Myanmar Striker ၀က်ဘ်ဆိုက်
မှ ကျင်းပပြုလုပ် ခဲ့သည့် ဒုတိယ အကြိမ် ပရိသတ် အမြင်
ဘောလုံးဆောင်းပါးပြိုင်ပွဲ တွင် Facebook မှ Like အများဆုံး ရရှိသည့် ဆု
(လူကြိုက် အများဆုံးဆု)ကို ဆွတ်ခူး ရရှိ ခဲ့သော ကောင်းမြတ်သူ သည်
ဆုငွေများကို အလှုဒါနပြု လှုဒါန်းခဲ့ ကြောင်း သိရှိရသည်။
ကောင်းမြတ်သူ သည် MS မှ ကျင်းပ ပြုလုပ်ခဲ့သည့် ဖန်ပို့စ် ပြိုင်ပွဲတွင် ကျွန်တော့်ရဲ့ သူရဲကောင်း
အမည်ရှိ ဖန်ပို့စ်နှင့် ဆုရရှိ ခဲ့ခြင်း ဖြစ်သည်။ ယင်း ဆုငွေများအား
ရွှေမဟာ ဗုဒ္ဓဂါယာ ဘုရားဖူး အဖွဲ့အား လှုဒါန်း ခဲ့ကြောင်း MS သို့ ပြောသည်။
ထို လှုဒါန်းငွေ များနှင့် ဗုဒ္ဓဂါယာ တွင် မြေကွက်ဝယ်ယူ လှုဒါန်းခြင်း
ဖြစ်ပြီး ၃ပေ ပတ်လည် မြေကွက် ၆ ကွက် လှုဒါန်းခဲ့သည် ဟု ဆိုသည်။ မြေကွက်
တစ်ကွက် တွင် တန်ကြေး လှုငွေ သုံးသောင်း ကျပ် တိတိ ကျသင့်သည်ဟု သိရှိရသည်။
ယခု အလှုဒါန နှင့် ပတ်သတ်၍ မူ
ကောင်းမြတ်သူက “အလှူဖြစ်မြောက်လာ ရခြင်း ကတော့ MS fan post ပြိုင်ပွဲမှာ
ကျွန်တော့်ရေးသား ခဲ့တဲ့ ကျွန်တော့်ရဲ့သူရဲကောင်း ဆိုတဲ့ ဆောင်းပါးလေးက
like အများဆုံးဆု ဒေါ်လာ ၁၅၀ ရရှိခဲ့တဲ့အတွက် ကျွန်တော့် အနေနဲ့  အလှူတစ်ခု
ပြုလုပ်ဖို့ဆန္ဒရှိတာကြောင့် ကျွန်တော်တို့  ရန်ကုန်ယူနိုက်တက် ၀ါရီယာအဖွဲ
့နဲ့ တိုင်ပင်ပူးပေါင်းပြီး အခုလို အဖွဲ့ လိုက် စုပေါင်း လှူဒါန်း
ဖြစ်ခဲ့တာပဲဖြစ် ပါတယ်။ ကျွန်တော်တို့ ရန်ကုန် ယူနိုက်တက် ၀ါရီယာ အဖွဲ့ 
အနေနဲ့  ရန်ကုန် ယူနိုက်တက် အသင်းကို အစဉ်တစ်စိုက် အားပေးသွားမှာ ဖြစ်သလို
ယခုကဲ့သို့  ရန်ကုန်ယူနိုက်တက် အသင်းကို ကိုယ်စားပြုပြီး
လှူမှုရေးလုပ်ငန်းများ ပရဟိတ လုပ်ငန်းများ ကိုလည်း တတ်နိုင်သ၍ အမြဲတမ်း
ဆက်လက်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။” ဟု ဆိုသည်။
MS တွင် ကျင်းပ ပြုလုပ်သော ဖန်ပို့စ်
ပြိုင်ပွဲ ပထမ အကြိမ်တွင်လည်း ယခုကဲ့သို့ ဆုရ ပရိသတ် တစ်ဦး၏ လူမှုရေး
အဖွဲ့အစည်း တစ်ခုအား လှုဒါန်းမှု ပြုလုပ် ခဲ့ဖူးသည်။ ယခု တတိယအကြိမ်
ပြိုင်ပွဲ အတွက်လည်း ပြိုင်ပွဲဝင် ဆောင်းပါးများအား MS မှ လက်ခံနေပြီ
ဖြစ်ပါသည်။
www.myanmarstriker.com
No comments:
Post a Comment