အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

မောရ၀တီ အရန် အသင်းအား ရန်ကုန် အရန်အသင်း (၃-၁)ဖြင့် အနိုင်ရ

ယနေ့ မွန်းလွဲ ၂း၃၀ နာရီက မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင် ကစားသော ခြေစမ်းပွဲတွင် ရန်ကုန် ယူနိုက်တက် အရန် အသင်းက မောရ၀တီ အရန် အသင်းကို (၃-၁)ဖြင့် အနိုင် ရခဲ့သည်။ ရန်ကုန် လူငယ် အသင်း အတွက် ဂိုးများကို အောင်ကျော်ထွေး ၂ ဂိုးနှင့် နိုင်ဦးလွင် ၁ ဂိုး သွင်းယူခဲ့သည်။

ယခု ခြေစမ်းပွဲကို ၃၅ မိနစ် ၂ ပိုင်း ကစားခဲ့ခြင်း ဖြစ်ပြီး ပထမ ခြေစမ်းပွဲတွင် နှစ်ဘက် အသင်းများ၏ အရန် ကစားသမား အများစု ပွဲထွက်ခဲ့ သလို ဒုတိယ ခြေစမ်းပွဲတွင်မှု အဓိက ကစားသမားများ ကစားခဲ့သည်။ ရန်ကုန် အရန် အသင်းတွင် ဂိုး-တေဇာအောင် (ရန်အောင်)၊ နောက် - ထူးကျော်၊ မျိုးဝင်းထွဋ် (အောင်ဇော်နိုင်)၊ ရဲနိုင်၊ ပြည့်ဖြိုးအောင်၊ လယ် - ဇော်ဝင်း၊ ရန်နိုင်အောင်၊ ထိန်လင်း၊ စည်သူအောင် (သန်းထက်အောင်)၊ ရှေ့- အောင်ကျော်ထွေး၊ လွင်ကိုနိုင် (နိုင်ဦးလွင်) တို့ ကစားခဲ့ကြသည်။

ရန်ကုန် အရန် ကစားသမား များသည် ပွဲစကတည်းက အမြန်နှုန်းနှင့် တင်ကစားခဲ့ သောကြောင့် ပွဲအစ ၈ မိနစ်တွင် တိုက်စစ်မှူး အောင်ကျော်ထွေးက ဘယ်တောင်ပံမှ ထောင့်ဖြတ်ဘော ကန်သွင်းပြီး အဖွင့်ဂိုး ရယူခဲ့သည်။ ရန်ကုန် အသင်း ဆက်တိုက် ဖိကစားပြီး ဂိုးသွင်းခွင့်များ ရသော်လည်း အဆုံးသတ်ပိုင်း အားနည်းချက် အချို့ကြောင့် ဒုတိယဂိုး ရရန် ခက်ခဲခဲ့သည်။ ၁၇ မိနစ်တွင် ရန်ကုန် ခံစစ်ကြောင်း နားလည်မှု အလွဲ မှတဆင့် မောရ၀တီ ကစားသမား ကျော်လင်းဖြိုးက ချေပဂိုး သွင်းယူခဲ့သည်။ ချက်ချင်း ဆိုသလိုပင် ရန်ကုန်အသင်း တိုက်စစ် ပြန်ဆင်ခဲ့ပြီး ၁၈ မိနစ်တွင် ညာတောင်ပံမှ ဇော်ဝင်း ဖြတ်တင်ပေးသည့် ဘောလုံးကို အောင်ကျော်ထွေး ကပင် ပိတ်သွင်းပြီး (၂-၁)ဖြင့် ထပ်မံ ဦးဆောင်ခဲ့သည်။

(၂-၁)ဖြင့် ပထမပိုင်း ပြီးခဲ့ပြီး ဒုတိယပိုင်းတွင် ရန်အောင်၊ အောင်ဇော်နိုင်၊ သန်းထက်အောင်၊ နိုင်ဦးလွင်တို့ လူစားလဲ ကစားခဲ့ ကြပြီး မိနစ် ၄၀ တွင် စည်သူအောင်၏ ကြိုးပမ်းမှုအား မောရ၀တီ ဂိုးသမား ကာကွယ်ရင်း အံထွက်လာသည့် ဘောလုံးကို နိုင်ဦးလွင်က အလိုက်သင့် ပိတ်သွင်းကာ တတိယဂိုး သွင်းယူခဲ့သည်။

နောက်ပိုင်းတွင် ရန်ကုန် အသင်းမှ သန်းထက်အောင်၊ စည်သူအောင် ဂိုးသွင်းခွင့် အချို့ ထပ်မံ ရရှိခဲ့ သော်လည်း ဂိုးအဖြစ် မပြောင်းလဲ နိုင်ဘဲ (၃-၁) ဖြင့်သာ ပွဲပြီး ဆုံးခဲ့သည်။ 



june 27   www.ygnutd.com

No comments: