ရန်ကုန်ယူနိုက်တက်အမာခံစစ်သည်တော်များ အဖွဲ့  (့Yangon United Warriors Group)၏ ပထမအကြိမ်မြောက် တွေ့ ဆုံပွဲ ကိုဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မဟာဗန္ဓူလ ပန်းခြံလမ်းရှိ PPQ (Perfect Perform Quality ) ကော်ဖီဆိုင်တွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါတယ် ။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လိဂ်ကော်မတီမှ ဦးရဲမျိုးဟိန်း၊
အားကစား မီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြပြီး ရန်ကုန် ယူနိုက်တက် အသင်း ခေါင်းဆောင် ခင်မောင်လွင်၊ ကွင်းလယ်
ကစားသမား ရန်အောင်ကျော် တို့ လည်း ပါဝင်ခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင် ကိုခင်မောင်လွင်က ယခု တွေ့ ဆုံပွဲအစီအစဉ် ဖြစ်မြောက်ရေးအတွက် စတင်အကြံပြု စီစဉ်ခဲ့သူဖြစ်ပြီး သူက တွေ့ ဆုံပွဲမှာ အခုလို ပြောကြားခဲ့ပါတယ် ။
“ရန်ကုန် အသင်း ပရိသတ်တွေနဲ့ အခုလို တွေ့ဆုံခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ ရန်ကုန် အသင်းကို အားပေးကြတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောလို ပါတယ်။ ကျွန်တော့် အနေနဲ့ လိဂ်ခဏ နားထားတဲ့ အချိန်မှာ အသင်းကို တစိုက်မတ်မတ် အားပေးနေတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စဉ်စားမိ ပါတယ်။ ဒါကို အကောင်အထည် ဖော်နိုင်ခဲ့တဲ့ အတွက် ၀မ်းသာမိ ပါတယ်။ ရန်ကုန် ပရိသတ်များ အနေနဲ့ ရန်ကုန် အသင်းကို အားပေးသလိုမျိုး မြန်မာ့ လက်ရွေးစင် အသင်းကိုလည်း အားပေးကြပါလို့ တိုက်တွန်း ပါတယ်”
အဆိုပါ အခမ်းအနား၌ Warriors အဖွဲ့၏ အဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်သူတို့က ၎င်းတို့ အနေဖြင့် ရန်ကုန် အသင်းအား အကောင်းဆုံး ပံ့ပိုးအားပေးသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့ကာ အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်တွင် ရန်ကုန် ယူနိုက်တက် အသင်းအား အားပေးရုံမျှ သာမက မြန်မာ့ လက်ရွေးစင် အသင်းများ၏ ပွဲစဉ်များကိုလည်း အကောင်းဆုံး ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ဆိုခဲ့သည်။
ထို့နောက်တွင် ဖန်ကလပ် အဖွဲ့ဝင် များအား ရန်ကုန် ယူနိုက်တက် ဂျာစီနှင့် ရှပ်အင်္ကျီများ၊ ဒိုင်ယာရီ စာအုပ်များအား အမှတ်တရ ကံစမ်းမဲ ဖောက်ပေးခဲ့ကာ အမှတ်တရ ဓာတ်ပုံများ စုဖွဲ့ ရိုက်ကူးခဲ့ကြသည်။
Yangon United Warriors အဖွဲ့ ၏ တက်ကြွ ပါဝင်လှုပ်ရှားကြသူများ (၀ဲမှယာ - ကောင်းမြတ်သူ -အဖွဲ့ခေါင်းဆောင်တစ်ဦး ၊ ဖြို့ ပြည့် -အဖွဲ့ ၏ အမာခံ တက်ကြွလှုပ်ရှားသူ ၊ ဒေါ်ခင်မမ - အဖွဲ့ ခေါင်းဆောင်တစ်ဦး ၊ ကိုမဟာ - အဖွဲ့ ခေါင်းဆောင် ( yangon united warriors group www.ygnutdfans.com )၏ အက်ဒမင် )
ကို7 နှင့် တရုတ်ကြီး ( တက်ကြွလှုပ်ရှား warriors အဖွဲ့ ၏ အမာခံများ )
မမေခနှင့် မနှင်းသိင်္ဂီလှိုင်(warriors အဖွဲ့ ၏ တက်ကြွလှုပ်ရျားပါဝင်သူအမျိုးသမီးများ)
ကိုဇင်ဘိုထွန်း
ကျွန်တော်တို့ အဖွဲ့ ရဲ့  ခေါင်းဆောင်တစ်ဥင်္ီး ( ရွာသူကြီး (ခ) ကိုအောင်ကျော်စိုး
ကိုခင်မောင်လွင်နှင့် warriors အဖွဲ့ ၏ ခေါင်းဆောင်တစ်ဦး ကိုဘိုဘိုအောင်
2 comments:
Good..Warriors...
Never give up warriors..
yes brother
we will never give up
Post a Comment