အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ရန်ကုန်နည်းပြချုပ်တစ်ဦးအဖြစ် အိုင်ဗန်ကိုလက်( ဗ် ) ကို မြင်ကြည့်ခြင်း

              အိုင်ဗန်ကိုလက်(ဗ် ) ဟာ အရှေ့ တောင်အာရှဒေသတွင်းက အင်ဒိုနီးရှားလက်ရွေးစင်အသင်းကို ၂၀၀၂ ခုနှစ်မှာ ကိုင်တွယ်ခဲ့ဖူးပြီး တိုက်ဂါးဖလားပြိုင်ပွဲမှာ ဒုတိယရစေခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။ ဒုတိယဆိုပေမယ့် မိနစ် ၉၀ တွင်းမှာ သရေ ဖြစ်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ သာ ရှုံးနိမ့်ခဲံတာ ဖြစ်ပါတယ် ။ ပြိုင်ပွဲတစ်လျောက်မှာလည်း မိနစ် ၉၀ တွင်း  လုံးဝ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။
              ၂၀၀၄ မှာတော့ ကျွန်တော်တို့  မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၀၄ တိုက်ဂါးဖလားမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မြန်မာအသင်းကို အုပ်စုဗိုလ်အဖြစ် ဆီးမီးဖိုင်နယ်ကို ပို့ ဆောင်ပေးခဲ့သူ တစ်ယောက်ဖြစ်ပါတယ် ။ ဖိလစ်ပိုင်ကို ၁- ၀ နဲ့  အနိုင်ကန်ပြီး ထိုင်းကို ၁-၁ သရေ ၊ မလေးကို ၁-၀ နဲ့  အနိုင်ရအောင် စွမ်းဆောင်ခဲ့ပြီး ရမှတ် ၁၀မှတ်နဲ့  ရှုံးပွဲမရှိ အုပ်စုဗိုလ်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ် ။
               အဲဒီတုန်းက မြန်မာအသင်းအနေနဲ့  ဆီမီးဖိုင်နယ်မှာ စင်ကာပူနဲ့  အိမ်ကွင်းအဝေးကွင်း ကစားခဲ့ရပီး အိမ်ကွင်းအဖြစ် မလေးရှားမှာသာ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပါတယ် ။ ပထမအကျော့ မလေးမှာ ၄-၃ နဲ့   ရှုံးခဲ့ပေမယ့် ဒုတိယအကျော့မှာ ၂- ၁ နဲ့နိုင်တဲ့အတွက် အချိန်ပို ကစားခဲ့ပြီး အနီကတ်တွေ ထိခဲ့လို့ ရှုံးနိမ့်ခဲ့တာပါ  ။ ခင်မောင်လွင်ဟာ အဲဒီတုန်းကတည်းက  အိုင်ဗန်ကိုလက်ဗ်နဲ့  ဆရာတပည့် ဖြစ်ခဲ့ပီး စင်ကာပူနဲ့ ပွဲ  အနီကတ်ထိခဲ့တဲ့သူထဲမှာ ပါဝင်ခဲ့တယ်လို့  ကျွန်တော်မှတ်မိခဲ့ပါတယ် ။တတိယလုပွဲမှာတော့ အဓိက ကစားသမားတွေ မပါခဲ့တဲ့  မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တုန်းက နိုင်ခဲ့တဲ့  မလေးရှားကို ၂-၁နဲ့  ရှုံးနိမ့်ခဲ့ပါတယ် ။ အဲ့ဒီပြိုင်ပွဲမှာတော့ စင်ကာပူက အင်ဒိုကို အဝေးကွင်းမှာ ၃- ၁  အိမ်ကွင်းမှာ ၂- ၁ နဲ့  နိုင်ပီး ဗိုလ်စွဲခဲ့ပါတယ် ။ မြန်မာအသင်းသာ အိမ်ကွင်းအနေနဲ့  ကိုယ့်နိုင်ငံမှာ ကန်ခွင့်ရခဲ့မယ်ဆိုရင် ဒုတိယအကျော့မှာသာ အနီကတ်တွေ မထိခဲ့ရင် ကျွန်တော်တို့  စင်ကာပူကို ကျော်ဖြတ်ဗိုလ်စွဲနိုင်မယ်လို့  ယူဆမိပါတယ် ။အဲဒီပြိုင်ပွဲမှာ စင်ကာပူဟာ မွေးစားသားတွေ စသုံးခဲ့တယ်လို့ 
မှတ်မိခဲ့ပါတယ် ။
                 အိုင်ဗန်ကိုလဗ်အနေနဲ့  အင်ဒိုကလပ်အသင်းတွေဖြစ်တဲ Persija Jakarta, Mitra Kukar,
Persipura Jayapura Sriwijaya FC စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ဘူဂေးရီးယား လူငယ်အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ် ။  နောက်ဆုံးအနေနဲ့  အင်ဒိုကလပ် Pro Duta FC ကို တာဝန်ယူနေတာဖြစ်ပါတယ် ။  အိုင်ဗန်ကိုလဗ် ရဲ့  နည်းပြမှတ်တမ်းတွေကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ် ။
1982–1987 Levski Sofia
1987–1992 Iskar
1993–1994 Slavia Sofia
1995–1996 Dunav Ruse
1996–1997 Kremnikevci FC
1997–1998 Bulgaria U-19 (ast.)
1998 Bulgaria U-19
1999 Persija
2000–2002 Bulgaria U-20
2002–2004 Indonesia
2004–2005 Myanmar
2006 Mitra Kukar
2007 Persipura Jayapura
2007 Indonesia
2008–2009 Bulgaria U-20
2010–2011 Sriwijaya FC
2012- Pro Duta FC



                သူဟာ ကျွန်တော်မှတ်မိသလောက်ဝေဖန်ရရင် အင်ဒိုကို တိုက်ဂါ်းဖလားမှာ ကိုင်တွယ်တုန်းက ခြေစွမ်းထက် ကစားသမားအချို့ ကို အရေးမပါတဲ့ ပွဲတွေမှာ ချန်လှပ်ထားပီး လိုအပ်မှ လူစားလဲ ၀င်ကစားစေခဲ့တာကို တွေ့ ရပါတယ် ။ သူဟာ မြန်မာအသင်းကို ကိုင်တွယ်တုန်းကလည်း ခံစစ်ကို အကောင်းဆုံး ဖြစ်စေခဲ့ပြီး ၄ - ၅ - ၁ ပုံစံကို အသုံးပြုခဲ့တယ်လို့ အမှတ်ရမိပါတယ် ။ သူဟာ အသင်းငယ်တွေကို လျှော့တွက်လေ့ရှိပီး လူစုံမထုတ်ပဲ အနိုင်ရယုံလောက်သာ အာရုံစိုက်တတ်တဲ့သူလို့  ထင်မြင်မိပါတယ် ။  ခံစစ်ကို အဓိကလုံအောင် ကစားစေတတ်သူလို့  သုံးသပ်မိပါတယ် ။ တကယ်အရေးကြီးတဲ့ပွဲစဉ်တွေမှာတော့ သူဟာ သူ့ ရဲ့  အရည်အချင်းကို အကောင်းဆုံးပြသတတ်သူ တစ်ယောက် ဖြစ်တယ်လို့ ယူဆမိပါတယ် ။

               သူသာ ရန်ကုန်အသင်းကို အမှန်တကယ်ေ၇ာက်လာမယ်ဆိုရင် အသင်းက လူငယ်ကစားသမားတွေ အရန်ကစားသမားတွေ အနေနဲ့  ယခုထက်ပိုမိုပီး ပွဲထွက်ကစားခွင့်ရလာမယ်လို့  ယူဆမိပါတယ် ။ အသင်းက နိုင်ငံခြားသားကစားသမားတွေကို ယခင်လို ပွဲချိန်ပြည့် ပွဲစဉ်တိုင်း ထည့်သွင်းကစားမှာမဟုတ်ဘူးလို့  ထင်မြင်မိပါတယ် ။ ရန်ကုန်အသင်းအနေနဲ့  ခံစစ်ကစားပုံ ကျစ်လစ်ပြီး ပေးဂိုးလည်းဒီထက်ပိုနည်းသွားပါလိမ့်မယ် ။ အဝေးကွင်းနိုင်ပွဲ ရှားပါးနေတဲ့  ရန်ကုန်ရဲ့ သမိုင်းကြောင်းကို ပြောင်းပြန်လှန်နိုင်မယ့်သူတစ်ယောက်လို့  သုံးသပ်ချင်ပါတယ် ။ ဒါပေမယ့် အသင်းငယ်တွေနဲ့ ပွဲတွေမှာ လူစုံမထုတ်ပဲ ပွဲထွက်မှုကြောင့် မထင်မှတ်ပဲ သေ၇ပွဲဖြစ်နိုင်ပါတယ် ။ အသင်းငယ်တွေနဲ့  ကစားတဲ့အခါ အရင်လို ဂိုးပြတ်မကန်ပဲ အနိုင်ရယုံလောက်နဲ့  လူငယ်တွေထည့်ပီး ပွဲကို ထိန်းကစားနိုင်ပါတယ်။ အရင်လို  အသင်းကြီးတွေနဲ့  ထိပ်တိုက်တွေ့ ဆုံမှုတွေမှာ သေ၇ပွဲများခြင်းကိုတော့ အဆုံးသတ်ပစ်မယ့်သူလို့  ယူဆမိပါတယ် ။ သူသာ ရန်ကုန်နည်းပြ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ရှုံးထွက်ဖလားရဖို့ ကတော့ လုံးဝသေခြာတယ်လို့ ထင်မြင်မိပါတယ် ။ လိဂ်ပြိုင်ပွဲမှာလည်း ထူခြားကောင်းမွန်တဲ့ အသင်းလိုက် ကစားကွက် ကောင်းကောင်းတွေ မြင်တွေ့ ကြရမယ်လို့ လည်း မျှော်လင့်မိပါတယ် ။ သူသာ ၇န်ကုန်ကို ယခုချိန်မှာ အမှန်တကယ်ရောက်လာခဲ့ရင် ဖလား၂လုံး ချန်ပီယံဘွဲ့ ကို ဆက်လက်ထိမ်းသိမ်းနိုင်ယုံမက နောက်နှစ် AFC ပြိုင်ပွဲတွေမှာလည်း ရန်ကုန်ယူနိုက်တက်ကို ကျေနပ်လောက်စရာ အဆင့်တစ်ခုထိ ပို့ ဆောင်ပေးနိုင်မယ်လို့  ကျွန်တော်ကတော့ ယူဆမိကြောင်းပါဗျာ ။။


                                                                                      ကောင်းမြတ်သူ

3 comments:

ko pwa said...

ကိုကြီးကောင်း ပြောထားတာလေး တော်တော်ကောင်းပါတယ် ကျွန်တော်လဲ အခုအချိန်ထိ ငွေခေတ်ကာလ နောက်ပိုင်း မြန်မာနည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြဖြစ်ခဲ့တယ်လို့ ယူဆထားပါတယ် မှတ်မိသလောက်ဆိုရင် သူက အင်ဒိုနဲ့ အာရှပွဲနွဲဖူးပြီး အနောက်အာရှက အသင်းကြီးတသင်းကိုတောင် အနိုင်ရအောင် ကစားစေခဲ့တယ် လို့ထင်တယ် ရန်ကုန်အတွက်တော့ အကောင်းဆုံးရွေးချယ်မှုလို့ထင်လို့ပါတယ် ဒါပေမယ့် ကျွန်တော်သိသလောက်သူက အင်္ဂလိပ်လို မတတ်ဘူး ရုရှလိုပဲ ပြောတတ်တယ် ဒါတော့နဲနဲခက်မယ်ထင်ပါတယ် ဒါနဲ့ ကိုကြီးကောင်းရေ စင်္ကာပူပွဲ အနီကတ်မှာ ခင်မောင်လွင်မပါဘူးထင်တယ် သိပ်တော့မသေချာပါဘူး ရန်ပိုင် နဲ့ မိုးကျော်သူ နောက်ပိုင်း အရံဂိုးသမားလို့ထင်ပါတယ် ရန်ပိုင်က ၂:၀ အချိန်မှာ မလိုအပ်ပဲ နောက်ကပိုင်းလို့ အထုတ်ခံရတာပါ အဲဒီ့အချိန်မှာ ကိုလဗ်က No Slide လို့အော်ခဲ့တယ်လို့တောင် ဖြေထားတာမှတ်မိနေပါတယ်

Unknown said...

ကျွန်တော်မှတ်မိသလောက် အဲဒီတုန်းက မြန်မာက ၃ယောက်တောင် အနီကတ်ထိတယ်ထင်တယ်ဗျ ။ ခင်မောင်လွင်နီတာက ဘာမှမလုပ်လိုက်ရဘဲ ဘွက်ထနေတဲ့ ကွင်းမှာ ဒိုင်ဆုံးဖြတ်တာကိုမကျေနပ်လို့  ဒိုင်ဘက်လှည့်ပီး မြေကြီးကိုကန်လိုက်တာ ဒိုင်ကိုဘွက်စင်သွားလို့  အနီကတ်ပြတယ်ထင်တယ်ဗျ ။ နှစ်တွေကလည်းကြာဘီဆိုတော့ မေ့တော့မေ့နေဘီဗျ ။အဲဒီတုန်းက ပယ်နယ်တီပေးခဲ့ရတယ်လို့ လဲမှတ်မိနေတယ်။ လူစားလဲဝင်လာတဲ့  အင်ဒရာ ကန်တာ မ၀င်လို့  အချိန်ပိုရောက်ခဲ့တယ် ထင်တယ်ဗျာ ။
ဒါနဲ့  ကိုပွားရေ ကျွန်တော်က အသက် ၂၃ ပဲ၇ှိပါသေးတယ်ဗျာ ။

namelezz said...

ဒိုင် ကိုဗွက်ဆင်သွားလို့ အနီထိတာတော့ သေချာမှတ်မိတယ်.. ကစားသမားတော့ မမှတ်မိဘူးး