အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ခြေစမ်းပွဲ ၃ ပွဲ ကစားရန် စီစဉ်ထားကြောင်း ရန်ကုန်အသင်း အုပ်ချုပ်သူ ပြောကြား


  ပြီးခဲ့သည့် တနင်္လာနေ့ ကတည်းက ကစားသမား အင်အား အပြည့်ဖြင့် လေ့ကျင့်ခန်း ဆင်းနေသော ရန်ကုန် ယူနိုက်တက် အသင်းသည် မကြာမီ ရက်ပိုင်း အတွင်း မောရ၀တီ၊ ကမ္ဘောဇ၊ မြန်မာ ယူ-၁၉ အသင်းတို့နှင့် ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားသည်။

မြန်မာ ယူ-၂၂ အသင်းသို့ သွားရောက် နေသော ကြည်လင်း၊ ကောင်းစည်သူ၊ ရန်အောင်ဝင်း တို့မှအပ လူအစုံဖြင့် လေ့ကျင့်နေသော အသင်းနှင့် ပတ်သက်၍ အသင်း အုပ်ချုပ်သူ ဦးအောင်ကျော်လွင် က ယခုလို သုံးသပ်သည်။

“နည်းပြကြီး အီဗန်ကိုလက်ဗ် လိုချင်တဲ့ ပုံစံကို ကစားသမားတွေ လုပ်နိုင်၊ မလုပ်နိုင် ဆိုတာကို အခုချိန်မှာ စမ်းသပ် နေတာပါ။ နည်းပြကြီးက (၄-၃-၃) ပုံစံ သွားချင် နေတာပါ။ သူ လေ့ကျင့်တဲ့ ပုံစံနဲ့ ဆိုရင် ကစားသမားတွေ ကြံ့ခိုင်မှု အရမ်း တက်လာလိမ့်မယ်။ ကျွန်တော်တို့က ချန်ပီယံ ကာကွယ်ရေး လမ်းကြောင်း ပေါ်မှာ ရှိနေတာ ဆိုတော့ အကောင်းဆုံး ပုံစံ ရအောင် လေ့ကျင့်နေတယ်။ ဒါကြောင့်လည်း ခြေစမ်းပွဲ ကစားဖို့ စီစဉ်တဲ့ နေရာမှာ အသင်းတွေကို စိစစ်ပြီး သဘောတူ ခဲ့တာပါ” ဟု ဦးအောင်ကျော်လွင်က ဆိုသည်။

ရန်ကုန် အသင်းသည် ဇွန်လ ၂၇ ရက်နေ့တွင် မောရ၀တီ၊ ဇွန်လ ၃၀ ရက်နေ့တွင် ကမ္ဘောဇ၊ ဇူလိုင်လ ၄ ရက်နေ့တွင် ယူ-၁၉ အသင်းတို့နှင့် အသင်းပိုင် Y.U.S.C ကွင်းတွင် ခြေစမ်းပွဲများ ကစားမည် ဖြစ်သည်။

No comments: