အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ရန်ကုန်တိုင်း ဒေသကြီး အခြေခံပညာ ဘောလုံး အသင်းများအား YUFC အသင်း အားကစား ၀တ်စုံများနှင့် ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်

 

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက လမ်းမတော် မြို့နယ်၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်း ကျောင်းတွင် စခန်းဝင် လေ့ကျင့်လျှက် ရှိသည့် ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု ကျောင်းသား/ ကျောင်းသူများ ဘောလုံး အသင်းအား ရန်ကုန် ယူနိုက်တက် အသင်းက အားကစား ၀တ်စုံများနှင့် ငွေကျပ် ၁၀ သိန်း ထောက်ပံ့ ပေးအပ်ခဲ့သည်။

၎င်း အခမ်းအနားတွင် ရန်ကုန် ယူနိုက်တက် အသင်း အထွေထွေ မန်နေဂျာ ဦးကျော်သူဦးနှင့် ဦးအောင်ကျော်လွင်တို့က ငွေကျပ် ၁၀ သိန်းနှင့် အားကစား ၀တ်စုံများ ပေးအပ်ရာ ဦးအေးဝင်း (ဦးစီးအရာရှိ၊ အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန)နှင့် ဒေါ်တင်တင်ညို (ဒု-ဦးစီးမှူး(ကာယ)၊ အမှတ်(၃) အခြေခံပညာ ဦးစီးဌာန တို့က လက်ခံ ရယူခဲ့သည်။

ထို့နောက် ရန်ကုန် ယူနိုက်တက် အသင်း အထွေထွေ မန်နေဂျာ ဦးကျော်သူဦးသည် ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် အားကစားသမား များကို တွေ့ဆုံ နှုတ်ဆက် အားပေး စကား ပြောကြားခဲ့သည်။

နေပြည်တော်တွင် လာမည့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အခြေခံ ပညာ ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲကို ကျင်းပ ပြုလုပ်မည် ဖြစ်ရာ ရန်ကုန်တိုင်း ဒေသကြီး အနေဖြင့် အားကစားနည်း (၁၅)မျိုးကို လူအင်အား ၂၆၀ ဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

လမ်းမတော် မြို့နယ်ရှိ အမှတ် (၃) အခြေခံ ပညာကျောင်းတွင် ဘောလုံး အပါအ၀င်၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ မီနီတင်းနစ် အစရှိသည့် အားကစားနည်း (၅)မျိုးကို စခန်းသွင်း လေ့ကျင့် ပေးလျှက်ရှိသည်။

အဆိုပါ ပြိုင်ပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု ယူ-၁၆ နှစ်အောက် အမျိုးသား ဘောလုံး အသင်း (၂)သင်း၊ အမျိုးသမီး ဘောလုံး အသင်း နှစ်သင်း ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ ယင်းကစားသမားများ အတွက် အားကစား ၀တ်စုံများကို ရန်ကုန် ယူနိုက်တက် အသင်းက ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်ရန် အတွက် မိမိတို့ အနေဖြင့် အစွမ်းကုန် လေ့ကျင့် ပေးထားကြောင်းနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဦးစိုးမြင့်လွင်၊ ဦးဖုန်းနိုင် နှင့် အမျိုးသမီး ဘောလုံး အသင်းများ အတွက် မြန်မာ လက်ရွေးစင် ကစားသမား ဇင်မာဝမ်းက အနီးကပ် လာရောက် သင်ကြားပေးလျှက် ရှိကြောင်း အသင်း အုပ်ချုပ်သူ ဒေါ်တင်တင်ညိုက ပြောကြားခဲ့သည်။ 


www.ygnutd.com

No comments: