ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့  ထပ်ဆင့်ချန်ပီယံဖြစ်ဖို့  လက်တစ်ကမ်းသာလိုပါတော့တယ် ။ လက်ရှိအနေအထားမှာ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့  အရင်ကပြောခဲ့သလိုပဲ ချန်ပီယံခြေစွမ်းထုတ်ပြနိုင်မှသာလျှင် ထပ်ဆင့်ချန်ပီယံအဖြစ် ၀ံ့ကြွားနိုင်မှာဖြစ်ပါတယ် ။
ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့  ဒီရာသီမှာ နည်းပြအပြောင်းအလဲတွေ ကစားသမားအပြောင်းအလဲ တွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်တာကတော့ တကယ့်ကို ဂုဏ်ယူစရာကောင်းလှပါတယ် ။
နည်းပြဟောင်း အဲရစ်ဝီလျံလက်ထက်မှာ ရန်ကုန်အသင်းဟာ MNL မှာ ၁၄ပွဲကိုင်တွယ်ပြီး ၈ပွဲနိုင် ၄ပွဲသရေ ၂ပွဲရှုံး ရလာဒ် ရရှိခဲ့ပါတယ် ။
နည်းပြ ဥိးတင်မောင်ထွန်းလက်ထက်မှာတော့ ၃ပွဲကစား ၃ပွဲနိုင် ရာနှုန်းပြည့် နိုင်ပွဲရခဲ့ပါတယ် ။
အိုင်ဗန်ကိုလဗ် လက်ထက်မှာ ဂပွဲမှာ ၅ပွဲနိုင် ၃ပွဲသရေ ရလာဒ်ရရှိထားပါတယ် ။ ရှုံးပွဲမရှိသေးပါဘူး ။
ရန်ကုန်ယူနိုက်တက်အနေနဲ့  ဒီရာသီမှာ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ ဆုံမှုမှာ ဇေယျာရွှေမြေကို ၂ပွဲလုံးနိုင်ခဲ့ပေမယ့် ရတနာပုံ ၊ နေပြည်တော်တို့ ကို ၂ကျော့လုံးသရေ ၊ KBZ ကို တစ်ပွဲသရေ တစ်ပွဲရှုံး ရလာဒ် ရရှိထားပါတယ် ။ ဧရာဝတီအသင်းကို ပထမအကျော့မှာ သရေသာ ကစားထားနိုင်တာကို တွေ့ ရပါတယ် ။
ရန်ကုန်အသင်းဟာ နည်းပြဟောင်း အဲရစ် လက်ထက်မှာ သာ မနောမြေ ၊ KBZ တို့ ကို ရှုံးပွဲတွေ့ ခဲ့တာဖြစ်ပြီး နည်းပြအပြောင်းအလဲမှာ ရှုံးပွဲမရှိသေးတာတွေ့ ရပါတယ် ။
အသင်းကြီးချင်းတွေ့ ဆုံမှုမှာ အဲရစ်က ၆ ပွဲကိုင်တွယ်ပြီး ၁ပွဲနိုင် ၄ပွဲသရေ ၁ပွဲရှုံးရလာဒ် သာ ရရှိခဲ့ပြီး
ဦးတင်မောင်ထွန်းက ၁ပွဲ ကိုင်တွယ်ပြီး ၁ပွဲနိုင်ခဲ့ပါတယ် ။
အိုင်ဗန်ကိုလဗ် လက်ထက်မှာတော့ ပထမအကျော့မှာ ရှုံးနိမ့် ခဲ့တဲ့  မနောမြေကို ပြန်လည် အနိုင်ယူနိုင်ခဲ့ပေမယ့်  နေပြည်တော် ရတနာပုံ ၂ပွဲမှာ ၂ပွဲလုံးသရေကျထားပါတယ် ။
ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့  အသင်းကြီးချင်း ထိပ်တိုက်တွေ့ ဆုံမှုမှာ သရေပွဲတွေများနေခဲ့ပြီး ၉ပွဲမှာ ၁၁မှတ် သာ ရရှိထားတာတွေ့ ရပါတယ် ။ ဒါကြောင့် လာမယ့် ပွဲစဉ်မှာ ဧရာဝတီအသင်းကို ခက်ခက်ခဲခဲ ကစားရမယ်လို့  ရလာဒ်တွေအရ သုံးသပ်နိုင်ပါတယ် ။
အဲရစ်လက်ထက် ပြီးခဲ့တဲ့ရာသီမှာ ဧရာဝတီအသင်းကို ၂ကျော့လုံးသရေကျခဲ့ပါတယ် ။ ဒီနှစ်ရာသီမှာလည်း ပထမအကျော့မှာ သရေရလာဒ်သာ ရခဲ့ပါတယ် ။ ဒါပေမယ့် အိုင်ဗန်ကိုလဗ် လက်ထက်မှာတော့ ပထမဆုံးအကြိမ် ဧရာဝတီနဲ့ တွေ့ ဆုံခြင်းဖြစ်လို့  အရင်ရလာဒ်တွေကို မေ့ထားပြီး အိုင်ဗန်ကိုလဗ်ရဲ့  စွမ်းဆောင်ရည်ကို စောင့်ကြည့်ရမှာပါ ။ အိုင်ဗန်ကိုလဗ် လက်ထက် မှာ အသင်းကြီးတွေ ကို အနိုင်ယူနိုင်တာမတွေ့ ရသေးပေမယ့် အခုပွဲစဉ်ဟာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်တာကြောင့် အိုင်ဗန်ကိုလဗ်အနေနဲ့  အကောင်းဆုံး စွမ်းဆောင်မယ်လို့ ယုံကြည်မိပါတယ် ။ မနှစ်က သရေကျယုံနဲ့  ဆုဖလားရနိုင်ပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံဖြစ်ဖို့  ရန်ကုန်တို့  ဧရာဝတီကို အနိုင်ကန်မှဖြစ်မှာပါ ။ ကစားသမားတွေရဲ့ စိတ်ဓါတ်နဲ့  စွမ်းဆောင်ရည်ကလည်း အရေးပါနေပါတယ် ။ ဇွဲကပင်နဲ့ ပွဲမှာ ဆီဇာ ဒါဏ်ရာ အနည်းငယ်ရသွားခဲ့ပေမယ့် ပါဝင်ကစားနိုင်မယ်လို့ ယူဆရပါတယ် ။ ရန်ကုန်အသင်းအနေနဲ့  တိုက်စစ်မှုးတွေ အဆုံးသတ်အားနည်းချက်တွေ ရှိနေတာတွေ့ ရပေမယ့် အလယ်တန်းကစားသမားတွေ အကောင်းဆုံးခြေစွမ်းရှီသလို ဂိုးသွင်းယူနိုင်စွမ်းရှိတာကြောင့် ဒီပွဲစဉ်အတွက် ပြဿနာတော့ မရှိနိုင်လောက်ပါဘူး ။ ထပ်ဆင့်ချန်ပီယံဖြစ်ဖို့  အကောင်းဆုံးအခွင့်အရေး ရှိနေတာကြောင့် အိမ်ကွင်းပရိသတ်ရှေ့ မှောက်မှာ ရန်ကုန်တို့  အစွမ်းကုန်ယှဉ်ပြိုင်သွားပါလိမ့်မယ် ။ အဲရစ်လက်ထက်မှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် အနိုင်မယူနိုင်ခဲ့တဲ့ ဧရာဝတီကို အိုင်ဗန်ကိုလဗ်အနေနဲ့  သူ့ ရဲ့  ပထမဆုံး ဧရာဝတီနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ အနိုင်ယူပြီး ရန်ကုန်အသင်းကို ထပ်ဆင့်ချန်ပီယံဖြစ်စေမယ်လို့  ကျွန်တော် လုံးဝ ယုံကြည်မိပါတယ်ဗျာ ။
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
-
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။
ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် ...
12 years ago
No comments:
Post a Comment