၂၀၁၂ ဇန်န၀ါရီလ ၂၉ ရက်နေ့က ရန်ကုန် ယူနိုက်တက် အသင်း ဥက္ကဋ္ဌ
ဦးပြည့်ဖြိုးတေဇသည် မွေးနေ့ အလှူအဖြစ်
သန်လျင်မြို့နှင့် ကျောက်တန်းမြို့တို့ရှိ သီလရှင် ပညာရေး
ကျောင်းများသို့ ငွေကျပ် သိန်း (၁၂၀) လှူဒါန်းခဲ့သည်။
ကျောက်တန်းရှိ ဇမ္မူဥသျောင် သီလရှင် စာသင်တိုက်နှင့် သီလရှင်
စာသင်ကျောင်းသို့ န၀ကမ္ဗ အလှူငွေ ကျပ်သိန်း (၅၀) လှူဒါန်းခဲ့သလို
နေ့ဆွမ်းပါ ဆပ်ကပ်ခဲ့ပြီး သန်လျင်မြို့ရှိ သီလ၀ါ သီလရှင်
ပညာရေးကျောင်းသို့ ကျပ်သိန်း (၇၀) ထပ်မံ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ရန်ကုန် ယူနိုက်တက် အသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ လှူဒါန်းခဲ့သော
သီလရှင်ကျောင်း နှစ်ကျောင်းလုံးမှာ ချို့တဲ့ ကလေးငယ်များနှင့် မိဘမဲ့
ကလေးငယ်များကို အမှန်တကယ် ပြုစုပျိုးထောင်ကာ ပညာဒါန ပြုနေသည့်
ကျောင်းများဖြစ်ကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောကြားကြသည်။
သန်လျင်မြို့နယ် သီလ၀ါ သီလရှင်ကျောင်းမှ ဆရာလေး ဒေါ်ဧသုဝတီ က
လှူဒါန်းခဲ့သည့် အလှူငွေများကို ကလေးများ အတွက် စာသင်ကျောင်း
ဆောက်လုပ်ရာတွင် အဓိက သုံးစွဲသွားမည် ဖြစ်ကြောင်း ယခုလို ပြောကြားခဲ့သည်။
“အခု လှူသွားတဲ့ ငွေတွေကို ကလေးတွေ အတွက် နှစ်ထပ် စာသင်ဆောင် ဆောက်မှာပါ။
အခုဆို ဒီကျောင်းမှာ သူငယ်တန်းကနေ စတုတ္ထတန်း အထိ ကျောင်းသား/ ကျောင်းသူ
(၇၀)လောက်ကို အခမဲ့ ပညာသင်ကြား ပေးနေပါတယ်။ ဆရာ၊ ဆရာမ (၃)ဦး ရှိပါတယ်။
ကလေးတွေရဲ့ ပညာရေး အတွက် လိုအပ်နေတဲ့ ကျောင်းဆောင် ဆောက်လုပ်ဖို့
လှူဒါန်းပေးတဲ့ ရန်ကုန် ယူနိုက်တက် အသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇနဲ့
လိုက်ပါ ဆောင်ရွက် ပေးခဲ့ကြ သူတွေကို အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလို
လှူဒါန်း ပေးတဲ့အတွက် အရမ်း ၀မ်းသာပါတယ်။ သာဓုလည်း ခေါ်ပါတယ်” ဟု ဆရာလေး
ဒေါ်ဧသုဝတီက ဆိုခဲ့သည်။
သီလ၀ါ သီလရှင် ကျောင်းတိုက်ကို လွန်ခဲ့သည့် (၆) နှစ် ၂၀၀၅ ခုနှစ်မှ စတင်
တည်ထောင်ခြင်း ဖြစ်ကြောင်း၊ ကလေးများမှာ မြန်မာနှင့် ကရင်လူမျိုး
များပြားကြောင်း၊ နောက်ထပ် အသစ် ရောက်လာသည့် ကလေးများကို နေရာ
အခက်အခဲကြောင့် လက်ခံနိုင်ခြင်း မရှိသေးကြောင်း၊ ကျောင်းဆောင်သစ်
ဆောက်လုပ်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း
ဒေါ်ဧသုဝတီက ထပ်ပြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
-
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။
ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် ...
12 years ago
No comments:
Post a Comment