ရန်ကုန်အသင်း တတိယဂိုး ရရှိခဲ့ ပါတယ်။ ဒီဂိုးဟာ သူ့ရဲ့ လိဂ်ဂိုး ၁၀ ဂိုးမြောက်ဂိုးလည်း ဖြစ်ပါတယ်။


ပွဲချိန် ၈၅ မိနစ်မှာ နယူချီ ညာတောင်ပံက တောက်လျောက် ဆွဲပြေးပြီး ဆောက်သမ်း ဂိုးသမား ဇာနည်မင်း ကာကွယ်ထားသည့် ထောင့်ကျဉ်းထဲ အပြင်းကန်သွင်းကာ ရန်ကုန် အသင်းစတုတ္တဂိုးရရှိခဲ့ပါတယ်။




ပွဲချိန် ၅၅ မိနစ်မှာ ကျော်ဒွန်းအစား စည်သူအောင် ၊ ပွဲချိန် ၆၆မိနစ်မှာ ကောင်းစည်သူအစား ရန်အောင်ဝင်း ၊ ၈၆မိနစ်မှာ နီကိုလာအစား မျိုးဝင်းထွဋ်ကို လူစားလဲ ထည့်သွင်းကစားခဲ့ပါတယ် ။



ပွဲအပြီးမှာ ရန်ကုန်အသင်းက ၄- ၁ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ် ။


ပွဲပြီး သုံးသပ်ချက်  

ရန်ကုန်အသင်းအနေနဲ့  ဒီပွဲစဉ်မှာ တိုက်စစ်ကောင်းမွန်ခဲ့လို့ အနိုင်ရရှိခဲ့တယ်လို့ ဆိုရမှာပါ ။ ရန်ကုန်အသင်းအနေနဲ့  ပွဲထွက်လူစာရင်းအတိုင်းသာ ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် တကယ်ကိုခက်ခဲသွားနိုင်ပါတယ် ။ ရန်အောင်ဝင်း လူစားလဲ ၀င်ရောက်လာပြီးနောက်မှာ ရန်ကုန်အသင်းဟာ သိသိသာသာ ကစားပုံတိုးတက်လာပီး လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့  ပြိုင်ဘက်ကို အကောင်းဆုံးခြိမ်းခြောက်နိုင်ခဲ့ပါတယ် ။ ရန်ကုန်အသင်းရဲ့ ကစားသမားတွေဟာ တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုမှာ ဆောက်သမ်းကို အသာရပေမယ့် အသင်းလိုက် ချတ်ဆက်မှုမှာ အားနည်းနေခဲ့ပါတယ် ။ ရန်အောင်ဝင်းဝင်ရောက်လာပြီးနောက်ပိုင်းမှာ မြန်ဆန်တဲ့ တိုက်စစ်ကို ပုံဖေါ်နိုင်ခဲ့တာကိုတွေ့ ရပါတယ် ။တစ်ဖက်အသင်းရဲ့ တိုက်စစ်ကို ကွင်းလယ်မှာပဲ ဖြတ်တောက်ရှင်းထုတ်နိုင်တာကို တော်တော်လေးကျေနပ်မိပါတယ် ။သို့ ပေမယ့် နောက်တန်း ခံစစ်မှာ နီကိုလာအနေနဲ့  ပွဲစဉ်တိုင်းမှာလိုလို အကောင်းဆုံးဦးဆောင်နိုင်ခြင်းမရှိတာတွေ့ ရသလို သူ့ ရဲ အဝေးဘော ကန်တင်ပေးကပို့ မှုတွေဟာလည်း တိကျမှု ထိရောက်မှုမရှိတာတွေ့ ရပါတယ် ။ဒီနေ့ ပွဲစဉ်မှာ ခင်မောင်လွင်မပါဝင်တာကြောင့် ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှီနေတာတွေ့ ရပါတယ် ။ ဂိုးသမားအနေနဲ့  အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့သလို ဒေးဗစ်ဒန်းလည်း အထူးကြိုးစားသွားတာတွေ့ ရပါတယ် ။ ဆီဇာရဲ့  တစ်ကိုယ်တော် အလိမ်အခေါက်တွေ ဟာ စွဲမက်ဖွယ်ကောင်းခဲ့သလို ရာဇာဝင်းသိန်းရဲ့  ဖန်တီးပေးပို့ မှုတွေကလည်း အလွန်ကောင်းမွန်ခဲ့ပါတယ် ။ ဗဟိုခံစစ်နေရာမှာ ခင်မောင်လွင်ကို အသုံးပြုဖို့ အချိန်တန်ပြီလို့ သုံးသပ်မိပါတယ် ။ ဒီလိုမှမဟုတ်ရင်တော့ ရန်ကုန်အသင်းအနေနဲ့  အိတ်ပေါက်နဲ့ ဖါးကောက်သလိုဖြစ်နေမယ်လို့ ယူဆမိပါတယ် ။ ဒီနေ့ ပွဲမှာ စည်သူအောင် အကောင်းဆုံးကစားနိုင်ခဲ့သလို နယူချီရဲ့  ပွဲသိမ်းဂိုးဟာလည်း အဆင့်မြင့်တဲ့ ဂိုးတစ်ဂိုး  အဖြစ် မှတ်ယူရမှာပါ ။ဒီနေ့ ပွဲစဉ်မှာ ကြည်လင်း ၊ ရန်အောင်ဝင်း ၊ ခင်မောင်လွင်တို့ ပွဲစကတည်းက ပါဝင်နိုင်ခဲ့ရင် ဒီထက်ပိုတည်ငြိမ်တဲ့ ကစားဟန်နဲ့  အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ် ။  ရန်ကုန်အသင်းအနေနဲ့ လာမယ့်ပွဲစဉ်မှာ အဝေးကွင်းအဖြစ် ထိပ်ဆုံးက ရတနာပုံနဲ့ ကစားရမှာဖြစ်တာကြောင့် အလွန်အရေးကြီးတဲ့ ပွဲတစ်ပွဲ ကို ကစားရမှာပါ ။ လာမယ့်ပွဲမှာတော့ ဒီထက်ပိုပြီး တည်ငြိမ်တဲ့ ခံစစ်ကို ဖေါ်ဆော်ဖို့ လိုအပ်နေတယ်လို့ အကြံပေးရင်းး
လာမယ့် ရတနာပုံနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းနဲ့  အနိုင်ယူနိုင်ဖို့  ဆုတောင်းပေးလိုက်ပါတယ်။

ငတုံး၊ ငတိ တို့ ပြောတဲ့ မြန်မာ့ဘောလုံး


ညလုံးပေါက် ဖွင်သော့ လက်ဘက်ရည် ဆိုင်ထဲတွင် ငတိတစ်ယောက် ထိုင်နေ၏ ။ ထိုငတိ သည်ကား ဘောလုံး ၀ါသနာအိုး တစ်ယောက်ဖြစ်၏ ။ သို့ သော် ဘောလုံးနှင့် ပက်သက်၍ သူသည် ကြွယ်ကြွယ်၀၀ မသိ။ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ယူလောက်သာ သိသော ထို ငတိသည် အခါ အားလျော်စွာ လက်ဘက်ရည်ဆိုင် ထိုင်ရင်း ငတုံးများကို ရှာဖွေကာ လေကြီးလေကျယ် လုပ်တတ်ပေသည်။ အခါအခွင့်များ သင့်ပီဆိုလျှင် ညလုံးပေါက် ဘောလုံး အကြောင်းကို ဆွေးနွေးနိုင်သော ငတိဖြစ်၏။ ငတိ အကြောင်းကို သိသူများက ငတိကို လက်ရှောင်ကြ၏။ အကြောင်းမူကား ဘာမသိ ညာမသိ ထိုငတိ၏ ဘောလုံးလောက သီအိုရီ များကို လိုက် မမှီကြသောကြောင့်ပေတည်း။ ငတိ၏ လက်သုံး စကားမှာမူ ကား “မြန်မာ့ဘော်လုံး ခဏပျော် မဆုံး” ဟူသတတ်။ သူ၏ လက်စွဲဆောင်ပုဒ် မှာ သူ့ အတွက်မူ ဧရာမ ရှာဖွေတွေ့ ရှိချက်ကြီး တစ်ခု သဖွယ် တင့်တယ် လှပေ၏ ။
များ မကြာလှသော အချိန်ဝယ် ငတိမျှော်လင့်နေသော ငတုံး တစ်ယောက်သည် ငတိရှိရာ လက်ဘက်ရည် ဆိုင်ထဲသို့  ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ လာချေ၏။ ငတုံးသည် အလွန်ပျော်ရွှင်နေသော ကိုယ်ဟန်အမူအရာတို့ ဖြင့် ငတိနားရှိစားပွဲဝိုင်း၌ ထိုင်ပီးသကာလ လက်ဘက်ရည်ဆိုင်ပိုင်ရှင်အား နှုတ်ခွန်းဆက်စကား ပြောကြားချေ၏ ။ “ ကိုတုတ်ကြီးရေ မနက်ဖြန် မြန်မာပွဲ သွားကြည့်မယ်ဗျာ။ သုဝဏ ကွင်းကြီးမှာ ထိုင်ခုံတွေ လည်း တပ်ထားတယ်။ မီးမောင်းကြီးတွေ ကလည်း ရှယ်ပဲတဲ့ဗျာ။ အင်္ကျီတွေတောင် ဝေမယ် ဆိုပဲဗျ” ။ ထို စကားကိုကြားတော့ ငတိ တစ်ယောက် တတ်သည့် ပညာ မနေသာ ဆိုသလို ၀င်ပါရပြီပေါ့ဗျာ။ ထို ခဏတွင်ပင် ငတိက  ငတုံးအား သူ၏ ဘောလုံး ဝေဖန် သုံးသပ်ချက်များကို တစ် မဟုတ်ချင်း ချပြလေတော့၏ ။ ဤသည် ကား ငတုံး – ငတိ တို့ ပြောသော မြန်မာ့ဘောလုံး ဆောင်းပါး ဖြစ်ပေါ် လာရသော အကြောင်းပင် ဖြစ်ပေတော့ သတည်း။
ဆွေးနွေးခန်းကြီး စတင် ဖန်တီးသူက ငတိ။ ငတိက စကားစ၏။ အစ်ကိုရေ “ကျွန်တော်တော့ ဖြင့် ကိုရီးယားကို မြန်မာနိုင် သွားမှာ စိုးရိမ် မိတယ်ဗျာ”။ ထိုသို့  စကားဦး သမ်းလိုက် သည်နှင့် ညလုံးပေါက် လက်ဘက်ရည် ဆိုင်တွင် အပန်းဖြေတတ်သော ညမင်းသားတို့၏ ဗီဇ အတိုင်း ညလုံးပေါက် စကားဝိုင်း တစ်ခု  ငတုံးနှင့် ငတိတို့  စတင် ဖန်တီး လိုက်ကြလေတော့သည်။
ငတုံး ~~~  ကိုရီးယားကိုနိုင်တော့ ဘာဖြစ်လို့ တုန်းဗျ ကိုယ့်လူရ ။
ငတိ အကွက်ထဲ ၀င်လေပြီ ။ ငတိပြောချင်ရာပြောတော့မည်။
ငတိ ~~~   အော်ဗျာ။ ဆရာသမားရယ် ကိုရီးယားက လက်ရှိ ကမ္ဘာ့ အဆင့် ၃၅ ရှိတဲ့ အာရှ ဘောလုံး အင်အားကြီးနိုင်ငံလေဗျာ။ မြန်မာက ၁၇၄ ဆိုတော့ မိုးနဲ့ မြေလို ကွာတာပေါ့။ ဒီလို ၂သင်းတွေ့ ဆုံတဲ့ အခါ မြန်မာက သာ နိုင်သွားရင် အာရှဘောလုံးလောကမှာ တို့ မြန်မာကို အားလုံး သတိထား မိကုန်တော့ မှာပေါ့ဗျာ ။
ငတုံး ~~~    သတိထားမိတော့ မကောင်း ဘူးလားဗျ ။ ကျုပ်တို့ မြန်မာတွေ ဂုဏ်တက် တာပေါ့ဗျာ
ငတိ ~~~   မကောင်းဘူးဆရာရေ မကောင်းဘူးဗျ ။ ခင်ဗျား လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျွန်တော်တို့ မြန်မာ လူငယ် ယူ ၁၇ ၊ ယူ ၁၈ တွေ အာဆီယံမှာ ဗိုလ်စွဲတာ မှတ်မိသေးလားဗျ ။
ငတုံး ~~~    မြန်မာလူငယ်တွေ အာဆီယံ လူငယ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲတာတော့ မှတ်မိတယ်ဗျ။ ခုနှစ်တွေတော့ ဘယ်မှတ်မိ ပါတော့မလဲဗျာ ။
ငတိ ~~~ ဒါဖြင့် မှတ်လေတော့ ကိုယ့်လူရေ … မြန်မာလူငယ် ယူ ၁၇ အသင်းက လွန်ခဲ့တဲ့ ၁၀နှစ်ကာလ ခုလို အချိန်မှာ အာဆီယံ လူငယ်ဖလား ရခဲံ့တယ်ဗျ။ ချန်ပီယံဖြစ်တာမှ တစ်ကြိမ် မကဘူး။ ယူ ၁၈ ကန်တော့လည်း ရပြန်တယ်လေ။ ကျွန်တော်လေ့လာ မိသလောက် မြန်မာ အသင်းက ငယ်လေကောင်းလေဖြစ်နေတာတွေ့ ရတယ်ဗျာ။ ယူ ၁၇ ၊ ယူ ၁၈ အရမ်းကောင်း ခြေပြတ်ဂိုးပြတ်နဲ့ ဖလားတွေရ၊ ယူ ၂၃ – နည်းနည်းတော့ ကောင်းသေးတယ်ဗျ။ ဆီမီးလောက်တော့ တက်သေးတယ်။ လက်ရွေးစင်လဲ ကျရောဗျာ ရှုံးချက်က သောက်သောက် လဲရယ်။ ရင်ထု မနာဖြစ်မိပါရဲ့ ဗျာ။ ယူ ၁၇ ၊ ယူ ၁၈ တုန်းက ဖလားတွေ ရလို့ အာရှအဆင့်တောင် နောင်အနာဂတ်မှာ တက်လှမ်းတော့မလား ထင်ခဲ့ရတာ အဲ့ဒီလူငယ်တွေ လက်ရွေးစင် လဲဖြစ်ရော လူငယ်တုန်းက ချန်ပီယံဖြစ် ခဲ့တာကိုမှ မထောက် ရှုံးပြ လိုက်တာမှ ရုပ်ပျက် ဆင်းပျက်ဗျာ။ ကဲ ဒီလောက်ဆို ကိုရီးယားကို နိုင်မှာ ဘာလို့ စိုးရိမ်လဲ သိပီဟုတ်စ ကိုယ့်လူ ။
ငတုံး ~~~  ခင်ဗျားပြောတာတွေ ဟုတ်တယ်ဗျ။ ဒါပေမယ့် ကိုရီးယားကိစ္စကိုတော့ သေခြာ သဘော မပေါက်သေးဘူးဗျာ ။
ငတိ ~~~  အော် ဆက်စပ် တွေးကြည့်ပေါ့ဗျာ။ မြန်မာ လူငယ် အသင်းတွေ ရဲ့  အတိတ်က အောင်မြင်မှုဟာ အနှစ်သာရ မရှိတဲ့ အောင်မြင်မှုတွေဖြစ် ခဲ့တယ်လို့ ဆိုလို တာပေါ့ဗျာ။ အခု တို့ ဆီမှာက မိုးတွင်းလေ။ မိုးတွေ သည်းကြီးမည်းကြီး ရွာမယ်။ ကိုရီးယားက မိုးထဲရေထဲမှာ ကစားရတော့ စိတ်ကြိုက် မကစားနိုင်ဖြစ်ကောင်းဖြစ်မယ်။ ပီးတော့ အခု လာကန်တဲ့ လူစာရင်း ကလည်း လန်ဒန် အိုလံပစ် ပြိုင်ပွဲဝင်မယ့် ကစားသမား ၂ယောက် ၃ယောက်လောက်ပဲ ပါတယ်လို့ ဆိုပြန်တော့ ပရိသတ် အင်အားနဲ့  တို မြန်မာက မနိုင်ဘူးလို့  မပြောနိုင်ဘူးဗျ။ နိုင်သွားရင် ဘာတွေဖြစ်လာ မလဲ ဆိုတော့ဗျာ … အနီးကပ်ဆုံးပြိုင်ပွဲ အနေနဲ့  ဆူဇူကီး ဖလားမှာ မြန်မာ့ လက်ရွေးစင်က အုပ်စုက အရင် တစ်ခါလို ပြုတ်မယ် ဆိုရင် ကိုရီးယားလို အသင်းကို နိုင်တဲ့ မြန်မာက ဆူဇူကီးလဲ ကျရော ဘယ်လိုဖြစ် ရတာလဲဆိုပီး မေးခွန်းထုတ် စရာတွေ ဖြစ်လာနိုင် တာပေါ့ဗျာ။ ပြီးခဲ့တဲ့ ဆီးဂိမ်းကို ပဲကြည့်ဗျာ။ ဗီယက်နမ် ကို နိုင်ခဲ့တယ်။ နိုင်တာမှ တတိယ လုပွဲမှာ ဂိုးပြတ်နဲ့ကို နိုင်ခဲ့တာနော်။ အဲ့ဒီ မတိုင်ခင် ဆူဇူကီး ဖလားတုန်းကကျတော့ ၇ဂိုးနဲ့တောင် ရှုံးတာဗျ။ အကယ်၍များ လာမယ့် ဆူဇူကီးမှာ ဗီယက်နမ်နဲ့  တစ်အုပ်စုထဲ ကျပီး ဂိုးပြတ်ရှုံးးမယ် ဆိုရင် တို့  မြန်မာက လူငယ်ပဲ စွမ်းတယ်ဆိုတာ တော်တော်ကို ပေါ်လွင် သွားမှာဗျ။
ငတုံး ~~~   အင်းးး ခင်ဗျားပြော သလိုဆို ဟုတ်တော့လည်း ဟုတ်တာပဲဗျ။
ငတိ ~~~   ဟာ သိပ်ဟုတ် တာပေါ့ဗျာ ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က စပီးကြည့်ဗျာ။ မြန်မာ ယူ ၂၃ က ၂၀၀၁မှာ တတိယရတယ်ဗျာ။ ၂၀၀၃မှာ စတုတ္ထ ၊ ၂၀၀၇မှာ ဒုတိယဗျာ ၊ ပီးခဲ့တဲ့ ၂၀၁၁မှာ တတိယ ရတယ်။ ကဲ လက်ရွေးစင် အသင်းရဲ့  ရလာဒ်တွေကိုကြည့်ပါဦး။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ထိ အာဆီယံပြိုင်ပွဲတွေမှာ အုပ်စုက ပြုတ်တာ ချည်းပဲ။ ထူးထူးခြားခြား အနေနဲ့  ၂၀၀၄ မှာ ဆီမီးတက်ပီး စတုတ္ထ ရခဲ့တာ တစ်ကြိမ်ပဲ ရှိခဲ့တယ်ဗျာ ။
ငတုံး ~~~ ဒီလိုဆိုတော့ လူငယ် အသင်းတွေရဲ့  အောင်မြင်မှုက တစ်ခုခုတော့ မှားနေ သလိုပဲဗျာ ။
ငတိ ~~~ ဟုတ်သမှ ဟုတ်ပဲဗျာ ။ယူ ၁၆ ၊ ယူ ၁၇ ၊ ယူ ၁၈ ၊ ယူ ၁၉ ပွဲတွေမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်မှာ အောင်မြင်မှုတွေ တော်တော် ရခဲ့တယ် ဆိုတာတော့ မှတ်မိတယ်။ တိတိကျကျတော့ မသိတော့ ဘူးဗျာ။ ပြောချင်တာက လွန်ခဲ့တဲ့ ၁၀နှစ်လောက်က လူငယ် ချန်ပီယံ ဖြစ်ခဲ့တဲ့  ၁၆ ၊ ၁၇ အရွယ် ကစားသမားတွေဟာ အခုလို အချိန်မှာ လက်ရွေးစင် အသင်းမှာ တကယ့်ကို အားကိုး ရသူတွေ ဖြစ်မလာပဲ အနားယု လုယူခင် ခြေစွမ်း ကုန်ခမ်းလုဖြစ်နေတဲ့ ကစားသမားတွေ အဖြစ် မြင်တွေ့ ရတာတော့ စိတ် မကောင်းပါဘူးဗျာ။ အဲဒီတော့ ကျွန်တော်တို့  အခုကန်မယ့်  ယူ ၂၂ မှာ မြန်မာအသင်း အာရှ ဖလားကြီး ရရင်တောင်မှ နောင် ၅နှစ်လောက်မှာ အာဆီယံဒေသတွင်း လက်ရွေးစင် အဆင့်ပွဲတွေမှာ အုပ်စုက ကျွတ်မယ် မထင်ပါဘူးဗျာ။ အဲဒီတော့ ခင်ဗျား အနေနဲ့  မနက်ဖြန် ကန်မယ့်ပွဲကို သွားချင်လည်း သွားပေါ့ဗျာ။ မြန်မာဆိုတဲ့ စိတ်ဓါတ်နဲ့  ကိုယ့်နိုင်ငံအသင်းကို အားပေးတာ အပြစ်ဆိုသာပါဘူး။ ဒါပေမယ့် တစ်ခုတော့ သတိပေးလိုက် ချင်ပါတယ်ဗျာ။ မြန်မာ ယူ ၂၂ အသင်းက ကိုရီးယားလိုအသင်းကို နိုင်ပီး အာရှမှာ အဆင့် တစ်ခုခုများ အောင်မြင် ခဲ့ရင်၊ မျှော်လင့် မထားတာတွေ ဖြစ်ခဲ့ရင်ပေါ့လေ … နောင် အနာဂတ် လက်ရွေးစင် အသင်းအတွက် စိတ်ကူးနဲ့  အောင်မြင်မှုတွေရဖို့  မမျှော်လင့် မိပါစေနဲ့ဗျာ ။
ငတုံး ~~~  ဘယ်လိုပဲဖြစ်ဖြစ်ဗျာ နောင်နှစ် ဆီးဂိမ်းအတွက် အခု ယူ၂၂က အသက်ပဲဗျ ။ အခု ယူ ၂၂ ဆိုတော့ နောင်နှစ် ယူ ၂၃ ပေါ့လေ။ နောင်နှစ် မြန်မာ ဆီးဂိမ်းကျရင် တို့ မြန်မာနိုင်ငံ နေပြည်တော် ကွင်းသစ်ကြီးတွေမှာ မြန်မာ ယူ ၂၃ အောင်ပွဲ ခံပီး ဆီးဂိမ်း ချန်ပီယံဖြစ်ဖို့  အားလုံးက မျှော်လင့်နေကြ တယ်လေ။ နောင်ခါလာ နောင်ခါဈေးပေါ့ ဗျာ။ လောလောဆယ်တော့ မရ ရတဲ့ ဖလား အပိုင်သိမ်းဖို့  လိုတယ် မဟုတ်လားလေ။ ဆူဇူကီး ဖလားရဖို့ ၊ အာရှခြေစစ်ပွဲအောင်ဖို့ ဆိုတာတွေက လက်တလော အနေအထားနဲ့  အလှမ်းဝေးနေတော့ ဘာပဲဖြစ်ဖြစ် ယူ ၂၃ ဆိုတော့ လည်း ယူ၂၃ ၊ ၂၂ဆိုတော့လည်း ၂၂ပေါ့ဗျာ ။ နောင် လာမယ့် လက်ရွေးစင်ပွဲတွေမှာ အခု ယူ၂၂တွေ ၅နှစ် ၆နှစ်လောက် ကန်ရဦးမှာပဲဟာ။ ပြိုင်ပွဲအတွေ့ အကြုံရတာပေါ့ဗျာ ။
ငတိ ~~~ ကောင်းရောဗျာ ။ ဒါဆို ကျွန်တော်လည်း ကျွန်တော့် အစ်ကိုကို ယူ ၁၆ မှာ လက်ရွေးစင်ဖြစ်ဖို့ သေခြာကြိုးစား ခိုင်းရမယ် ။
ငတုံး ~~~ ဟင် ဒါဖြင့် ခင်ဗျား အသက်က ဘယ်လောက် တုန်းဗျ ။
ငတိ ~~~  ကျွန်တော်က အသက် ၂၃ ပါဗျာ ။
ငတုံး ~~~  ဟိုက် ဒါဖြင့် ခင်ဗျား အစ်ကိုဆိုတော့ ခင်ဗျားထက် အသက်ကြီးတယ် မဟုတ်ဘူးလား။
ငတိ ~~~ ဟာဗျာ မနက်ဖြန် ကန်မယ့် ကစားသမားတွေတောင် ကျွန်တော် ၁၅နှစ်သားလောက် ကတည်းက ၀န်ကြီးဋ္ဌာန အသင်းတွေမှာ ဘောလုံး ကန်နေတဲ့ သူတွေပဲ ဥစ္စာ။ ဘာပဲဖြစ်ဖြစ် ယူ၂၂က ဘောသမားတွေ လမ်းမှာတွေ့ ရင် ညီလေးလို့ ခေါ်ကြစို့ ဗျာ ။
သူတို့ က ကျွန်တော်တို့ ထက် ၀ါအားဖြင့် ငယ်တယ်မဟုတ်လားလေ …

Posted by on June 23, 2012


www.myanmarstriker.com  မှာ ရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့  ဆောင်းပါးလေးပါ  ။  
 ဒီမှာဝင်ကြည့်နိုင်ပါတယ် ။ 

ဂိုးသွင်းကောင်းတဲ့ ကိုကို

လွန်ခဲ့သော ၁၉၉၀ကျော်နှစ်များ ဆီက မေခလာသီဆို ခဲ့တဲ့ ဂိုးသွင်းကောင်း  တဲ့ကိုကို ဆိုတဲ့ သီချင်း ကို ယခု အသက်၂၀ ကျော်သူတိုင်း   နားဆင် ခံစားဖူးကြ မှာပါ။  အဲဒီ ကာလတုန်းက  အဲဒီ သီချင်းနဲ့ အတူ မြန်မာ့ဘောလုံး ပရိသတ်တွေ အကြားမှာ ရေပန်းစား ခဲ့တဲ့  မြန်မာ အသင်းရဲ့  တိုက်စစ်မှုး ပြည်သူ့ အချစ်တော် မျိုးလှိုင်ဝင်းကို မြန်မာ ဘောလုံး ပရိသတ်တွေ အမှတ်ရ နေကြဦး မှာပါ ။ မြန်မာ့ လက်ရွေးစင် တိုက်စစ်မှုး  မျိုးလှိုင်ဝင်း ဟာ ၁၉၇၁ ခုနှစ် ဇွန်လ (၂၇) ရက် နေ့ မှာ မွေးဖွား ခဲ့သူဖြစ်ပြီး ၁၉၉၃ ဆီးဂိမ်းမှာ ငွေတံတိပ်  ဆွတ်ခူးနိုင် ခဲ့စဉ်က အသင်း အတွက်   မရှိမဖြစ် အားထားရတဲ့ တိုက်စစ်မှုး တစ်ယောက်  ဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက သူဟာ အသက် ၂၃နှစ် အရွယ်သာရှိသေးပေမယ့်  မြန်မာ့ လက်ရွေးစင် အသင်းအတွက် ဂိုးပေါင်း များစွာ သွင်းယူ နိုင် ခဲ့သူဖြစ်ခဲ့ပါတယ်။
မျိုးလှိုင်ဝင်းဟာ  ဘောလုံးလောက ကို ၁၉၈၉ခုနှစ်မှာ စတက် ၀င်ရောက်ခဲ့ပြီး မြန်မာ  အသင်းအတွက် နိုင်ငံတကာ  ပွဲပေါင်း ၁၀၀ကျော် ကစား ခဲ့သူဖြစ်ပါတယ်။ ၁၉၉၃  ငွေတံဆိပ်ရ   မြန်မာ့  လက်ရွေးစင် အသင်းမှာ ပါဝင် ခဲ့သလို   စတုတ္ထ ရခဲ့တဲ့ ၂၀၀၄ တိုက်ဂါးဖလား ပြိုင်ပွဲဝင် မြန်မာ အသင်းမှာလည်း ပါဝင် ခဲ့ပါတယ်။ သူဟာ ကွင်းလယ် ကစားသမားတွေရဲ့  ဖန်တီးပေးပို့ မှုတွေကို အဆုံးသတ်ရာမှာ တိကျ သေသပ်သူ တစ်ဦး ဖြစ်သလို နေရာပေါင်းစုံက ဂိုးကန် သွင်းနိုင်စွမ်းရှိသူ   တစ်ယောက်လည်းဖြစ်ပါတယ်။
ခေါင်းတိုက်ကောင်း သလို အလွတ် တည်ကန်ဘောများ ကန်သွင်း ရာမှာလည်း ကျွမ်းကျင် ပိုင်နိုင်သူ တစ်ယောက်ဖြစ်ပါတယ် ။ မြန်မာ့ လက်ရွေးစင် အသင်းအနေနဲ့  သူပါဝင် ကစား တဲ့ ပွဲတိုင်းမှာ ဂိုးရဖို့ မခက်ခဲ ခဲ့ပါဘူး ။ သူဟာ မြန်မာ အသင်းအတွက် တကယ့်ကို အားထားရတဲ့ ဂိုးသွင်းစက် တစ်ခုအဖြစ် ဆယ်စုနှစ် တစ်ခုကျော်လောက် ရပ်တည်နိုင် ခဲ့ပါတယ်။ သူဟာ ဒေသတွင်း ပြိုင်ဘက် အသင်းတွေရဲ့  လေးစား ကြောက်ရွံ့ ရတဲ့ တိုက်စစ်မှုး    တစ်ယောက်       ဖြစ်အောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။
မျိုးလှိုင်ဝင်းဟာ ဘောလုံးသမား ဘ၀နောက်ဆုံးချိန်မှာ air bagan အသင်းမာ ပါဝင် ကစားခဲ့ပြီး ပထမတန်း အမှတ်ပေးချန်ပီယံဆု ကို ဆွတ်ခူးပေးနိုင် ခဲ့ပါတယ်။ အဆင့်မြင့်တန်း မှာလည်း အဆင့် ၅နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။ အဲဒီနောက် Myanmar national league စတင်ချိန်မှာ air bagan အသင်းကို အခြေခံ  ဖွဲ့ စည်း ထားတဲ့ ရန်ကုန်ယူနိုက်တက်    အသင်းကို နည်းပြချုပ် အဖြစ် ဆက်လက် ကိုင်တွယ် ခဲ့ပါတယ်။ လက်ရွေးစင် ကစားသမားအဖြစ် မျိုးမင်းထွန်းနဲ့  အောင်အောင်ဦးတို့ ကိုသာ ခေါ်ယူခဲ့ပြီး နိုင်ငံခြားသား ကစားသမား ၃ယောက်ခေါ်ယူ ခဲ့ပါတယ်။ မျိုးလှိုင်ဝင်းဟာ အသင်းမှာရှိနေတဲ့ လက်ရွေးစင်ဟောင်းတွေ ဖြစ်ကြတဲ့ ကျော်သူရ ၊ စိုးလင်းထွန်း ၊ ဋ္ဌေးအောင် ၊ ကျော်ဒွန်း တို့နဲ့ လူငယ် ကစားသမားတွေဖြစ်တဲ့ ကြည်လင်း ၊ ကျော်ဇေယျာဝင်း ( ယခု မြန်မာ့ လက်ရွေးစင် ) ၊ နိုင်ဦးလွင် ၊ ကောင်းစည်သူ တို့ ကို မျှတစွာ တွဲဖက် ကစားစေခဲ့ပြီး နိုင်ငံခြားသား ကစားသမား  တွေကိုတော့  ပွဲချိန်ပြည့် မဟုတ်ပဲ အခါအားလျော်စွာ ထည့်သွင်း ကစားစေခဲ့ပါတယ်။ နိုင်ဦးလွင် ၊ အောင်သိုက် ၊ ကျော်ဇေယျာဝင်း ၊ နိုင်ဇေယျာထွန်းတို့ ဟာ airbagan အသင်းမှာ မျိုးလှိုင်ဝင်း ကစားသမားအဖြစ် ကစားစဉ် ကတည်းက တစ်သင်းတည်း ကစားဖက်တွေ ဖြစ်ခဲ့ ပါတယ်။ ဒါကြောင့် မျိုးလှိုင်ဝင်းဟာ လက်ရွေးစင် ၂ယောက်သာ ပါတဲ့ ရန်ကုန် ယူနိုက်တက် အသင်းကို ဖိုင်နယ် အဆင့်ထိ အောင်မြင်အောင်ပို့ ဆောင်ပေးနိုင် ခဲ့ပါတယ် ။ ချန်ပီယံဖြစ် ခဲ့တဲ့ ရတနာပုံ အသင်းဟာ အဲဒီအချိန်က လက်ရွေးစင် ကစားသမားတွေဖြစ်တဲ့ ခင်မောင်ထွန်း ၊ ပိုင်စိုး ၊ ထွန်းထွန်းဝင်း ၊ ယဉ်မင်းအောင်  ၊ ကျော်ခိုင်ဝင်း ၊ အောင်ကျော်မိုး ၊ ရန်ပိုင်  စတဲ့ နာမည်ကြီး ကစားသမားတွေနဲ့  ဖွဲ့စည်း ထားတာဖြစ်ပေမယ့် အုပ်စု ပတ်လည် ပွဲစဉ်မှာရော ၊ နောက်ဆုံး ဗိုလ်လုပွဲထိအောင် ရန်ကုန် ယူနိုက်တက် အသင်းကို ခက်ခဲစွာ ကစားခဲ့ရပြီး ပယ်နယ်တီ အဆုံးအဖြတ်နဲ့ ဗိုလ်စွဲ ခဲ့တာဖြစ်ပါတယ်။ မျိုးလှိုင်ဝင်း အနေနဲ့  ရန်ကုန် ယူနိုက်တက် အသင်းကို စတင် ကိုင်တွယ်စဉ်မှာ လက်ရွေးစင် ကစားသမားတွေ ခေါ်ယူမှု နည်းပါး ခဲ့တာကတော့ သူ့ ရဲ့  အသင်းမှာ ဆက်လက် တည်မြဲရေး အတွက် ခက်ခဲစေ ခဲ့ပါတယ်။ သူ့ အနေနဲ့  ပထမ အကြိမ်ပြိုင်ပွဲမှာ ပယ်နယ်တီ အဆုံးအဖြတ်နဲ့  မရှုံးနိမ့်ပဲ ဆုဖလား ရယူနိုင်ခဲ့မယ် ဆိုရင် သူဟာ ရန်ကုန်ယူနိုက်တက် အသင်းမှာ ယနေ့ ထက်တိုင် ရှိနေလိမ့်မယ်လို့  ကျွန်တော့် အနေနဲ့  ယူဆမိပါတယ်။
မျိုးလှိုင်ဝင်းဟာ တစ်ခေတ်မှာ တစ်ယောက် ဆိုသလို သူ့ ရဲ့  ဘောလုံး ကျွမ်းကျင်မှု ၊ လျှင်မြန် ဖျတ်လတ်မှုတွေ နဲ့  ဂိုးပေါင်း များစွာ သွင်းယူနိုင် ခဲ့သလို နည်းပြအဖြစ် ရပ်တည်မှုမှာလည်း ပြည်တွင်းက ၀ါရင့် သမ္ဘာရင့် နည်းပြတွေကို ကောင်းကောင်း ယှဉ်နိုင် ခဲ့ပြန်ပါတယ်။ လက်ရှိ လက်ရွေးစင် ကစားသမားတွေ ကို စိစစ်ကြည့်လိုက်တဲ့ အခါ မျိုးလှိုင်ဝင်းရဲ့  အစွမ်းအစ ကို သိရှိနိုင် ပါတယ်။ သူ့ ရဲ့  နည်းပြ သက်တမ်းဟာ တိုတောင်းနေသေးပေမယ့် သူ့ ရဲ့  သင်ကြားပြသမှုတွေ ခံယူနိုင် ခဲ့တဲ့ ရန်အောင်ဝင်း ၊ ကျော်ဇေယျာဝင်း ၊ ဒေးဗစ်ဒန်း ၊ ရွှေလှိုင်ဝင်း ၊ ကြည်လင်း ၊ ကောင်းစည်သူ ရန်အောင်ကျော် တို့ ဟာ လက်ရှိ အချိန်မှာ လက်ရွေးစင် အဆင့်ကို ရောက်ရှိ ခဲ့ပါပြီ။ မျိုးလှိုင်ဝင်း ရန်ကုန် နည်းပြ အဖြစ်တာဝန် ယူခဲ့တဲ့  လွန်ခဲ့တဲ့ ၂၀၀၉ တုန်းက  ဒီ ကစားသမားတွေဟာ မထင်မရှား ကစားသမားတွေ အဆင့်ပဲ ရှိနေပါသေးတယ်။ သို့ သော်လည်း အဲ့ဒီ မထင်မရှား ကစားသမားတွေကို အကောင်းဆုံး ဦးဆောင်ပြီး နိုင်ဦးလွင် ၊ တင်ဝင်းအောင် ၊ ကြည်လင်း ၊ ရွှေလှိုင်ဝင်း တို့ ကို မြန်မာ့ဘောလုံး ပရိသတ်တွေ သတိထားမိစေ ခဲ့ပါတယ်။ ရွှေလှိုင်ဝင်းကို ယူ၂၃ အသင်းမှာ လက်ရွေးစင် ကစားသမား အဖြစ် မြေတောင်မြှောက်ပေး ခဲ့ပါတယ်။ ပထမ အကြိမ်ပြိုင်ပွဲမှာ မင်းသူ ၊ ရာဇာဝင်းသိန်း ၊ ဇော်လင်းထွန်း ၁ ၊ ဇော်လင်းထွန်း၂  ၊ ညီညီလွင် စတဲ့ ကစားသမားတွေ ပါဝင်တဲ့ MNL မစတင်ခင်က မြန်မာလိဂ် အဆင့်မြင့်တန်း ချန်ပီယံ စီးပွားကူးသန်း အသင်းကို အခြေခံ ဖွဲ့စည်းထားတဲ့  ဇေယျာရွှေမြေ ကို အဖွင့် ပွဲစဉ်မှာ ဂိုးပြတ် အနိုင်ယူနိုင်ခဲ့ သလို ဟန်ဝင်းအောင် ၊ စိုးမင်းဦး ၊ ကျော်ဇင်ထက် ၊အေးဆန်း တို့ လို မြန်မာ့ လက်ရွေးစင်တွေ အများအပြားပါဝင်တဲ့ ကမ္ဘောဇ ကိုလည်း အနိုင်ယူနိုင် ခဲ့ပါတယ်။
မျိုးလှိုင်ဝင်း အနေနဲ့  ရန်ကုန် အသင်း နည်းပြဘ၀မှာ  လူငယ်တွေကို အတော်များများ  ပွဲထွက် ခွင့်ပေး ခဲ့ပြီး အသင်းက နိုင်ငံခြားသားတွေ ကိုတောင် အရန်ခုံ ထိုင်ခိုင်းတတ်တဲ့ သူ တစ်ယောက်ပါ။ သို့ သော်လည်း ဒုတိယ ရာသီအေ၇ာက်မှာ အသင်းတိုင်းက နိုင်ငံခြား ကစားသမားတွေ ခေါ်ယူလာတဲ့ အခါ လူငယ်တွေကို နေရာပေးတတ်တဲ့ သူ့ အတွက် အခက်တွေ့ စေ ခဲ့ပါတယ်။ လက်ရွေးစင် ၂ယောက်သာ ပါဝင်တဲ့ ရန်ကုန် အသင်းဟာ ဒုတိယ ရာသီရဲ့  ပထမရာသီဝက် မှာ ရလ်ာဒ်တွေ မကောင်း ခဲ့ပဲ ၀က်စ်ဟမ်းနဲ့ ၀က်ဘရွန်း အသင်းတွေမှာ တစ်ချိန်က အလယ်တန်းလူ အဖြစ် ကစားခဲ့ပီး ဩစတြေးလျ၊ စင်ကာပူ၊ အင်ဒို နီးရှားနဲ့ မလေးရှား တို့မှာ နည်းပြ အဖြစ် နှစ်ပေါင်း များစွာ လုပ်ကိုင်ခဲ့တဲ့  အတွေ့အကြုံရှိ နည်းပြ တစ်ဦးဖြစ်တဲ့ ပီတာဘက်တလာ ဟာ ရန်ကုန်နည်းပြချုပ်ဖြစ်လာ ခဲ့ပါတယ် ။ ပီတာဘက်တလာ အနေနဲ့  ဒုတိယ ရာသီဝက်မှာ ပွဲတိုင်းကို အနိုင်ရလာဒ် စွမ်းဆောင်နိုင် ခဲ့ပြီး ဥဿာ တစ်သင်းတည်း ကိုသာ သရေကျ ခဲ့ပါတယ်။ အဲဒီနှစ်မှာ ချန်ပီယံဖြစ် ခဲ့တဲ့ ၇တနာပုံကို အိမ်ကွင်းမှာ  အနိုင်ယူနိုင် ခဲ့ပါတယ်။ သို့ သော်လည်း တတိယအကြိမ် ပြိုင်ပွဲမှာတော့ ရလာဒ်တွေ ဆိုးဝါး ခဲ့ပီး အသင်းက ထွက်ခွာသွား ခဲ့ရပါတယ်။ ၂၀၁၀ မတ်လမှာ စတင်ကျင်းပတဲ့ တတိယ အကြိမ် MNL ပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ မျိုးလှိုင်ဝင်းနဲ့  ပရိသတ် အချို့  ပြဿနာဖြစ် ခဲ့ပါတယ်။ အဲ့ဒီ အချိန်မှာ နည်းပြချုပ် အဖြစ် ပီတာ ဘက်တလာက တာဝန်ယူနေ တာဖြစ်ပြီး အဖွင့် ပွဲစဉ်မှာ ကမ္ဘောဇ အသင်းနဲ့  တွေ့ ဆုံရာမှာ သရေဖြစ် ခဲ့တဲ့ အတွက် မူးယစ်ရမ်းကား ပရိသတ် အချို့ က မကျေမနပ်ဖြစ်ပီး မျိုးလှိုင်ဝင်းကို ဆဲဆို ပြစ်တင် ခဲ့တဲ့ အတွက်  မျိုးလှိုင်ဝင်းက ပြန်လည်အော်ဟစ်ရာမှ အချေအတင်ဖြစ် ခဲ့ကြတာဖြစ် ပါတယ်။ ယခုချိန်မှာတော့ မျိုးလှိုင်ဝင်းဟာ ရန်ကုန် အသင်းနဲ့ နေပြည်တော် အသင်းတွေ့ ဆုံတိုင်း ရန်ကုန် ပရိသတ်တွေကို လက်ပြနှုတ်ဆက်ကာ အရိုအသေပြုပီး သူ့ ရဲ့ အမှားအတွက် အကောင်းဆုံး ပြန်လည်ပြင်ဆင်နေပြီဖြစ် ပါတယ်။ တကယ်တော့ အဲဒီပွဲ အတွက် အဓိက တာဝန်ရှိသူဟာ နည်းပြချုပ်ဖြစ်တဲ့ ပီတာဘက်တလာ သာလျင်ဖြစ် ပါတယ်။
ပီတာဘက်တလာ အနေနဲ့  ရန်ကုန် အသင်းကို ရောက်လာခါစမှာ အနိုင် ရလာဒ်တွေ ရရှိ ခဲ့ပေမယ့် တကယ်တမ်းတော့ ထိုင်း ပရီးမီးယားလိဂ်က အငှားခေါ်ယူ ထားတဲ့ ကိုနေးရဲ့  ခြေစွမ်းပြမှုတွေကြောင့်သာ ဖြစ်ခဲ့ပြီး ကိုနေး ထွက်ခွာသွား ချိန်မှာတော့ နဂိုကတည်းက လက်ရွေးစင်နည်းနေ တဲ့ အသင်းဟာ အရင်လိုပဲ ခက်ခဲနေ ခဲ့ပါတယ်။ ဒဲလ်တာ အသင်းကို တစ်ယောက်အသာနဲ့ ကစားရပိး ရှုံးနိမ့်ခဲ့တဲ့ အနေအထား မျိုးတွေကြောင့်  ရာထူးက ထုတ်ပယ်ခံ ခဲ့ရပါတယ်။ အဲဒီနောက် နည်းပြ အဖြစ် မျိုးလှိုင်ဝင်း ပြန်လည် တာဝန် ယူခဲ့ကာ  သူ့ ရဲ့  ထုံးစံ အတိုင်း လူငယ်တွေကို အခွင့်အရေးတွေပေး ခဲ့ပြန်ပါတယ်။လိဂ်မှာ ရှုံးပွဲမရှိ ကစားနိုင်နေပေမယ့် မျိုးလှိုင်ဝင်း အတွက် ကြမ္မာငင် ခဲ့တာကတော့ ဆောက်သမ်းမြန်မာ အသင်းနဲ့ ပထမဆုံး ရှုံးထွက် ပွဲစဉ်မှာ ပဲဖြစ် ပါတယ်။ တိုက်စစ်မှုးနေရာမှာ ကောင်းစည်သူ ကို ပွဲထွက်စေ ခဲ့တဲ့ အဲဒီပွဲမှာ ရန်ကုန် အသင်းဟာ မထင်မှတ်ပဲ ဦးဆောင်ဂိုးပေး လိုက်ရပီး ဒုတိယပိုင်းမှာ ချေပဂိုး ရဖို့ အစွမ်းကုန်ပြန်လည်ကြိုးပမ်းရာ မှာ တန်ပြန် တိုက်စစ်ကနေ တစ်ဆင့် ပွဲပီး ခါနီးမှာ ထပ်မံ ဂိုးပေးလိုက် ရပြီး ရှုံးနိမ့် ခဲ့ပါတယ်။ ဒီပွဲရဲ့ ရလာဒ်ဟာ မျိုးလှိုင်ဝင်း အတွက် ရန်ကုန် ယူနိုက်တက် အသင်းကနေ ထွက်ခွာသွာားရဖို့ အဓိက ကျတယ်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်း ဝေဖန်  သုံးသပ်ကြည့် ရရင်တော့  အသင်း   စတင် တည်ထောင်စဉ်မှာ လက်ရွေးစင် ကစားသမားခေါ်ယူမှု နည်းပါး ခဲ့ခြင်းကသာ အဓိက ကျပါတယ်။ အသင်းမှာ ရှိနေတဲ့ သက်ကြီး ကစားသမားတွေ အနေနဲ့  ခြေစွမ်းပိုင်းက အကျဘက် ဦးတည်လာတဲ့ အခါမှာ ရန်ကုန် အသင်း အနေနဲ့  လူငယ်တွေနဲ့  နိုင်ငံခြားသားတွေကို အဓိက အားကိုးရတဲ့ အခြေ အနေဖြစ် ခဲ့ပါတယ်။ အသင်းက နိုင်ငံခြားသားတွေဟာ လည်း အသင်းငယ်တွေက ခေါ်ယူထားတဲ့ နိုင်ငံခြားသားတွေလောက်တောင် ကစားအား မရှိတဲ့ အခါမှာ လူအပြောင်းအလဲ တွေများ ခဲ့ပြီး အသင်း အနေနဲ့  အတော်ကို ရုန်းကန် ခဲ့ရပါတယ်။ ယခုချိန်မှာ နာမည်ကြီး တိုက်စစ်မှုး အဖြစ် ရပ်တည်နေတဲ့  ချားစ်အိုဘီ ဟာလည်း ရန်ကုန်အသင်းကို ရောက်ခါစမှာ အသင်းနဲ့  အထိုင် မကျပဲ  ခြေစွမ်းပိုင်းတွေ ဆိုးရွားနေ ခဲ့ပါတယ်။
အဲဒီနောက် ရန်ကုန် နည်းပြချုပ်အဖြစ် အဲရစ်ဝီလျံက တာဝန်ယူ ခဲ့ပါတယ်။ အဲရစ်ဝီလျံရဲ့  စွမ်းဆောင်မှုကို သုံးသပ် ရမယ် ဆိုရင်တော့ ရန်ကုန် ပရိသတ်တော်တော် များများနဲ့  ကျွန်တော့်ရဲ့ အမြင်ဟာ ကွဲလွဲနေ ပါတယ်။ အဲရစ် ရန်ကုန် အသင်းကို စတင် ကိုင်တွယ်တဲ့ ရာသီမှာ ၅ပွဲ ကစားရချိန် ၃ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ခဲ့ပါတယ်။ ဇွဲကပင်ကိုနိုင်ပါတယ်။ ဒါပေမယ့် မကွေးကို ခက်ခက်ခဲခဲ ကစားခဲ့ ရပီး ပွဲပီိး ခါနီးမှာမှ အိုဘီရဲ့ တစ်လုံးတည်းသောခေါင်းတိုက် ဂိုးနဲ့  နိုင်ခဲ့တာပါ။ တစ်ပွဲလုံးမှာ မကွေး အသင်းက ကစားကွက် ခြေစွမ်းပိုင်း အသာ ရခဲ့ပါတယ်။ အဲရစ်ရဲ့ အကောင်းဆုံး ရလာဒ်လို့ ဆိုရမယ့် ပွဲ ကတော့ ရတနာပုံကို ၄ -၁ နဲ့ နိုင်တဲ့ ပွဲပါ။ ဒီပွဲစဉ် ကတော့ သူ့ ကို ချီးကျူးရမှာပါ။ ဒါပေမယ့် ရန်ကုန်အသင်းဟာ ရန်ကုန်မြေမှာ အရင် ကလည်း မိနစ်၉၀တွင်း တစ်ခါမှ မရှုံးနိမ့်ခဲ့သလို အဲဒီပွဲစဉ် အနိုင်ရရင် ချန်ပီယံဆု မျှော်မှန်းနိုင်ခွင့် ရှိတဲ့ အတွက် ကစားသမားတွေ အစွမ်းကုန်ကြိုးစား ခဲ့သလို  ပရိသတ်ကလည်း တစ်ကွင်းလုံးနေရာလပ် မရှိလောက်အောင် အားပေး ခဲ့ကြပါတယ်။ ဒါကြောင့် အဲ့ဒီပွဲမှာ ရန်ကုန် အနိုင်ရတာဟာ သိပ်တော့ မဆန်း လှပါဘူး။ တကယ်တမ်း အနိုင်ရရင် ချန်ပီယံ ကျိန်းသေဖြစ်ပါပြီ ဆိုတဲ့ ပွဲမှာတော့ ဇေယျာရွှေမြေကို ရှုံး ခဲ့ပါတယ်။ နောက်တန်းလူ ၆ယောက်ထိ line up မှာ ထည့်ကစားခဲ့တဲ့ ထိုပွဲကိုတော့ ကျွန်တော် အတော်လေး စိတ်ပျက် မိပါတယ်။ နောက်ဆုံး ရာသီ အပိတ် ပွဲစဉ်မျာလည်း ဒဲလ်တာကို  ဂိုးပြတ် ဦးဆောင် ခဲ့ပီးမှ ဂိုးတွေပြန်ပေး ခဲ့ရပီး ၃- ၃ သရေကျကာ ဒုတိယနေရာ ကို မရတော့ပဲ တတိယနဲ့ ကျေနပ် ခဲ့ရပါတယ်။ အဲဒီပွဲမှာလည်း ၇န်ကုန်ဟာ ကစားကွက် ဘောလုံး ပိုင်ဆိုင်မှု အသာ မရခဲ့ပြန်ပါဘူး။ ချန်ပီယံဖြစ် ခဲ့တဲ့ မနှစ်က ရာသီမှာလည်း နောက်ဆုံးပွဲ နောက်ဆုံး မိနစ်ထိ ရင် တမမနဲ့  ချန်ပီယံဆု ကို ခက်ခက်ခဲခဲ ကစားပီးမှ ရခဲ့တာပါ။ ချန်ပီယံဆု အတွက်အရေး ပါတဲ့ ဇေယျာနဲ့ ပွဲကို ရှုံးနိမ့် ခဲ့ပြီး ဇေယျာရွှေမြေသာ ရာသီသိမ်းခါနီးခြေ မပျက်ခဲ့ဘူး ဆိုရင် ရန်ကုန်အတွက် ဆုဖလား မရနိုင်ပါဘူး။
နောက်တစ်ချက်က ရန်ကုန် အတွက် ကြီးမားတဲ့ အားသာချက် တစ်ခုက မနှစ်ကဘောလုံး ရာသီမှာ မြက်ခင်းတု ကွင်းမှာ ပွဲစဉ်တော်တော် များများ ကစား ခဲ့ရတာပဲဖြစ် ပါတယ်။ ရာသီသိမ်း ခါနီးမှာ အိမ်ကွင်း အားသာချက် ရနိုင် ခဲ့တာကြောင့် ချန်ပီယံဖြစ် ခဲ့တယ်လို့ လဲ ဆိုနိုင် ပါတယ်။ နောက်တစ်ချက်က လက်ရွေးစင်တွေဖြစ်တဲ့ ခင်မောင်လွင် ၊ ရာဇာဝင်းသိန်း တို့ ကို ခေါ်ယူနိုင် ခဲ့တာကလည်း အသင်း အတွက် အရင်လို လက်ရွေးစင် ကစားသမား နည်းပါးမှုကို ပြန်လည် ဖာထေးနိုင် ခဲ့ပါတယ်။ နောက်တစ်ချက် ကတော့ နိုင်ငံခြား ကစားသမား ၄ယောက်ထိ ခွင့်ပြုခဲ့တဲ့ အတွက် ရန်ကုန် အသင်း အနေနဲ့  နိုင်ငံခြား ကစားသမားတွေ ကို ကောင်းကောင်း အားကိုးခွင့် ရခဲ့ပါတယ်။ ခံစစ်မှာ ဟန်ဆန် အရမ်းကောင်းနေ ခဲ့သလို တိုက်စစ်မှာ နိုင်ငံခြားသား တိုက်စစ်မှုး၂ယောက် ကိုသာ အားကိုးနေ ရပီး အရင်က ခြေစွမ်း တက်ရိပ်ပြနေတဲ့ ကောင်းစည်သူ ၊ နိုင်ဦးလွင် တို့  ပွဲထွက် ခွင့်ဝေး ခဲ့ရပါတယ်။  ကြည်လင်းတောင် အရန် ကစားသမား အဖြစ်နဲ့သာ ဒုတိယပိုင်းမှ ကစား ခွင့်ရခဲ့ပါတယ်။ ရန်ကုန်ဟာ အသင်းငယ်တွေနဲ့ ပွဲတွေမှာ ကျိန်းသေ အနိုင်လို့  ယုံကြည်လို့  မရခဲ့ပဲ ပွဲတိုင်းကို ခက်ခက်ခဲခဲ ကစား ခဲ့ရတာပါ။ အဝေးကွင်း ပွဲစဉ်တွေမှာလည်း မနှစ်က ခြေပျက်နေတဲ့ ရတနာပုံကို သာနိုင် ခဲ့ပြီး ကမ္ဘောဇကို ၃- ၀ ၊ ဇေယျာရွှေမြေကို ၃-၁ နဲ့ ရှုံး ခဲ့ပါတယ်။
ဒါတွေကို အနှစ်ချုပ် ပြန်သုံးသပ်တဲ့ အခါမှာ အဲရစ်ဝီလျံဟာ ရန်ကုန် အသင်းကို ဖလားရအောင် စွမ်းဆောင်နိုင် ခဲ့ရာမှာ နိုင်ငံခြားသား ကစားသမားတွေကို အဓိက အားကိုး ခဲ့တာကိုတွေ့  ရသလို ရန်ကုန် အသင်းရဲ့ လက်ရွေးစင် ကစားသမားတွေ ခေါ်ယူမှု၊ မြက်ခင်းတု အိမ်ကွင်း အားသာချက်တွေ အတော်များများ ရရှိခဲ့မှု နဲ့  အဓိကပြိုင်ဘက် ရတနာပုံ ဆိုးဆိုးဝါးဝါး ခြေပျက် ခဲ့သလို ဇေယျာရွှေမြေ ဟာလည်း ရာသီ သိမ်းခါနီးမှ ဆက်တိုက် ရှုံးပွဲ ဆက်ခဲ့တာတွေကြောင့်သာ ဖြစ်ပါတယ်။ ဇေယျာရွှေမြေသာ ရှုံးထွက် ဖလားဆီမီးမှာ နေပြည်တော် ကို အနိုင်ယူနိုင် ခဲ့ရင် ရန်ကုန်အတွက် တကယ့်ကို ခက်ခဲမယ်ဆိုတာ သေခြာ သလောက်ပါ။ ယခုနှစ် ရာသီမှာ နိုင်ငံခြား ကစားသမား ၄ ဦးကနေ ၃ဦးလျှော့ချ လိုက်သလို ရန်ကုန် အသင်းဟာလည်း မြက်ခင်းတု ပွဲစဉ်တွေ နည်းပါးနေ ခဲ့ပါတယ်။ အသစ်ခေါ်ယူ လိုက်တဲ့ ကစားသမားတွေ အနေနဲ့  မနှစ်က ချားစ်အိုဘီ ဟန်ဆန်တို့ ကို မမှီတဲ့ အခါ ဘယ်လို ရလာဒ်တွေထွက် ခဲ့တယ်ဆိုတာ အားလုံး အမြင်ပဲဖြစ်ပါတယ် ။ အသင်းကြီးတွေနဲ့ တွေ့ ဆုံမှုမှာ မြက်ခင်းတုမှာ ကန်ရတဲ့  ပွဲမှာ အောင်သိုက်ရဲ့  ဖရီကစ် တစ်ဂိုးတည်းနဲ့ နိုင်ခဲ့ပီး ဧရာဝတီကို သရေ ၊ ကမ္ဘောဇကိုရှုံး ၊ မကွေးကို နောက်ဆုံး မိနစ်မှ ၂- ၁နဲ့ အနိင်ရပီး နေပြည်တော်ကို သရေ ရတနာပုံကို ကစားကွက်ပိုင်းမှာ မယှဉ်နိုင်ပဲ  ပြိုင်ဘက် တိုက်စစ်မှုးတွေရဲ့  ဂိုးသွင်း မသေခြာမှု တိုင်ထိ ထွက်မှုတွေကြောင့် သာ ၂-၂ သရေရ ခဲ့ရသလို မနောမြေ ကိုတောင် ရှုံးပွဲတွေ့ ခဲ့ပါတယ်။ ကမ္ဘောဇကို အိမ်ကွင်းမှာ အနိုင်မယူနိုင် ခဲ့တဲ့ ပွဲအပီးမှာတော့ အဲရစ်ဝီလျံ တစ်ယောက် အိမ်ပြန် ခဲ့ရပါတယ်။ AFC မှာ ၆ပွဲကစား တစ်ပွဲမှမနိုင် ၂မှတ်သာ ရခဲ့ပါတယ်။
မျိုးလှိုင်ဝင်း အကြောင်း ဦးတည်ရေးရင်းက ရန်ကုန် ယူနိုက်တက်နဲ့ ပက်သက်ပြီး ကျွန်တော် ဒီဆောင်းပါးလေးမှာ အများကြီးရေး ခဲ့တာ အကြောင်း ရှိပါတယ်။ ဒါကတော့ ရန်ကုန် ပရိသတ် တစ်ယောက် အနေနဲ့  မျိုးလှိုင်ဝင်းကို ရန်ကုန် အသင်းက ပြန်လည်ခေါ်ယူဖို့  မျှော်လင့်မိလို့ ပဲဖြစ် ပါတယ်။  လက်ရှိ ရန်ကုန် ယူနိုက်တက်ကို တာဝန်ယူ ကိုင်တွယ်နေတဲ့ အိုင်ဗန်ကိုလဗ် လက်အောက်မှာ မျိုးလှိုင်ဝင်း ဟာ ၂၀၀၄ခုနှစ်က လက်ရွေးစင် အဖြစ် ကစားခဲ့ဖူးပါတယ်။ သူတို့ ဆရာ တပည့်၂ယောက် ယခုချိန်မှာ ပြန်လည် ဆုံဆည်းဖို့  ကျွန်တော်မျှော်လင့်နေ တာပါ။ မျိုးလှိုင်ဝင်းကို အသင်းက ထုတ်ပယ် တုန်းက ရန်ကုန် အသင်းအနေနဲ့  ထုတ်ပယ်တယ် လို့ မသုံးနှုန်းခဲ့ပဲ အတွေ့ အကြုံ ယူစေမယ်လို့ သတင်းထုတ်ပြန် ခဲ့တာပါ။ နည်းပြ သင်တန်းတွေ တက်ေ၇ာက်ဖို့ တောင် ရန်ကုန် အသင်းက ပံ့ပိုးပေးမယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဒါတွေကြောင့် ကျွန်တော်မျှော်လင့်နေ တာပါ။
ကျွန်တော် ငယ်စဉ် ကလေး ဘ၀ ကတည်းက နှစ်ခြိုက် အားပေးခဲ့ရတဲ့  သူ့ ကို  ကျွန်တော် အရူးအမူး အားပေးတဲ့ အသင်းရဲ့  နည်းပြ အဖြစ် ရှိနေစေချင်တာ ကျွန်တော့် ဆန္ဒပါ။ သူဟာ ၇န်ကုန် ယူနိုက်တက်ရဲ့  မူစ အစ airbagan အသင်း ကတည်းက စတင် ပါဝင်ခဲ့သူပါ။ သူ့ရဲ့ စွမ်းဆောင်မှုတွေ ဟာ ရန်ကုန် အသင်းအတွက် အကျိုး မမဲ့စေ ခဲ့ပါဘူး။ သူထွက်ခွာ သွားရပိးနောက်မှာ သူ ကိုင်တွယ်တုန်းက ခြေစွမ်းပြနေတဲ့ ကစားသမားတွေ ဘာတွေဖြစ်ကုန်လဲ တွေ့ နိုင် ပါတယ်။ နိုင်ဦးလွင် အရန် အသင်းရောက် သွားပါတယ်။ ရွှေလှိုင်ဝင်း လက်ရွေးစင် အဖြစ် ရွေးချယ်ခြင်း မခံရတော့ ပါဘူး။ အခု ယူ ၂၂မှာ ကောင်းစည်သူ ဘာလို့ ပွဲထွက်ခွင့် မရသေး တာလဲ ဆိုတာ အဖြေက တစ်ခုတည်းပါ။ ရန်ကုန် အသင်းမှာ ပွဲထွက်ခွင့် မရလို့ပါ။ ကြည်လင်း ရန်ကုန် အသင်းမှာ line up ရဖို့  လူစားလဲ ၀င် ကစားရတဲ့ အခိုက်အတန့် လေးတွေ ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင် ခဲ့ရတယ်။ ဒါတောင် မနှစ် ကလို  နိုင်ငံခြားသား ၄ယောက် ခွင့်ပြုရင် သူ့ အတွက် အခုလို လက်ရွေးစင်ဖြစ်ဖို့  မလွယ်လောက် ပါဘူး။ ဧရာဝတီမှာ အသင်းခေါင်းဆောင် တာဝန်ယူ ခဲ့တဲ့ မျိုးဝင်းထွဋ် ပွဲထွက် ခွင့်မရတာတွေ တွေ့ နေ ရပါတယ်။ အောင်သိုက် လက်ရွေးစင်ဖြစ်သင့်နေ ပါပြီ။ မျိုးလှိုင်ဝင်း လက်ထက်မှာ နိုင်ငံခြားသားတွေကို အလွန်အကျွံ အားမကိုး ပါဘူး။ သူမရှိတော့တဲ့နောက်ပိုင်းမှာ နိုင်ငံခြားသားတွေ ကို အသင်းငယ်တွေနဲ့ တွေ့ တဲ့ ပွဲတွေမှာတောင် မိနစ်၉၀လုံး ကစားခိုင်းနေတာ တွေ့ နေရ ပါတယ်။ ခြေစွမ်း မပြနိုင်တဲ့ နိုင်ငံခြား ကစားသမားကို မျိုးလှိုင်ဝင်း လက်ထက်တုန်း ကလို ရဲရဲဝံ့ဝံ့ လူစားလဲ မလဲရဲ တာတွေ့ နေရပါတယ်။ နယူချီ ရောက်လာ ကတည်းက ဂိုး မသွင်းနိုင်သေး ပါဘူး။ သို့ သော်လည်း ကောင်းစည်သူ ပွဲထွက် ခွင့် မရပါ ။ ကြာရင် ကိုယ်ပျိုးထားတဲ့ ပန်းခင်း သူများဆီ ထိုးအပ် လိုက်ရပါ လိမ့်မယ်။ စူပါမင်းလို စွမ်းတဲ့ နိုင်ငံခြားသားတွေ ရှိမှ အောင်ပွဲ ယူနိုင်မယ့် နိုင်ငံခြားနည်းပြတွေ အလို မရှိပါ။ for the league , for the nation ပါ။ အဓိက အောင်မြင်မှုသည် မိမိ အသင်းမှ နိုင်ငံခြားသား များ ဂိုးသွင်း အများဆုံးဆု ရရန် မဟုတ်ပါ။ နိုင်ငံ အတွက် လက်ရွေးစင် ဘယ်လောက်ထိ မွေးထုတ်နိုင် မလဲ ဆိုတာ မျှော်လင့် ရမှာပါ။ MNL ဖလား၂လုံး ချန်ပီယံ အသင်းက ယူ ၂၂မှာ ၃ယောက်ပဲ အရွေး ခံရတာ မဖြစ်သင့် ပါဘူး ။  အဲဒီ ၃ယောက် မှာမှ တကယ် ကစားရတာ ၂ယောက် တည်းပါ။
မြန်မာ့ဘောလုံး လောကမှာ မျိုးလှိုင်ဝင်း ပီးတော့ စိုးမြတ်မင်း ခေတ်လို့  ဆိုလို့ ရပါတယ်။ စိုးမြတ်မင်း အနေနဲ့  မျိုးလှိုင်ဝင်းလောက် အောင်မြင်မှု ကာလတွေ မရှည်ကြာ ခဲ့ပေမယ့် သူဟာလည်း ကစားသမားကောင်း တစ်ယောက်ပါ။ စိုးမြတ်မင်းပီးတဲ့နောက် မြန်မာ အသင်းရဲ့  ဂိုးသွင်းစက် ဟာ ………  ကလပ် အသင်း ကဖြစ်စေချင်ရင် ……… အသင်း အနေနဲ့  ဂိုးရဖို့  နိုင်ငံခြားသား ကို အားကိုးနေ ရတဲ့အသင်း ဘ၀က လွတ်အောင် ကြိုးစားဖို့ လိုအပ်နေ ပါပြီ။
အနာဂတ် MNL မှာ ဂိုးသွင်းကောင်းတဲ့ ကိုကိုဟာ  အာဖရိကန်လား၊ အနောက်တိုင်းက လူဖြူတွေ လား ၊ ဒါမှမဟုတ် ……………
လက်ရွေးစင် အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြကြီး က တိုက်စစ်မှုး ရွေးချယ်ဖို့ ကြည့်လိုက်တဲ့ အခါ MNL မှာ ဂိုးတွေသွင်းနေတာ က ဘယ်မှာလဲ မြန်မာ။ MNL မှာတောင် ကောင်းကောင်း ပွဲထွက်ခွင့် မရပဲ တစ်ရာသီလုံးမှ ၄ / ၅ ဂိုးလောက် သွင်းတဲ့ တိုက်စစ်မှုးကို လက်ရွေးစင် နည်းပြက ဘယ်လို လူရွေး ရမလဲ။ ပွဲတိုင်း ၄-၅-၁ ကစား ရမှာလား။ နိုင်ငံခြားသားကိုပဲ နိုင်ငံသား ခံယူ ခိုင်းရတော့ မလား။ ယူ – ၂၃ မှာ ဖန်တီးလို့ ရနိုင်ကောင်း ရနိုင်ပါ လိမ့်မယ်။ လက်ရွေးစင် အတွက်တော့ မလွယ်လောက် ပါဘူး။
မြန်မာ တိုက်စစ်မှုးတွေ ကိုယ်စား တောင်းဆို ပါရစေ။ ပွဲထွက်ခွင့်လေး ပေးပါ ။ ကျွန်တော်တို့ လည်း ဂိုးသွင်း ချင်ပါတယ်။ နိုင်ငံခြားသားတွေပဲ ဂိုးသွင်းတော့ ကျွန်တော်တို့ မျက်နှာငယ် ရတယ်။ အသင်းငယ်တွေနဲ့ တွေ့ တဲ့ ပွဲတွေတောင် ကျွန်တော်တို့ ကို line up မထုတ်ချင်တော့ ဘူးလား။ မျိုးလှိုင်ဝင်းးတို့  စိုးမြတ်မင်း တို့ လို     ဂိုးသွင်းကောင်းတဲ့ ကိုကို ဖြစ်ချင်လှ ပါတယ်ဗျာ။ တစ်နေ့ နေ့ တစ်ချိန်ချိန် မျိုးလှိုင်ဝင်း လို နည်းပြ တစ်ယောက်ဖြစ်လာတဲ့ အခါ ကစားသမားတွေ ကို ငါဟာ MNL မှာ တစ်ရာသီ ၅ ဂိုး သွင်းပီး ယူ၂၃ မှာတော့ နည်းနည်း ပါးပါး သွင်းဖူးတယ်။ လက်ရွေးစင် မှာတော့ တစ်သက်တာမှာ ၅ဂိုး သွင်း ခဲ့ဖူးတယ်လို့  ပြောရမှာ ရှက်စရာ ကောင်း လို့ ပါ ဗျာ။
ရေးသားသူ ~ ကောင်းမြတ်သူ

 Posted by on July 4, 2012
www.myanmarstriker.com  မှာ ရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့  ဆောင်းပါးလေးပါ  ။  
 ဒီမှာဝင်ကြည့်နိုင်ပါတယ် ။ 

ဇမ္ဗူ တစ်ခွင်လေးစား စရာ လူယဉ်ကျေး များပါ

ပြိုင်ဘက်ဟူသမျှ
အနိုင်အပြတ်ယူပြကာ
ဂရုမထားလို့  မောက်ကြွားမှာ
ဆုဖလားတို့ မြောက်များစွာ
ခိုးပြိးနားဖို့  အမှန်ယုံကြည်တာ
မြို့ ကြီးသားတို့ ရန်ကုန်ဆီသာ ။
-
ဒီကဗျာလေးနဲ့ ကျွန်တော်ဟာ ရန်ကုန် ယူနိုက်တက် အသင်းရဲ့   ပရိသတ် တစ်ဦး ဖြစ်ကြောင်း မိတ်ဆက် လိုက်ပါတယ် ။ ၇န်ကုန် ယူနိုက်တက် အသင်းကို ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့ စည်းခဲ့ ပါတယ် ။ ကျွန်တော် ကတော့ ၂၀၀၈ ခုနှစ် ကတည်းက ရန်ကုန် ယူနိုက်တက်ရဲ့ ပရိသတ် တစ်ယောက်ဖြစ် ခဲ့တာပါ ။ ဂိမ်းထဲမှာ ပြောတာ ပါဗျာ ။ ရန်ကုန် ယူနိုက်တက် နာမည်နဲ့ ဂိမ်းထဲမှာ ဘောလုံး အသင်း လုပ်ပြီး ကစား ခဲ့တာ ရန်ကုန် ယူနိုက်တက် အသင်း စတင် မပေါ်ပေါက် ခင်ကတည်းက ပါပဲဗျာ ။ MNL စတင်တော့ ရန်ကုန် ယူနိုက်တက် ဆိုတဲ့ နာမည် တွေ့ ရတော့ တော်တော် ကိုပဲ ၀မ်းမြောက် ခဲ့ပါတယ် ။ နေ့စဉ်နေ့တိုင်း ဘောလုံး အသင်းတွေရဲ့ ကစား သမားခေါ်ယူ မှုကို သတင်း စာမှာ ကြည့်ရှုခဲ့ ပါတယ် ။ ရန်ကုန် ယူနိုက်တက် အသင်းကို နာမည်ကြီး မြန်မာ့ လက်ရွေးစင် ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက ကိုင်တွယ် ခဲ့ပေမယ့် ကစား သမားခေါ် ယူမှု မှာတော့ အောင်အောင်ဦးနဲ့  မျိုးမင်းထွန်း တို့  လက်ရွေးစင် ၂ဦး ကိုသာ ခေါ်ယူ ခဲ့တာတွေ့ ရ ပါတယ် ။ ဒါပေမယ့် ဖိုင်နယ် အထိ တက်လှမ်းနိုင် ခဲ့ပြီး ကံဆိုး စွာနဲ့   ပယ်နယ်တီ အဆုံး အဖြတ်မှာ ရှုံးနိမ့် ခဲ့ရပါတယ်။
ကျွန်တော့် အနေနဲ့  ရန်ကုန် ယူနိုက်တက် အသင်း စတင် တည်ထောင်တဲ့ အချိန်က စပြီး ယခု ချိန်ထိ အမာခံ ပရိသတ် တစ်ဦး အဖြစ် ဆက်လ က်အားပေး လာခဲ့ ပါတယ် ။ ပြောရ ရင် ရန်ကုန် ယူနိုက်တက်နဲ့  ပက်သက် ပြီးတော့ပဲ ကျွန်တော် အင်တာနက် စတင် သုံးဖြစ် ခဲ့တာပါ ။ google မှာ yangon united လို့  ရိုက် ကြည့်တော့  www.ygnutd.com ဆိုတဲ့  web site ကို သိရှိခဲ့ ရပါတယ်။ အဲ့ဒီမှာ ကျွန်တော် comment တွေ စရေး ခဲ့ပါတယ် ။ ပြော ရရင်တော့ ရယ်စရာ ပါပဲဗျာ ။ typing မရတော့  စာလေး ၅ကြောင်းလောက်ရေး ဖို့ နာရီဝက်လောက် အချိန်ပေး ခဲ့ရ ပါတယ်။ အဲဒီမှာ ကျွန်တော် ရန်ကုန် အသင်းနဲ့ ပက်သက်လို့   comment တွေရေး ရင်းက ကဗျာ တိုလေးတွေ ရေးဖြစ် ခဲ့တော့ တာပေါ့ဗျာ ။ တကယ်ကို အမှတ်တရ ရှိခဲ့ပါတယ်။
အမြဲတမ်းကို ဇွဲကသန်
မလွဲတန်း ဗိုလ်စွဲရရန်
မာန်ဟုန်ပြင်းစွာ ကန်မည်အမှန်
ရန်ကုန်အသင်းသာ ချန်ပီယံ .  .  .
ဒီစာသားလေးဟာ ဆိုရင် ၇န်ကုန် ပရိသတ်တွေ အကြားမှာ ပျံ့ နှံ့ခဲ့ ပါတယ် ။ ကျွန်တော့်ကို ကျွန်တော်လည်း အားရကျေနပ် ခဲ့ပြီး နောက်ထပ် ကဗျာ တိုလေးတွေ ရေးဖြစ် ခဲ့ပါတယ်။
ဝင်ပြိုင်တဲ့ပွဲမှန်သမျှမှာ
အစဉ်ခိုင်တဲ့ဇွဲသန်လှစွာ
YUFC Club သည်
အနိုင်ယူလျက်ချီတက်မည် ။
ရန်ကုန် ယူနိုက်တက်အသင်း ပရိသတ်တွေရဲ့  တခဲနက် အားပေး မှုတွေကို ဂုဏ်ယူမိတဲ့ အနေနဲ့  …
ပရိသတ်အပေါင်းရဲ့ 
စိတ်ဓါတ်ကောင်းနဲ့ 
အပြင်းဆုံးမာန်တွေချီ
တစ်ကွင်းလုံးလျှံစေမည်
ရန်ကုန်သားများအင်အားညီ
သံမှုန်စားသလားထင်မှားသည် ။
ဆိုတဲ့ ကဗျာလေး ကိုလဲရေး ခဲ့ပါတယ် ။
ရန်ကုန် ပရိသတ် တစ်ယောက် အနေနဲ့   အသင်း ပိုင်ရှင်ကို ဂုဏ်ပြုတဲ့ အနေနဲ့   ဒီကဗျာလေး ကိုလဲ ရေးသား ခဲ့ပါတယ်။
ဦးတေဇရဲ့စေတနာ
ထူးထွေပြခဲ့ဒီမြေမှာ
ပြည်မြန်မာအမျိုးသားရေးမို့
ညီညီညာကြိုးစားပေးလို့
မြို့အလံထူစိုက်လျက်
ဒို့ရန်ကုန်ယူနိုက်တက်
ပေါ်ထွန်းခဲ့တို့အတွက်ပေ
ဖေါ်ညွှန်းတဲ့မြို့ကျက်သရေ။
ရန်ကုန် ယူနိုက်တက် အသင်း ပရိသတ်တွေမှာ အခြား ပရိသတ်များနဲ့ မတူတဲ့  ထူးခြားတဲ့ အားပေးမှု ပုံစံကို ဂုဏ်ပြုချင် တာရယ်၊ နောက်ပီး  MNL ပရိသတ်ချင်း ကောင်း မွန်တဲ့ ဆက်ဆံရေး ဖြစ်စေချင်တဲ့ အတွက် ဒီကဗျာလေး ကိုလဲ ရေးဖြစ် ခဲ့ပါတယ်။
ရန်ကုန်အပေါ်ချစ်စွာ
အသံကုန်အော်ဟစ်မှာ
လက်ခုပ်သံစည်းချက်ညီညာ
မပြတ်အဟုတ်အမှန်ခရီးဆက်ချီမှာ
ဇမ္ဗူတစ်ခွင်လေးစားစရာ
လူယဉ်ကျေးများပါ ။
ဒီနေရာမှာ ကြုံကြိုက်လို့ ဝေဖန် အကြံပြုချင် တာလေးတွေ ရှိပါတယ်။ MNL မှာ ပရိသတ်ချင်း ကောင်း မွန်တဲ့ ဆက်ဆံရေး မျိုးဖြစ်ဖို့ရာ အတွက် ကျွန်တော့် အမြင်လေးတွေ ပြော ချင်ပါတယ်။ ကောင်း မွန်တဲ့ အားပေးမှု ပုံစံ ဖြစ်စေဖို့  MNL မှာ ပါဝင်တဲ့  အသင်းတွေမှာ တာဝန် ရှိသလို ကစား သမားတွေ ၊ ပရိသတ် တွေမှာ လည်း  တာဝန် ကိုယ်စီ ရှိတယ်လို့  မြင်မိ ပါတယ်။
အသင်းတိုင်းရဲ့ တာဝန် ရှိသူတွေ အနေနဲ့ အိမ်ကွင်း ပရိသတ်တွေရဲ့  အားကစား စိတ်ဓါတ် ကင်းမဲ့တဲ့ အပြုအမူ မျိုးကို ကာကွယ် မှုတွေ လုံးဝ မလုပ်သင့်ပါဘူး။ ရှုံ့ချဖို့ လိုသလို ပရိသတ်တွေရဲ့  စိတ်ဓါတ် ကို အသိ ပညာပေး မြှင့်တင်ကြ ဖို့ လည်း လိုပါတယ် ။ ကစား သမားတွေ နည်းပြတွေ အနေနဲ့လည်း ပရိသတ်ကို ဒေါသ ဖြစ်စေအောင် ဆွပေး တဲ့ အပြု အမူမျိုးကို ရှောင် ရှားဖို့  အထူး လိုအပ်လှ ပါတယ် ။ ကစားသမားတွေ အနေနဲ့  အနိုင် ရရှိနေတဲ့ အခါမှာ အချိန် အလွန်အကျွံ ဆွဲ ကစားခြင်း၊ နာကျင် ဒါဏ်ရာ ရ ဟန်ဆောင်ခြင်းတို့ ဟာ ပြိုင်ဘက် အသင်းရဲ့  ပရိသတ်ကို ဒေါသ ဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ့် အိမ်ကွင်းမှာ ကစားရတဲ့ အခါ အိမ်ရှင် အသင်းက ကစား သမားဟာ ပြိုင်ဘက် အသင်းရဲ့ ကစားသမားနဲ့ မတော် တဆ ထိခိုက်မိတဲ့ အခါ တစ်ဖက်က ဥပဒေ ပြင်ပ ကစားလို့ လွန်အမင်း နာကျင် ဟန်ဆောင်ခြင်း၊ ဒိုင်လူကြီးကို ၀ိုင်း အုံပြီး ဇောတက တက်ခြင်းဟာ  အိမ်ရှင် ပရိသတ်ရဲ့  ဒေါသကို ဆွပေး သလို ဖြစ်စေ ပါတယ် ။  ဒါမျိုးကို ရှောင်ရှားစေချင် ပါတယ်။
ကျွန်တော့် အမြင်ပြော ရရင် ကစား သမားတွေသာ ကွင်းတွင်းမှာ အချင်းချင်း လေးစားမှု ရှိမယ်ဆိုရင် ပရိသတ်ချင်း ပြဿနာ ဖြစ်စရာ အကြောင်း မရှိလှ ဘူးလို့ မြင်ပါ တယ်။ ဒီနေရာ မှာ ဦးမျိုးလှိုင်ဝင်း ကို အမှတ်တရ ရှိမိပါတယ်။ ရန်ကုန်အသင်း ကို သူကိုင်တွယ် စဉ်က ပရိသတ်တွေနဲ့  ပြဿနာ ဖြစ် ခဲ့ပေမယ့် နောက် ပိုင်းမှာ သူ့ ရဲ့  အပြု အမူတွေ ဟာ အလွန်ပဲ လေးစား ဖို့ ကောင်းပါ တယ်။ ရန်ကုန် နဲ့  နေပြည်တော် ကန်တဲ့ ပွဲစဉ် တစ်ခုမှာ ရန်ကုန် အသင်းက ၁- ၀ နဲ့ ကပ်နိုင် ခဲ့ပါတယ် ။ ဦးမျိုးလှိုင်ဝင်း က နေပြည်တော် အသင်းရဲ့  နည်းပြချုပ် အဖြစ် တာဝန် ယူတဲ့ အချိန် မှာပါ ။ အဲဒီ ပွဲမှာ ပွဲပြီး ခါနီးမှာ နေပြည်တော်က ချေပဂိုး ရဖို့  ရန်ကုန် ဘက်ကို ဖိအားပေးနိုင် ခဲ့ပါတယ်။ အဲဒီမှာ ရန်ကုန် ပရိသတ် အချို့ က ကွင်းတွင်း က ဦးမျိုးလှိုင်ဝင်း ကို အော်ဟစ်လှောင်ပြောင် ခဲ့ကြ ပါတယ်။ ပွဲအပြီး မှာလည်း ပရိသတ်တွေ က သူ့ ကို ထပ်မံ လှောင်ပြောင် ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ ရန်ကုန် နည်းပြအဖွဲ့ ကို သွားရောက်နှုတ်ဆက် ပြီး ရန်ကုန် ပရိသတ်တွေ ကိုလည်း လေးလေး စားစား လက်ပြနှုတ်ဆက် ခဲ့ပါတယ်။ သူ့ ရဲ့ အပြု အမူကို အစောပိုင်း က ၀ိုင်းဝန်းလှောင်ပြောင်နေ ကြသူတွေ ကလည်း သဘောကျ ကြပြီး “ မျိုးလှိုင်ဝင်းရေ မင်းနောက် ပွဲတွေ နိုင် ပါစေ ကွာ” လို့  ပြန်ပြီး အော်ဟစ် ဆုတောင်းပေးတဲ့ အထိ သူ့ ရဲ့ အပြု အမူဟာ အကောင်း ဘက်ကို အကျိုးသက်ရောက်မှု ရှိစေခဲ့ ပါတယ် ။
ပရိသတ်တွေ အနေနဲ့လည်း လုပ်ဆောင်နိုင် တာတွေ ရှိပါတယ်။ ”မဟာ” ဆိုတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့   ဦးဆောင်မှုနဲ့   ကျွန်တော်တို့  သူငယ်ချင်းတွေ စုပေါင်းပြီး ရန်ကုန် ယူနိုက်တက် အမာခံ ပရိသတ်များ စုဖွဲ့ ပြီး yangon united warriors ဆိုတဲ့ အဖွဲ့ တစ်ခု ဖွဲ့ စည်းခဲ့ ပါတယ်။ ရန်ကုန် ယူနိုက်တက် အသင်းရှေ့ က ရဲရဲဝံ့ဝံ့ ရပ်တည်ချင် တာကြောင့်ရယ်၊ ရဲဘော် ရဲဘက် စိတ်ဓါတ်နဲ့ ရန်ကုန် ပရိသတ်တွေ စုပေါင်းဆောင်ရွက် ချင်တာကြောင့် ရန်ကုန် ယူနိုက်တက် အမာခံ စစ်သည်တော် များ yangon united warriors ဆိုတဲ့ အမည်ကို ကျွန်တော် ကိုယ်တိုင် ရွေးချယ် ခဲ့ပါတယ်။  www.ygnutdfans.com ဆိုပြီး website တစ်ခု တည်ထောင် ပြီး ရန်ကုန် ယူနိုက်တက် အသင်းကို ကိုယ်စားပြုပြီး လှုပ်ရှား မှုတွေ ရှိခဲ့ ပါတယ် ။ အလှူ အတန်းတွေ လုပ်နိုင်ခဲ့ ပါတယ်။ အမျိုးသား၊ အမျိုးသမီး အပျော် တမ်း ဘောလုံး အသင်းတွေ ဖွဲ့စည်းနိုင် ခဲ့ပါတယ်။ ချစ်ကြည်ရေးခြေစမ်း ပွဲတွေ လိုအပ် တဲ့နေ ရာတွေ မှာ အလှူ အတန်း ပြုလုပ်နိုင် ဖို့  ရန်ပုံငွေ ပွဲတွေ၊ ပြိုင်ပွဲတွေ ၀င်ရောက် ယှဉ်ပြိုင် သွားစေဖို့လည်း လုပ်ဆောင်နေ ပါတယ်။ ဒါ့ အပြင် http://yadanarbonfans.com က ရတနာပုံ ပရိသတ်များ နဲ့လည်း ချစ်ကြည် ရင်းနှီးမှု တည်ဆောက်နိုင် ခဲ့ပါတယ်။ ဒီလို Fan အချင်းချင်း ရင်းနှီးမှု ကနေ ပရိသတ် အားလုံး ရင်းနှီးမှု ရဖို့  တဖြည်းဖြည်း ဆက်လက် လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေ အကြားမှာ စည်းကမ်း တကျ ကောင်းမွန်တဲ့ အားပေးမှု ပုံစံ ဖြစ်လာဖို့   ကျွန်တော်တို့  ဆက်လက် လုပ်ဆောင် သွားမှာဖြစ် ပါတယ်။
လောလောဆယ် မှာတော့ ကျွန်တော် တို့ဘောလုံး ကွင်းတွေမှာ သံဇကာတွေ အမြင့်ကြီး ကာရံ တပ်ဆင်နေရ ဦးမှာ ဖြစ်ပေမယ့်  ကျွန်တော်တို့  ပရိသတ်တွေ၊ ကစား သမားတွေ၊ အသင်း တာဝန် ရှိသူတွေ ကိုယ့် တာဝန် ကိုယ်ကျေ ကြရင်တော့ ကျွန်တော် တို့ ဆီက ဘောလုံး ကွင်းတွေမှာ  တစ်ချိန် မှာတော့ သံဇကာတွေ ဖြုတ် ချနိုင် လိမ့်မယ်လို့  ယုံကြည် မိပါတယ်။
ကျွန်တော်တို့ MNL မှာ ဘောလုံးကွင်း အတွင်းရော ပြင်ပ မှာပါ ပရိသတ်တွေ ညီညွတ်ကောင်း မွန်တဲ့ ဆက်ဆံရေး ရှိဖို့ လိုအပ် ပါတယ်။ ကျွန်တော်တို့ မှာ ကိုယ်ပိုင် အတ္တတွေ ရှိကြ တာတော့ မဆန်း ပါဘူး။ ကိုယ့်ဒေသ ကို ကိုယ်စားပြုတဲ့ အသင်းကို အောင်မြင်စေချင် ကြတာ သဘာဝ ကျပါတယ်။ ရပ်ကွက် ပွဲတွေ မှာတောင် ကိုယ့် ရပ်ကွက်နိုင်စေ ချင်ကြတာ မဟုတ်လား ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ အားပေးနေ တဲ့ အသင်းတွေဟာ အရှေ့ တောင် အာရှ မှာတောင် အောက်ဆုံးက စဉ်လိုက်ရင် ကြေးတံဆိပ် ချိတ်လောက် တဲ့ အသင်း ဆိုတာ သတိထားစေ ချင်ပါတယ်။
ကျွန်တော်တို့ နိုင်ငံ လက်ရွေးစင် အသင်း အောင်မြင်ဖို့ အတွက် MNL ဆိုတာ  ပေါ်လာ တာပါ။ ကျွန်တော်တို့  မျှော်လင့် သင့်တာက ကျွန်တော် တို့ အားပေးတဲ့ ဒေသ ကိုယ်စားပြု အသင်းတွေ ကနေ နိုင်ငံ အတွက် အားထား ရတဲ့ လက်ရွေး စင်ကောင်းတွေ ပေါ် ထွက်လာနိုင်ဖို့ ရယ် နိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင် တဲ့ AFC cup လို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အောင်မြင်စေ ဖို့ရယ် ဒါတွေ အတွက် ပဲ မျှော်လင့် ကြရမှာပါ။ ဒါကြောင့်  ပြည်တွင်း ပြိုင်ပွဲတွေ မှာ မလိုလား အပ်တဲ့ မှားယွင်းတဲ့ အားကစား စိတ်ဓါတ် မရှိတဲ့ အလွန် အကျွံ ဒေသစွဲ၊ စိတ်တွေနဲ့   အား မပေးကြဖို့  လိုအပ် ပါတယ် ။ အနိုင်ကို လိုချင်ပေမယ့် အရှုံး ကိုလည်း ကျေနပ်စွာ လက်ခံ တတ်ဖို့ လိုအပ် ပါတယ်။ ရတနာပုံ AFC ကန်ရင် ရန်ကုန် ပရိသတ်၊ ဧရာဝတီ ပရိသတ်တွေ အားပေး ကြရမှာ ဖြစ်သလို  ရန်ကုန်တို့ ဧရာဝတီတို့ ကန်ရင် လည်း ကျန်တဲ့ အသင်း ပရိသတ်တွေ က မြန်မာ ဆိုတဲ့ စိတ်ဓါတ် နဲ့  အားပေး ကြရမှာပါ။
ကျွန်တော် ရန်ကုန် ပရိသတ်ပါ။ ရန်ကုန် မှာမွေးလို့  ရန်ကုန်ကို အားပေး ပါတယ်။ ဒါပေမယ့် ကျွန်တော် မုံရွာ သားတွေကို မမုန်း သလိုေ၇ွှမန်း သားတွေ ကိုလည်း မုန်းစရာ မရှိပါဘူး။ ကျွန်တော့် သူငယ်ချင်းတွေ ထဲမှာ ရွှေဘို သားတွေ ရှိပါတယ်။ ရခိုင် လူမျိုးတွေလည်း ရှိပါတယ်။ ချင်းတွေ၊ ရှမ်းတွေ လည်းရှိ ပါတယ်။ ကျွန်တော် ရန်ကုန် အသင်းကို အရူး အမူး အားပေး ပါတယ်။ ဒါကြောင့်လည်း YANGON  UNITED WARRIORS အဖွဲ့ မှာ ပါဝင်နေ တာပါ။ ကျွန်တော်တို့  အဖွဲ့ အနေနဲ့   တတ်နိုင် သ၍ အခြား အသင်တွေရဲ့ ပရိသတ်တွေနဲ့  ချစ်ကြည် ရင်းနှီးမှု ရရှိဖို့  ဆောင်ရွက် သွားမှာပါ။ ကျွန်တော်တို့  ရန်ကုန် အမာခံ ပရိသတ်တွေ ကိုလည်း စည်းကမ်း တကျ အားပေး လိုစိတ် ဖြစ်အောင် စည်းရုံး သွားမှာပါ။ ကျွန်တော်တို့  ကွင်း အတွင်းမှာ ရန်ကုန်ရဲ့   စည်းချက် ညီ လက်ခုတ် သံတွေနဲ့   အားပေးတဲ့ အစဉ် အလာကောင်း ကို ဆက်လက် ထိန်းသိမ်းနိုင်အောင် ကြိုးစား သွားမှာပါ။ ကျွန်တော်တို့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ ကို မကျေနပ်တဲ့ အခါ၊ ပြိုင်ဘက် အသင်းရဲ့ အချိန် အလွန် အမင်း ဆွဲ ကစား မှုတွေ၊ ဥပဒေပြင်ပ အနေ အထားတွေကို မကျေနပ်တဲ့ အခါ ကျွန်တော်တို့ ရဲ့  ဆန္ဒ ကိုဖေါ်ပြ တဲ့နေရာ မှာ  အော်ဟစ် ဆူပူမယ့် အစား we want fair play ဆိုတဲ့  စာတန်းကို ကိုင်မြှောက် ပြီး အားပေး သွားမှာပါ။ နိုင်ရင်လည်း ရမ်းစရာ မလိုပါ။ ရှုံးရင်လဲ ဆဲမည် မဟုတ်ပါ။
MNL ရဲ့ ပရိသတ်တွေ အနေနဲ့  မြန်မာ ဆိုတဲ့ ဂုဏ်ကို မြှင့်တင်ဖို့ အတွက် ကြိုးစား ကြရမှာပါ။ ဒေသ တွင်းမှာပါ မက ကမ္ဘာ တစ်လွှားမှာ စည်းကမ်း ရှိတဲ့ ပရိသတ် အဖြစ် “ဇမ္ဗူ တစ်ခွင်လေး စား လူ ယဉ်ကျေးများ” အဖြစ် ရပ်တည်နိုင်ဖို့ အတိတ်က အမည်း စက်တွေ မကောင်း ခဲ့တဲ့ ရာဇ၀င်တွေ ကို ချေဖျက် ပစ်ပြီး ကောင်း မွန်ခဲ့တဲ့   နိုင်ငံ ချစ်စိတ် ပြင်းထန် မှုကို၊ နိုင်ငံ ဂုဏ်ကို မြှင့်တင် ခြင်းဖြင့် အသုံး ချပြီး ဖေါ်ပြ ကြဖို့  လိုအပ်နေ ပါတယ် ။
နိဂုံးချုပ် အနေနဲ့ ကိုယ့်ဒေသ ကို ကိုယ်စား ပြုတဲ့ အသင်း ကိုလည်း အားကစား စိတ်ဓါတ် ရှိရှိ အပြည့် အ၀ အားပေး ကြပါ။ နိုင်ရင် ဂုဏ်ယူ လိုက်ပါ။ ရှုံးရင် အရှုံးကို လက်ခံ လိုက်ပါ။ နိုင်ငံ့ လက်ရွေးစင် အသင်းကြီး ပြိုင်ပွဲ ၀င်တဲ့ အခါ ကျော်ကိုကို တို့  ရန်ပိုင် တို့  ဂိုးသွင်းနိုင် ရင် ရန်ကုန် ပရိသတ်တွေ လက်ခုပ်တီး အားပေး ကြမှာ ဖြစ်သလို မျိုးမင်းထွန်း၊ ကြည်လင်းတို့ ဂိုးသွင်း ရင်လည်း  KBZ၊ ရတနာပုံ စတဲ့ ပရိသတ်တွေ အားပေး ကြမှာပဲ မဟုတ်ပါ လားဗျာ။ တစ်မြေ တည်းနေ တစ်ရေ တည်းသောက် တဲ့ ကျွန်တော်တို့  MNL ပရိသတ်တွေ အိမ်ကွင်းမှာ ကစားတိုင်း အိမ်ရှင် တာဝန်ကျေ ကြရင် ဖြင့် ဇမ္ဗူ တစ်ခွင်လေး စားရ တဲ့ လူယဉ်ကျေး များ အဖြစ် ဂုဏ်မြင့်နိုင် မယ်လို့  ယူဆ မိကြောင်းပါ ခင်ဗျာ။
-
ရေးသားသူ – ကောင်းမြတ်သူ
-Posted by on April 30, 2012


www.myanmarstriker.com  မှာ ရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့  ဆောင်းပါးလေးပါ  ။  
 ဒီမှာဝင်ကြည့်နိုင်ပါတယ် ။ 

ဆူဇူကီးဖလား အနီးထားစေချင်

ကျွန်တော်တို့  မြန်မာ့ဘောလုံး အဆင့်အတန်း ဟာ လက်ရှိ အချိန်မှာ အရှေ့ တောင် အာရှ ဒေသတွင်း က ကမ္ဘောဒီးယား နဲ့ တန်းတူ ကမ္ဘာ့ အဆင့် ၁၇၃ မှာ ရောက်ရှိနေ ခဲ့တာ အားလုံး အသိပဲဖြစ် ပါတယ်။ ကျွန်တော်တို့ မြန်မာ အသင်း အောက်မှာ ဒေသတွင်း ကဆိုရင် လာအို တီမောနဲ့  ဘရူနိုင်း အသင်းတို့ သာ ရှိ ပါတော့တယ် ။ လာအို အသင်းဟာ အဆင့် သတ်မှတ်ချက် မှာ မြန်မာအောက် ကပ်ရပ် အနေအထားမှာ ရှိနေပြီး အချိန် မရွေး ကျော်တက် သွားမယ့် အနေအထား မှာ ရှိနေပါတယ်။
ကျွန်တော် တို့ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်း နိုင်ငံ တကာ အောင်မြင်မှုတွေ နဲ့ ဝေးကွာ ခဲ့တာ အတော်ကိုကြာ ခဲ့ ပါပြီ။ ဆယ်စုနှစ် ၂ခုစာလောက် ကို ဝေးကွာနေ ခဲ့တာ တွေ့ ရပါတယ် ။ ရလာဒ်ပိုင်းတွေ ကို ကြည့်မယ် ဆိုရင် လွန် ခဲ့တဲ့ ဆယ်နှစ်လောက် အတွင်း မှာ သက်တမ်း အလိုက် လူငယ်ပြိုင်ပွဲ များမှာ အောင်မြင်မှု အတော် အသင့်ရှိ ခဲ့တာ ကို တွေ့ ရ ပါတယ်။  ဒါပေမယ့် လည်း အဲ့ဒီ လူငယ် အသင်းက ကစားသမားတွေ လက်ရွေးစင် ကျတော့  ဘယ်လိုဖြစ် ကုန်တယ် မသိပဲ အုပ်စု အဆင့် ကနေကို မကျော်လွန်နိင် ခဲ့တာ အားလုံး အမြင်ပဲဖြစ် ပါတယ်။
အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကြီး မှာ အမျိုးသား ဘောလုံးပြိုင်ပွဲ ကို ယူ ၂၃ သတ်မှတ်စဉ် ကတည်းက စလို့ အောင်မြင်မှု အတော် အသင့်ရ ခဲ့သလို ယူ၁၇ ၊ ယူ၁၉ စတဲ့ပြိုင်ပွဲ အသီးသီး မှာလည်း အောင်မြင်မှု အတော်အတန် ရရှိ ခဲ့ပါတယ်။ ဒါပေမယ့် လည်း နိုင်ငံဂုဏ် ကို မြှင့်တင် ဖို့ ဆိုတာ လက်ရွေးစင် အသင်းကြီးရဲ့  အောင်မြင်မှု ဟာ အဓိက ကျလှ ပါတယ်။ ကမ္ဘာ့ အဆင့် သတ်မှတ်ချက် မှာလည်း လက်ရွေးစင် အသင်းရဲ့  ရလာဒ်ဟာ အလွန်ပဲ အရေးကြီး ပါတယ်။
ကျွန်တော်တို့  မြန်မာ အသင်း အနေနဲ့  ဒီနှစ်မှာ AFC  U22 ခြေစစ်ပွဲဝင်ဖို့ ရှိ သလို အာရှခြေစစ်ပွဲလည်း ၀င်ပြိုင်ဖို့ ရှိ ပါတယ်။ ယူ ၂၂ အတွက် ကိုးရိးယားနိုင်ငံ ထိ သွားရောက် လေ့ကျင့်နေတယ် ဆိုတဲ့ သတင်းတွေ ကြား ရတဲ့ အတွက် အလွန်ပဲ ကျေနပ်မိ ပါတယ်။ နောက်နှစ် မှာ အရှေ့တောင် အာရှပြိုင်ပွဲကြီး ကျင်းပတဲ့ အခါ ယူ၂၃ အသင်း အတွက်လည်း ကြိုတင်ပြင်ဆင်မှု တစ်ရပ် အနေနဲ့  ကျေနပ်စရာ ကောင်း ပါတယ်။ ဒါပေမယ့် လည်း လူငယ် အသင်းတွေ ရဲ့ အောင်မြင်မှုတွေ ကို ကျွန်တော် တို့ အတန်အသင့် ရရှိ ခဲ့ပြီးဖြစ် ပါတယ်။ လက်ရွေးစင် အသင်းကြီး အတွက်ကို အဓိကထား စဉ်းစား ဖို့  လိုအပ်နေပြီ လို့ ထင် ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ဆူဇူကီး ဖလား မှာ ကျွန်တော်တို့ မြန်မာ့ လက်ရွေးစင် အသင်း ဟာ ဗီယက်နမ် ကို ၇ -၁ ဂိုးနဲ့  ရုပ်ပျက် ဆင်းပျက် ရှုံးနိမ့် ခဲ့ပြီး နိုင်ပွဲ တစ်ပွဲမှ မရရှိ ခဲ့ပါဘူး။ ဖိလစ်ပိုင် ကို ဂိုးမရှိ သရေ၊ စင်ကာပူ ကို ၂-၁နဲ့ ရှုံးနိမ့် ခဲ့ပြီး အမှတ်ပေး ဇယားမှာ အောက်ဆုံး က ရပ်တည် ခဲ့ပါတယ် ။ ကျွန်တော်တို့ ယူ ၂၃ အသင်း အနေနဲ့  ဗီယက်နမ် ကို ဆီးဂိမ်းမှာ အနိုင်ရ ခဲ့ပေမယ့်လည်း ဒါဟာ ဆူဇူကီး ရှုံးကြွေး ကို ဆပ်နိုင်တယ် လို့  ကျွန်တော်တော့ မယူဆ မိပါဘူး။ လက်ရွေးစင် အဆင့်ပြိုင်ပွဲသာ လျှင် အဓိကဖြစ်တယ် လို့ သုံးသပ် မိပါတယ်။ ၂၀၁၀ ဆူဇူကီး ဖလားမှာ ကျွန်တော် တို့ အုပ်စု တွင်း အောက်ဆုံး အဆင့်ဖြစ် ခဲ့တာ ဟာ တကယ့် ကို ရင်နာစရာ ကောင်းလှ ပါတယ်။ ဒေသတွင်း မှာ အသင်းကြီး အဖြစ် ရပ်တည်နိုင်ခြင်း မရှိတော့ပဲ အခုလို ဆိုးရွား တဲ့ အနေအထား ဟာ မြန်မာ့ ဘောလုံး လောက ကို ခြိမ်းခြောက် မှုကြီး တစ်ခု အဖြစ် မှတ်ယူ မိပါတယ်။ ၂၀၀၉ မှာ ပရိုအဖြစ် ပြောင်းလဲ ခဲ့ပြီး ပထမဆုံး ၀င်ပြိုင်တဲ့ ပွဲမှာ ဒီလိုဖြစ် ခဲ့ရတာ စိတ်ပျက်ဖွယ်၇ာ ပါပဲ။ အခုချိန် မှာ အမျိုးသားလိဂ် ရဲ့  အနေအထား ဟာလည်း အရှိန် ရလာပြီးဖြစ်တဲ့ အတွက် လက်ရွေးစင် အသင်း အနေနဲ့ ထိုက်တန်တဲ့ ခြေစွမ်း နဲ့ ရလာဒ် မျိုးကို ရယူ သင့်နေပြီလို့ ယူဆ ပါတယ်။
၂၀၁၀ ဆူဇူကီး မှာ အုပ်စုတွင်း ၄သင်းမှာ အဆင့်၎ဖြစ် ခဲ့တာကြောင့် မြန်မာ အသင်း အနေနဲ့  ၂၀၁၂ ဆူဇူကီး ဖလား ကို ခြေစစ်ပွဲ အဆင့် ကနေ ၀င်ရောက် ယှဉ်ပြိုင် ရတော့ မှာဖြစ် ပါတယ်။ ပြီးခဲ့တဲ့ပြိုင်ပွဲ မှာ မြန်မာ အသင်း လိုပဲ တစ်ဖက် အုပ်စု မှာ အောက်ဆုံးဖြစ် ခဲ့တဲ့ လာအို၊ ပြီးခဲ့တဲ့နှစ် က ခြေစစ်ပွဲ မအောင်တဲ့ ကမ္ဘောဒီးယား၊ တီမော တို့နဲ့ ခြေစစ်ပွဲ ကန်ပြီး မှ အုပ်စု အဆင့်ကို ၀င်ရောက် ယှဉ်ပြိုင် ရတော့ မှာပါ။ လက်ရှိ မြန်မာ အသင်းရဲ့  ခြေစွမ်း ကလည်း လာအို ကမ္ဘောဒီးယား တို့ နဲ့   သူမသာ ကိုယ် မသာ အဆင့်သာ ရှိတာကြောင့် ခြေစစ်ပွဲ ကို များ မအောင် ခဲ့ရင်ဖြင့် သမိုင်းမှာ အကြီး အကျယ် မှတ်တမ်း ဆိုးကြီး အဖြစ် ကျန်ရစ်တော့မှာ ဖြစ် ပါတယ်။
အနှစ်ချုပ် အနေနဲ့  ပြော ရရင်တော့ သက်တမ်း အလိုက် လူငယ် အသင်းများ အောင်မြင်မှု ရဖို့ စွမ်းဆောင် တာ ကို ကျေနပ် မိပါတယ်၊ ဒါပေမယ့် လက်ရွေးစင် အသင်းကြီး ကိုလည်း အောင်မြင်မှု ရအောင် အာရုံစိုက်စေ ချင်ပါတယ်။ နိုင်ငံ့ဂုဏ် ကို အဓိက မြှင့်တင်ပေးနိုင် တာ လက်ရွေးစင် အသင်းကြီး ရဲ့ အောင်မြင်မှု ပဲဖြစ် ပါတယ်။ ဒါကြောင့် ဒေသတွင်း အဆင့်မြင့် ပြိုင်ပွဲ တစ်ခုဖြစ် တဲ့ ဆူဇူကီး ဖလားကို အနီးထား စေချင်ကြောင်းပါ ခင်ဗျာ။
ရေးသားသူ – ကောင်းမြတ်သူ
Posted by on April 26, 2012



www.myanmarstriker.com  မှာ ရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့  ဆောင်းပါးလေးပါ  ။  
 ဒီမှာဝင်ကြည့်နိုင်ပါတယ် ။ 

ကျွန်တော့်ရဲ့ သူရဲကောင်း

လက်ရှိဘောလုံးလောက တွင် သင် အကြိုက်ဆုံး ဘောလုံးသမား မှာ မည်သူဖြစ်ပေ သနည်း? ထိုမေးခွန်း ၏ အဖြေကိုဖြေကြည့် ပါလော့။ ယေဘုယျ အားဖြင့် ဆိုရသော် သင်၏ အဖြေသည် စီရော်နယ်ဒိုနှင့် မက်စီတို့ အနက် တစ်ဥိးဦး သာဖြစ်ဖွယ် ရှိပေသည်။ ဒုတိယ  ဦးစားပေးအနေဖြင့် ဇာဗီ ၊ အင်နီယေစတာတို့ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏ ။
သို့ ရာတွင် သင် သည် မန်ယူမှ မန်ယူ ဆိုသော သူရဲနီ ပရိသတ် တစ်ဦးဖြစ် ခဲ့လျှင်မူ သင်သည်  ၀ိန်းရူနီ ကို အကြိုက်ဆုံးဟူ ၍လည်း ဆိုနိုင်ပေ သည်။ ကြိုးကြာနီ ပရိသတ် ဆိုပါက ဂျရတ်၊ ဆွာရက်စ် တို့ ဖြစ်နိုင်ပြီး အာကြီး ခရေဇီဖြစ် ခဲ့လျင်မူ သင် သည် ဗန်ပါစီ၊၀ဲလ်ကော့ တို့ ကို အကြိုက်ဆုံး ကစားသမားဟု ဆိုချင် ဆိုပေလိမ့်မည်။ အကယ်၍ သင် သည် ဂန္ဓ၀င် ကစား သမား များကို နှစ်ခြိုက် သူဆိုပါက ပီလီ၊ မာရာဒိုနာ၊ အဲရစ် ကန်တိုနာတို့ကို သော် လည်းကောင်း ဇီဒန်း၊ ဒိုကြီး၊ ဘက်ဂီရို၊ ကန်နဗာရိုး တို့ကို သော်လည်းကောင်း သင်၏ အကြိုက်ဆုံး  ကစားသမား အဖြစ် ရွေးချယ်ပေ လိမ့်မည်။ သို့ရာတွင် သေချာ သည် ကတော့ ကိုရီးယားမှ ပက်ဂျီဆန် ကဲ့သို့သော ကစားသမား ကိုမူ သင်၏ အကြိုက်ဆုံး ကစားသမား အဖြစ် မည်သို့ မျှ ရွေးချယ် လိမ့်မည် မဟုတ်ပေ။
ကျွန်တော် ကတော့ အများ တကာထက် အနည်းငယ် ထူးခြားသည်ဟု ဆိုရ မလိုပင်။ ကျွန်တော် အကြိုက်ဆုံး ကစားသမား မှာ ပက်ဂျီဆန် ကဲ့သို့  အာရှတိုက်မှ ကစားသမား တစ်ဦးပင် ဖြစ်သည်။ သို့ ရာတွင် ပက်ဂျီဆန် ကဲ့သို့ နာမည်ကျော် ကစားသမား တစ်ဦး မဟုတ် သလို ပက်ဂျီဆန် လောက်လည်း ခြေစွမ်း မကောင်း လှသော ကစားသမား ပင်ဖြစ်၏။ သူ၏ မွေးရပ်မြေမှာ အာရှ တိုက်ကြီး နှင့် နှိုင်းစာသော် သေးငယ်သောနိုင်ငံငယ်လေး မှ ဖြစ်၏။ ကမ္ဘာ့ လူဦိးရေ၏ ၁ ရာခိုင်နှုန်း မျှသာ နေထိုင်သော ထိုနိုင်ငယ်လေး တွင် သူ့ကို မွေးဖွား ခဲ့ပေသည်။
သူမွေးဖွားရာနိုင်ငံလေး မှာ သေးငယ် လှသော်လည်း ထိုနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ၂ခု၏ လူဦးရေကို ပေါင်းလိုက်ပါမူ ကမ္ဘာ့ လူဦးရေ၏ ၃ပုံ ၁ပုံခန့် ထိပင် ရှိပေ၏။ လက်ရှိ အချိန်တွင် အာရှ ဘောလုံးလောက၌  ထိုနိုင်ငံငယ်လေး ၏ ဘောလုံး အဆင့် အတန်းမှာ နိမ့်ကျ လျှက်ရှိနေ သော်လည်း လွန် ခဲ့သော နှစ်ပေါင်း ၅၀ ခန့် ကမူ ထိုနိုင်ငံ သည်ကား အာရှတိုက်၏ ချန်ပီယံဖြစ် ခဲ့သော ဘောလုံး အင်အားကြီး နိုင်ငံ တစ်ခုပေတည်း ။
ထိုနိုင်ငံလေး တွင် ကလေး လူကြီး မရွေး၊ အမျိုးသား   အမျိုးသမီး မကျန် ဘောလုံး အားကစား ကို ချစ်မြတ်နိုးကြ ၏။ ဘောလုံးပွဲ ဆိုလျှင် နေပူမရှောင် မိုးရွာ မရှောင် ဘောလုံးကွင်း များ၌ တစ်ခဲနက် အားပေးတတ်ကြ သလို ကမ္ဘာကျော်ဘောလုံး ပြိုင်ပွဲ များ တွင် လည်း နှစ်နှစ်ခြိုက်ခြိုက် အားပေးတတ်ကြလေ သည်။ ထိုမျှပင် မကသေးပေ။ မြို့ နယ် ၊ ရပ်ကွက် တိုင်း၌ ကမ္ဘာ့ အဆင့်မှီ ဘောလုံး ကွင်းများ မရှိသော်လည်း နီးစပ်ရာ ဘောလုံး ကွင်းများ၌ ဘောလုံး ကစားကြ၏။ ဘောလုံး အင်အားကြီးနိုင်ငံ တစ်ခုဖြစ်သော ဘရာဇီး နိုင်ငံ ကဲ့သို့ပင် လမ်းမပေါ် တွင်လည်း နှစ်ခြိုက်စွာ ဘောလုံး ကစားတတ်ကြပေ၏။ မိုးရွာထဲတွင် ဘောလုံး ကန်ခြင်း သည်ကား  ထိုနိုင်ငံရှိ အမျိုးသား တိုင်း၏ ငယ်ဘ၀ ပုံရိပ်ပင် ဖြစ်ပေတော့ သည်။ ထိုနိုင်ငံ သည်ကား အခြား မဟုတ်။ ယခု စာဖတ်သူနေထိုင်ရာ    အရပ်ဒေသ ဖြစ် သကဲ့သို့  စာရေးသူ ၏ ဇာတိချက်ကြွေ မွေးရပ်မြေ လည်း ဖြစ်သော မြန်မာ နိုင်ငံပင် ဖြစ်ပေတော့သည်။ ကျွန်တော်၏ ဘောလုံး သူရဲကောင်း မှာလည်း သန်း ၇၀မျှသော ရွှေမြန်မာ တို့ အနက်မှ ဘောလုံးသမား တစ်ဦးပင်ဖြစ်တော့ သည် တကား။
MNL ဘောလုံးပြိုင်ပွဲကြီး စတင်သောနေ့ကဖြစ်၏။ ထိုနေ့သည်ကား နှစ်ပေါင်း များစွာ နိမ့်ကျနေ ခဲ့သော မြန်မာ့ ဘောလုံး အဆင့် အတန်းကို ပြန်လည် မြှင့်တင်နိုင်ရန် အတွက် ခြေလှမ်းသစ်လည်း ဖြစ်ပေသည်။ ၀န်ကြီး ဋ္ဌာနပေါင်းစုံ အပျော်တမ်း ပြိုင်ပွဲများ ၌ ပရိသတ် အားပေးမှု  အရေ အတွက်မှာ အလွန်ပင် နည်းပါး လှသော် လည်း ပရို အဖြစ် ပြောင်းလဲ မှုကြီး၏ အောင်မြင်မှု ကို ယခုလို MNL အဖွင့် ပွဲစဉ်တွင် တွေ့ မြင် ရပေပြီ။ သုဝဏ္ဏ ကွင်းကြီး၏ လေးဘက်လေး တန်သော ပွဲကြည့်စင် များပေါ်ဝယ် မြန်မာ ဘောလုံး ပရိသတ်တို့ အပြည့်အ၀ နေရာ ယူထားကြပြီဖြစ်သည် ။ ပြည်တွင်း ဘောလုံး ပွဲစဉ် တစ်ခုမှ ဟုတ်ပါလေစ ဟု တွေးမိ၏။ သို့နှင့် လေးပွင့်ဆိုင် ဘောလုံး ပြိုင်ပွဲကြီး ကို အမှတ် ရမိပါသည်။ ထိုစဉ် အခါတုန်းက လည်း ယခုလို ပြည်တွင်း ပွဲစဉ်ကို  ယခုကဲ့သို့ ဘောလုံး ၀ါသနာရှင်များ တစ်ခဲနက် အားပေး ခဲ့ကြဖူးပေ၏။ လေးပွင့်ဆိုင် ဘောလုံး ပြိုင်ပွဲကြီး၏  အောင်မြင်မှု အနေဖြင့် လူငယ်  ကစားသမားကောင်း များ ပေါ်ထွက် လာ သကဲ့သို့ ပင် ယခု MNL ပြိုင်ပွဲကြီး တွင်လည်း ထိုသို့ ပင် လူငယ် ကစားသမားကောင်း များ အနာဂတ် မြန်မာ ဘောလုံးလောက အတွက် ပေါ်ထွက် လာ လိမ့်မည်ဟု ကျွန်တော် မျှော်လင့် မိပေတော့သည်။
ဒိုင်လူကြီး ပွဲခရာမှုတ်လေပြီ။ သို့ နှင့်  ကျွန်တော်လည်း အတွေးစ တို့ ဘေးချကာ ဘောလုံး ပွဲဆီသို့  အာရုံ စိုက် မိ၏။ ကျွန်တော် တို့ ကြည်နေ့ ကျ ပရီးမီးယား လိဂ်နှင့် နှိုင်းစာ ကြည့်လျှင်တော့ ကစားပုံ မှာ များစွာနှေးကွေး၏။ သို သော့်လည်း တစ်မျိုး တစ်ဖုံ ဆွဲဆောင်မှု ရှိပေ၏။ ကြိုးစားကြ ပါ၏။ ရေကုန်ရေခန်း ယှဉ်ပြိုင်နေကြ သည်။ ထို ပွဲစဉ် အတွက်ပင် ကျွန်တော် အကြိုက်ဆုံး ကစားသမားကို ရှာဖွေတွေ့ ရှိ ခဲ့ပေတော့သည်။ သူသည် ထို အချိန်က အသက် ၁၉နှစ် မျှသာ ရှိသေး၏။ ကျွန်တော်နှင့်  သက်တူ ရွယ်တူဖြစ်၍လား  မပြောတတ်၊ ကျွန်တော် သူ့ ကို လေးစားနှစ်ခြိုက် မိ၏ ။ ထို အဖွင့် ပွဲစဉ်၌ သူသည် သူ ပါဝင် ကစားသော အသင်း အတွက် အနိုင်ဂိုး ၂ဂိုးကို သွင်းယူပေးနိုင် ခဲ့ပေသည်။ အလယ်တန်း ကစားသမား တစ်ဦး အဖြစ် သူ ပါဝင် ကစား ခဲ့ပြီး နောက်ခံ လူများကို လှည့်စား ကာ ကန်ချက် ပြင်းပြင်းဖြင့် ဂိုး ကန်သွင်း ရယူမှု များကို ယနေ့ တိုင် ကျွန်တော် ၏ အာရုံဝယ် စွဲမှတ် ထင်ကျန် လျက်ပင် ရှိနေသေးပေသည်။
MNL စတင်ချိန် ၂၀၀၉ ခုနှစ်မှ စ၍ ယခုချိန်ထိ သူ၏ခြေစွမ်း သည် တဖြည်းဖြည်း ပိုမိုကောင်းမွန်လာ ခဲ့သည် ကိုတွေ့ ရ၏။ သူ၏ လေးစားဖွယ်ကောင်းလှသော ကစားဟန် မှာ သူသည် လူချ မကစားတတ်၊ ဟန်ဆောင် ဒိုင်ဗင်ထိုးလေ့ မရှိ၊ သူ့အသင်း အနိုင်ရ နေလျှင် လည်း အချိန်ဆွဲ မကစား တတ်ပေ။ ထိုမျှပင် မက သူ့ ကို အရန်ခုံ ထိုင်ခိုင်းပြီး ဒုတိယ ပိုင်းမှ လူစားလဲ ကစားသမား အဖြစ် အသုံးပြု လျှင် လည်း မငြိုငြင် တတ်ပဲ ထို အချိန် အခိုက်အတန့်လေး ၌ ပင် အသင်း အတွက် ကြီးမားသော ပံ့ပိုးမှုကို ပြုလုပ်နိုင်ပေ သည်။ သူ၏ အစွမ်းကြောင့် သရေဖြစ်တော့မည့် အနေအထား တွင် နိုင်ပွဲများ ရရှိ ခဲ့သလို ရှုံးနိမ့်နေချိန် တွင်လည်း ချေပဂိုး များ အနိုင်ဂိုး များ သွင်းယူပေး တတ်သေးပေ သည် ။ သူ သည် တီးဗက် ကဲ့သို့ ရဲရင့်သော ကစားသမား တစ်ဦး လည်းဖြစ်၏။ ကြိုးစား၏။ တက်ကြွ၏။ ကြံ့ခိုင် မှုလည်း ကောင်းလှ၏။ ပြစ်ဒါဏ် အကျူးလွန် ခံရ၍ အနာ တရဖြစ်ကာ လဲကျစေကာ မူ သူသည် အလျှင် အမြန်ပြန် ထ၍ ကစားနိုင်ရန် ကြိုးစား တတ်၏။ သူ့အား နည်းပြမှ လူစား လဲလျှင် လည်း အခြား ကစားသမားများ ကဲ့သို့  သူသည် မငြိုငြင်တတ်ပေ။ စိတ်ဆိုးခြင်း သည်ကား အလျှင်းမရှိ။ သူဝင် ကစား ရသော အချိန်ပိုင်း ကိုသာ အကောင်းဆုံး ကြိုးစားတတ်သူ တစ်ဦး ဖြစ်ပေ၏။ သူ၏ ကြိုးစား အားထုတ် မှုကြောင့် ဆီးဂိမ်း တွင်လည်း လက်ရွေးစင် ကစားသမား အဖြစ် ရွေးချယ် ခံရပေသည်။ အကောင်းဆုံး ခြေစွမ်းပြနိုင် ခဲ့သလို ဂိုးများ လည်း သွင်းယူနိုင် ခဲ့၏။ ကျွန်တော်၏ အကြိုက်ဆုံး ကစားသမား သူသည် ကား ရန်ကုန် ယူနိုက်တက် အသင်း၏ ကွင်းလယ် ကစားသမား ကြည်လင်း ပင်ဖြစ်တော့သည်။

Source@YangonUnitedFacebookPage
ကြည်လင်း သည် ယခုချိန် တွင် ရန်ကုန် ယူနိုက်တက် အသင်း အတွက် ပွဲပေါင်း များစွာ ကစားပေး ခဲ့ပြီး အသင်း အတွက် ဆုဖလား များလည်း ရယူပေးနိုင် ခဲ့ပြီဖြစ်သည်။ ရန်ကုန် ယူနိုက်တက် အသင်း ဖလား၂လုံး ချန်ပီယံဖြစ် ခဲ့သော ၂၀၁၁ ခုနှစ်တွင် သူသည် အသင်း၏ အဓိက ကစားသမား တစ်ဦး အဖြစ် ပါဝင် ခဲ့သလို ယခုချိန်တွင် လည်း အသင်း၏ မရှိ မဖြစ် ကစားသမား တစ်ဦးဟု ဆိုရလောက်အောင် ပင် အောင်မြင်မှုများ ရယူနိုင် ခဲ့ပြီဖြစ်သည်။
အကောင်းဆုံး ကစားသမား များတွင် ရှိသင့် ရှိအပ်သော အရည် အချင်းများ သူ့တွင် ရှိ၏။ ကန်ချက် များကောင်း သလို၊ ခေါင်းတိုက်လည်း ကောင်းပေ၏။ ပွဲချိန်ပြည့် အင်တိုက် အားတိုက် ကစားနိုင် သလို တည်ကန်ဘောများ လည်း ကျွမ်းကျင် လှ၏။ ကွင်းလယ် ဖန်တီးမှု အားကောင်း သလို တောင်ပံဖြတ်တင် မှုများ ကိုလည်း ပိုင်နိုင် လှပေ၏။
သူ့လို အရည် အချင်းပြည့်ဝသော လူငယ် များဖြင့် မြန်မာ့ လက်ရွေးစင် အသင်းကို ဖွဲ့စည်းနိုင် ပါက အရှေ့ တောင် အာရှ အဆင့်တွင် မကပဲ အာရှ အဆင့်ထိပင် ထိုးဖေါက် အောင်မြင်နိုင် မည်ဟု ယူဆ မိပါ၏။
ကြည်လင်း သည် ရိုးသား၏။ ပွင့်လင်း၏။ ဟိတ်ဟန် မရှိ၊ ပကတိ တည်ကြည်၏။ ရန်ကုန် ယူနိုက်တက် အသင်း ဆုဖလား ရရှိသောနေ့က သူနှင့် ကျွန်တော် အင်္ကျီ ချင်း လဲဝတ် ခဲ့ကြ၏။ သူ၏ အင်္ကျီ ကို ယခု ချိန်ထိ  အမြတ်တနိုး ၀တ်ဆင် အားပေး လျက်ပင် ရှိသေး၏။ ထိုအင်္ကျီ ဟောင်းနွမ်း သွားသည့်တိုင် ကျွန်တော် အမှတ်တရ အနေဖြင့် သိမ်းဆည်း သွားပေဦးမည်။ သူ့ကို ထိုနေ့က ကျွန်တော်ပြော ခဲ့သည်။ “ခင်ဗျား ဟာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာ မှာပါ။ ခင်ဗျားရဲ့ ကစားပုံ ကို ကျွန်တော် အရမ်း သဘော ကျတယ်။ ခင်ဗျား က ကျွန်တော် အကြိုက်ဆုံး ကစားသမားပါ ။” ဟူ၍ ဖြစ် သည်။ သူက လည်း ရိုးရှင်းစွာ ပင်ဖြေသည်။ “ကျွန်တော် အများကြီး လိုပါသေး တယ်။ ကြိုးစား ရဦး မှာပါ။” ဟူ၍ ဖြစ် သည်။ သူသည် ဖေါ်ရွေသော လူ တစ်ယောက်ဖြစ် သလို ဟိတ်ဟန် မရှိသော ပွင်းလင်း တတ်သူ လည်းဖြစ်၏။ ထိုနေ့ က သူ အပါအ၀င် ရန်ကုန် ကစားသမား များနှင့် ကျွန်တော်တို့ ပရိသတ်များ အတူတကွ အောင်ပွဲခံ ခဲ့ကြလေ သည်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်နှစ်သက်သော ကမ္ဘာကျော် ဘောလုံး သမားများဖြစ်သည့်  ရော်နယ်ဒို၊ ရူနီတို့  ထက် ကျွန်တော် ကြည်လင်း ကို နှစ်သက် အားပေး မိ၏။ သူ့ကို အောင်မြင်မှု များစွာ ရရှိစေ လိုသည်။ အထူးသဖြင့် သူ့ကို မျိုးလှိုင်ဝင်း၊ သန်တိုးအောင်၊ စိုးမြတ်မင်း တို့လို မြန်မာ့ လက်ရွေးစင် ကောင်း တစ်ယောက် ဖြစ်စေ လိုသည်။ သူ၏ ကြိုးစား အားထုတ်မှုနှင့် အရည်အချင်း တို့ ကြောင့် အောင်မြင်မည် ဟုလည်း ယုံကြည် မိပေသည်။
ယခုနှစ် MNL တွင် လည်း သူ သည် အကောင်းဆုံး ကစားသမား ဆုကို ရရှိ လိမ့်မည်ဟု ကျွန်တော် တစ်ထစ်ချ ယုံကြည်မိ၏။ အဘယ်ကြောင့် ဆိုသော် သူသည် ကောက်ရိုးမီး မဟုတ် ၊တစ်ငွေ့ ငွေ့ တောက်လောင်နေသော ဖွဲမီးဖြစ်၏။  သူသည် သူ၏ကောင်းမွန်သော ခြေစွမ်း ကို  အမြဲတမ်း ကောင်း မွန်အောင် ထိမ်းသိမ်း ထားနိုင်သူ ဖြစ် သည်။
သူသည် ဘောလုံးလောက ၀ယ် ကျွန်တော့် အတွက်တော့ သူရဲကောင်း တစ်ဦးပင် ဖြစ်ပေတော့ သည် ။
ရေးသားသူ – ကောင်းမြတ်သူ

Posted by on April 10, 2012
 www.myanmarstriker.com  မှာ ရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့  ဆောင်းပါးလေးပါ  ။  
 ဒီမှာဝင်ကြည့်နိုင်ပါတယ် ။