ရန်ကုန် ယူနိုက်တက် အသင်း နည်းပြ
အိုင်ဗန်ကိုလဗ်သည် သူ၏ အသင်းမှ ကစားသမား (၂)ဦးဖြစ်သော နယူချီနှင့်
မျိုးမင်းထွန်း တို့၏ ခြေစွမ်းများအပေါ် သုံးသပ်မှုများ ပြုလုပ်သွားခဲ့သည်။
အိုင်ဗန်ကိုလဗ်က“ နယူချီဟာ
ကစားသမား ကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်က သူ့ကို
သူ့စိတ်ကြိုက်နေရာမှာ ကစားခိုင်းရင် သူ့အနေနဲ့ ဂိုးမသွင်းနိုင်တော့ဘူး။
ကျွန်တော် သတ်မှတ် ပေးတဲ့ နေရာမှာ ဆိုရင်တော့ သူဂိုးတွေ
သွင်းနိုင်ခဲ့တာကိုတွေ့ရတယ်။ နောက်တစ်ခုက နယူချီဟာ တစ်ပတ်မှာ (၂)ရက်လောက်
လေ့ကျင့်ရေး မလုပ်နိုင်ဘူး။ ဒဏ်ရာရနေတယ်ဆိုပြီး လေ့ကျင့်ရေး တွေမှာ မပါဝင်
တာတွေရှိတယ်။ ကျွန်တော်စိတ်ထင် သူဟာ ဒီမှာ (MNL) ကစားရတာ သူ့အတွက်
လွယ်ကူတယ်လို့ ထင်နေပုံရပါတယ်။ ဒီလိုတွေးထားတော့ တကယ်တမ်း ကစားရတဲ့
အချိန်တွေမှာ ခြေစွမ်းက ပျောက်နေတတ် ပါတယ်။ မျိုးမင်းထွန်း ဆိုရင်လည်း
လွန်ခဲ့တဲ့ (၇)နှစ်လောက်က ကျွန်တော် လက်ရွေးစင် အသင်းကို
ကိုင်တွယ်ခဲ့တုန်းက အားထားရတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့ ဒီ(၇)နှစ်
အတွင်းမှာ သူရခဲ့တဲ့ ဒဏ်ရာတွေကြောင့် သူ့ခြေစွမ်း ကျဆင်းခဲ့ရ တယ်လို့
ထင်ပါတယ်။ ဒဏ်ရာတွေသာ သူ့ကို မနှိပ်စက်ခဲ့ဘူး ဆိုရင် မျိုးမင်းထွန်းဟာ
အားထားရတဲ့ ကစားသမား တစ်ယောက်ပါ” ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အိုင်ဗန်ကိုလဗ်သည်
သူ့၏ အသင်းမှ ကစားသမား (၁၂) ယောက်အား လက်ရွေးစင် အသင်းနှင့် MNL ALL STAR
အသင်းတို့အား စေလွှတ်ပေးခဲ့ရသည့် အတွက် ရန်ကုန်အသင်း၏ ပြင်ဆင်မှုများတွင်
အခက်အခဲများ နှင့်ရင်ဆိုင် ခဲ့ရသည်ဟု ဖွင့်ဟခဲ့ဟည်။
www.myanmarstriker.com မှ ကူးယူဖေါ်ပြပါသည် ။
No comments:
Post a Comment