အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

မရမ်းချောင်း ပရဟိတ ဂေဟာသို့ ရန်ကုန် ယူနိုက်တက် စစ်သည်တော်များ အဖွဲ့ လှူဒါန်းမှု တစ်ခု ပြုလုပ်

ရန်ကုန် ယူနိုက်တက် အသင်း၏ အမာခံ ပရိသတ် အဖွဲ့တစ်ဖွဲ့ ဖြစ်သော Yangon United Warriors အဖွဲ့သည် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာရှိ မေတ္တာ ပရဟိတ ကျွေးမွေး စောင့်ရှောက်ရေး ဂေဟာသို့ အလှူငွေနှင့် တစ်နေ့စာ အာဟာရ ဒါန ပြုခဲ့ကြောင်း သိရသည်။

၎င်း ပရဟိတ ဂေဟာတွင် အနာကြီး ရောဂါသည် အဖိုး၊ အဘွား လူနာ စုစုပေါင်း (၆၅)ဦးကို လက်ရှိ အချိန်တွင် စောင့်ရှောက်ထားပြီး ပြင်ပ လူနာ အဖြစ် (၃၉)ဦး ရှိကြောင်း ဂေဟာ မှတ်တမ်းများ အရ သိရသည်။

ရန်ကုန် ယူနိုက်တက် စစ်သည်တော်များ ဖန်အဖွဲ့သည် ဂေဟာသို့ အလှူငွေ ကျပ် (၁၁၀၀၀၀/-) အပြင် မနက်စာ၊ နေ့လည်စာ၊ ညနေစာ တို့ကိုပါ ဒါန ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ရောဂါ ဝေဒနာ ခံစားနေရသည့် အနာကြီး ရောဂါသည် များကိုလည်း ရင်းနှီး နွေးထွေးစွာ အားပေး စကားများ ပြောကြားခဲ့ကြသည်။

ထို အလှူနှင့် ပတ်သက်၍ ဖန်အဖွဲ့ခေါင်းဆောင် ကိုမဟာက …

“မရမ်းချောင်း ပရဟိတ ဂေဟာကို ကျွန်တော်တို့ ဖန်အဖွဲ့ အလှူလုပ်တာ နှစ်ကြိမ် ရှိပါပြီ။ နှစ်ကြိမ်စလုံးကို ရန်ကုန် ယူနိုက်တက် အသင်း နာမည်နဲ့ လှူခဲ့တာပါ။ မြန်မာ နှစ်ဆန်း (၂) ရက်နေ့မှာ ရန်ကုန် ယူနိုက်တက် အသင်း အတွက် ကောင်းကျိုး တစ်ခု ပြုခွင့်ရတဲ့ အတွက် ကျေနပ်ပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲပြီး အလှူဒါန ပြုချင်တဲ့ သူငယ်ချင်းတွေ ကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားသည်။

အလှူမှတ်တမ်း ဓါတ်ပုံများကို အောက်ပါလင့်တွင် ကြည့်ရှု နိုင်ပါသည်။
https://www.facebook.com/media/set/?set=a.10151526268645226.855116.324058775225&type=1


www.ygnutd.com

No comments: