ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့  နည်းပြသစ် ဦးတင်မောင်ထွန်းရဲ့  ဦးဆောင်မှုအောက်မှာ ချင်းယူနိုက်တက်နဲ့  ပထမဆုံး ယှဉ်ပြိုင်ခဲ့ပီး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် နည်းပြသစ်အနေနဲ့ မျက်နှာပန်းလှခဲ့ပါတယ် ။
ဇေယျာရွှေမြေအသင်းကတော့ ဒုတိယအကျော့ ပြန်လည်စတင်ချိန်ကစပီး နိုင်ပွဲတစ်ပွဲမှ မ၇သေးတာကိုတွေ့ ရပါတယ် ။ ဧရာဝတီ ၊ ရက္ခပူရတို့ ကို ရှုံးနိမ့်ထားပါတယ် ။
ရန်ကုန်ယူနိုက်တက်အသင်းမှာ တိုက်စစ်မှုးဆီဇာ အစွမ်းပြနေသလို ရန်အောင်ကျော်လည်း ဒီပွဲမှာ ပြန်လည်ပါဝင်လာမှာဖြစ်တာကြောင့် ရန်ကုန်ရဲ့  တိုက်စစ်ပိုင်းကတော့ ပြည့်စုံလွန်းနေပါတယ်။ ရန်ကုန်အသင်းဟာ ဂိုးပေါင်း ၄၁ဂိုးထိ သွင်းထားပီး MNLမှာ သွင်းဂိုးအများဆုံးဖြစ်နေသလို ခံစစ်ပိုင်းကလည်း လူအပြောင်းအလဲမရှိပဲ ပေးဂိုး ၁၀ ဂိုးနဲ့  ဂိုးပေးအနည်းဆုံးအသင်းဖြစ်နေပါတယ် ။
ဇေယျာရွှေမြေအနေနဲ့  ထိပ်ဆုံးက ရတနာပုံနဲ့  ၇မှတ်ကွာဟနေမှုကို အိမ်ကွင်းမှာ အနိုင်ယူပြီး ချန်ပီယံလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့  အစွမ်းကုန်ကြိုးစားလာဖို့ ရှိပါတယ် ။ဇေယျာရွှေမြေဟာ အိမ်ကွင်းမှာဆိုရင် ပရိသတ်ရဲ့ အားပေးမှုကို တခဲနက်ရရှိတတ်တဲ့အသင်းဖြစ်လို့  ဒီပွဲဟာ ရန်ကုန်အတွက် ခက်ခဲမှာပါ ။ မှတ်တမ်းအရလည်း မုံရွာမှာ ဇေယျာရွှေမြေက ရန်ကုန်ကို အမြဲအနိုင်ယူခဲ့တာကြောင့် ဒီပွဲဟာရန်ကုန်အတွက် မှတ်တမ်းဆိုးကို ချေဖျက်ရမယ့် ပွဲတစ်ပွဲလို့ လည်းဆိုရမှာပါ ။
လက်ရှိခြေစွမ်းအရတော့ ရန်ကုန်သာပေမယ့် အိမ်ရှင်ပရိသတ်ရဲ့  တစ်ခဲနက်အားပေးမှုနဲ့  အားကုန်ထုတ်လာမယ့် ဇေယျာရွှေမြေကို ၇န်ကုန်တို့  မလွယ်လောက်ဘူးလို့တော့ သုံးသပ်နိုင်ပါတယ် ။ ဒါပေမယ့် ဇေယျာရွှေမြေနဲ့  ရန်ကုန် အသင်းတို့  မုံရွာမှာ ကစားခဲ့တဲ့ရလာဒ်တွေဟာ အဲရစ်ဝီလျံနဲ့  ဟန်ဆန်တို့ ရဲ့  အားပြိုင်မှုတွေဖြစ်ခဲ့ပါတယ် ။ လက်ရှိအချိန်မှာတော့ ၂သင်းလုံးမှာ နိုင်ငံခြားနည်းပြတွေ မရှိတော့ပါဘူး ။ ဒါကြောင့် ဒီပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့  ကစားသမားတွေ နည်းပြသစ်ရဲ့  နည်းဗျူဟာအောက်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်မယ်ဆိုရင် ရန်ကုန်အနေနဲ့  ပထမဆုံး မုံရွာကွင်းမှာ နိုင်ပွဲရရှိနိုင်မယ်ထင်ပါတယ် ။
photo from www.myanmarstriker.com
ဇေယျာရွှေမြေအနေနဲ့ တိုက်စစ်ပိုင်းမှာ မနှစ်ကလောက် မကောင်းတော့တာကြောင့် ခံစစ်ကောင်းတဲ့ ရန်ကုန်ကို ဂိုးသွင်းဖို့  မလွယ်လောက်ပါဘူး ။ ရန်ကုန်ပဲ ပေးဂိုးမရှိ အနိုင်ရလာဒ် ရမယ်လို့ သုံးသပ်မိပါတယ် ။
နယူချီသာ အရင်ပွဲတွေလို အဆုံးသတ်အားနည်းချက်တွေ မရှိခဲ့ဘူးဆိုရင် ၊ ကွင်းလယ်ပိုင်းမှာ ကြည်လင်း ၊ ရန်အောင်ကျော် ၊ ဒေးဗစ်ဒန်း ၊ ခင်မောင်လွင်တို့  အကောင်းဆုံး ကစားနိုင်မယ်ဆိုရင် ဂိုးပြတ် သွားနိုင်ပါတယ် ။
ခန့် မှန်းရလာဒ်
ရန်ကုန်ယူနိုက်တက် ၃- ၀ ဇေယျာရွှေမြေ
No comments:
Post a Comment