အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

တစ်ဘက် ၄ ဂိုးစီ သရေ ကျခဲ့သည့် ရန်ကုန်နှင့် ကမ္ဘောဇ တို့၏ ခြေစမ်းပွဲ

www.ygnutd.com
ဇွန်လ ၂၇ ရက်နေ့က မောရ၀တီကို ခြေစမ်းပွဲတွင် ဂိုးပြတ် အနိုင်ရခဲ့သော ရန်ကုန် ယူနိုက်တက် အသင်းသည် ယနေ့ ဇွန် ၃၀ ရက်နေ့တွင် ကမ္ဘောဇ အသင်းနှင့် ခြေစမ်းရာ၌ (၄-၄)ဂိုးဖြင့် သရေ ကျခဲ့သည်။

ရန်ကုန် အသင်း အတွက် ဂိုးများကို ဒေးဗစ်ထန်း၊ အောင်ကျော်ထွေး၊ နိုင်ဦးလွင် (၂)ဂိုး တို့ သွင်းယူခဲ့ သလို ကမ္ဘောဇ အသင်း အတွက် ဂိုးများကို အိုဘီ၊ နူနက်စ်၊ မိုင်းအိုက်နိုင် (၂)ဂိုး တို့ သွင်းယူခဲ့သည်။

ယနေ့ ခြေစမ်းပွဲကို (၃၅) မိနစ် လေးပိုင်း ကစားခဲ့ခြင်း ဖြစ်ပြီး ပထမပိုင်းနှင့် ဒုတိယပိုင်း တို့ကို မြက်ခင်းတုကွင်း၊ တတိယနှင့် စတုတ္တပိုင်း တို့ကို မြက်ခင်း အစစ် ကွင်းတွင် ကစားခဲ့သည်။ ရန်ကုန် အသင်းသည် ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် အရန် ကစားသမား အများစု ပါဝင်သည့် အသင်းဖြင့် ကမ္ဘောဇ ပထမ အသင်းကို ရင်ဆိုင်ခဲ့ခြင်း ဖြစ်ပြီး ခြေစွမ်း မယှဉ်နိုင်ဘဲ ပထမပိုင်းတွင် (၃-၀)၊ ဒုတိယပိုင်းတွင် (၁-၀) စုစုပေါင်း (၄-၀)ဖြင့် မြက်ခင်းတု ကွင်း၌ ရှုံးနိမ့်ခဲ့သည်။ ကမ္ဘောဇ အတွက် ဂိုးများကို ပထမပိုင်း ၁၉ မိနစ်တွင် အိုဘီ ၊ ၂၈ မိနစ်တွင် မိုင်းအိုက်နိုင် ၊ ၂၉ မိနစ်တွင် နူနက်စ် တို့က သွင်းယူခဲ့ခြင်း ဖြစ်ပြီး ဒုတိယပိုင်း ၅၈ မိနစ်တွင် မိုင်းအိုက်နိုင် က စတုတ္တဂိုး သွင်းယူခဲ့သည်။

မြက်ခင်း အစစ် ကွင်းတွင် ကစားသော ပွဲ၌မှု ဘရာဇီး တိုက်စစ်မှူး ဆီဇာမှ လွဲ၍ ရန်ကုန် စီနီယာ ကစားသမား အစုံအလင် ကစားခဲ့ပြီး ကမ္ဘောဇ အသင်းကမှု အရန် ကစားသမား အများစု ပါဝင်သော အသင်းကိုသာ ကစားစေခဲ့သည်။ ထိုပွဲတွင် ရန်ကုန် အသင်း စိတ်ကြိုက် ဖိကစား နိုင်ခဲ့ပြီး ဒေးဗစ်ထန်းနှင့် ချားလ်စ် နယူချီ တို့၏ တောင်ပံ တိုက်စစ်များမှ တဆင့် ထိုးဖောက် ဂိုးသွင်းခွင့်များ ရခဲ့သည်။ ရန်ကုန် အသင်း အတွက် ပထမဂိုးနှင့် ဒုတိယဂိုးကို မိနစ် (၂၀)နှင့် (၂၂) မိနစ်တို့တွင် နိုင်ဦးလွင် က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် နိုင်ဦးလွင် အစား အောင်ကျော်ထွေး ၀င်ရောက် ကစားခဲ့ပြီး မိနစ် ၄၀ တွင် ဒေးဗစ်ထန်း က တတိယဂိုး၊ ၅၅ မိနစ်တွင် အောင်ကျော်ထွေး က စတုတ္တဂိုး သွင်းယူပြီး ခြေစမ်းပွဲ ပြီးဆုံးခဲ့သည်။

www.ygnutd.com


No comments: