ရန်ကုန်ယူနိုက်တက် အမာခံပရိသတ်များဖြင့် ဖွဲ့ စည်းထားသော ကျွန်တော်တို့  Yangon United Warriors ( www.ygnutdfans.com ) အဖွဲ့ သားများသည် ရန်ကုန်ယူနိုက်တက် အသင်း၏ အဝေးကွင်းပွဲစဉ်ဖြစ်သော ဇေယျာရွှေမြေနှင့် ပွဲစဉ်သို့  သွားရောက်အားပေးရာ မန္တလေးမြို့ တွင်
ခရီးတစ်ထောက်နား၍ မန္တလေး မဟာမြတ်မုနိဘုရားကြီးအား ဦးတိုက်ကြည်ညိုကာ ရင်းနှီးချစ်ကြည်မှု ရရှိပြီးဖြစ်သော ရတနာပုံ ပရိသတ်အမာခံပရိသတ်များအဖွဲ့  (www.yadanarbonfans.com) နှင့်
တွေ့ ဆုံခဲ့ပါသည် ။
ရန်ကုန်ယူနိုက်တက် အမာခံစစ်သည်တော်များအဖွဲ့  အနေဖြင့် အဖွဲ့  စတင်တည်ထောင်စဉ်ကတည်းကပင် MNL ပရိသတ်များနှင့်  ချစ်ကြည်ရင်နှီးမှုကို ဖေါ်ဆောင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ပါသည် ။ ရတနာပုံပရိသတ်များ ရန်ကုန်မြို့ သို့  လာရောက်အားပေးစဉ် ကတည်းကပင် သွားရောက်တွေ့ ဆုံ နှုတ်ဆက်ခဲ့ကာ ယခုတွေ့ ဆုံမှုမှာမူ ဒုတိယအကြိမ်ဖြစ်ပြီး ယခုအကြိမ်တွင်မူ နှစ်ဖက်အဖွဲ့သားများ ပိုမို၍ စုံလင်စွာပါဝင်ခဲ့ပါသည် ။
တွေ့ ဆုံမှုကို မန္တလေးမဟာမြတ်မုနိ ဘုရားကြီးရင်ပြင်တော်ပေါ်တွင် ပြုလုပ်ခဲ့ပြီး
နှစ်ဘက်ပရိသတ်များ တစ်ဦးချင်း မိတ်ဆက်ကာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေခဲ့ပါသည်။
ရတနာပုံပရိသတ်များအဖွဲ့ မှ စားသောက်ဖွယ်ရာများနှင့် ရန်ကုန်ပရိသတ်များအား ဧည့်ခံခဲ့ပါသည် ။
ထို့ နောက် ပရိသတ်များအချင်းချင်း အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည် ။
ရန်ကုန်-မန္တလေး တို့ သွေးချင်းတို့
ညီရင်းအစ်ကိုပမာ လက်တွဲကာဖြင့်
အခက်အခဲဟူသမျှ အတူတကွရင်ဆိုင်
ယှဉ်ပြိုင်မျှတ အားပေးကြကာ
တို့ မြန်မာလိဂ် ကမ္ဘာသိအောင်
တို့ စွမ်းဆောင်မည် ချစ်ကြည်ခြင်းတို့ မြဲစေသောဝ် ။
ကောင်းမြတ်သူ
3 comments:
ကောင်းတယ်ဗျ...ရန်ကုန် မန္တလေး ခွဲခြားဆက်ဆံတဲ့ကိစ္စတွေ ရပ်တန်းကရပ်သင့်နေကြပါပြီ...အားလုံးမြန်မာ ဘောလုံး လောက တိုးတက်ဖို့ ဒီထက်ပို ကျောချင်းကပ်သင့်နေပြီ....ထောက်ခံတယ်..နောက်ပြီး ပြောချင်တာရှိသေးတယ်...ရန်ကုန်မန္တလေး နှစ်နေရာထဲ ချစ်ကြည်နေတာထက်မြန်မာ ဘောလုံးပရိသတ် ဘယ်အသင်းအားပေးပေး ပေါ့ဗျာ တစ်ဖက်အသင်း ကို ဆဲဆိုရန်စ ရှုတ်ချတာမျိုးတွေကို မလုပ်ဖို့ အားလုံးပရိသတ်တွေကို ပညာပေး စည်းရုံးရေး ကို အားလုံးဝိုင်းပြိးတတ်နိင်သလောက် ကူညီကြဖို့ပါ...
ဟုတ်ပါတယ်အစ်ကို
လောလောဆယ်တော့ ဖန်အဖွဲ့ တည်ထောင်ဖွဲ့ စည်းထားနိုင်တဲ့  ရတနာပုံနဲ့  ချစ်ကြည်ရေးကို ဦးစားပေး လုပ်ဆောင်နေတာပါ
ဟုတ်ပါတယ်အစ်ကို
လောလောဆယ်တော့ ဖန်အဖွဲ့ တည်ထောင်ဖွဲ့ စည်းထားနိုင်တဲ့  ရတနာပုံနဲ့  ချစ်ကြည်ရေးကို ဦးစားပေး လုပ်ဆောင်နေတာပါ
Post a Comment