အိုင်ဗန်ကိုလဗ်က “
ဒိုင်လူကြီးတွေကို သုံးသပ်ဖို့က ကျွန်တော့် အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့
ကျွန်တော် တို့ အသင်းလည်း ပင်နယ်တီ ရခဲ့သင့်ပါတယ်။ ရာဇာဝင်းသိန်း
ကျူးလွန်ခံခဲ့ရတာ ပင်နယ်တီပေးကိုပေး ရမှာပါ။ ပြီးတော့ ကျွန်တော်တို့
ပေးခဲ့ရတဲ့ ပင်နယ်တီကိုတော့ ကျွန်တော် သေချာမမြင်ခဲ့ဘူး။ ဒါပေမဲ့ ဂိုးသမား
ကဘောလုံးကို အရင်ထိခဲ့ရင် ဒါဟာ ပင်နယ်တီ မပေးသင့်ပါဘူး။ မနောမြေနဲ့ ပွဲမှာ
ကျွန်တော်တို့ အသင်း ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမဲ့
နားလည်မှား လွဲမှားမှု ကနေ ဂိုးတစ်ဂိုး ပေးခဲ့ရပါတယ်။ ဒါပေမဲ့
ကျွန်တော်တို့ ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အနိုင်ရခဲ့
တာကြောင့် ပင်နယ်တီ မရတာ ပြဿနာ မရှိခဲ့ပါဘူး” ဟု ပြောကြား ခဲ့
ခြင်းဖြစ်သည်။
ထို့အပြင် အိုင်ဗန်ကိုလဗ် သည်
တောင်ကြီးမြို့တွင် ယှဉ်ပြိုင် ကစားမည့် ကမ္ဘောဇ အသင်းနှင့် ရတနာပုံ
အသင်းတို့၏ ပွဲစဉ်အား သရေကျရန် မျှော်လင့်သော်လည်း မိမိအသင်းကိုသာ
သေချာပြင်ဆင် သွားမည်ဖြစ်ပြီး အခြားအသင်းများ၏ ရလဒ်များအား စိတ်ဝင်စားမည်
မဟုတ်ကြောင်း နှင့် နောက်ခံလူ မျိုးဝင်းထွဋ်၏ ကစားပုံ ကောင်းမွန်ခဲ့ ပါက
ပွဲထွက် လူစာရင်းတွင် ထည့်သွင်းရန် အသင့်ရှိကြောင်း ထပ်မံ ပြောကြားခဲ့သည်။
Posted by ညီမိုဃ်း on August 25, 2012www.myanmarstriker.com မှ ကူးယူဖေါ်ပြသည် ။
No comments:
Post a Comment