အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ရန်ကုန် - မန္တလေး အလှမ်းမဝေးတော့ပါ ......


                            ရန်ကုန်ယူနိုက်တက် အမာခံပရိသတ်များဖြင့် ဖွဲ့ စည်းထားသော ကျွန်တော်တို့  Yangon United Warriors ( www.ygnutdfans.com ) အဖွဲ့ သားများသည် ရန်ကုန်ယူနိုက်တက်    အသင်း၏ အဝေးကွင်းပွဲစဉ်ဖြစ်သော ဇေယျာရွှေမြေနှင့် ပွဲစဉ်သို့  သွားရောက်အားပေးရာ မန္တလေးမြို့ တွင်
ခရီးတစ်ထောက်နား၍ မန္တလေး မဟာမြတ်မုနိဘုရားကြီးအား ဦးတိုက်ကြည်ညိုကာ ရင်းနှီးချစ်ကြည်မှု ရရှိပြီးဖြစ်သော ရတနာပုံ ပရိသတ်အမာခံပရိသတ်များအဖွဲ့  (www.yadanarbonfans.com) နှင့်
တွေ့ ဆုံခဲ့ပါသည် ။
                            ရန်ကုန်ယူနိုက်တက် အမာခံစစ်သည်တော်များအဖွဲ့  အနေဖြင့် အဖွဲ့  စတင်တည်ထောင်စဉ်ကတည်းကပင် MNL ပရိသတ်များနှင့်  ချစ်ကြည်ရင်နှီးမှုကို ဖေါ်ဆောင်ရန် အစဉ်တစိုက်  ကြိုးပမ်းခဲ့ပါသည် ။ ရတနာပုံပရိသတ်များ ရန်ကုန်မြို့ သို့  လာရောက်အားပေးစဉ် ကတည်းကပင် သွားရောက်တွေ့ ဆုံ နှုတ်ဆက်ခဲ့ကာ ယခုတွေ့ ဆုံမှုမှာမူ ဒုတိယအကြိမ်ဖြစ်ပြီး ယခုအကြိမ်တွင်မူ နှစ်ဖက်အဖွဲ့သားများ ပိုမို၍ စုံလင်စွာပါဝင်ခဲ့ပါသည် ။
                            တွေ့ ဆုံမှုကို မန္တလေးမဟာမြတ်မုနိ ဘုရားကြီးရင်ပြင်တော်ပေါ်တွင် ပြုလုပ်ခဲ့ပြီး
နှစ်ဘက်ပရိသတ်များ တစ်ဦးချင်း မိတ်ဆက်ကာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေခဲ့ပါသည်။
ရတနာပုံပရိသတ်များအဖွဲ့ မှ စားသောက်ဖွယ်ရာများနှင့် ရန်ကုန်ပရိသတ်များအား ဧည့်ခံခဲ့ပါသည် ။
ထို့ နောက် ပရိသတ်များအချင်းချင်း အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည် ။

                            ရန်ကုန်-မန္တလေး တို့ သွေးချင်းတို့
                            ညီရင်းအစ်ကိုပမာ  လက်တွဲကာဖြင့်
                            အခက်အခဲဟူသမျှ  အတူတကွရင်ဆိုင်
                            ယှဉ်ပြိုင်မျှတ  အားပေးကြကာ
                            တို့ မြန်မာလိဂ်  ကမ္ဘာသိအောင်
                            တို့ စွမ်းဆောင်မည်   ချစ်ကြည်ခြင်းတို့ မြဲစေသောဝ် ။
                                                                               
                                                                                                      ကောင်းမြတ်သူ  
                           
                           
                           
                           
                            
                          

မုံရွာမြေမှာ ပထမဆုံး နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးတင်မောင်ထွန်း

















                       
                            ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့  ချန်ပီယံလမ်းကြောင်းပေါ်က သွေဖယ်မသွားစေဖို့  အရေးကြီးတဲ့ ပွဲစဉ်မှာ  အနိုင်ရလာဒ်ရရှိအောင် စွမ်းဆောင်  နိုင်ခဲ့ပါတယ် ။ အရင်ကေ ဇ ယျာ ရွှေမြေနဲ့  မုံရွာကွင်းမှာ ယှဉ်ပြိုင်ခဲ့ သမျှ မှာ ရန်ကုန် ယူနိုက်တက်  အသင်းဟာ ဇေယျာရွှေမြေကို တစ်ကြိမ်တစ်ခါမှ အနိုင်ယူ  နိုင်ခြင်း မရှိခဲ့သလို ၂ကြိမ်စလုံး ကစားသမား တစ်ယောက် ထုတ်ခံခဲ့ရ ပြီး ရှုံးနိမ့်ခဲ့ပါတယ် ။ ဒီတစ်ကြိမ်မှာတော့  အ၀ါကတ်တောင် ပြသခြင်းမခံခဲ့ရပဲ အနိုင်ရလာဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ကစားသမားတွေကို ကောင်းကောင်း ထိန်းကျောင်းနိုင်တဲ့  နည်းပြသစ်ရဲ့  အစွမ်းအစကြောင့်လို့  ပြောနိုင်သလို    ကစားသမားတွေရဲ့  အကောင်းဆုံး  စွမ်းဆောင်မှုနဲ့   တာဝန်ကျေပွန်မှု ၊ မိမိ ကိုယ်ကို ထိန်းချုပ်နိုင်မှု စတဲ့အပိုင်းတွေမှာ တိုးတက်လာတာကြောင့်လို့  ပြောရမှာပါ ။
                        ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ အသင်းလိုက်ရော တစ်ဦးချင်းပါ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဇေယျာရွှေမြေ  အသင်းကို အဝေးကွင်းမှာ   ပေးဂိုးမရှိခဲ့ပဲ ပေးဂိုးအနည်းဆုံး  အသင်းဆိုတဲ့ အခြေအနေကောင်းတစ်ရပ်ကို  ဆက်လက်ပုံဖေါ်နိုင်ခဲ့ပါတယ် ။ ဒီပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကြည်လင်းမပါဝင်နိုင်ခဲ့ပေမယ့် ကွင်းလယ်ပိုင်းမှာရော တိုက်စစ်မှာပါ ထက်မြက်ခဲ့ပါတယ် ။   ဂိုးသမား နိုင်ဇေယျာထွန်း ဒါဏ်ရာ  ရရှိခဲ့ပေမယ့် လူငယ်ဂိုးသမား တေဇာအောင် အကောင်းဆုံး ဖြည့်စွက်တာဝန်ယူနိုင်ခဲ့တာကြောင့် ရန်ကုန်အသင်းဟာ အခုလို အနိုင်ရလာဒ်ကို ရရှိခဲ့တာ ဖြစ်ပါတယ် ။
                    
ရန်ကုန်အသင်းရဲ့  တစ်လုံးတည်းသော အနိုင်ဂိုးကို  ရာဇာဝင်းသိန်းက သွင်းယူခဲ့ပါတယ် ။ သူဟာ ဒီပွဲမှာ ပွဲချိန်ပြည့် ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။ 


                ဒီအနိုင်ရလာဒ်ဟာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အလွန်ချိုမြိန်တဲ့ အောင်ပွဲတစ်ခု ဖြစ်ခဲ့ပြီး ယခုနှစ်ရာသီမှာ ဇေယျာရွှေမြေအသင်းကို အိမ်ကွင်းရော အဝေးကွင်းပါ ၂ကျော့လုံး အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ် ။အသင်းပိုင်ရှင်နဲ့  တာဝန်ရှိသူတွေ ၊အသင်း နည်းပြ ၊ ကစားသမား ၊ ပရိသတ် တွေရဲ့  စုပေါင်းအားနဲ့  ရယူနိုင်ခဲ့တဲ့  အောင်မြင်မှု ဆိုရင်လည်း မမှားပါဘူးဗျာ ။


                  လက်ရှိ အမှတ်ပေးဖလားနဲ့  ရှုံးထွက် ဖလား၂လုံးချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်း အနေနဲ့ 
ဒီလို တက်ကြွညီညွတ်တဲ့  စိတ်ဓါတ်တွေ ၊ အကောင်းဆုံး ကြိုးစားအားထုတ်မှု တွေနဲ့  ဆက်လက် ခရီးဆက်မယ် ဆိုရင်တော့  ဒီရာသီမှာလည်း ဖလား၂လုံး ရဖို့   သေခြာနေပြီလို့ လုံးဝ ယုံကြည်မိပါတယ် ။



ဒါကြောင့် နောက်လာမယ့် ပွဲတွေမှာ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့  ယခုပွဲစဉ်လိုပဲ အောင်ပွဲတွေ ခံယူတာကို ကျွန်တော်တို့  ဆက်လက် စောင့်မျှော် ကြည့်ရှုအားပေးကြပါစို့ ဗျာ ။



အိုင်ဗန်ကိုလက်ဗ် လက်ထက် မြန်မာအသင်း နဲ့  ဖလော်ပါလက်ထက် မြန်မာအသင်း

အိုင်ဗန်ကိုလက်ဗ်လက်ထက် မြန်မာအသင်းက အုပ်စု ပထမနဲ့  ဆီမီးတက်လာပီး ဆီမီးမှာ အိမ်ကွင်းအနေနဲ့  မလေးကွင်းမှာ ကန်ခဲ့ရတယ် ။ရှုံးခဲ့တယ် ။ ဒါပေမယ့် စင်ကာပူကွင်းမှာ အနိုင်ကန်နိုင်ခဲ့လို့  အချိန်ပိုကန်ခွင့်ရတယ် ။ ဒါပေမယ့်လည်း ရင်နာစရာကောင်းခဲ့ပါတယ် ။ ဒုတိယအကျော့မှာ ကစားသမားတွေ စိတ်လှုပ်ရှားမှုတွေများပီး  အနီကတ်တွေမထိရင် ကိုယ့်နိုင်ငံမှာသာ အိမ်ကွင်းကစားခဲ့ရရင် ဆိုတဲ့ အတွေးတွေ ခံစားချက်တွေနဲ့ ကျွန်တော့်စိတ်ထဲ ခံပြင်းမှုတွေရှိခဲ့ဖူးတယ် ။  ကျွန်တော်ဒါနဲ့ပဲ you tube မှာ ရှာကြည့်ခဲ့ပါတယ် ။ ကံကားလျော်စွာ အခြားပွဲတွေ ရှာမတွေ့ ပေမယ့် စင်ကာပူနဲ့ပွဲကို  တွေ့ ခဲ့တယ် ။  ဒီမှာ တင်ပေးလိုက်ပါတယ် ။ စိုးမြတ်မင်းတို့ အောင်ကျော်မိုးတို့  အောင်အောင်ဦး ရန်ပိုင် ၊ မင်းသူတို့ အရမ်းကောင်းခဲ့တာ တွေ့ ရမှာပါ ။ဘာပဲဖြစ်ဖြစ် ကစားသမားတွေကို ကျွန်တော်အပြစ်မတင်ချင်ဘူး ။ သူတို့ မှာ သူများနိုင်ငံမှာ အိမ်ကွင်းကစားခဲ့ရတဲ့ ခံစားချက် ၊ အားငယ်စိတ် ရှိခဲ့မှာပဲ ။ ဒိုင်တွေကလည်း အဲဒီတုန်းက တရားမျှတမှုမရှိခဲ့ဘူးလို့ ထင်တယ် ။ဘာပဲဖြစ်ဖြစ် ကျွန်တော်အဲဒီတုန်းက မြန်မာအသင်းက ကစားသမားတွေ နဲ့ နည်းပြကို ချီးကျူးတယ်ဗျာ ။



ကျွန်တော် ရန်ကုန်နည်းပြ အဲရစ်ထွက်သွားတော့ မျှော်လင့်မိတယ်  ... အရင်က မြန်မာနည်းပြတစ်ယောက်လောက် ရန်ကုန်ရောက်လာရင်ကောင်းမယ်လို့ ပေါ့ ။ ဒါပေမယ့် ကျွန်တော်အမှန်တိုင်းပြောပါမယ် ။ကျွန်တော်အိုင်ဗန်ကိုလက်ဗ်ကို မေ့နေမိတယ် ။

ကျွန်တော်သတိရတာက ဖလော်ပါ ပါ ။ ဖလော်ပါက ၂၀၀၇မှာ မြန်မာ ယူ၂၃ ကို ကိုင်တွယ်တယ် ။ ဆီးဂိမ်းမှာ ဒုတိယရအောင် လုပ်နိုင်ခဲ့တယ် ။ဒါပေမယ့် ၂၀၀၈ မှာ  တိုက်ဂါးဖလားကို အမည်ပြောင်းလိုက်တဲ့ ဆူဇူကီးဖလားမှာ ကိုင်တွယ်ခွင့်မရလိုက်ပါဘူး ။ ဒါတောင် ၂၀၀၈ နိုင်ဝင်ဘာမှာ ဆူဇူကီးကန်ဖို့ နီးကပ်နေတဲ့အချိန်မှာတောင် ဂရမ်းရွိုင်ရယ် ဖိတ်ဖေါ်ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် လုပ်ပေးခဲ့ပါသေးတယ် ။ဘာလို့ ဆူဇူကီးမှာ တာဝန်ဆက်မပေးခဲ့လဲတော့ မပြောတတ်တော့ပါဘူး ။
၂၀၀၇ ဆီးဂိမ်းမှာ မြန်မာဟာ အုပ်စုတွင်းမှာ ထိုင်း ကို ၃-၂နဲ့ရှုံး ၊ အင်ဒိုကို ၀- ၀ သရေ ၊  ကမ္ဘောဒီးယားကို ၆-၂ နဲ့နိုင်ပီး အင်ဒိုနဲ့ ၄မှတ်ချင်းတူ ဂိုးသာပီး အုပ်စု ဒုတိယနဲ့  ဆီမီးတက်ပါတယ် ။ ဆီမီးမှာ ဗီယက်နမ်ကို ၀-၀သရေ ပယ်နယ်တီနဲ့နိုင် ။ ဗိုလ်လုပွဲမှာ တော့ ထိုင်းကို ၂-၀ နဲံရှုံးပါတယ် ။ အဲဒီတုန်းက ထိုင်းက အိမ်ရှင်ပါ ။ ၀ီနိုထိုင်းတို့ ခေတ်ပေါ့ဗျာ ။ အဲဒီတုန်းက ဂိုးသမားက ကျော်ဇင်ထက်ပါ ။ ကျော်ဇင်ထက်ရဲ့  ပယ်နယ်တီ လက်စွမ်းလေး ကြည့်ပါဦးဗျာ ........

ဗီယက်နမ်နဲ့ပွဲပါ ။



၂၀၀၈မှာ အောက်တိုဘာလ မှာ မာဒေးကားပြိုင်ပွဝြင်ခဲ့တာမှာတော့ ဆီမီးမှာ အိမ်ရှင်မလေးကို ၄-၀ နဲ့ ရှုံးခဲ့ပါတယ် ။
၂၀၀၈ သြဂုတ်လတုန်းကတော့ မြန်မာဟာ AFC Challenge Cup မှာ နီပေါကို ၃- ၀ သီရိလင်္ကာကို ၃- ၁ နဲနိုင်ပီး မြောက်ကိုရီးယားကို ၁-၀ နဲ့ ကပ်ရှုံးကာ အုပ်စုဒုတိယနဲ့ ဆီမီးတက်ပါတယ် ။ ဆီမီးမှာ အိမ်ရှင် အိန္ဒိယကို ၁- ၀နဲ့  ကပ်ရှုံးခဲ့ပါတယ် ။ ဒါပေမယ့် ခြေစွမ်းကတော့ အရမ်းကောင်းခဲ့ပါတယ် ။ ဂုဏ်ငယ်စရာ မရှိခဲ့ပါဘူး ။
ကျွန်တော် ဖလော်ပါကို ရန်ကုန်နည်းပြ ဖြစ်စေချင်ခဲ့ပါတယ် ။ ဒါပေမယ့် အခုရောက်လာတဲ့  နည်းပြ အိုင်ဗန်ကိုလက်ဗ်ကလည်း ခေသူမဟုတ်တော့ ကျွန်တော်ကျေနပ်မိပါတယ် ။

အိုင်ဗန်ကိုလက်ဗ်အနေနဲ့  သူ့လက်ထက်မှာ မြန်မာ့လက်ရွေးစင်အသင်းကို ကျေနပ်လောက်စရာ စွမ်းဆောင်မှုတွေပြုလုပ်နိုင်ခဲ့တယ်လို့  ဆိုရမှာပါ ။

ရန်ကုန်ယူနိုက်တက်မှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်ပါစေ အိုင်ဗန်ကိုလက်ဗ်ရေ......


မြန်မာ့လက်ရွေးစင် နည်းပြဟောင်း အိုင်ဗန်ကိုလက်ဗ်ကို ရန်ကုန်အသင်း ခေါ်ယူ

ရန်ကုန် ယူနိုက်တက် အသင်းသည် မြန်မာ့ လက်ရွေးစင် နည်းပြဟောင်း အိုင်ဗန်ကိုလက်ဗ်ကို (၅)လ စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ မေလ ၂၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာပြီးနောက် အသင်းပိုင် YUSC ကွင်းရှိ အသင်း အထွေထွေ မန်နေဂျာ ရုံးခန်း၌ စာချုပ်ခဲ့ခြင်း ဖြစ်သည်။

“၂၀၀၄ ခုနှစ်တုန်းက မြန်မာ ဘောလုံး လောကနဲ့ အခု အခြေအနေ ကတော့ နှိုင်းယှဉ်ဖို့ ခက်ခဲပါတယ်။ မြန်မာ ဘောလုံး လောက အကြောင်းကိုလည်း တစ်လလောက် အချိန်ယူ လေ့လာရ ဦးမယ်။ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ ကစားသမား တွေအကြောင်းကိုလည်း လေ့လာရ ဦးမှာပါ။ ရာသီကုန်မှာ ချန်ပီယံ ဖြစ်မယ်လို့ မပြောနိုင် ပေမယ့် ချန်ပီယံဘွဲ့ ထိန်းနိုင်အောင်တော့ ကျွန်တော်ရဲ့ အကောင်းဆုံး စွမ်းအင်တွေကို ပေးဆပ် သွားမှာပါ။ ရန်ကုန် အသင်းရဲ့ ဖွဲ့စည်းပုံနဲ့ ဆိုရင် အောင်မြင်မှု လမ်းကြောင်း ပေါ်ကနေ ချော်ကျသွားဖို့ မရှိပါဘူး” ဟု ရန်ကုန် ယူနိုက်တက် အသင်း၏ နည်းပြချုပ် အသစ်က ပြောကြားသည်။

မြန်မာ့ လက်ရွေးစင် နည်းပြဟောင်း အိုင်ဗန်ကိုလက်ဗ်သည် ဇေယျာရွှေမြေနှင့် ကစားမည့် ပွဲစဉ်ကို လေ့လာသူ အဖြစ် လိုက်ပါမည် ဖြစ်ပြီး ဇူလိုင်လ (၇) ရက်နေ့တွင် ကစားမည့် ဟံသာဝတီ-ရန်ကုန် ယူနိုက်တက် ပွဲမှစ၍ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။

အိုင်ဗန်ကိုလက်ဗ်သည် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် (၁၇)အပြီးတွင် တစ်လကြာ ရပ်နားမည့် ကာလ၌ ရန်ကုန် အသင်းကို အသေးစိတ် လေ့လာမည် ဖြစ်ပြီး သေချာပေါက် အောင်မြင်မှု ရမည်ဟုလည်း ယုံကြည်လျက် ရှိသည်။

နည်းပြချုပ် အသစ် ခေါ်ယူခြင်းနှင့် ပတ်သက်၍ အသင်း အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက မိမိတို့ အသင်းသည် ချန်ပီယံဘွဲ့ ကာကွယ်နိုင်ရေး အတွက်သာ ပစ်မှတ်ထား ကစားလျက် ရှိကြောင်း၊ ဒုတိယဆု ရမည် ဆိုလျှင် ပရိသတ်များက ကျေနပ်မည် မဟုတ်ကြောင်း၊ ရန်ကုန်မြို့ခံ ပရိသတ် များ၏ ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်ရန် ကြိုးစားလျက် ရှိကြောင်း ပြောကြားသည်။

အိုင်ဗန်ကိုလက်ဗ်၏ ကိုယ်ရေး အကျဉ်း ….

အိုင်ဗန် ဗန်ကို ကိုလက်ဗ်
၁၄.၇.၁၉၅၇ (၅၅)နှစ်

နောက်ဆုံး ၁၂ နှစ် အတွင်း တာဝန်ယူခဲ့သည့် အသင်းများ

ဘူဂေးရီယား ယူ-၂၀ (၂၀၀၀-၂၀၀၂)
အင်ဒိုနီးရှား (၂၀၀၂-၂၀၀၄)
မြန်မာ (၂၀၀၄-၂၀၀၅)
မီထရာကူကာ (၂၀၀၆)
ဂျာရာပူလာ (၂၀၀၇)
အင်ဒိုနီးရှား (၂၀၀၇)
ဘူဂေးရီးယား ယူ-၂၀ (၂၀၀၈-၂၀၀၉)
ဆီရီဂျာရာ (၂၀၁၀-၂၀၁၁)
ပရိုဒူတာ (၂၀၁၂)


www.ygnutd.com

ရန်ကုန်နည်းပြချုပ်တစ်ဦးအဖြစ် အိုင်ဗန်ကိုလက်( ဗ် ) ကို မြင်ကြည့်ခြင်း

              အိုင်ဗန်ကိုလက်(ဗ် ) ဟာ အရှေ့ တောင်အာရှဒေသတွင်းက အင်ဒိုနီးရှားလက်ရွေးစင်အသင်းကို ၂၀၀၂ ခုနှစ်မှာ ကိုင်တွယ်ခဲ့ဖူးပြီး တိုက်ဂါးဖလားပြိုင်ပွဲမှာ ဒုတိယရစေခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။ ဒုတိယဆိုပေမယ့် မိနစ် ၉၀ တွင်းမှာ သရေ ဖြစ်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ သာ ရှုံးနိမ့်ခဲံတာ ဖြစ်ပါတယ် ။ ပြိုင်ပွဲတစ်လျောက်မှာလည်း မိနစ် ၉၀ တွင်း  လုံးဝ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။
              ၂၀၀၄ မှာတော့ ကျွန်တော်တို့  မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၀၄ တိုက်ဂါးဖလားမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မြန်မာအသင်းကို အုပ်စုဗိုလ်အဖြစ် ဆီးမီးဖိုင်နယ်ကို ပို့ ဆောင်ပေးခဲ့သူ တစ်ယောက်ဖြစ်ပါတယ် ။ ဖိလစ်ပိုင်ကို ၁- ၀ နဲ့  အနိုင်ကန်ပြီး ထိုင်းကို ၁-၁ သရေ ၊ မလေးကို ၁-၀ နဲ့  အနိုင်ရအောင် စွမ်းဆောင်ခဲ့ပြီး ရမှတ် ၁၀မှတ်နဲ့  ရှုံးပွဲမရှိ အုပ်စုဗိုလ်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ် ။
               အဲဒီတုန်းက မြန်မာအသင်းအနေနဲ့  ဆီမီးဖိုင်နယ်မှာ စင်ကာပူနဲ့  အိမ်ကွင်းအဝေးကွင်း ကစားခဲ့ရပီး အိမ်ကွင်းအဖြစ် မလေးရှားမှာသာ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပါတယ် ။ ပထမအကျော့ မလေးမှာ ၄-၃ နဲ့   ရှုံးခဲ့ပေမယ့် ဒုတိယအကျော့မှာ ၂- ၁ နဲ့နိုင်တဲ့အတွက် အချိန်ပို ကစားခဲ့ပြီး အနီကတ်တွေ ထိခဲ့လို့ ရှုံးနိမ့်ခဲ့တာပါ  ။ ခင်မောင်လွင်ဟာ အဲဒီတုန်းကတည်းက  အိုင်ဗန်ကိုလက်ဗ်နဲ့  ဆရာတပည့် ဖြစ်ခဲ့ပီး စင်ကာပူနဲ့ ပွဲ  အနီကတ်ထိခဲ့တဲ့သူထဲမှာ ပါဝင်ခဲ့တယ်လို့  ကျွန်တော်မှတ်မိခဲ့ပါတယ် ။တတိယလုပွဲမှာတော့ အဓိက ကစားသမားတွေ မပါခဲ့တဲ့  မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တုန်းက နိုင်ခဲ့တဲ့  မလေးရှားကို ၂-၁နဲ့  ရှုံးနိမ့်ခဲ့ပါတယ် ။ အဲ့ဒီပြိုင်ပွဲမှာတော့ စင်ကာပူက အင်ဒိုကို အဝေးကွင်းမှာ ၃- ၁  အိမ်ကွင်းမှာ ၂- ၁ နဲ့  နိုင်ပီး ဗိုလ်စွဲခဲ့ပါတယ် ။ မြန်မာအသင်းသာ အိမ်ကွင်းအနေနဲ့  ကိုယ့်နိုင်ငံမှာ ကန်ခွင့်ရခဲ့မယ်ဆိုရင် ဒုတိယအကျော့မှာသာ အနီကတ်တွေ မထိခဲ့ရင် ကျွန်တော်တို့  စင်ကာပူကို ကျော်ဖြတ်ဗိုလ်စွဲနိုင်မယ်လို့  ယူဆမိပါတယ် ။အဲဒီပြိုင်ပွဲမှာ စင်ကာပူဟာ မွေးစားသားတွေ စသုံးခဲ့တယ်လို့ 
မှတ်မိခဲ့ပါတယ် ။
                 အိုင်ဗန်ကိုလဗ်အနေနဲ့  အင်ဒိုကလပ်အသင်းတွေဖြစ်တဲ Persija Jakarta, Mitra Kukar,
Persipura Jayapura Sriwijaya FC စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ဘူဂေးရီးယား လူငယ်အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ် ။  နောက်ဆုံးအနေနဲ့  အင်ဒိုကလပ် Pro Duta FC ကို တာဝန်ယူနေတာဖြစ်ပါတယ် ။  အိုင်ဗန်ကိုလဗ် ရဲ့  နည်းပြမှတ်တမ်းတွေကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ် ။
1982–1987 Levski Sofia
1987–1992 Iskar
1993–1994 Slavia Sofia
1995–1996 Dunav Ruse
1996–1997 Kremnikevci FC
1997–1998 Bulgaria U-19 (ast.)
1998 Bulgaria U-19
1999 Persija
2000–2002 Bulgaria U-20
2002–2004 Indonesia
2004–2005 Myanmar
2006 Mitra Kukar
2007 Persipura Jayapura
2007 Indonesia
2008–2009 Bulgaria U-20
2010–2011 Sriwijaya FC
2012- Pro Duta FC



                သူဟာ ကျွန်တော်မှတ်မိသလောက်ဝေဖန်ရရင် အင်ဒိုကို တိုက်ဂါ်းဖလားမှာ ကိုင်တွယ်တုန်းက ခြေစွမ်းထက် ကစားသမားအချို့ ကို အရေးမပါတဲ့ ပွဲတွေမှာ ချန်လှပ်ထားပီး လိုအပ်မှ လူစားလဲ ၀င်ကစားစေခဲ့တာကို တွေ့ ရပါတယ် ။ သူဟာ မြန်မာအသင်းကို ကိုင်တွယ်တုန်းကလည်း ခံစစ်ကို အကောင်းဆုံး ဖြစ်စေခဲ့ပြီး ၄ - ၅ - ၁ ပုံစံကို အသုံးပြုခဲ့တယ်လို့ အမှတ်ရမိပါတယ် ။ သူဟာ အသင်းငယ်တွေကို လျှော့တွက်လေ့ရှိပီး လူစုံမထုတ်ပဲ အနိုင်ရယုံလောက်သာ အာရုံစိုက်တတ်တဲ့သူလို့  ထင်မြင်မိပါတယ် ။  ခံစစ်ကို အဓိကလုံအောင် ကစားစေတတ်သူလို့  သုံးသပ်မိပါတယ် ။ တကယ်အရေးကြီးတဲ့ပွဲစဉ်တွေမှာတော့ သူဟာ သူ့ ရဲ့  အရည်အချင်းကို အကောင်းဆုံးပြသတတ်သူ တစ်ယောက် ဖြစ်တယ်လို့ ယူဆမိပါတယ် ။

               သူသာ ရန်ကုန်အသင်းကို အမှန်တကယ်ေ၇ာက်လာမယ်ဆိုရင် အသင်းက လူငယ်ကစားသမားတွေ အရန်ကစားသမားတွေ အနေနဲ့  ယခုထက်ပိုမိုပီး ပွဲထွက်ကစားခွင့်ရလာမယ်လို့  ယူဆမိပါတယ် ။ အသင်းက နိုင်ငံခြားသားကစားသမားတွေကို ယခင်လို ပွဲချိန်ပြည့် ပွဲစဉ်တိုင်း ထည့်သွင်းကစားမှာမဟုတ်ဘူးလို့  ထင်မြင်မိပါတယ် ။ ရန်ကုန်အသင်းအနေနဲ့  ခံစစ်ကစားပုံ ကျစ်လစ်ပြီး ပေးဂိုးလည်းဒီထက်ပိုနည်းသွားပါလိမ့်မယ် ။ အဝေးကွင်းနိုင်ပွဲ ရှားပါးနေတဲ့  ရန်ကုန်ရဲ့ သမိုင်းကြောင်းကို ပြောင်းပြန်လှန်နိုင်မယ့်သူတစ်ယောက်လို့  သုံးသပ်ချင်ပါတယ် ။ ဒါပေမယ့် အသင်းငယ်တွေနဲ့ ပွဲတွေမှာ လူစုံမထုတ်ပဲ ပွဲထွက်မှုကြောင့် မထင်မှတ်ပဲ သေ၇ပွဲဖြစ်နိုင်ပါတယ် ။ အသင်းငယ်တွေနဲ့  ကစားတဲ့အခါ အရင်လို ဂိုးပြတ်မကန်ပဲ အနိုင်ရယုံလောက်နဲ့  လူငယ်တွေထည့်ပီး ပွဲကို ထိန်းကစားနိုင်ပါတယ်။ အရင်လို  အသင်းကြီးတွေနဲ့  ထိပ်တိုက်တွေ့ ဆုံမှုတွေမှာ သေ၇ပွဲများခြင်းကိုတော့ အဆုံးသတ်ပစ်မယ့်သူလို့  ယူဆမိပါတယ် ။ သူသာ ရန်ကုန်နည်းပြ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ရှုံးထွက်ဖလားရဖို့ ကတော့ လုံးဝသေခြာတယ်လို့ ထင်မြင်မိပါတယ် ။ လိဂ်ပြိုင်ပွဲမှာလည်း ထူခြားကောင်းမွန်တဲ့ အသင်းလိုက် ကစားကွက် ကောင်းကောင်းတွေ မြင်တွေ့ ကြရမယ်လို့ လည်း မျှော်လင့်မိပါတယ် ။ သူသာ ၇န်ကုန်ကို ယခုချိန်မှာ အမှန်တကယ်ရောက်လာခဲ့ရင် ဖလား၂လုံး ချန်ပီယံဘွဲ့ ကို ဆက်လက်ထိမ်းသိမ်းနိုင်ယုံမက နောက်နှစ် AFC ပြိုင်ပွဲတွေမှာလည်း ရန်ကုန်ယူနိုက်တက်ကို ကျေနပ်လောက်စရာ အဆင့်တစ်ခုထိ ပို့ ဆောင်ပေးနိုင်မယ်လို့  ကျွန်တော်ကတော့ ယူဆမိကြောင်းပါဗျာ ။။


                                                                                      ကောင်းမြတ်သူ

MNL မှာ ပထမဆုံး နိုင်ပွဲရခဲ့တာ ရန်ကုန်အသင်း

မျိုးလှိုင်ဝင်းလက်ထက်မှာ ရန်ကုန်အသင်းဟာ အသင်းလိုက်ကစားကွက်ရော တစ်ဦးချင်းစွမ်းရည်ပါ အရမ်းကောင်းခဲ့ပါတယ် ။နိုင်ငံခြားသားကစားသမားတွေကိုလည်း သိပ်နေရာမပေးခဲ့ပါဘူး ။  ကြည်လင်းရဲ့  တတိယမြောက်ဂီုးဟာ အဆင့်မြင့်လွန်းပါတယ် ။ ဒီပွဲမှာ မျိုးမင်းထွန်းဟာ ပထမဆုံး MNL မှာ ဂိုးသွင်းသူဖြစ်ခဲ့ပါတယ် ။

မရမ်းချောင်း ပရဟိတ ဂေဟာသို့ ရန်ကုန် ယူနိုက်တက် စစ်သည်တော်များ အဖွဲ့ လှူဒါန်းမှု တစ်ခု ပြုလုပ်

ရန်ကုန် ယူနိုက်တက် အသင်း၏ အမာခံ ပရိသတ် အဖွဲ့တစ်ဖွဲ့ ဖြစ်သော Yangon United Warriors အဖွဲ့သည် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာရှိ မေတ္တာ ပရဟိတ ကျွေးမွေး စောင့်ရှောက်ရေး ဂေဟာသို့ အလှူငွေနှင့် တစ်နေ့စာ အာဟာရ ဒါန ပြုခဲ့ကြောင်း သိရသည်။

၎င်း ပရဟိတ ဂေဟာတွင် အနာကြီး ရောဂါသည် အဖိုး၊ အဘွား လူနာ စုစုပေါင်း (၆၅)ဦးကို လက်ရှိ အချိန်တွင် စောင့်ရှောက်ထားပြီး ပြင်ပ လူနာ အဖြစ် (၃၉)ဦး ရှိကြောင်း ဂေဟာ မှတ်တမ်းများ အရ သိရသည်။

ရန်ကုန် ယူနိုက်တက် စစ်သည်တော်များ ဖန်အဖွဲ့သည် ဂေဟာသို့ အလှူငွေ ကျပ် (၁၁၀၀၀၀/-) အပြင် မနက်စာ၊ နေ့လည်စာ၊ ညနေစာ တို့ကိုပါ ဒါန ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ရောဂါ ဝေဒနာ ခံစားနေရသည့် အနာကြီး ရောဂါသည် များကိုလည်း ရင်းနှီး နွေးထွေးစွာ အားပေး စကားများ ပြောကြားခဲ့ကြသည်။

ထို အလှူနှင့် ပတ်သက်၍ ဖန်အဖွဲ့ခေါင်းဆောင် ကိုမဟာက …

“မရမ်းချောင်း ပရဟိတ ဂေဟာကို ကျွန်တော်တို့ ဖန်အဖွဲ့ အလှူလုပ်တာ နှစ်ကြိမ် ရှိပါပြီ။ နှစ်ကြိမ်စလုံးကို ရန်ကုန် ယူနိုက်တက် အသင်း နာမည်နဲ့ လှူခဲ့တာပါ။ မြန်မာ နှစ်ဆန်း (၂) ရက်နေ့မှာ ရန်ကုန် ယူနိုက်တက် အသင်း အတွက် ကောင်းကျိုး တစ်ခု ပြုခွင့်ရတဲ့ အတွက် ကျေနပ်ပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲပြီး အလှူဒါန ပြုချင်တဲ့ သူငယ်ချင်းတွေ ကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားသည်။

အလှူမှတ်တမ်း ဓါတ်ပုံများကို အောက်ပါလင့်တွင် ကြည့်ရှု နိုင်ပါသည်။
https://www.facebook.com/media/set/?set=a.10151526268645226.855116.324058775225&type=1


www.ygnutd.com

ဦးပြည့်ဖြိုးတေဇ ကျောက်တန်းနှင့် သန်လျင်ရှိ သီလရှင် ကျောင်းများသို့ ကျပ်သိန်း (၁၂၀) လှူဒါန်း

  ၂၀၁၂ ဇန်န၀ါရီလ ၂၉ ရက်နေ့က ရန်ကုန် ယူနိုက်တက် အသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇသည် မွေးနေ့ အလှူအဖြစ် သန်လျင်မြို့နှင့် ကျောက်တန်းမြို့တို့ရှိ သီလရှင် ပညာရေး ကျောင်းများသို့ ငွေကျပ် သိန်း (၁၂၀) လှူဒါန်းခဲ့သည်။

ကျောက်တန်းရှိ ဇမ္မူဥသျောင် သီလရှင် စာသင်တိုက်နှင့် သီလရှင် စာသင်ကျောင်းသို့ န၀ကမ္ဗ အလှူငွေ ကျပ်သိန်း (၅၀) လှူဒါန်းခဲ့သလို နေ့ဆွမ်းပါ ဆပ်ကပ်ခဲ့ပြီး သန်လျင်မြို့ရှိ သီလ၀ါ သီလရှင် ပညာရေးကျောင်းသို့ ကျပ်သိန်း (၇၀) ထပ်မံ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် ယူနိုက်တက် အသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ လှူဒါန်းခဲ့သော သီလရှင်ကျောင်း နှစ်ကျောင်းလုံးမှာ ချို့တဲ့ ကလေးငယ်များနှင့် မိဘမဲ့ ကလေးငယ်များကို အမှန်တကယ် ပြုစုပျိုးထောင်ကာ ပညာဒါန ပြုနေသည့် ကျောင်းများဖြစ်ကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောကြားကြသည်။

သန်လျင်မြို့နယ် သီလ၀ါ သီလရှင်ကျောင်းမှ ဆရာလေး ဒေါ်ဧသုဝတီ က လှူဒါန်းခဲ့သည့် အလှူငွေများကို ကလေးများ အတွက် စာသင်ကျောင်း ဆောက်လုပ်ရာတွင် အဓိက သုံးစွဲသွားမည် ဖြစ်ကြောင်း ယခုလို ပြောကြားခဲ့သည်။

“အခု လှူသွားတဲ့ ငွေတွေကို ကလေးတွေ အတွက် နှစ်ထပ် စာသင်ဆောင် ဆောက်မှာပါ။ အခုဆို ဒီကျောင်းမှာ သူငယ်တန်းကနေ စတုတ္ထတန်း အထိ ကျောင်းသား/ ကျောင်းသူ (၇၀)လောက်ကို အခမဲ့ ပညာသင်ကြား ပေးနေပါတယ်။ ဆရာ၊ ဆရာမ (၃)ဦး ရှိပါတယ်။ ကလေးတွေရဲ့ ပညာရေး အတွက် လိုအပ်နေတဲ့ ကျောင်းဆောင် ဆောက်လုပ်ဖို့ လှူဒါန်းပေးတဲ့ ရန်ကုန် ယူနိုက်တက် အသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇနဲ့ လိုက်ပါ ဆောင်ရွက် ပေးခဲ့ကြ သူတွေကို အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလို လှူဒါန်း ပေးတဲ့အတွက် အရမ်း ၀မ်းသာပါတယ်။ သာဓုလည်း ခေါ်ပါတယ်” ဟု ဆရာလေး ဒေါ်ဧသုဝတီက ဆိုခဲ့သည်။

သီလ၀ါ သီလရှင် ကျောင်းတိုက်ကို လွန်ခဲ့သည့် (၆) နှစ် ၂၀၀၅ ခုနှစ်မှ စတင် တည်ထောင်ခြင်း ဖြစ်ကြောင်း၊ ကလေးများမှာ မြန်မာနှင့် ကရင်လူမျိုး များပြားကြောင်း၊ နောက်ထပ် အသစ် ရောက်လာသည့် ကလေးများကို နေရာ အခက်အခဲကြောင့် လက်ခံနိုင်ခြင်း မရှိသေးကြောင်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ဒေါ်ဧသုဝတီက ထပ်ပြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး အခြေခံပညာ ဘောလုံး အသင်းများအား YUFC အသင်း အားကစား ၀တ်စုံများနှင့် ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်

 

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက လမ်းမတော် မြို့နယ်၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်း ကျောင်းတွင် စခန်းဝင် လေ့ကျင့်လျှက် ရှိသည့် ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု ကျောင်းသား/ ကျောင်းသူများ ဘောလုံး အသင်းအား ရန်ကုန် ယူနိုက်တက် အသင်းက အားကစား ၀တ်စုံများနှင့် ငွေကျပ် ၁၀ သိန်း ထောက်ပံ့ ပေးအပ်ခဲ့သည်။

၎င်း အခမ်းအနားတွင် ရန်ကုန် ယူနိုက်တက် အသင်း အထွေထွေ မန်နေဂျာ ဦးကျော်သူဦးနှင့် ဦးအောင်ကျော်လွင်တို့က ငွေကျပ် ၁၀ သိန်းနှင့် အားကစား ၀တ်စုံများ ပေးအပ်ရာ ဦးအေးဝင်း (ဦးစီးအရာရှိ၊ အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန)နှင့် ဒေါ်တင်တင်ညို (ဒု-ဦးစီးမှူး(ကာယ)၊ အမှတ်(၃) အခြေခံပညာ ဦးစီးဌာန တို့က လက်ခံ ရယူခဲ့သည်။

ထို့နောက် ရန်ကုန် ယူနိုက်တက် အသင်း အထွေထွေ မန်နေဂျာ ဦးကျော်သူဦးသည် ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် အားကစားသမား များကို တွေ့ဆုံ နှုတ်ဆက် အားပေး စကား ပြောကြားခဲ့သည်။

နေပြည်တော်တွင် လာမည့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အခြေခံ ပညာ ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲကို ကျင်းပ ပြုလုပ်မည် ဖြစ်ရာ ရန်ကုန်တိုင်း ဒေသကြီး အနေဖြင့် အားကစားနည်း (၁၅)မျိုးကို လူအင်အား ၂၆၀ ဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

လမ်းမတော် မြို့နယ်ရှိ အမှတ် (၃) အခြေခံ ပညာကျောင်းတွင် ဘောလုံး အပါအ၀င်၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ မီနီတင်းနစ် အစရှိသည့် အားကစားနည်း (၅)မျိုးကို စခန်းသွင်း လေ့ကျင့် ပေးလျှက်ရှိသည်။

အဆိုပါ ပြိုင်ပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု ယူ-၁၆ နှစ်အောက် အမျိုးသား ဘောလုံး အသင်း (၂)သင်း၊ အမျိုးသမီး ဘောလုံး အသင်း နှစ်သင်း ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ ယင်းကစားသမားများ အတွက် အားကစား ၀တ်စုံများကို ရန်ကုန် ယူနိုက်တက် အသင်းက ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်ရန် အတွက် မိမိတို့ အနေဖြင့် အစွမ်းကုန် လေ့ကျင့် ပေးထားကြောင်းနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဦးစိုးမြင့်လွင်၊ ဦးဖုန်းနိုင် နှင့် အမျိုးသမီး ဘောလုံး အသင်းများ အတွက် မြန်မာ လက်ရွေးစင် ကစားသမား ဇင်မာဝမ်းက အနီးကပ် လာရောက် သင်ကြားပေးလျှက် ရှိကြောင်း အသင်း အုပ်ချုပ်သူ ဒေါ်တင်တင်ညိုက ပြောကြားခဲ့သည်။ 


www.ygnutd.com

"သဘာဝ တရားရိပ်သာ" သို့ ရန်ကုန် အသင်း ငွေကျပ် ငါးသိန်းတစ်သောင်း လှူဒါန်း

  ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန် ယူနိုက်တက် အသင်း ကစားသမားများနှင့် ၀န်ထမ်းများက ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ “သဘာဝ တရားရိပ်သာ” သို့ အလှူငွေကျပ် ၅၁၀၀၀၀ (ငါးသိန်းတစ်သောင်း) သွားရောက် လှူဒါန်းခဲ့ကြသည်။

ရန်ကုန် ယူနိုက်တက် အသင်း ကစားသမားများနှင့် ၀န်ထမ်းများသည် ယခင်ကလည်း မိမိတို့ ရရှိသည့် ဆုကြေးများကို ပရဟိတ လုပ်ငန်းများသို့ လှူဒါန်းလေ့ ရှိသလို ယခု တစ်ကြိမ်တွင်လည်း ခိုကိုးရာမဲ့ ဘိုးဘွားများကို ပြုစု စောင့်ရှောက် ပေးလျှက်ရှိသည့် “သဘာဝ တရား ရိပ်သာ” ကို သွားရောက် လှူဒါန်း ခဲ့ကြခြင်း ဖြစ်သည်။

အလှူငွေများကို ရန်ကုန် ယူနိုက်တက် အသင်း အုပ်ချုပ်သူ ဦးအောင်ကျော်လွင်၊ ဦးဌေးနိုင်နှင့် မီဒီယာ တာဝန်ခံ ဦးထွန်းထွန်းဝင်းတို့က ကစားသမားများနှင့် ၀န်ထမ်းများ ကိုယ်စား ပေးအပ် လှူဒါန်းရာ အဆိုပါ ရိပ်သာ တာဝန်ခံ ဒုဗိုလ်မှူးကြီး ကျော်အေး(ငြိမ်း)က လက်ခံ ရယူခဲ့သည်။

“သဘာဝ တရားရိပ်သာ” သည် ရန်ကုန်တိုင်း ဒေသကြီး၊ သံလျင် မြို့နယ်၊ ရွှေပေါ်ကျွန်းလမ်းတွင် ရှိပြီး ဆရာတော် ဦးဥတ္တမသာရက ၂၀၀၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။

အဆိုပါ ရိပ်သာတွင် အနယ်နယ် အရပ်ရပ်မှ ခိုကိုးရာမဲ့ အသက် ၆၀ မှ ၁၀၆ နှစ် အထိ ဘိုးဘွား ၄၄၂ ယောက်ကို ပြုစု စောင့်ရှောက် ပေးလျှက် ရှိသည့် အပြင် နာမကျန်းသည့် လူနာများကိုလည်း ပြုစုကုသ ပေးလျှက် ရှိသည်။

ရိပ်သာ တာဝန်ခံ ဒုဗိုလ်မှူးကြီး ကျော်အေး(ငြိမ်း)က ရန်ကုန် ယူနိုက်တက် အသင်း၏ အလှူ အတွက် ၀မ်းသာ စကားဆိုခဲ့သလို ၎င်း တာဝန်ယူ ထာသည့် သဘာဝ တရား ရိပ်သာ အကြောင်းကိုလည်း ယခုလို ပြောပြခဲ့သည်။

“ဒီရိပ်သာမှာ အသက် (၆၀)ကနေ ၁၀၆ နှစ်အထိ အဘိုး အဘွား ၄၄၂ ယောက် အပြင် အလုပ်သမား ၁၂၀ ကျော်နဲ့ သီလရှင်၊ ယောဂီ အားလုံးပေါင်း (၈၅၃) ယောက် ရှိပါတယ်။ အဲဒီ လူတွေ အကုန်လုံးကို ဆရာတော်က နေ့စဉ် ဆွမ်းခံပြီး ကျွေးနေတာပါ။ ဒီရိပ်သာကို ရောက်လာတဲ့ ခိုကိုးရာမဲ့ အဘိုးတွေ၊ အဘွားတွေကို အယုတ် အလတ် အမြတ် မရွေး လက်ခံပါတယ်။ ရန်ကုန် ယူနိုက်တက် အသင်းက အခုလို လာလှူတဲ့ အတွက် ကျေးဇူးတင်ပါတယ်…” 


www.ygnutd.com

ပရဟိတ ဂေဟာ တစ်ခုအား ရန်ကုန်ဖန် အဖွဲ့အစည်း တစ်ခု အလှူဒါန ပြုလုပ်ခဲ့

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန် စစ်သည်တော်များဟု အမည် ပေးထားသည့် ရန်ကုန်ဖန် အဖွဲ့တစ်ဖွဲ့သည် လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာရှိ အနာကြီး ရောဂါသည်များကို ပြုစု စောင့်ရှောက်သည့် “ပရဟိတ ကျွေးမွေး စောင့်ရှောက်ရေး ဂေဟာ” တွင် လှူဒါန်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန် စစ်သည်တော်များဟု အမည် ပေးထားသည့် အဆိုပါ အဖွဲ့သည့် ပရဟိတ ဂေဟာ အတွက် လိုအပ်သည့် ဆန်၊ ဆီ၊ ဟင်းချက် ပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ အပြင် အ၀တ်အထည်များ (တန်ဖိုးငွေကျပ် ၄ သိန်းခန့်) ကိုလည်း လှူဒါန်းခဲ့သည်။

အဆိုပါ ပရဟိတ ဂေဟာသည် အနာကြီး ရောဂါသည်များကို ကူညီ စောင့်ရှောက် ပေးနေသည့် အပြင် ခိုကိုးရာမဲ့ မိဘမဲ့ ကလေးများကိုလည်း ပြုစု စောင့်ရှောက် ပေးလျှက်ရှိသည်။

သွားလာရ ခက်ခဲပြီး ဂေဟာတွင် လိုအပ်နေသည့် အရာများထဲမှ အစိတ်အပိုင်း အချို့ကို လှူဒါန်း နိုင်ခဲ့သည့် အတွက် ၀မ်းသာကြောင်းနှင့် အဆိုပါ အလှူကို ရန်ကုန် ယူနိုက်တက် အသင်းအား ကိုယ်စားပြု၍ မိမိတို့ အဖွဲ့က လှူဒါန်းခဲ့ကြောင်း ရန်ကုန် စစ်သည်တော်များ အဖွဲ့၏ ခေါင်းဆောင် ကိုမဟာက ဆိုခဲ့သည်။

အနာကြီး ရောဂါသည် တွေဟာ လူမှု ပတ်ဝန်းကျင်မှာ မျက်နှာ ငယ်ရတဲ့ အတွက် အားငယ်မှုတွေ ရှိကြောင်း၊ အဲဒါကြောင့် မိမိတို့ အနေနဲ့ ဝေဒနာရှင် များနှင့် ရင်နှီး နွေးထွေးစွာ ဆက်ဆံခဲ့ကြောင်း၊ မိမိတို့ရဲ့ မိသားစု ပုံစံ ဆက်ဆံရေးကြောင့် အနာကြီး ရောဂါသည်တွေ ပျော်ရွှင်နေတာကို ကြည့်ပြီး လွန်စွာ ၀မ်းသာရပါကြောင်း အဆိုပါ အဖွဲ့ဝင် တစ်ဦးဖြစ်သော ကိုကောင်းမြတ်သူက ဆိုခဲ့သည်။

ရန်ကုန် စစ်သည်တော်များဟု အမည် ပေးထားသည့် ရန်ကုန်ဖန် အဖွဲ့သည့် ရန်ကုန် အသင်းအား အားပေးရန် အတွက် ၂၀၁၁ နိုဝင်ဘာလ အတွင်းတွင် စတင် ဖွဲ့စည်းခဲ့ပြီး www.ygnutdfans.com အမည်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင် website ကိုလည်း တည်ထောင်ခဲ့သည်။ 


www.ygnutd.com

ရန်ကုန်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းနှင့် တွေ့ဆုံခြင်း


မကြာသေးခင် ရက်ပိုင်း အတွင်းကမှ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ နည်းပြချုပ် ဖြစ်လာတဲ့ ဦးတင်မောင်ထွန်းကို ရန်ကုန် အသင်း မီဒီယာက တွေ့ဆုံ မေးမြန်းခဲ့ ပါတယ်။ အခု အင်တာဗျူးထဲမှာ ဦးတင်မောင်ထွန်းရဲ့ ဘောလုံး အယူအဆ၊ ရန်ကုန် အသင်း အပေါ် အမြင်နဲ့ မြန်မာ နေရှင်နယ်လိဂ် အသင်းတွေ အကြောင်းကို ဖော်ပြ ထားပါတယ်။

မေး - ပထမဆုံး အနေနဲ့ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ နည်းပြချုပ် ဖြစ်လာတဲ့ ဦးတင်မောင်ထွန်းကို မင်္ဂလာပါလို့ နှုတ်ဆက် ချင်ပါတယ်။ ဆရာရေ.. ဘောလုံး လောကမှာ ကျင်လည် နေတဲ့ နည်းပြ တွေဟာ ကိုယ်ပိုင် ဘောလုံး အယူအဆတွေ ရှိကြပါတယ်။ ဆရာကရော ဘောလုံးနဲ့ ပတ်သက်လို့ ဘယ်လို အယူအဆ တွေကိုများ လက်ကိုင် ထားပါသလဲ?

ဖြေ - ကျွန်တော်ကတော့ ဘောလုံး လောကမှာ အနိုင် ရဖို့ထက် မရှုံးရရေးက ပထမ ဦးစားပေးလို့ သတ်မှတ်ထားတယ်။ အင်အား နည်းတဲ့ အသင်းငယ် တွေနဲ့ ရင်ဆိုင်တဲ့ နေရာမှာ တိုက်စစ်ဆင်တာ သဘာဝ ကျပေမယ့် အင်အားချင်း တူလာမယ် ဆိုရင် ခံစစ်ကိုပဲ အပိုင် လုပ်ထားချင်တယ်။ ဘောလုံး မဆုံးအောင် အဓိက ထားပြီးမှ တိုက်စစ်ဆင်ဖို့ စဉ်းစားထားတယ်။ ကိုယ့်တိုင်းပြည် လုံခြုံအောင် လုပ်ပြီးမှ တစ်ခြား နိုင်ငံတွေကို စစ်ထွက်တိုက် သလိုမျိုး ပေါ့ဗျာ။

မေး - ဆရာက အရင် နည်းပြဟောင်း အဲရစ်ဝီလျံ မတိုင်ခင် ကတည်းက ရန်ကုန် အသင်းမှာ ရှိခဲ့သူ ဆိုတော့ အသင်း အကြောင်း ခရေစေ့ တွင်းကျ သိမှာပေါ့။ ပြီးခဲ့တဲ့ နှစ်က ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းက လက်ရှိ အသင်းထက် အင်အား ပိုကောင်းတယ် ဆိုရင် ငြင်းနိုင်မလား?

ဖြေ - အင်အား မကွာပါဘူး။ ဒီနှစ် အသင်းကတောင် ပိုကောင်းတယ်လို့ ဆိုနိုင်တယ်။ နိုင်ငံခြား ကစားသမား အားလုံးကလည်း အရင် ကစားသမား တွေထက် တစ်ဦးချင်း ခြေစွမ်းပိုင်း ပိုကောင်းတာ သိသာလွန်းတယ်။ ကစားကွက် ကလည်း (၄-၄-၂) ပါပဲ။ မနှစ်ကလည်း တိုက်စစ်မှူး နှစ်ယောက် ထားကစားတယ်။ ဒီနှစ်လည်း ဒီ အတိုင်းပဲ။ ပြည်တွင်း ကစားသမား တွေဆိုရင် အရင် နှစ်ကထက် အများကြီး ပိုကောင်းပြီး ရင့်ကျက်လာတယ်။ အောင်သိုက်၊ ဒေးဗစ်ထန်း၊ ရန်အောင်ကျော်၊ ကြည်လင်းနဲ့ ရန်အောင်ဝင်းတို့ဟာ သူတို့ရဲ့ အကောင်းဆုံး အချိန်ကို မကြာခင် ရောက်ကြ ပါလိမ့်မယ်။

မေး - အရင်နည်းပြ အဲရစ်ဟာ ရန်ကုန် အသင်းရဲ့ ဂိုးသမား တွေကို အားမလို အားမရ ဖြစ်ခဲ့တယ် ဆိုတာ အားလုံး အသိပါ။ ဆရာကရော ဂိုးသမား တွေကို ဘယ်လို မြင်ပါသလဲ?

ဖြေ - ဘောလုံးသမား တွေမှာ ထူးချွန် ဘောလုံး သမားနဲ့ ပါရမီရှင် ဆိုပြီး အထက်တန်းလွှာမှာ နှစ်မျိုး ရှိတယ်လို့ ဆိုနိုင်တယ်။ ကျွန်တော် ကစားသမား ဘ၀ကနေ အခု နည်းပြ ဖြစ်တဲ့ အချိန်အထိ မြန်မာ နိုင်ငံမှာ ပါရမီရှင် ဂိုးသမား ဆိုပြီး ချွန်ထွက် လာတာ မရှိဘူး။ အောင်ကျော်ကျော်လည်း ကောင်းတာပဲ၊ စိုင်းမောင်မောင်ဦးလည်း ကောင်းတာပဲ၊ ဒါပေမယ့် သူတို့ဟာ ကြိုးစားလို့ နိုင်ငံအဆင့် ဂိုးသမား ဖြစ်လာတာပဲ ရှိတယ်။ အရမ်းကြီး ထူးချွန်တဲ့ ပါရမီရှင် ဆိုတာတော့ မဟုတ်ဘူး။ ဒီနေ့ ခေတ်မှာလည်း ဒီအတိုင်းပဲ၊ သီဟစည်သူ၊ ကျော်ဇင်ထက် တို့ ကောင်းတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ပါရမီရှင် မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းက ဂိုးသမား တွေလည်း ဒီထက် နည်းနည်း ပိုကြိုးစား လိုက်ရင် သူတို့လို ကောင်းလာမှာပဲ။ ပထမ ဂိုးသမား နိုင်ဇေယျာထွန်း ဆိုရင် နေထိုင်ပုံ အရမ်း တည်ငြိမ်တယ်။ အေးလည်း အေးဆေးတယ်။ ဒါပေမယ့် ကွင်းထဲမှာ ကျတော့ ထက်မြက် တက်ကြွနေဖို့ လိုအပ်တယ်။ ဂိုးသမား တစ်ယောက်ဟာ ရှေ့မှာ သူ့ အသင်း ဖြစ်နေတာကို အားလုံး မြင်နေရပြီး နောက်ကနေ ညွှန်ကြား နိုင်မှ တော်ရုံ ကျလိမ့်မယ်။

မေး - လက်ရှိ ရန်ကုန် အသင်းဟာ ကစားကွက်ပိုင်း အတော်လေး ကောင်းပေမယ့် ပွဲပြီးခါနီး အချိန်တွေမှာ ဂိုးတွေ ပြန်ပေး နေရတယ်။ အဲဒီ အချက်ကို ဘယ်လို ပြင်မယ်လို့ စီစဉ် ထားပါသလဲ?

ဖြေ - ကျွန်တော်က မြန်မာ့ လက်ရွေးစင် အဖြစ်နဲ့ရော၊ ဘဏ္ဍာ အခွန် ကစားသမား အနေနဲ့ပါ အလယ်တန်းလူ တစ်ယောက် အဖြစ် အကြာကြီး ကစားခဲ့ တာပါ။ ဒါကြောင့် အလယ်တန်း ပိုင်းကို အဓိကထား ပြောချင်တယ်။ မနှစ်က ရန်ကုန် အလယ်တန်းမှာ နိုင်ငံခြားသားတွေ ပါတယ်။ ဒီနှစ်မှာတော့ ပြည်တွင်း ကစားသမား တွေချည်းပဲ။ လက်ရှိ ရန်ကုန် အသင်းရဲ့ အလယ်တန်း အုပ်စုက မြန်မာ နိုင်ငံမှာ အကောင်းဆုံး မဟုတ်ရင်တောင် ထိပ်ဆုံး သုံးသင်း စာရင်းမှာ ရှိတယ် ဆိုတာ ကျွန်တော် ပြောရဲတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ အသက်က ငယ်နေသေးတော့ အတွေ့အကြုံ လေးတွေ လိုသေးတယ်။ ကြည်လင်း ဆိုရင် ဘောလုံးကို သုံး/လေး ချက်လောက် ထိပြီးမှ လူပေးတာမျိုး၊ လှမ်းကန်တာမျိုး လုပ်တတ်တယ်။ ရန်အောင်ကျော် ကျတော့ ဘောလုံး ကိုင်ပြီး ကွင်းလယ်မှာ လှုပ်ချင် လှုပ်နေ တတ်တယ်။ ဒေးဗစ်ထန်း ကတော့ ကောင်းတယ်။ ဒါပေမယ့် နောက်ဆုံး ပေးတဲ့ ဘောလုံးတွေမှာ အားနည်း နေတယ်။ ရာဇာဝင်းသိန်း ကတော့ ပါဝါ နည်းနည်း လိုတာက လွဲရင် အတော်များများ အဆင် ပြေပါတယ်။ အဲဒီ ကစားသမား တွေကို ကျွန်တော်တို့က ကြုံခဲ့တဲ့ အတွေ့အကြုံ၊ ဖြစ်လာ နိုင်တဲ့ အခြေအနေ တွေပေါ် မူတည်ပြီး ကစားပုံ ပြောင်းအောင် သင်ပေးရမှာပါ။ ကျွန်တော်တို့ သင်ပေး လိုက်တဲ့ ကစားပုံဟာ ရန်ကုန် တစ်သင်းတည်း အတွက် မဟုတ်ဘဲ မြန်မာ့ လက်ရွေးစင် အတွက်မှာပါ အထောက် အကူ ပြုဖို့ ရည်ရွယ်ပါတယ်။ သင်ပေးလိုက်တဲ့ ကစားကွက်ကို သူတို့ ကိုယ်တိုင် ကစားပြီး အရသာ တွေ့မှ အဆင် ပြေမှာပါ။

မေး - ရန်ကုန် အသင်းဟာ ပယ်နယ်တီ ဧရိယာ အစပ်ကနေ ဂိုးကန်သွင်း ခံရတာမျိုး၊ ပယ်နယ်တီ ဧရိယာထဲမှာ လွတ်လွတ်လပ်လပ် ခေါင်းတိုက် ခံရတာမျိုး ခဏခဏ ဖြစ်ပါတယ်။ အဲဒီ အချက်ကိုရော ဘယ်လို မြင်ပါသလဲ?

ဖြေ - ခံစစ် ကစားတဲ့ နေရာမှာ ဇုံအလိုက် ကစားတာနဲ့ တစ်ဦးချင်း အလိုက် ကစားတာ ဆိုပြီး နှစ်မျိုး ရှိတယ်လို့ ဆိုနိုင်တယ်။ ကျွန်တော်တို့ နိုင်ငံ အနေအထား အရ ပယ်နယ်တီ ဧရိယာစည်း အပြင်ဘက်မှာ အထိ ဇုံအလိုက် ခံစစ် ကစားရင် အဆင် ပြေပေမယ့် ဧရိယာထဲ ရောက်ရင်တော့ တစ်ဦးချင်း ကစားမှ ဖြစ်လိမ့်မယ်။ မြန်မာ နေရှင်နယ်လိဂ် အသင်းတွေမှာ ခန္ဓာကိုယ် ထွားတဲ့ နိုင်ငံခြားသား တွေရှိတယ်။ သူတို့က ဧရိယာ ထဲမှာ အပိုင်ကပ် မကစားရင် ကမ္ဘောဇနဲ့ ပွဲကလို ခေါင်းတိုက် ခံရမှာပဲ။ ကျွန်တော်တို့ အသင်း နောက်တန်းလူ အားလုံးဟာ သာမန် အဆင့်ရှိတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ သာမန်ထက် ပိုကောင်းပြီး လက်ရွေးစင် အဆင့် ရှိတဲ့ သူတွေ ချည်းပါပဲ။ ဗဟို နောက်ခံလူ တွေဆိုရင် အရပ်အမောင်း မြင့်ပြီး ခေါင်းတိုက်ဘော ရှင်းတဲ့ နေရာမှာ ကောင်းတယ်။ သူတို့ကို တာဝန် လေးတွေ သေသေချာချာ ရှင်းပြ လိုက်ရင် ခေါင်းတိုက် ခံရတာမျိုး နည်းသွားလိမ့်မယ်။

မေး - ရှေ့လာမယ့် အပတ် ဆိုရင် ကျွန်တော်တို့ အသင်းဟာ မုံရွာကွင်းမှာ ဇေယျာရွှေမြေ အသင်းနဲ့ ရင်ဆိုင် ရတော့မယ်။ ဇေယျာဟာ ဒုကျော့ အဖွင့် ၂ ပွဲစလုံး ရလဒ်ဆိုးပြီး တစ်မှတ်မှ မရသေးပါဘူး။ ဒီ အချိန်မှာ သူတို့ဟာ အိမ်ကွင်းမှာ ကစားခွင့် ရတာကို ပရိသတ် အင်အားနဲ့ အကောင်းဆုံး အသုံးချပြီး ရန်ကုန်ကို ရင်ဆိုင်ဖို့ ပြင်ဆင် ထားပါလိမ့်မယ်။ အဲဒီပွဲ အတွက်ရော ဘယ်လိုများ စဉ်းစားထား သလဲ?

ဖြေ - မုံရွာကွင်းဟာ ပြိုင်ဘက် အသင်း အတော် များများ အတွက် ခက်ခဲတဲ့ နေရာပါ။ ရန်ကုန်ဆိုရင် အဲဒီကွင်းမှာ တစ်ခါမှ မနိုင်ဖူးဘူး။ ကွင်း အနေအထား ကြောင့်ရော၊ ရာသီဥတု အပြောင်းအလဲ ကြောင့်ပါ ရလဒ် မကောင်းခဲ့ တာလို့ ဆိုနိုင်တယ်။ အခု ချင်းနဲ့ ကစားမယ့် ပွဲက မုံရွာ ပွဲအတွက် အကြို ခြေစမ်းပွဲ လို့တောင် ဆိုနိုင်တယ်။ ချင်းနဲ့ ပွဲမှာ ကျွန်တော် စမ်းသုံး ချင်တာလေး တွေကို စမ်းသွားမယ်။ ရန်အောင်ကျော်တော့ ပွဲပယ်ကြောင့် မကစား နိုင်ဘူးပေါ့။ အခု ချင်းနဲ့ ပွဲမှာ အစစ အရာရာ အဆင် ပြေပြီ ဆိုရင် မုံရွာ ပွဲအတွက်လည်း ပူစရာ မလိုတော့ဘူး။ ပြိုင်ဘက် ကွာလို့ အထိုင် နည်းနည်း ပြောင်းတာက လွဲရင် အားလုံး အဆင် ပြေမယ်လို့ ယုံတယ်။

မေး - ၂၀၀၉ ခုနှစ်က စတဲ့ ရန်ကုန် အကယ်ဒမီဟာ အသင်းကြီးကို ဘယ်လောက်များ အထောက်အကူ ပြုနိုင်ပြီလဲ?

ဖြေ - အဲဒီ မေးခွန်းက ပြောရရင် နည်းနည်း ရှည်လိမ့်မယ်။ ဒါပေမယ့် လိုရင်း တွေကိုပဲ ကျွန်တော် ပြောမယ်။ အကယ်ဒမီ လုပ်တုန်းကတော့ ကလေးတွေ အများကြီးပဲ။ အတော် များများကိုလည်း မျှော်လင့် ထားခဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာ ကျတော့ အသင်းကြီး ထဲကို ရောက်လာတာ အရမ်း နည်းတယ်။ ရန်နိုင်အောင်၊ စည်သူအောင် တို့လောက်ပဲ ရှိပြီး တကယ်တမ်း ပြောမယ် ဆိုရင် စည်သူအောင် တစ်ယောက်ပဲ အသင်းကြီး တံခါးဝကို ခေါက်နိုင် သေးတယ်လို့ ဆိုနိုင်တယ်။

မေး - ဒီနေ့ခေတ် လူငယ် ဘောလုံး သမားတွေဟာ ရတဲ့ လစာနဲ့ အခွင့် အရေးတွေကြောင့် မပျက်စီး သင့်ဘဲ ပျက်စီးပြီး သူတို့ ဘ၀ကို သူတို့ ကိုယ်တိုင် ပြန်ဖျက် နေတယ် ဆိုရင် ဆရာ ဘာပြောမလဲ?

ဖြေ - ဘောလုံး သမား အတော် များများဟာ အပျော်အပါး မက်ပြီး မိဘနဲ့ ဝေးတဲ့ သူတွေ များပါတယ်။ ကျောင်း ပညာရေး ကိုလည်း တခြား ကလေး တွေလောက် ဖိဖိစီးစီး မလုပ်ခဲ့တော့ တချို့ နေရာတွေမှာ နည်းပြနဲ့ အသင်း အုပ်ချုပ်သူ တွေက ၀ိုင်းထိန်းပေးဖို့ လိုတာ အမှန်ပဲ။ တချို့ ဘောလုံး သမားတွေ ဆိုရင် ငွေကြေးရဲ့ ဒဏ်ကို မခံနိုင်ဘဲ ပျက်စီး သွားကြတယ်။ အသင်းမှာ ဆိုရင်လည်း စီနီယာ တွေကို အလေးထား ရမှန်း၊ ရိုသေရမှန်း မသိတဲ့ တချို့ ကလေးတွေ ရှိတယ်။ ကျွန်တော်တို့ ၀န်ကြီး ဌာန အသင်းတွေ ကစားတုန်း ကတော့ လေ့ကျင့်ခန်း ဆင်းချင်တဲ့ ကလေးတွေ ဘ၀က အတော်ကြမ်း ပါတယ်။ လေ့ကျင့်ခန်း ဆင်းဖို့ အိမ်ကနေ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာပြီး ဘောလုံးသယ်၊ ဘောလုံးကောက်၊ ရေဗူးသယ်နဲ့ အတော်လေး ကြိုးစားရတယ်။ အသင်းကြီး ကစားသမားတွေ နှစ်ဘက် ခွဲကန်တဲ့ အချိန်မှာ ဒဏ်ရာ ရတာမျိုး၊ မကစား နိုင်တာမျိုး ဖြစ်တော့မှ သူတို့တွေ လူစားဝင် ကစားရ တာပါ။ အခုတော့ အကယ်ဒမီ တွေမှာက ဒီလို မဟုတ်ဘဲ အဆင်သင့် ကစားရ သလို ဖြစ်နေတယ်။ လူ့ သဘာဝ ကိုက လွယ်လွယ်နဲ့ ရရင် တန်ဖိုး မထားတာမျိုး ဖြစ်တတ်တော့ ဒါမျိုးက ရှိနေမှာပဲ။ ဘဏ္ဍာ အခွန် လူငယ်က ဆိုရင် မင်းမင်းသူ၊ ကောင်းစည်သူ၊ မိုင်းအိုက်နိုင် တို့လို လက်ရွေးစင် အဆင့်ရှိတဲ့ ကစားသမား တွေကို မွေးထုတ် နိုင်ခဲ့တယ်။

မေး - နောက်ဆုံး မေးခွန်းနဲ့ အဆုံးသတ် ပါရစေ။ ဒီနှစ်ရန်ကုန် အသင်းရဲ့ ချန်ပီယံဆု ကို ဘယ်အသင်း ကများ အဓိကထား ခြိမ်းခြောက် နိုင်ပါသလဲ?

ဖြေ - မြန်မာ နေရှင်နယ်လိဂ်မှာ (၁၄) သင်း ရှိပေမယ့် ဗိုလ်စွဲ နိုင်တဲ့ အသင်းက (၅) သင်းပဲ ရှိတယ်လို့ ဆိုနိုင်တယ်။ ကျွန်တော်တို့ အသင်း အပါအ၀င် ရတနာပုံ၊ ကမ္ဘောဇ၊ ဧရာဝတီနဲ့ ဇေယျာရွှေမြေ တို့ပါပဲ။ ရတနာပုံ ဆိုရင် ချန်ပီယံ အတွေ့အကြုံ ရှိသလို နိုင်ငံခြားသား တွေက တော်တော် အားကိုးရတယ်။ နောက် တစ်သင်းက ကမ္ဘောဇပါ။ သူတို့ အသင်းရဲ့ ပြည်တွင်း ကစားသမား အင်အားက အတော်လေး ကောင်းပြီး နိုင်ငံခြားသား တွေကလည်း အဆင်ပြေတယ် ဆိုတော့ သတိထား ရမယ့် အသင်း စာရင်းမှာ ထည့်ထားချင်တယ်။ အဲဒီ အသင်းတွေက လွဲရင် နေပြည်တော် တစ်သင်း လောက်ပဲ ရှိပြီး သူတို့လည်း ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်မယ်ဆို မျှော်နိုင်သေးတယ်။ 


www.ygnutd.com

YUFC သမိုင်းကြောင်းထဲက သူရဲကောင်းများ (၅)




အဲရစ်ဝီလျံ
အဲရစ်ကတော့ ရန်ကုန်အသင်းကို ရှုံးထွက်ဖလားရော အမှတ်ပေးချန်ပီယံဖလားရော ဖလား၂လုံးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

YUFC သမိုင်းကြောင်းထဲက သူရဲကောင်းများ (၄)

ဋ္ဌေးအောင်

ဋ္ဌေးအောင်ဟာ အသက်အရွယ်မငယ်ပေမယ့် ဗဟိုနောက်ခံလူ တစ်ဦးအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

YUFC သမိုင်းကြောင်းထဲက သူရဲကောင်းများ (၃)

  
         အောင်အောင်ဦး

အောင်အောင်ဦးဟာ ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး အသင်းအတွက် အေ၇းပါတဲ့  အားထားရတဲ့  ဂိုးသမားတစ်ဦးဖြစ်ခဲ့ပါတယ် ။

YUFC သမိုင်းကြောင်းထဲက သူရဲကောင်းများ (၂)

တင်ဝင်းအောင်

သူဟာ ရန်ကုန်ယူနိုက်တက်ရဲ့  အကောင်းဆုံး အလယ်တန်း ကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ် ။

YUFC သမိုင်းကြောင်းထဲက သူရဲကောင်းများ (၁)

မျိုးလှိုင်ဝင်း

ရန်ကုန်ယူနိုက်တက်အသင်းကို ပထမအကြိမ် MNL ပြိုင်ပွဲမှာ ဖိုင်နယ်ထိ ပို့ ပေးခဲ့သူပါ ။
သူဟာ ကျွန်တော့်ရဲ့  အကြိုက်ဆုံးနည်းပြတစ်ယောက်ပါပဲဗျာ ။
ရွှေလှိုင်ဝင်း ၊ တင်ဝင်းအောင် ၊ နိုင်ဦးလွင် ၊ ကြည်လင်း စတဲ့  မထင်မရှား ကစားသမားတွေကို  နာမည်ရစေခဲ့သူပါ ။

ရန်ကုန်ယူနိုက်တက်အသင်းနဲ့  ပက်သက်တဲ့  ကျွန်တော့်ရဲ့  ဆောင်းပါးလေးတွေပါ

http://www.myanmarstriker.com/?p=21945


http://www.myanmarstriker.com/?p=24379

YUFC ( 2010 )


YUFC ( 2009 )




ရန်ကုန်ယူနိုက်တက် - ဇေယျာရွှေမြေ (မုံရွာကွင်း ) ပွဲကြိုခန့် မှန်း သုံးသပ်ချက်



            ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့  နည်းပြသစ် ဦးတင်မောင်ထွန်းရဲ့  ဦးဆောင်မှုအောက်မှာ  ချင်းယူနိုက်တက်နဲ့  ပထမဆုံး ယှဉ်ပြိုင်ခဲ့ပီး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့အတွက်  နည်းပြသစ်အနေနဲ့ မျက်နှာပန်းလှခဲ့ပါတယ် ။
          ဇေယျာရွှေမြေအသင်းကတော့ ဒုတိယအကျော့ ပြန်လည်စတင်ချိန်ကစပီး နိုင်ပွဲတစ်ပွဲမှ မ၇သေးတာကိုတွေ့ ရပါတယ် ။ ဧရာဝတီ ၊ ရက္ခပူရတို့ ကို ရှုံးနိမ့်ထားပါတယ် ။
          ရန်ကုန်ယူနိုက်တက်အသင်းမှာ တိုက်စစ်မှုးဆီဇာ အစွမ်းပြနေသလို ရန်အောင်ကျော်လည်း ဒီပွဲမှာ ပြန်လည်ပါဝင်လာမှာဖြစ်တာကြောင့် ရန်ကုန်ရဲ့  တိုက်စစ်ပိုင်းကတော့ ပြည့်စုံလွန်းနေပါတယ်။ ရန်ကုန်အသင်းဟာ ဂိုးပေါင်း ၄၁ဂိုးထိ သွင်းထားပီး MNLမှာ သွင်းဂိုးအများဆုံးဖြစ်နေသလို ခံစစ်ပိုင်းကလည်း လူအပြောင်းအလဲမရှိပဲ  ပေးဂိုး ၁၀ ဂိုးနဲ့  ဂိုးပေးအနည်းဆုံးအသင်းဖြစ်နေပါတယ် ။

           ဇေယျာရွှေမြေအနေနဲ့  ထိပ်ဆုံးက ရတနာပုံနဲ့  ၇မှတ်ကွာဟနေမှုကို အိမ်ကွင်းမှာ အနိုင်ယူပြီး ချန်ပီယံလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့  အစွမ်းကုန်ကြိုးစားလာဖို့ ရှိပါတယ် ။ဇေယျာရွှေမြေဟာ အိမ်ကွင်းမှာဆိုရင် ပရိသတ်ရဲ့ အားပေးမှုကို တခဲနက်ရရှိတတ်တဲ့အသင်းဖြစ်လို့  ဒီပွဲဟာ ရန်ကုန်အတွက် ခက်ခဲမှာပါ ။ မှတ်တမ်းအရလည်း မုံရွာမှာ ဇေယျာရွှေမြေက ရန်ကုန်ကို အမြဲအနိုင်ယူခဲ့တာကြောင့် ဒီပွဲဟာရန်ကုန်အတွက်  မှတ်တမ်းဆိုးကို ချေဖျက်ရမယ့် ပွဲတစ်ပွဲလို့ လည်းဆိုရမှာပါ ။
          လက်ရှိခြေစွမ်းအရတော့ ရန်ကုန်သာပေမယ့် အိမ်ရှင်ပရိသတ်ရဲ့  တစ်ခဲနက်အားပေးမှုနဲ့  အားကုန်ထုတ်လာမယ့် ဇေယျာရွှေမြေကို ၇န်ကုန်တို့  မလွယ်လောက်ဘူးလို့တော့ သုံးသပ်နိုင်ပါတယ် ။ ဒါပေမယ့် ဇေယျာရွှေမြေနဲ့  ရန်ကုန် အသင်းတို့  မုံရွာမှာ ကစားခဲ့တဲ့ရလာဒ်တွေဟာ အဲရစ်ဝီလျံနဲ့  ဟန်ဆန်တို့ ရဲ့  အားပြိုင်မှုတွေဖြစ်ခဲ့ပါတယ် ။ လက်ရှိအချိန်မှာတော့ ၂သင်းလုံးမှာ နိုင်ငံခြားနည်းပြတွေ မရှိတော့ပါဘူး ။ ဒါကြောင့်  ဒီပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့  ကစားသမားတွေ နည်းပြသစ်ရဲ့  နည်းဗျူဟာအောက်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်မယ်ဆိုရင် ရန်ကုန်အနေနဲ့  ပထမဆုံး မုံရွာကွင်းမှာ နိုင်ပွဲရရှိနိုင်မယ်ထင်ပါတယ် ။


                                           photo from   www.myanmarstriker.com


 ဇေယျာရွှေမြေအနေနဲ့ တိုက်စစ်ပိုင်းမှာ မနှစ်ကလောက် မကောင်းတော့တာကြောင့် ခံစစ်ကောင်းတဲ့ ရန်ကုန်ကို ဂိုးသွင်းဖို့  မလွယ်လောက်ပါဘူး ။ ရန်ကုန်ပဲ ပေးဂိုးမရှိ အနိုင်ရလာဒ် ရမယ်လို့ သုံးသပ်မိပါတယ် ။
နယူချီသာ အရင်ပွဲတွေလို အဆုံးသတ်အားနည်းချက်တွေ မရှိခဲ့ဘူးဆိုရင် ၊ ကွင်းလယ်ပိုင်းမှာ ကြည်လင်း ၊ ရန်အောင်ကျော် ၊ ဒေးဗစ်ဒန်း ၊ ခင်မောင်လွင်တို့  အကောင်းဆုံး ကစားနိုင်မယ်ဆိုရင် ဂိုးပြတ် သွားနိုင်ပါတယ် ။

ခန့် မှန်းရလာဒ်

ရန်ကုန်ယူနိုက်တက် ၃- ၀ ဇေယျာရွှေမြေ