၂၀၁၂
မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံဆုကို ရရှိရန် အကောင်းဆုံး
အခြေအနေသို့ ရောက်နေသော ရန်ကုန် ယူနိုက်တက် အသင်းမှ နည်းပြချုပ်
အီဗန်ကိုလက်ဗ်နှင့် တိုက်စစ်မှူး ဆီဇာတို့သည် မြန်မာ နေရှင်နယ်လိဂ် တစ်လတာ
အကောင်းဆုံးဆု (သြဂုတ်လ) များကို သိမ်းကြုံး ဆွတ်ခူး နိုင်ခဲ့ပြီ ဖြစ်သည်။
ဘူဂေးလ်ရီးယား လူမျိုး နည်းပြ အီဗန်ကိုလက်ဗ်သည် ရန်ကုန် အသင်း အတွက် နောက်ဆုံး (၄) ပွဲ ကစားရာတွင် ရမှတ် (၁၀)မှတ် အထိ ရအောင် ဦးဆောင်မှု ပေးနိုင်ခဲ့ပြီး ဘရာဇီး တိုက်စစ်မှူး ဆီဇာ ကလည်း နောက်ဆုံး (၄)ပွဲတွင် (၄)ဂိုး သွင်းကာ အသင်းကို အမှတ်ပေး ဇယား ထိပ်ဆုံး နေရာတွင် ရပ်တည် နိုင်အောင် ကူညီ ပေးခဲ့သည်။ ရန်ကုန် အသင်းသည် နောက်ဆုံး (၄)ပွဲကို သြဂုတ်လ အတွင်း (၃)ပွဲနှင့် စက်တင်ဘာလတွင် (၁)ပွဲ ကစားခဲ့ခြင်း ဖြစ်သည်။ သြဂုတ်လ အတွက် အကောင်းဆုံး နည်းပြဆုနှင့် ပတ်သက်၍ မြန်မာ့ လက်ရွေးစင် နည်းပြဟောင်း ကိုလက်ဗ်က “ဒီဆုရတယ် ဆိုတာ ကျွန်တော် တစ်ယောက်တည်း ကောင်းလို့ ရတာ မဟုတ်ပါဘူး။ ကျွန်တော့ ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေ၊ အုပ်ချုပ်မှု အဖွဲ့က တာဝန် ရှိသူတွေနဲ့ ရန်ကုန် ယူနိုက်တက် ၀န်ထမ်း အားလုံး တာဝန်ကျေလို့ ဒီလို ချီးမြှင့်ခံ ရတာပါ။ ဂုဏ်ယူပါတယ်။ အမှတ်ပေး ပြိုင်ပွဲ နောက်ဆုံး ပွဲမှာလည်း ဧရာဝတီ ယူနိုက်တက်ကို အနိုင်ယူပြီး ဒီဆုနဲ့ ထိုက်တန်တယ် ဆိုတဲ့ အကြောင်း သက်သေပြ ဦးမှာပါ” ဟု ဆိုသည်။ ရန်ကုန် အသင်းသို့ အမှတ်ပေး ပြိုင်ပွဲ ဒုတိယ အကျော့မှသာ ရောက်ရှိခဲ့သူ ဖြစ်သော်လည်း (၁၂)ပွဲ အတွင်း (၁၄)ဂိုး သွင်းထားသည့် ဘရာဇီးသား တိုက်စစ်မှူး ဆီဇာက “၀မ်းသာပါတယ်။ ချန်ပီယံ ဖြစ်ဖို့ အတွက် ကြိုးစားသွား မှာပါ။ ရန်ကုန် ယူနိုက်တက်နဲ့ အတူ ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်ဖို့ အသင့် ဖြစ်နေပါပြီ” ဟု ဆိုသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လအလိုက် အကောင်းဆုံးဆု ရွေးချယ်ရေး အဖွဲ့က အီဗန်ကိုလက်ဗ်နှင့် ဆီဇာတို့ကို ရွေးချယ်ခဲ့ခြင်းနှင့် ပတ်သက်၍ “နည်းပြ ကိုလက်ဗ်သည် အသင်းကို ရာသီဝက်ကျော်မှ တာဝန် ယူခွင့်ရခဲ့ သော်လည်း ပုံစံ မပျက်ဘဲ ချန်ပီယံ လမ်းကြောင်းပေါ်တွင် တည်ငြိမ်စွာ လျှောက်လှမ်းနိုင်ရန် ဦးဆောင်မှု ပေးနိုင်ခြင်း၊ နောက်ဆုံး (၄)ပွဲတွင် ခက်ခဲသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင် ရသော်လည်း ရှုံးပွဲ မရှိဘဲ (၁၀)မှတ် ရယူပေး နိုင်ခြင်း၊ ဘရာဇီး တိုက်စစ်မှူး ဆီဇာသည် ရတနာပုံ၊ ရက္ခပူရ၊ မနောမြေ၊ ဇွဲကပင်တို့နှင့် ကစားခဲ့သည့် ၄ ပွဲတွင် အကောင်းဆုံး ခြေစွမ်း ပြနိုင်ပြီး ကိုယ်တိုင် ဂိုးသွင်းနိုင်သည့် အပြင် အသင်းဖော် များကိုပါ ဂိုးသွင်းနိုင်အောင် ဖန်တီး ပေးနိုင်ခဲ့ခြင်း တို့ကြောင့် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။ www.ygnutd.com |
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
-
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။
ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် ...
12 years ago
No comments:
Post a Comment