အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ရခိုင်ပြည်နယ် ရန်ပုံငွေ ဘောလုံးပွဲတွင် Myanmar FC က Actor Star FC ကို အနိုင်ရ

ရန်ကုန် ယူနိုက်တက် အသင်းက ကြီးမှူးပြီး Myanmar Brewery က အဓိက ပံ့ပိုး ကူညီသည့် ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ရန်ပုံငွေ ချစ်ကြည်ရေး ဘောလုံးပွဲကို ဇွန်လ ၂၉ ရက်နေ့ ညနေက ရန်ကုန် အသင်းပိုင် Y.U.S.C တွင် ကျင်းပခဲ့ရာ Myanmar FC က Actor Star FC ကို အကြိတ်အနယ် ကစားကာ (၄-၃)ဂိုးဖြင့် အနိုင်ရခဲ့သည်။

Actor Star အသင်းတွင် လူမင်း၊ ဇာနည်၊ နေမင်း၊ မင်းသွေး၊ ဖိုးချစ်၊ မြင့်မြတ်၊ သူထူးစံ၊ မိုးယံဇွန်၊ ဖိုးတာ၊ ညီဂျော်၊ ရူပ၊ ဆိုတေး၊ ဒါရိုက်တာ ၀င်းထွန်းထွန်း အစရှိသည့် အနုပညာရှင်များ အပြင် နေပြည်တော် အသင်း ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်း၊ စောငမန်း (ရွှေခါးပတ် ချန်ပီယံ)၊ ဇော်လင်းထွန်း (ဇေယျာရွှေမြေ)နှင့် ခင်မောင်ထွန်း (ရတနာပုံ) တို့လည်း ပါဝင် ကစားခဲ့သည်။

Myanmar FC တွင် အဆိုတော် မျိုးကြီး၊ လင်းလင်း၊ ဟက်ကက် တို့နှင့် Myanmar Brewery ကုမ္ပဏီ ၀န်ထမ်းများ၊ MRTV-4 ရုပ်သံမှ ၀န်ထမ်းများ၊ YUFC မှ ၀န်ထမ်းများ အပြင် ရန်ကုန် ကစားသမားများ ဖြစ်သော ခင်မောင်လွင်နှင့် မျိုးမင်းထွန်းတို့လည်း ၀င်ရောက် ကစားခဲ့သည်။

ဘောလုံးပွဲ မစမီ နှစ်ဘက် အသင်း ကစားသမားများကို သဉ္ဇာဝင့်ကျော်၊ နန်းဆုရတီစိုး၊ ၀ါဆိုမိုးဦး၊ အေသင်ချိုဆွေ၊ စန္ဒီမြင့်လွင်၊ လှမျိုးသဉ္ဇာနွယ်၊ ခင်သဇင်၊ ခင်ရူပ၊ မေဇူးမောင်တို့ အပါအ၀င် မော်ဒယ်နှင့် ရုပ်ရှင် သရုပ်ဆောင် များက အမှတ်တရ ပန်းစည်းများ ပေးခဲ့ကြသည်။

ချစ်ကြည်ရေး ဘောလုံးပွဲမှာ အကြိတ်အနယ်နှင့် ကြည့်ကောင်းခဲ့ပြီး Actor Star အသင်းကို ဖိုးချစ်နှင့် ဇာနည်တို့က ဦးဆောင် ကစားခဲ့သလို Myanmar FC အသင်းကိုလည်း ဟတ်ကက်နှင့် မျိုးကြီးတို့က အဓိက ထိန်းကျောင်း ကစားခဲ့သည်။ ပွဲအပြီးတွင် အဆိုတော်များနှင့် ကုမ္ပဏီ ၀န်ထမ်းများ ပါဝင်သည့် Myanmar FC က (၄-၃)ဖြင့် အနိုင် ရခဲ့သည်။

ထို့နောက် Myanmar Brewery မှ ကျပ်သိန်း (၁၀၀)၊ ACE ဆောက်လုပ်ရေးမှ ကျပ်သိန်း (၃၀)၊ ဖြိုးဓနမှ ငွေကျပ် (၃)သိန်း၊ ရွှေလမင်းနဂါးမှ ငွေကျပ် (၂)သိန်း၊ Lecco မှ ငွေကျပ် (၂)သိန်းနှင့် ကွင်းဝင်ကြေး ကျပ် ၃ သိန်း ၈ သောင်း၊ စုစုပေါင်း အလှူငွေ သိန်းတစ်ရာ့ လေးဆယ်နှင့် ၈ သောင်းကျပ် တို့ကို လှူဒါန်းခဲ့ပြီး ရခိုင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က လက်ခံ ရယူခဲ့သည်။

ရန်ပုံငွေ ဘောလုံးပွဲနှင့် ပတ်သက်၍ သရုပ်ဆောင် နေမင်းက “ဒီလို ရန်ပုံငွေ ဘောလုံးပွဲ ကစားရတာ အရမ်း ကျေနပ်ဖို့ ကောင်းပါတယ်။ ရခိုင်ပြည်က အကူအညီ လိုနေတဲ့ သူတွေကို ကျွန်တော်တို့ရဲ့ လုပ်အားခ တွေသာ မက ချွေးတွေကိုပါ ပေးဆပ်ပြီး လှူဒါန်းခွင့် ရလို့ ၀မ်းသာပါတယ်။ ပြီးတော့ ဒီပွဲ ဖြစ်မြောက်အောင် အစစ အရာရာ စီစဉ်ပေးတဲ့ ရန်ကုန် ယူနိုက်တက် အသင်းကိုလည်း ကျေးဇူးတင်တယ်” ဟု ဆိုသည်။


နာရီအနီလေးပတ်ထားတာ ကိုမျိုးကြီးရဲ့ ဇနီး မလုံးလုံးလွင်ပါ ။ 


No comments: