ဒီနေ့ ညချမ်းအချိန်အခါလေးမှာတော့ ကျွန်တော်တို့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့  အသင်းခေါင်းဆောင် ကိုခင်မောင်လွင်နဲ့ ကျွန်တော် အမှတ်မထင် စကားပြော ဖြစ်ခဲ့ပါတယ်။ အဲဒါလေးကို အင်တာဗျူးပုံစံလေးအဖြစ် ရန်ကုန်အသင်းရဲ့ ပရိသတ်တွေအတွက် ကျွန်တော် ဖေါ်ပြပေးလိုက်ပါတယ်ဗျာ ။
ရန်ကုန်ပရိသတ်များ စိတ်ကျေနပ်မှုတစ်စုံတစ်ရာ ရရှိကြမယ်လို့ မျှော်လင့်မိပါတယ်ဗျာ ။
Q - ကိုခင်မောင်လွင် မင်္ဂလာပါဗျာ ။
A - ဟုတ်ကဲ့ မင်္ဂလာပါဗျာ ။
ှQ - အစ်ကိုရေ ရန်ကုန်ယူနိုက်တက်အသင်းမှာ အစ်ကို့ အနေနဲ့  အကြိုက်ဆုံးကစားသမားက ဘယ်သူဖြစ်မလဲဗျာ ။
A - ကျွန်တော် ရန်ကုန်အသင်းရဲ့  ကစားသမား အားလုံးကို ကြိုက်ပါတယ်ဗျာ ။ တကယ်ပြောတာပါ ။
Q- အစ်ကို့ အနေနဲ့  မနှစ်ကရာသီမှာ ရန်ကုန်အသင်းကို ရောက်ရှိလာခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားရင်း ပြည်တွင်းဆုဖလား၂ခုလုံး ရယူကိုင်မြှေက်နိုင်ခဲ့တယ်နော် ။ ဒီရာသီမှာရော အစ်ကို့  အနေနဲ့  ရန်ကုန်အသင်းနဲ့  အတူ ဆုဖလားတွေ ရယူဖို့ အဆင်သင့်ဖြစ်နေပြီလားအစ်ကိုရေ ။
A - ဟုတ်ကဲ့ ။ ကျွန်တော့်အနေနဲ့  ရန်ကုန်အသင်းကို ယခုနှစ်ရာသီမှာ ပြည်တွင်းဆုဖလား၂လုံး ရယူပေးနိုင်ယုံမက လာမယ့်ရာသီမှာလည်း AFC ပြိုင်ပွဲမှာ မြန်မာကလပ်အသင်းတစ်ခုအနေနဲ့  အောင်မြင်မှု ရယူပေးသွားဖို့  အစွမ်းကုန်ကြိုးစားသွားမှာပါ ။
Q - လက်ရှိ ရန်ကုန်အသင်းက နိုင်ငံခြားကစားသမားတွေဖြစ်တဲ့  နယူချီ ၊ ဆီဇာတို့ က ပထမအကျော့တုန်းက ကစားသမားတွေဖြစ်တဲ့  မလာဒန် ၊ မီလန်တို့ ထက်ပိုကောင်းတယ်လို့အစ်ကိုထင်လားဗျာ ။
A - ဟုတ်ကဲ့  ပိုကောင်းတယ်လို့ ထင်ပါတယ် ။
ှQ- အစ်ကို့ ရဲ့  အသင်းဟောင်း ကမ္ဘောဇအသင်းက အခုနှစ်ရာသီမှာ ပြင်ဆင်မှုကောင်းကောင်းပြုလုပ်နိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် မျှော်လင့်နိုင်တဲ့ အနေအထားကို ရောက်နေခဲ့ပြီနော်အစ်ကို ၊ အစ်ကို့ အနေနဲ့  အဲ့ဒီအပေါ်ခံစားမှုလေးပြောပြပါဦးဗျာ ။ ၇န်ကုန်အသင်းကို ပြောင်းရွှေ့ လာခဲ့တဲ့အတွက် တစ်ချိန်ချိန်မှာ အစ်ကို နောင်တရနိုင်စရာများ ဖြစ်လာနိုင်မလားဗျာ ။
A- လက်ရှိ ကမ္ဘောဇအသင်းရဲ့  အနေအထားအတွက် ၀မ်းသာပါတယ် ။ ရန်ကုန်အသင်းကို ပြောင်းရွှေ့ ခဲ့တဲ့အပေါ်မှာ တော့ ကျွန်တော် ဘယ်တော့မှ နောင်တမရပါဘူးဗျာ ။
Q - အစ်ကိုရေ ၊ ကျွန်တော့်အမြင်ပြောရရင် အစ်ကိုဟာ ဗဟိုခံစစ်နေရာနဲ့ပိုပြီး အံဝင်ခွင်ကျဖြစ်တယ်လို့ ခံစားမိတယ်အစ်ကို ၊ အစ်ကို့ ရဲ့  ခံစစ်ကစားပုံဟာ တကယ့်ကို ကောင်းမွန်လွန်းပါတယ်အစ်ကို ။ အစ်ကို့ အနေနဲ့ ရော ဘယ်နေရာမှာ ကစားရတာကို ပိုသဘောကျလဲဗျာ ။
A- ဟုတ်ကဲ့ ပါ ။ ကျွန်တော်ကတော့ ဘယ်နေရာပဲဖြစ်ဖြစ် နည်းပြ ကစားခိုင်းတဲ့နေရာမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ဖို့ ကြိုးစားနေပါတယ် ။
Q- အစ်ကိုရေ အခုမြန်မာ့လက်ရွေးစင် ရွေးချယ်တဲ့နေရာမှာ ရန်ကုန်အသင်းက ဂိုးသမား နိုင်ဇေယျာထွန်း မပါဝင်ခဲ့တဲ့အပေါ် ရန်ကုန်ပရိသတ်တွေက အားမလိုအားမရ ဖြစ်ခဲ့ကြတယ်ဗျာ ။ အစ်ကို့ အမြင်လေးကို ပြောပါဦးဗျာ ။
A- နိုင်ဇေယျာထွန်းက ဂိုးသမားကောင်းတစ်ယောက်ပါဗျာ ။ ဒါပေမယ့် ရွေးချယ်ခံရဖို့ဆိုတာကတော့ နည်းပြက သဘောကျဖို့ လည်း လိုအပ်တာပေါ့လေ ။
Q - ဟုတ်ကဲ့ ပါဗျာ ။ နောက်ဆုံးအနေနဲ့  ကျွန်တော်မေးချင်တာကတော့ ရန်ကုန်အသင်းအနေနဲ့ ဒီရာသီမှာ ပြည်တွင်းဆုဖလား ၂လုံး ချန်ပီယံ ဖြစ်ဖို့  ဘယ်အသင်းကများ အဓိကပြိုင်ဘက်ဖြစ်တယ်လို့ မြင်ပါသလဲအစ်ကိုရေ ။
A - ကျွန်တော်ကတော့ ကိုယ့်အသင်းကိုပဲ ကိုယ့်ရဲ့ ပြိုင်ဘက်အဖြစ် သတ်မှတ်ချင်ပါတယ်ဗျာ ။ ကျွန်တော်တို့အသင်းအနေနဲ့  မနှစ်က ရာသီမှာ ဆုဖလားတွေ ရယူနိုင်ခဲ့တယ် ။ ဒီရာသီမှာ မနှစ်က ခြေစွမ်းထက်သာလွန်အောင် ကျွန်တော်တို့ ကြိုးစားသွားမယ်လို့  ခံယူထားပါတယ်ဗျာ
Q- ဒါဆို အစ်ကိုပြောချင်တာက ရန်ကုန်အသင်းသည်သာ ရန်ကုန်အသင်းရဲ့ ပြိုင်ဘက် ၊ မနေ့ က ရန်ကုန်ထက် ဒီနေ့ ရန်ကုန်အသင်းသည် အမြဲတမ်း သာလွန်ကောင်းမွန်အောင် ကြိုးစားမယ်ဆိုတဲ့သဘောပေါ့နော် ။
A- ဟုတ်ပါတယ်ဗျာ ။ ကျွန်တော်တို့လိုချင်တဲ့ အောင်မြင်မှုအတွက် ကျွန်တော်တို့ အမြဲတမ်း ခြေစွမ်းတိုးတက်နေအောင် ကြိုးစားရမှာပါ ။
Q- ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အစ်ကိုရေ ၊ အစ်ကို့ မျှော်လင့်ရည်မှန်းထားသလို ရန်ကုန်ယူနိုက်အသင်း ပြည်တွင်းဆုဖလားတွေ သိမ်းပိုက်နိုင်ယုံမကပဲ လာမယ့်နှစ် AFC မှာလည်း အောင်မြင်မှု ရယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ။ ကျွန်တော်တို့  ရန်ကုန်ပရိသတ်တွေကလည်း အမြဲတမ်း တခဲနက်အားပေးလျက်ပါဗျာ ။
A- ဟုတ်ကဲ့  ကျွန်တော်တို့  အသင်းသားတွေအားလုံးကလည်း ရန်ကုန်ပရိသတ်တွေကို အမြဲတမ်း ကျေးဇူးတင်လျက်ပါဗျာ ။
No comments:
Post a Comment