ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ညနေ ၄နာရီ သုဝဏကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သော မနောမြေအသင်းနှင့်ပွဲစဉ်အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးသို့  တက်ရောက်နိုင်ခဲ့ပြီဖြစ်သည် ။ ပထမပိုင်းအပြီးတွင် မနောမြေအသင်းက အငြင်းပွားဖွယ်ရာ ပယ်နယ်တီဂိုးဖြင့် ဥိးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ကောင်းစည်သူအစား နယူချီကိုထည့်သွင်းကာ တိုက်စစ်အသားပေးပုံစံဖြင့် ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ဖက်သက်နီးပါးဖိကစားနိုင်ခဲ့ပြီး ခြေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်သည် ။
ရန်ကုန်အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် နိုင်ဇေယျာထွန်း ၊ ခင်မောင်လွင် ၊ အောင်သိုက် ၊ မျိုးဝင်းထွဋ် ၊ ရန်အောင်ဝင်း ၊ ဒေးဗစ်ဒန်း ၊ ကြည်လင်း ၊ ရာဇာဝင်းသိန်း ၊ရန်အောင်ကျော် ၊ ကောင်းစည်သူ ၊ ဆီဇာ တို့  ပါဝင်လာခဲ့ပြီး ဒုတိယပိုင်းအစတွင် ကောင်းစည်သူအစား နယူချီ လူစားလဲပါဝင်ကစားခဲ့သည်။
ပထမပိုင်းတွင် ၂သင်းစလုံး ကစားပုံကောင်းမွန်ခဲ့ပြီး တိုက်စစ်မှုးများ အဆုံးသတ်အားနည်းမှုများကြောင့် အဖွင့်ဂိုးရရှီရန် ခက်ခဲနေခဲ့သော်လည်း ပထမပိုင်းပြီးခါနီးတွင် ကွင်းလယ်ဒိုင် ဦးဝင်းထွဋ်က မနောမြေအသင်းအား အငြင်းပွားဖွယ်ရာ ပယ်နယ်တီကန်ခွင့်ပေးခဲ့သဖြင့် မနောမြေအသင်းက ပထမပိုင်းအပြီးတွင် ၁-၀ ဖြင့် ဦးဆောင်နိုင်ခဲ့သည် ။
ဒုတိယပိုင်းတွင် ရန်ကုန်အသင်း ချန်ပီယံစိတ်ဓါတ်အပြည့်ဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး ၅၃မိနစ်မှာ ကြည်လင်းရဲ့  ဖန်တီးမှုကို ဒေးဗစ်ဒန်း ကန်ချက်ပြင်းပြင်းဖြင့် ဂိုးသမား၏ ညာဘက်ထောင့်သို့ ကန်သွင်းကာ
ခေပဂိုးရယူနိုင်ခဲ့သည် ။ ၃မိနစ်အကြာတွင် ရန်ကုန်အသင်း၏ ကွင်းလယ်ကစားသမား ဒေးဗစ်ဒန်း၏ ညာတောင်ပံမှအကောင်းဆုံးဖန်တီးပေးပို့မှုကို နယူချီက ပိတ်သွင်းကာ ရန်ကုန်တို့  အနိုင်ဂိုးရရှိခဲ့သည် ။ ၈၆မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ကစးသမား ရာဇာဝင်းသိန်းကို မနောမြေအသင်းမှ ကျော်စွာလင်း ပယ်နယ်တီဧရိယာအတွင်း ဥပဒေပြင်ပ ကစားခဲ့သော်လည်း ဒိုင်မှ ပယ်နယ်တီသတ်မှတ်ရန် ငြင်းဆန်ခဲ့သည်ကို တွေ့ ရသည် ။ ဒုတိယပိုင်းပွဲပြီးခါနီးလေ ဒိုင်၏ ဆုံးဖြတ်ချက်များမှာ မျှတမှုမရှိဘဲ ရန်ကန်ုအသင်းရသင့်သော ပစ်ဒါဏ်ဘောများကို လစ်လျူရှုခဲ့သည်ကိုတွေ့ ရသည် ။ဒုတိပိုင်းပိုင်းတွင် ရန်ကုန်နည်းပြ၏ နည်းဗျူဟာအပြောင်းအလဲများမှာ ထိရောက်မှုရှီခဲ့သည်ကိုတွေ့ ရသည် ။ ပွဲအပြီးတွင် ရန်ကုန်အသင်းက မနောမြေအသင်းကို ၂-၁ ဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယား၏ ထိပ်ဆုံးနေရာသို့တက်လှမ်းနိုင်ခဲ့သည် ။
ယနေ့ ပွဲစဉ်တွင် ဒေးဗစ်ဒန်း ၊ခင်မောင်လွင် ၊ ရာဇာဝင်းသိန်း ၊ ကြည်လင်းတို့ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သည် ။
ယနေ့  ပွဲ၏ man of the match အဖြစ် ဒေးဗစ်ဒန်းအား ရွေးချယ်လိုက်ပါသည် ။
credits to U Bo Htun (PR Manager @ YUFC )
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
-
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။
ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် ...
12 years ago
No comments:
Post a Comment