ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် အီဗန်ကိုလက်ဗ်က
လာမည့် စနေတွင် ကစားရမည့် မနောမြေနှင့် ပွဲသည် မျှော်လင့် မထားသည့်
အခက်အခဲများ စောင့်ကြို နေနိုင်သည်ဟု ပြောကြားသည်။ ရန်ကုန် အသင်းသည် ၂၀၁၂
မြန်မာ နေရှင်နယ်လိဂ်တွင် အသင်း ၂ သင်း တည်းကိုသာ ရှုံးနိမ့်ထားပြီး
မနောမြေသည် ပထမ အကျော့တွင် ရန်ကုန်ကို (၂-၁)ဖြင့် အနိုင် ရခဲ့ဖူးသည်။ “ကျွန်တော့် အသင်းရဲ့ ဒဏ်ရာ ပြဿနာက ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ဘူး။ ကျော်ဒွန်း မကစားနိုင်ဘူး။ မျိုးမင်းထွန်း ကလည်း ကြံ့ခိုင်မှု မပြည့်သေး ပါဘူး။ ကြည်လင်းနဲ့ ရန်အောင်ဝင်း ဆိုရင် လက်ရွေးစင် အသင်းက ပြန်လာပြီး ကတည်းက မိနစ် ၉၀ ပြည့် ကစားနိုင်ဖို့ အတော် ရုန်းကန်နေရတယ်။ ဒါ့အပြင် နောက်ခံလူ ၂ ယောက်ဖြစ်တဲ့ ပြည့်ဖြိုးအောင်နဲ့ နီကိုလာလည်း ပွဲပယ် ပြစ်ဒဏ်တွေကြောင့် ပါနိုင်မှာ မဟုတ်ဘူး” ဟု နည်းပြချုပ် ကိုလက်ဗ်က ဆိုသည်။ ရန်ကုန် အသင်းသည် ပြီးခဲ့သည့် အပတ်က ရက္ခပူရနှင့် ကစားခဲ့သော ပွဲတွင် ခြေစွမ်း အကောင်းဆုံး မရခဲ့ဘဲ ပြိုင်ဘက် အသင်း၏ ဖိအားပေး မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခု တစ်ပတ် ကစားမည့် မနောမြေနှင့် ပွဲတွင်လည်း အလားတူ ဖြစ်ရပ်မျိုး ထပ်ကြုံနိုင်သည်ဟု နည်းပြချုပ်က သုံးသပ်သည်။ “မနောမြေဟာ လေးစားစရာ ကောင်းတဲ့ ပြိုင်ဘက်ပါ။ သွက်သွက်လက်လက် ကစားနိုင်ပြီး တောင်ပံ တွေကနေ ထိုးဖောက်တာ မြန်တယ်။ ရက္ခပူရနဲ့ ပွဲတုန်းက ကျွန်တော့် ခံစစ် သမားတွေ အတော် အလုပ်ရှုပ်ခဲ့တယ်။ မနောမြေနဲ့ ပွဲမှာလည်း ဒီလိုမျိုး ထပ်ဖြစ် နိုင်သေးတယ်။ နောက်တစ်ချက်က အသင်းတိုင်းဟာ လက်ရှိ ချန်ပီယံကို နိုင်တယ် ဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်တာ ချည်းပဲ။ ဒါကြောင့် သူတို့ဟာ ရန်ကုန် အသင်းနဲ့ တွေ့တိုင်း ရာခိုင်နှုန်း ၁၂၀ လောက် ကစားတာ တွေ့ရတယ်။ ကျွန်တော်တို့ ကတော့ နောက်ဆုံး ပွဲတွေကို အနိုင်ရအောင် ကစားပြီး ချန်ပီယံဘွဲ့ ထပ်ထိန်းဖို့ မျှော်လင့်ထားတယ်” ဟု နည်းပြချုပ်က ပြောကြားသည်။ ရန်ကုန် ယူနိုက်တက် အသင်းနှင့် မနောမြေ အသင်းတို့သည် လာမည့် သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၄း၀၀ နာရီ အချိန်တွင် သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ ထိပ်တိုက် တွေ့ဆုံမှု … MNL 2010 မနောမြေ ၁ - ၄ ရန်ကုန်ယူနိုက်တက် ရန်ကုန်ယူနိုက်တက် ၃ - ၀ မနောမြေ MNL 2011 ရန်ကုန်ယူနိုက်တက် ၁ - ၀ မနောမြေ မနောမြေ ၁ - ၃ ရန်ကုန် MNL 2012 မနောမြေ ၂ - ၁ ရန်ကုန်ယူနိုက်တက် www.ygnutd.com |
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
-
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။
ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် ...
12 years ago
No comments:
Post a Comment