အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

အိုလံပစ် စံချိန်မီ ရေကူးကန် တည်ဆောက် ပြီးစီး

ရန်ကုန်ယူနိုက်တက် အသင်း ကစားသမားများ ကိုယ်လက် ကြံ့ခိုင်မှု ကောင်းမွန်စေရန်နှင့် စိတ်လက် ပေါ့ပါးစွာ အပန်းဖြေ နိုင်ရန် ရည်ရွယ် တည်ဆောက်ခဲ့သော အိုလံပစ် စံချိန်မီ ရေကူးကန်မှာ စက်တင်ဘာ ၁ ရက်နေ့မှ စ၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အသင်း အုပ်ချုပ်သူ ဦးအောင်မြင့်မြတ်က ပြောကြားသည်။

အလျား ၇၅ ပေ၊ အနံ ၄၀ ပေ၊ ရေအတိမ်ဆုံး နေရာ ၄.၅ ပေနှင့် ရေအနက်ဆုံး နေရာ ၇ ပေရှိသော ရေကူးကန်ကို နိုင်ငံတကာ စံနှုန်းမီ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ အသုံးပြုကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အသင်း၏ ကစားသမားများ အားလုံး အတွက် အထူး အကျိုးပြု နိုင်မည်ဟု ဦးအောင်မြင့်မြတ်က ယုံကြည်ကြောင်း ဆိုခဲ့သည်။

အသင်းရဲ့ ပထမ ကစားသမားတွေ အတွက် အရမ်းကောင်းပါတယ်။ စီနီယာ တွေရဲ့ သက်လုံပိုင်း အများကြီး ကောင်းလာမှာ ဖြစ်ပြီး Training ပြီးရင်လည်း အပန်းဖြေလို့ ရတယ်။ အကြောလျှော့ လေ့ကျင့်ခန်းတွေ၊ အပျော်တမ်း ရေကူးပြိုင် တာတွေလည်း ဖြစ်လာနိုင်တယ်။ အကျိုးဆက် တွေကတော့ ကစားသမားတွေ အတွက် ခန္ဓာကိုယ် ဖွံ့ဖြိုးလာမယ်၊ အသင်းသား အချင်းချင်းလည်း အခုထက် ပိုပြီး ရင်းနှီးချင်ခင် လာမယ်။ ရန်ကုန် ယူနိုက်တက် အသင်းကနေ မြန်မာ့ လက်ရွေးစင် အသင်းအတွက် ကစားသမား ကောင်းတွေ မွေးထုတ် ပေးတဲ့ နေရာမှာ ဒီရေကူးကန်က အဓိက နေရာကနေ ပါလာမယ်လို့ အပြည့်အ၀ ယုံကြည်တယ်ဟု ဦးအောင်မြင့်မြတ်က ဆိုသည်။

အိုလံပစ် စံချိန်မီ ရေကူးကန် မတိုင်မီ အဆင့်မြင့် ကိုယ်ကာယ လေ့ကျင့်ခန်း၊ ရေနွေးငွေ့သုံး ချွေးထုတ်ခန်း၊ အပူအအေး စနစ် နှစ်မျိုးစလုံး အသုံးပြု နိုင်သည့် ရေနွေးစိမ်ကန် အပါအ၀င် အခြား နိုင်ငံတကာ အဆင့်မီ အားကစား အသုံးအဆောင် များဖြင့် ရန်ကုန် ယူနိုက်တက် အသင်း နှစ်နှစ်ဆက်တိုက် ချန်ပီယံဘွဲ့ ရရန် အသင်း ပိုင်ရှင်များ ဘက်မှ အစွမ်းကုန် ပံ့ပိုးပေးနေကြောင်း အသင်း အုပ်ချုပ်သူက ဖြည့်စွက် ပြောကြားသည်။

www.ygnutd.com

No comments: