အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ရန်ကုန်ပရိသတ်များ၏ ရင်ထဲက အသံများ ( ၄)

Ygn utd champion phtit yan 1 day thar lo tal thae....

ရင်ခုန်နေဆဲပဲ့ရင်ခုန်နေဆဲပဲ
ရင်ခုန်နေတုန်းပဲ့ရင်ခုန်နေတုန်းပဲ
ဖလားပိုင်ပါစေရန်ကုန်ရေ့
သိနေပေမယ့်လည်းရင်ခုန်နေဆဲ့

သမိုင်းရေးမည့် သူတို့
----------------------

မောင်နှမတို့ရေ ..

...

ကဗျာတစ်ပုဒ်ဧ။် ဆိုလိုချက်အရ ယနေ့ပြုလုပ်သမျှ အရာရာအားလုံးဟာ နောင်အနာဂါတ်နှင့်
အချိန်တစ်ခုအတွက် ကိုယ်ရဲ့သမိုင်းတစ်ခုလို့ အဆိုရှိခဲ့ဖူးပါတယ် ။

ကိုယ်ရဲ့အတိတ်မှာ ပြုလုပ်ဖူးသည့်အရာရာအားလုံးဟာ ယနေ့ ကိုယ့်ရဲ့သမိုင်းအဖြစ် တည်ရှိ
နေမှာ ဖြစ်သလို .. ယနေ့ ကိုယ်ပြုလုပ်နေသည့် အရာရာအားလုံးဟာလည်း အနာဂါတ်တစ်
ခုမှာ ကိုယ်ကြုံတွေ့ရမည့် ကိုယ့်ရဲ့သမိုင်းတွေလို့ ဆိုလိုခဲ့ဟန်တူပါတယ် ။

အဓိပ္ပါယ်တွေနက်နဲစွာ ပြည့်နှက်နေသည့် ကဗျာကောင်းတစ်ပုဒ်ပါ .. ။

ကဗျာဧ။်ဆိုလိုချက်အရလို သမိုင်းဆိုတာ နှစ်ခါပြန်ရေးဖို့ မဖြစ်နိုင်ပါဘူး ။ ကိုယ့်ရဲ့တစ်သက်
တာမှာ အခွင့်အရေးကို နှစ်ခါကြုံရင်သာ ကြုံနိုင်ခဲ့မှာပါ ။ အချိန်တစ်ခုကတော့ ကွာခြားမှုအ
တိရှိမယ်လို့ ပြောလို့ရပါတယ် ။

မောင်နှမတို့ရေ ..

ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားလိဂ်ရယ်လို့ ပရိုလိဂ်ပေါ်လာပြီးနောက်ပိုင်း ကျွန်တော်တို့ရဲ့
ရန်ကုန်အသင်းဟာ ထပ်ဆင့်ချန်ပီယံဆိုသည့် အခွင့်အရေးကို ကြိုးစားမှုဖြင့် ရရှိနေခဲ့ပါပြီ ။

ကျွန်တော်တို့ရန်ကုန်ရဲ့သမိုင်းမှာ ထပ်ဆင့်ချန်ပီယံရယ်လို့ ပထမဆုံး ကမ္ဗည်းရေးထိုးနိုင်ဖို့
ရရှိသည့် အခွင့်အရေးတစ်ခုပါ ။ အခွင့်အရေးကိုသာ ပိုင်နိုင်စွာဆုပ်ကိုင်ခဲ့ရင် ရန်ကုန်အ
သင်းရဲ့ ကစားသမားများစွာဟာ နှစ်ကြိမ်ဆက်အမျိုးသားလိဂ်ချန်ပီယံ ကစားသမားအဖြစ်
ကိုယ်တိုင်ရေးသမိုင်း စိုက်ထူနိုင်ခဲ့မှာဖြစ်သလို ကျွန်တော်တို့ရဲ့ ရန်ကုန်အသင်းကိုလည်း
နှစ်ကြိမ်ဆက်အမျိုးသားလိဂ်ချန်ပီယံအသင်းအဖြစ် အမျိုးသားလိဂ်သမိုင်းမှာ ကမ္ဗည်းရေး
ထိုးပေးခဲ့သည့် ကစားသမားတွေဖြစ်ခဲ့မှာပါ ။

ဘယ်လောကမှာမဆို ကိုယ့်ဘ၀ရဲ့ သမိုင်းကောင်းဆိုတာကို ကိုယ်တိုင်သာရေးဆွဲခွင့်ရှိပါ
တယ် ။ အခြားသူများ ၀င်ရောက်ဖြည့်ဆည်းရေးဆွဲဖို့ မစွမ်းသာနိုင်သလို ကိုယ်တိုင်ရဲ့အား
ထုတ်မှုဖြင့်သာ ရေးဆွဲနိုင်ခဲ့မှာပါ ။

ကိုယ်တိုင်ရဲ့အားထုတ်မှုက ကိုယ်တိုင်သက်ရောက်မှုအပြင် ကိုယ်တိုင်ကိုယ်စားပြုရာ ဌာနေ
တစ်ခု ၊ အသင်းတစ်ခုကိုလည်း သက်ရောက်မှုရှိပြီး ဌာနေတစ်ခုကို ကိုယ်စားပြုပေးနေသူ
အားလုံး .. အသင်းတစ်ခုကို ကိုယ်စားပြုပေးနေသူအားလုံးအတွက် ပျော်ရွင်စရာတစ်ခုကို
လက်ဆောင်ပေးနိုင်သည့်အခွင့်အရေး ရှိနေခဲ့ပြန်ပါတယ် ။

မောင်နှမတို့ရေ ..

ကြိုးစားမှုတစ်ခုဧ။်ရလာဒ်က အခွင့်အရေးကောင်းတစ်ခုလို့ ဆိုခဲ့မယ်ဆိုရင် .. ကျွန်တော်
တို့ရဲ့ ရန်ကုန်အသင်းဟာ စဉ်ဆက်မပြတ်ကြိုးစားမှုရှိခဲ့လို့သာ ယခုလိုအခွင့်အရေးကောင်း
တစ်ခုကို လက်တစ်ကမ်းအကွာ ရရှိခဲ့တယ်လို့ မြင်မိပါတယ် ။

လက်တစ်ကမ်းအကွာက အခွင့်အရေးကို လက်ဝယ်ပိုင်ပိုင်ရရှိဖို့ဆိုရင် ထပ်မံလိုအပ်တာက
ထပ်မံကြိုးစားနေဖို့သာ ဖြစ်မှာပါ ။

ကျွန်တော်တို့ရန်ကုန်အသင်းနှင့် ပါတ်သက်သူအားလုံးရဲ့ ကြိုးစားမှုဖြင့် ..

ကျွန်တော်တို့ရန်ကုန်အသင်းရဲ့ နည်းပြများဧ။် ကြိုးစားမှုဖြင့် ..

ကျွန်တော်တို့ရန်ကုန်အသင်းရဲ့ ကစားသမားတွေဧ။် ကြိုးစားမှုဖြင့် ..

ထပ်ဆင့်ချန်ပီယံ ရန်ကုန်အသင်းဆိုသည့် ရန်ကုန်ယူနိုက်တက်အသင်းဧ။် သမိုင်း ..

ထပ်ဆင့်ချန်ပီယံ ကစားသမားဆိုသည့် ရန်ကုန်ကစားသမားများဧ။် သမိုင်း ..

ကိုယ်တိုင်ကြိုးစားစွာ ရေးဆွဲထားသည့် ကိုယ်တိုင်ရေးသမိုင်းများဖုံးလွှမ်းနေမည့် စနေနေ့ဧ။်
သုသဏ္ဏညနေခင်းကို မျက်စိထဲမြင်ယောင်မိပါတယ် ။

အားလုံးသောသူများကို
လေးစားလျှက်
ငဘွိုင်း (yufcboy)

Eagle Boy

 

 

အစွမ်းကုန် ခြေကုန်ထုတ်ကစားမယ်ဆိုရင် အနိုင်အရှုံးဆိုတာ ဘာပဲဖြစ်ဖြစ် ကျေနပ်တယ် ။ 

 နာမည်ကြီး ရန်ကုန်အသင်းလို့ သတင်းတွေမှာ ဖေါ်ပြခံခဲ့ရတဲ့ဘ၀က အခု ချန်ပီယံ ရန်ကုန်ဖြစ်လာဘီ ။

နောက်တစ်ဆင့် ထပ်ဆင့်ချန်ပီယံ ဆိုတဲ့ ဂုဏ်ကို မျှော်လင့်တောင့်တတာတော့အမှန်ပဲ ။ 


ပြည်တွင်း ဖလား၂လုံး ထပ်ဆင့်ချန်ပီယံ ဖြစ်ရမယ် ။

ရဲရင့်တဲ့ ကေသရာဇာ ခြင်္သေ့တွေအတွက်

မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး ။

 ရန်ကုန်အသင်းအတွက် ကျွန်တော်ဟာ ဂဂျောင်ပရိသတ်တစ်ကောင်ဆိုရင်တောင်  အမာခံ ဂဂျောင်ပဲဖြစ်ချင်တယ်။

Kaung Myat Thu



ပရိသတ်များ၏ ရေးသားထားသော မူရင်းစာသားများအတိုင်း ဖေါ်ပြထားခြင်းဖြစ်ပါသည် ။ ပြင်ဆင်ခြင်း ၊ နှုတ်ပယ်ခြင်း မရှိပါ။ 

No comments: