အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ချွေးသိပ်ခဲ့သော နေ့စွဲများ

2012  မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးကတော့ တစ်နှစ်တာ အနေဖြင့်  ခေတ္တ ပြီးခဲ့ပြန်ချေပြီ။ ဒီနှစ်မှာတော့ ရန်ကုန် ယူနိုက်တက် အသင်းကြီးမှ ဒုတိယ အကြိမ်အဖြစ် မြန်မာ နေရှင်နယ်လိဂ် ဖလားကြီးအား သိမ်းပိုက်နိုင်ခဲ့သဖြင့် ရန်ကုန် ပရိတ်သတ် တစ်ဦးဖြစ်သော ကျွန်တော့ အလွန်ပင် ၀မ်းမြောက် ဂုဏ်ယူ မိပါသည်။ နောက်ဆုံးပွဲစဉ် အထိ မာန်ဟုန်ပြင်းသည့် ခြေင်္သေ့မာန် အသွင်  အင်ပြည့် အားပြည့်ဖြင့် ကစားပေးခဲ့သော ရန်ကုန် ကစားသမားများကိုလည်း အထူးပင် ကျေးဇူး တင်မိပါသည်။ တကယ်ဆို ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ဖလားကြီးကို ရရှိရန် ကြိုးပမ်းပေးခဲ့သော ရန်ကုန် ယူနိုက်တက် အသင်းသည် ကျွန်တော်တို့ ရန်ကုန် ပရိတ်သတ်များ အတွက် ချန်ပီယံဟူသော ဂုဏ်ထက်ပိုပြီး ပြည့်စုံသော အဓိပ္ပာယ်ပါ ရရှိရန် စွမ်းဆောင်ပေးခဲ့ခြင်း  ဖြစ်သည်ဟု ထင်ပါသည်။

ရန်ကုန်အသင်း အကြောင်း ပြောရမည်ဆိုလျှင် မြန်မာ နေရှင်နယ်လိဂ် စတင် တည်ထောင်သည့် လွန်ခဲ့သော လေးနှစ်တာ ကာလဆီသို့ အတွေးများက ပြေးလွှား ရောက်ရှိသွားခဲ့မိပြန်သည်။ သတင်းစာထဲတွင် ပါသော မြန်မာ ဘောလုံးလောက ဆုကြေးစား စနစ်သို့ပြောင်းမည်၊ လုပ်ငန်းရှင်ကြီးများမှ စတင်ပြီး အသင်း တည်ထောင်မည် ဟူသော သတင်းသည် ကျွန်တော့်ကို ပထမ ဇဝေဇ၀ါ ဖြစ်သွားစေသည်။ ဒုတိယ မယုံသင်္ကာ ဖြစ်သွာစေသည်။ တတိယ အကြိမ်အဖြစ် သတင်းဆုံးသော အချိန်တွင်မူ ကျွန်တော်၏ စိတ်၌ မည်သည့် ဇဝေဇ၀ါ ၊ မည်သို့သော သံသယများ စိုးစဉ်းမျှ မကျန်တော့ပဲ အံ့သြ ၀မ်းသာပြီး တစ်ခုခုကို မျှော်လင့်ချက်များ တောက်ပ သကဲ့သို့ ဖြစ်နေပါသည်။ သင်နှင့် ဘာဆိုင်လဲဟု မမေးပါနှင့် ဆိုင်တာမှ အပြည့်အ၀ သက်ဆိုင်ပါ၏။ မြန်မာဘောလုံး လောက တိုးတက်ရေးသည် မြန်မာနိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည် မဟုတ်ပါလား ။

မြန်မာနေရှင်နယ်လိဂ် တည်ထောင်ခြင်း သတင်းသည် ကျွန်တော်တို့ ရပ်ကွက်ထဲတွင် အတော်လေး ထူးခြားသည့် သတင်းဟု ဆိုရပေမည်။ လက်ဘက်ရည် ဆိုင်မှာလည်း ထိုကိစ္စ ၊ ဈေးထဲက အမျိုးသမီးကြီးများကလည်း ထိုသတင်း၊ လမ်းထဲက ကလေးများလည်း ထိုအကြောင်း အမျိုးမျိုး စိတ်ဝင်စား နေကြသည်။ ဘယ်လို နိုင်ငံခြားသားတွေ ခေါ်မလဲ၊ လမ်းဘေးက ကောင်တွေပဲ နေမှာပါဟူ၍ နိုင်ငံတကာ ဘောလုံး ၀ါသနာရှင်ကြီးများက စိတ်ပျက်ဖွယ် ထင်ကြေးပေးကြသလို၊ အိမ်က အငယ်ကောင်ကို ဘယ်အသင်းကို ပို့ရမယ် ၊ အကြီးကောင်တော့ ဆေးလိပ် လျှော့သောက်ခိုင်ရမယ် ဟုပြောပြီ အန်တီကြီးများက သူတို့၏ သားအလိမ္မာများ အတွက် အားခဲကြသည် ။ ငါက ရန်ကုန်အသင်းမှာ ဘယ်နေ့သွား အရွေးခံမှာ ၊ မနက်တိုင်း ထပြေးကြရအောင်ဟု အဖော်ညှိနေသော ကလေးများလည်း ဒုနဲ့ဒေး စိတ်ချမ်းသာဖို့ ကောင်းလေစွ ။  ကျွန်တော်လည်း ထိုနေ့များတွင် လာသော သတင်းစာ မှန်သမျှ နောက်ဆုံး စာမျက်နှာမှ စပြီးဖတ်သော အကျင့်သစ် တစ်ခု တိုးလာလေသည် ။ ကစားသမား အပြောင်းအရွှေသတင်း ၊စာချုပ် သတင်းစသည် တို့သည် သတင်းစာ၏ နောက်ဆုံး စာမျက်နှာတွင် အဓိက ပါလေ့ရှိပြီး ကျွန်တော်တို့အား စိတ်ကူး ယဉ်စေလေသည်။ ကစားသမား တစ်ယောက်ဘယ်၍၊ ဘယ်မျှ စာချုပ် ချုပ်လိုက်လေတိုင်း ဘာရယ်မှန်းမသိ ကျွန်တော်ဝမ်းသာသည်။ ထိုဝမ်းသာ စိတ်ကလေး၏ အဓိပ္ပာယ်ကို ထိုအချိန်က သေချာ မစဉ်းစား မိသော်လည်း ယခု အချိန်တွင်မူ ထိုစိတ်လေးလည်း မြန်မာ ဘောလုံးကို ချစ်မြတ်နိုးသော သူတိုင်း၏  မသိစိတ်ထဲတွင် ကိန်းအောင်နေသော စိတ်ကူးယဉ် အိမ်မက်များပင် ဖြစ်ကြောင်း နားလည်နိုင်ခဲ့သည်။ ဟုတ်ပါသည် မြန်မာ ဘောလုံး ပရိတ်သက်များ သတိမမူမိသော် စိတ်ကူး အိမ်မက်လေးများပင် မဟုတ်ပေလော။

ကျွန်တော်သည် ယခင်က ဘဏ္ဍာအခွန် ၊ စီးပွါးကူးသန်း ၊ ပို့ဆောင်ရေး ၊ အဲပုဂံ ၊ ကမ္ဘောဇ စသော အသင်းများရှိ နာမည်ကြီး ကစားသမား တချို့ကိုသာ သိရှိပါသည်။ ဒါတောင် လက်ရွေးစင် အသင်းကြီးတွင် ပါဖူး၊ကစားဖူးမှသာ မှတ်မိပါသည်။ ထိုကစားသမား မှန်သမျှလည်း ကျွန်တော့ အချစ်တော် သူရဲကောင်းများ အဖြစ် စိတ်ထဲတွင် အလိုလို သတ်မှတ်ပြီးသကဲ့သို့ ဖြစ်နေပါသည် ။ ကျွန်တော်သိသော ကစားသမားကောင်း မှန်သမျှ ရန်ကုန် ယူနိုက်တက် ပရိတ်သတ်ပီပီ ကျွန်တော် အားပေးမည့် အသင်းသို့သာ ရောက်စေချင်ခဲ့သည်။ ကိုမျိုးမင်းထွန်း ရန်ကုန် ယူနိုက်တက်သို့ ရောက်လာသည့် အတွက် ၀မ်းသာရသလို ၊ ကိုရာဇာဝင်းသိန်း၊ ကိုရန်ပိုင်၊ ကိုပိုင်စိုးတို့ ကျွန်တော့် အားပေးသော ရန်ကုန်ယူနိုက်တက်သို့ မရောက်လာသဖြင့် စိတ်မကောင်းပင် ဖြစ်မိပါသေးသည်။ သို့ပေမယ့် တဖက်ကလည်း ကောင်းတယ် ဒါမှ ပိုစိတ်ဝင်စားဖို့ ကောင်းမှာဟု့လည်း အားခဲ့မိပြန်သေးသည် ။

ရန်ကုန် ယူနိုက်တက်မှ နိုင်ငံခြား ကစားသမားများအား ခြေလှမ်းသွက်သွက်ဖြင့် ခေါ်ပြန်တော့လည်း ဒါမှငါတို့ ရန်ကုန်ဟု စိတ်အား တက်ကြွမိပြန်ပါသည်။ နေရှင်နယ်လိဂ်ကြီး မြန်မြန်စပါစေတော့ဟုလည်း မကြာခဏ တောင်းတ လိုက်ရသည်မှာလည်း အမောပင်။ ချန်ပီယံ ဖလားကြီးသာ ရန်ကုန် ယူနိုက်တက် ရလိုက်လျှင် ပထမဆုံး ဖလားပိုင်ရှင်ကြီး ဖြစ်လာပြီး ပရီးမီးယားလိဂ်၊ လာလီဂါက အသင်းတွေ ဖလားရလျှင် အောင်ပွဲ ခံသကဲ့သို့ ဘယ်လောက်များ စည်လိုက်မည်နည်းဟု့ စိတ်ကူးများလည်း ယဉ်မိပါသည်။ သို့သော် ရာသီ ပြီးဆုံးချိန်တွင်တော့ ကျွန်တော်တို့ ရန်ကုန် ယူနိုက်တက်ကို ပင်နယ်တီတွင် ၁- ၄ ဂိုး ဖြင့် အနိုင်ယူကာ ရတနာပုံ အသင်းမှ ဗိုလ်စွဲ အောင်ပွဲခံပြီး ပထမဆုံး မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ဆိုသည် ဂုဏ်ပုဒ်ကို အရယူကာ ကျွန်တော်တို့ ရန်ကုန် အသင်းအား အသဲကွဲ စေခဲ့လေတော့သည်။ ရှိစေတော့  နောက်နှစ်ပေါ့ဟု တွေးလျှက် ကျွန်တော် စိတ်ထဲတွင် နောက်ရာသီသစ်ကို ကြိုတင်၍ အားခဲနေမိ ပြန်သည်။ အသင်းကလည်း ကစားသမားများကို လိုအပ်သလို ပြန်လည်း ပြုပြင် ခေါ်ယူနေသည့် အတွက် ဒီတစ်နှစ်တော့ဖြင့် တို့အလှည့် ဖြစ်ချေပီ ၊ လာခဲ့ မြန်မာနေရှင်နယ်လိဂ် ဘယ်ပြေးမလဲဟု တပွေ့တပိုက် မျှော်လင့်ချက်တွေ ပြန်လည် တောက်ပလာခဲ့သည်။ သို့သော် ထိုနှစ်သည်လည်း ယခင် နှစ်နည်းတူ ရန်ကုန် ယူနိုက်တက် မြင်းကောင်းခွါလိပ် ဖြစ်ခဲ့ရပြန်ချေပီ။  ရမှတ်(၄)မှတ် အသာဖြင့် ရတနာပုံ အသင်းက ကျွန်တော် အားပေးသော ရန်ကုန် ယူနိုက်တက် အသင်းကို နောက်ကောက်ချခဲ့ ပြန်သည်။ ရတနာပုံ အသင်း၏ နှစ်နှစ်ဆက်တိုက် ချန်ပီယံ ဟူသော ဂုဏ်ယူ ၀ံ့ကြွားသော အပြုံးများ အောက်တွင် ကျွန်တော်တို့ ရန်ကုန် ပရိတ်သတ် အနေဖြင့် ဖြေရှင်းစရာ စကားလုံးများ စွံ့အနေခဲ့သည်။ ဘာများ တတ်နိုင်ပေဦးမည်နည်း။ ဘောလုံး ဆိုသည်ကားလည်း ခန့်မှန်းရ အခတ်သားပင် မဟုတ်ပေလော။

သို့ပေမယ့် မည်သို့၊ မည်မျှပင် အောင်မြင်မှုတွေနှင့် ဝေးကွာနေပါစေ ကျွန်တော်တို့ ရန်ကုန် ပရိတ်သက်တွေ၏ စိတ်ထဲမှ ရန်ကုန်ယူနိုက်တက် အပေါ် အချစ် လျော့သွားခြင်း၊အားပေးမှု လျော့သွားခြင်း လုံးဝ မရှိပေ။ အခြေအနေ အကြောင်းကြောင်း အရသာ ကွင်းဝင် ပရိတ်သတ် နည်းသွားခဲ့သော်လည်း အားလုံး၏ စိတ်ထဲ ၊နှလုံးသားထဲတွင် ရန်ကုန် ယူနိုက်တက်၏ ပုံရိပ်က ခမ်းနားနေတုန်း ၊ ရှင်သန်နေတုန်းသာ ရှိ၍ ချစ်သောစိတ်ဓာတ် အနည်းငယ်မျှ အရာ မယွင်းခဲ့ပါ ။ ပုံစံများ အမျိုးမျိုးသော ပြောင်းလဲ ကျင်းပလာခဲ့သည့် နေရှင်နယ်လိဂ်သည် တတိယသက်တမ်း ၂၀၁၁ အရောက်တွင် အရောင်အသွေးများ ပိုမိုစုံလင် လာခဲ့ပြီး ပြိုင်ပွဲဝင် အသင်းများလည်း ပိုမိုများပြား လာခဲ့သည် ။နေပြည်တော် FC ကဲသို့ အကောင်းဆုံး ဖျက်မြင်း အသင်းသစ်များလည်း ပါဝင်လာခဲ့ပြီး ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန် လာခဲ့သည်။ ထိုနှစ်၌ပင် ရန်ကုန် ယူနိုက်တက်၏ မဟာပြိုင်ဘက်ဖြစ်သော  ရတနာပုံ အသင်းမှလည်း  AFC President’s Cup ဖလားကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအသင်း တစ်သင်း အနေဖြင့် ပထမဆုံး ဆွတ်ခူးပြီး အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည် အထိ ခြေစွမ်း ကောင်းမွန်ခဲ့သည်။ ရန်ကုန် ယူနိုက်တက်၏ ချန်ပီယံ မျှော်လင့်ချက်ကို ပျက်ပြယ်စေခဲ့သော အဓိက ပြိုင်ဘက် အသင်းပင် ဖြစ်သော်ငြှားလည်း နိုင်ငံ ကိုယ်စားပြု အသင်း အနေဖြင့် ဆွတ်ခူးပေး ခဲ့သည့် အတွက် ရတနာပုံ အသင်း ဖလားယူချိန်တွင် ကျွန်တော်လည်း ကျေနပ် ပျော်ရွှင်မိပါသည်။  ၂၀၁၁ ခုနှစ်သည် ရတနာပုံ အတွက် ကနဦး အပျော်များ ဆောင်ယူခဲ့ပြီး ရန်ကုန် ယူနိုက်တက် အတွက်မူ နောက်ဆုံးပိတ် အပျော်များ ချန်ထား ပေးခဲ့သည် ။

ရန်ကုန်ယူနိုက်တက် အသင်းအတွက် ၂၀၁၁ ခုနှစ်သည် တကယ့်ကို မင်္ဂလာနှစ်ဖြစ်ခဲ့ပြီး ဖလား ဆာလောင်နေသော ပရိတ်သတ်၏ ခံစားချက်ကို အကောင်းဆုံး ပေးဆပ်သည့် အနေဖြင့် အလွန် ခက်ခဲသော ၂၀၁၁ ခုနှစ်တွင် မြန်မာ နေရှင်နယ်လိဂ် ဖလားကို ရန်ကုန်မြေသို့ အရ ယူဆောင် ပေးခဲ့သည်။ ပျော်ရွှင်မှုများနှင့် အားပေးသံများ လွှမ်းခြုံခဲ့သော ထိုညနေသည် ရန်ကုန်ယူနိုက်တတ် ပရိတ်သတ်တို့အား မျက်ရည်များ လည်စေသည့် အထိ ၀မ်းသာ ပျော်ရွှင်မှုများကို ထုံးဖွဲ့စေခဲ့သည်။ ယခု ၂၀၁၂ တွင်လည်း ရန်ကုန် ယူနိုက်တက်အသင်းမှာ ပရိတ်သတ်တို့ အပေါ် တာဝန်ကျေစွာဖြင့် နေရှင်နယ်လိဂ် ဖလားကြီးကို ထပ်မံ အရ ယူပေးခဲ့ပြန်သည်။ မြန်မာနေရှင်နယ်လိဂ် ဖလားအား နှစ်နှစ်ဆက်တိုက်  အရ ယူပေးခြင်းဖြင့် အသင်း၏ ပရိတ်သတ်တို့၏ အသင်းအပေါ် ဂုဏ်ယူစွာ အားပေးခဲ့ခြင်း အပေါ်  အကောင်းဆုံး ပြန်လည် ပေးဆပ်ခဲ့သည် ။ ကျွန်တော်တို့ ပရိတ်သတ် အနေနှင့်လည်း ဂုဏ်ယူဝံ့ကြွား နိုင်ခဲ့ပါပြီ ငါတို့အသင်းလည်း နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ဖူးသည် ဟူသော စကားသည် ကျွန်တော်တို့၏ တိတ်ဆိတ်ခဲ့ရသော ရက်လနှစ်တွေကို အကောင်းဆုံး ဖြေရှင်းချက် အဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်။ အနာဂါတ် အတွက် မျှော်လင့်ချက်များကို အသက် သွင်းပေးခဲ့သည ။ ရန်ကုန် ယူနိုက်တက် အသင်း၏ အောင်မြင်မှုများသည်ကား ယခုမှ နိဒါန်းအစချီ ထုဆစ် ပုံဖော်ရုံသာ ရှိသေးသည်။ နောက်ပိုင်းတွင် ဒီထက် ခမ်းနား ကြီးကျယ်သော သမိုင်း မှတ်တမ်းကောင်းများ ရေးထိုးရန် အတွက် ဆန္ဒပြင်းထန် မာန်ဟုန်မြန်သည့် ကစားသမားများ ၊ ကြိုဆိုအားပေး လမ်းခင်း ပေးတတ်သည့်   အသင်းနှင့်အတူ အူလှိုက်သဲလှိုက် အပြည့်အဝ အားပေးမည့် ပရိတ်သက်ကလည်း အဆင်သင့် ရှိနေပေသည်။


အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော်သည် လူသားပီပီ အလိုကြီး စိတ်က အတော မသတ်နိုင်ခဲ့ပါ ။ အကြောင်းကား ရန်ကုန် ယူနိုက်တက် ပါဝင်ခဲ့သော AFC Cup 2012 တွင်လည်း ကျွန်တော် အားပေးသော ရန်ကုန် ယူနိုက်တက် အသင်း ဗိုလ်စွဲရန် အထိကြီးကြီးမားမား မျှော်လင့်ချက်ကို ထားခဲ့ပါသေးသည်။ သို့သော် ကျွန်တော် အပြည့်အ၀လည်း မမျှော်လင့် ရဲခဲ့ပါ။ AFC Cup တွင် စောပြီး ကျင်လည်ခဲ့ကာ သဘာနှင့် ကျွမ်းကျင်မှုများဖြင့် အသားကျနေသော အိမ်နီးချင်း ကလပ် အသင်းများကို ရန်ကုန် ယူနိုက်တက် အသင်းအနေဖြင့် ကျော်လွှားနိုင်ဖို့ ဆိုသည်မှာ မျှော်လင့်ချက်က ၀ိုးတ၀ါးသာ ဖြစ်ခဲ့ရသည်။

သို့ပေမယ့် အသင်းကိုချစ်သော စိတ်ကြောင့် အလုပ် မအားသည့်ကြားမှ ထိုင်းကလပ် ချောင်ဘူရီ နှင့်ကန်သော ပွဲတွင် ကွင်းထဲအရောက် အားပေးဖြစ်ခဲ့သည်။ ပွဲပြီးကာနီးမှ ပေးလိုက်ရသော ဂိုးဖြင့် ရန်ကုန် ယူနိုက်တက်အသင်း သရေ ကျခဲ့သော်လည်း ကျွန်တော်၏ အသင်း အပေါ်တွင် နေရာ တစ်နေရာ ရရှိမည်ဟူသော ယုံကြည် မျှော်လင့်ချက်သည် ပိုမိုတောက်ပ လာခဲ့သည်။ ရန်ကုန် ယူနိုက်တက်၏ အုပ်စုတွင် ချောင်ဘူရီ အသင်းမှာ အတောင့်တင်းဆုံးဟု အများ ယူဆ ထားသောကြောင့် အခြား အသင်းများကို ထိုအသင်းလောက် စိတ်ဝင်စားမှု မရှိခဲ့ပါ။ ချောင်ဘူရီကို သရေ ကစားနိုင်လျှင် ကျန်အသင်းများနှင့် တွေ့လျှင် အခြေအနေ ကောင်းလိမ့်မည် ရန်ကုန် ယူနိုက်တက် အတွက် မဆိုးလှဟု တွေးနေမိသည်။ ကျွန်တော့် အတွေးများ မမှန်ခဲ့သည် အတွက် ၂၀၁၃ တွင် အသင်း အနေဖြင့် ချေဖျက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ။

ထိုအထဲတွင် အလို မကျမိသည်က ချောင်ဘူရီ နည်းပြ၏ စကားပင် သူတို့၏ အိမ်ကွင်းတွင် အနည်းဆုံး ၅ ဂိုးသွင်းမည် ဆိုသည့်စကားသည် ရုတ်တရက် ကြားပါက ရန်ကုန် ယူနိုက်တက်ကို ဦးတည်ပြောသည်ဟု ယူဆနိုင်သော်လည်း သေသေချာချာ တွေးလျှင် ဒီစကားသည် မြန်မာနေရှင်နယ်လိဂ် အသင်းအားလုံးကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ထိုစကားသည် ကျွန်တော့ရင်ကို တည့်တည့်မှန်ကာ ကန်ချက်ပြင်းသော ဘောလုံးတစ်လုံး ထိမှန်သကဲ့သို့ အခံရ ခက်လှသည့် ဝေဒနာဆိုးကို အပြည့်အ၀ ဖန်းတီးခဲ့သည်။ လက်ရှိ ချန်ပီယံ အသင်းကို ၅ ဂိုးသွင်းမည်ဟု ဆိုလျှင် ကျန်အသင်းများ ဆိုလျှင် ထည့်ပြောစရာ လိုတော့မည် မဟုတ်ဟူသော အဓိပ္ပာယ်သို့ အလိုလို သက်ရောက်နေပေသည်။  အရပ်စကား အတိုင်းသာ ပြောရလျှင် ဒီနိုင်ငံက အသင်းက ဘာမို့လို့လဲဟုပြောနေပေလိမ့်မည်။ အုပ်စု အဆင့်၌ပင် ရန်ကုန် ယူနိုက်တက်အသင်း ကျန်ရစ်ခဲ့သော်လည်း ချောင်ဘူရီ နည်းပြ၏ အဆိုအတိုင်း ၅ ဂိုး မပေးခဲ့ရသည့် အတွက် ကျေနပ်သည်ဟု့သာ ရသေ့စိတ်ဖြေ ဖြေလိုက်ရတော့သည်။ထို့အပြင် သတိပြု မိလိုက်ရသည်ကား ရန်ကုန် အသင်းအနေဖြင့် နိုင်ငံတကာ အဆင့် အလယ်အလတ် ပြိုင်ပွဲများ အတွက် အဆင်သင့် မဖြစ်သေးပါလား ဟူသော အသိလေးပင် ဖြစ်ပါသည်။

နောင်နှစ် AFC Cup 2012 တွင်တော့ ကျွန်တော် အားပေးသော ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် အကောင်းဆုံး အနေအထားဖြင့် ယှဉ်ပြိုင်နိုင် လိမ့်မည်ဟု ယုံကြည် မျှော်လင့်မိပါသည်။ ပဏာမ မြန်မာ လက်ရွေးစင် အသင်းတွင် ၉ ဦးအထိ အရွေးခံခဲ့သော ရန်ကုန် အသင်း ကစားအမားများ၏ အစွမ်းသည် တော်ရုံ အစွမ်းတော့ ဖြစ်လိမ့်မည် မဟုတ်။ ယခင် အချိန်များကကဲ့သို့ မျက်နှာကြီးရာ ဟင်းဖက်ပါ ဆိုသောခေတ်သည် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ လိုအပ်ချက် အချို့ရှိသော်လည်း လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက်၏ နိုင်ငံခြား ကစားသမားများကလည်း အသင်းနှင့် အတော်လေး အံဝင်လျှက် ရှိပြီး၊ သင့်တော်သော နိုင်ငံတကာ ခြေစမ်းပွဲများ ပြုလုပ်လျှင် အသင်းအတွက် ပိုပြီး ခြေစွမ်းကောင်းလာဖို့သာ ရှိတော့သည်။ အသင်း အပေါ်တွင် ရည်မှန်းချက် ကြီးမားစွာ ထားသော အသင်း၏ ပိုင်ရှင်မှလည်း သင့်တော်သော အပြောင်းအလဲများကို ပြုလုပ်ပေးမည် ဆိုသည်ကလည်း သံသယ ဖြစ်ဖွယ်မရှိပါ။ မြန်မာနေရှင်နယ်လိဂ်၏ နှစ် နှစ်ဆက်တိုက် ချန်ပီယံ ဟူသော ဂုဏ်ပုဒ်အပြင် အာရှ၏ အလယ်အလတ် အဆင့်တွင်ပါ ချန်ပီယံဟု ဆိုလျှင်မည်မျှ အထိ ဂုဏ်ယူဖို့ ကောင်းလိုက်မည်နည်း။ ထိုအခြေအနေ ရောက်ရှိရန်လည်း လက်ရှိ ချန်ပီယံအသင်း အတွက် တကယ်ကြိုးစားလျှင် အဟုတ်ဖြစ်လိမ့်မည်ဟူလည်း ကျွန်တော်တို့ ပရိတ်သတ်များမှ ရန်ကုန်ယူနိုက်တက် အသင်း အပေါ်တွင် အပြည့်အ၀ ယုံကြည်ပါသည် ။

ထို့အပြင် AFC Cup တွင် သတိထားမိသည်ကား အသင်းစွဲစိတ် မရှိတော့ခြင်းပင် ဧရာဝတီ အသင်း၏ ပွဲစဉ်များကိုလည်း ရန်ကုန် ပရိတ်သက်များ စိတ်ဝင်စားသည် ၊ ကွင်းထဲအရောက် အားပေးခဲ့ကြသည် ။
ဧရာဝတီ အသင်းနေရာတွင် ရတနာပုံ အသင်းပင် ဖြစ်စေဦး ရန်ကုန် ပရိတ်သတ်များကလည်း အားပေးမည်မှာ အသေအချာပင် ဖြစ်သည် ။ ရတနာပုံ အသင်း၏ AFC Cup ပွဲများတွင်လည်း ကျွန်တော်တို့ ရန်ကုန် ပရိတ်သတ်များက ရတနာပုံ ပရိတ်သက်များနှင့် တသွေးတည်း တသားတည်း အားပေးခဲ့ကြသည်က သာဓကပင် ဖြစ်သည်။ ချစ်ကြည် ရင်းနှီးစွာ ပုခုံးဖက်၍ ရတနာပုံ ၊ ရတနာပုံ ဟုသံပြိုင် ခုန်ပေါက်အော်ခဲ့ဖူးကြသည် ။


နေရှင်နယ်လိဂ်တွင် ကစားသမားများက တစ်သင်းနှင့် တစ်သင်း မိမိတို့အသင်း အနိုင်ရရန် အင်တိုက် အားတိုက် ကြိုးပမ်းကြသည်။ ပရိတ်သတ်များကလည်း အပြန်အလှန် စကားစစ် ထိုးကြသည် ၊ ငြင်းခုန်ကြသည်။ ပျော်ဖို့ အလွန်ကောင်းပါသည်။  နောက်ကြ ပြောင်ကြသကဲ့သို့ ဖြစ်သောကြောင့် ချစ်စရာပင် ကောင်းသေးသည်။ ထိုကဲသို့ အပြောလေးများကြောင့် ဘောလုံးပွဲကို ပိုမိုအသက် ၀င်စေသည်။ အားပေးရသည်ကိုက မိမိပါ ကွင်းထဲတွင် စီးမြော သွားသကဲ့သို့ ခံစားရပါသည် ။  ထိုအထဲတွင် ရုတ်ရင်း ကြမ်းတမ်းသော အပြောများ၊ အပြုအမူများ ပါလာရင်တော့ ကစားပွဲသည် ကြည့်မကောင်းတော့။ ဘောလုံး သမားများ ကြမ်းတမ်းလျှင် အနီကဒ်များဖြင့် ဒိုင်များက ချီးမြင့်ကြပြီး ပွဲ၏ အရသာမှာ ပျက်စီး ရတော့သည်။ ပရိတ်သက်များ ကြမ်းတမ်းလျှင် အနီကဒ်ပြမည့် သူမရှိပွဲသည် ရုတ်ချင်း အကျည်း တန်သွားသည်။

နိုင်ငံတကာတွင် ပရိတ်သက် သောင်းကျန်းမှုကြောင့် ဒါဏ်ရာ ရရှိရုံမက ၊ သေဆုံးခြင်း ၊ ကွင်းပျက်စီးခြင်း ၊ အသင်းအား ပွဲကစားခွင့် ပိတ်ခြင်းများ ရှိသည်ကို ဘောလုံး ၀ါသနာရှင်တိုင်း သိရှိကြား မိကြပေလိမ့်မည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း ထို့ကိစ္စများ မဖြစ်ပေါ်နိုင်ဟု ကံသေကံမ မပြောနိုင် သော်လည်း တတ်နိုင်လျှင် လုံးဝ မဖြစ်စေချင်ပါ။ ပြဿနာ ဆိုသည်က ဖြစ်ပြီးလျှင် ခံဖို့သာ ရှိသည်။ မဖြစ်ခင် ကြိုတင် သတိရှိကြတာ အကောင်းဆုံးဟု ထင်ပါသည်။ ဘောလုံး အင်အားကြီး နိုင်ငံများတွင် ပရိတ်သက် အားပေးပုံများကို မြင်ရသည်မှာ အလွန် ကြည့်ကောင်းပါသည်။ သို့သော် သူတို့လည်း အားလုံး ပြည့်စုံနေသည်တော့ မဟုတ်ပေ။ ငှက်ပျောခွံဖြင့် ပေါက်ခြင်းသည် ခေတ်စားသကဲ့သို့ ၊ အပြန်အလှန် လက်ခလယ် ထောင်ပြတတ်သည် ပရိတ်သက်များလည်း ဒု့ နဲ့ ဒေး ၊ တားဆီးထားသည့် ကြားမှ လေဆာပွိုင်တာဖြင့် ထိုးသည်ကလည်း ပွဲတိုင်းလိုလို ရှိပါသည်။ ထိုကဲ့သို စုန်းပြူး ပရိတ်သတ် များကြောင့် အသင်း၏ ပရိတ်သတ် အားလုံး ၀ါးလုံးရှည်ဖြင့် သိမ်းရမ်းခံရသကဲ့သို့ ဖြစ်ရသဖြင့် ထိုကဲ့သို ပရိတ်သတ်များကို တွေ့ရှိက အားလုံး ဖေးဖေးမမ စည်းရုံးသင့်ပါသည်။ ထိုသူအား ၀ိုင်းအပြစ်ပြော၍ မရပါ ၊ သူ၏ စိတ်တွင်လည်း ကျွန်တော်တို့ ကဲ့သို့ အသင်းအား ချစ်သောစိတ်၊ မခံချင်သော စိတ်က ရှိနေမည် ဖြစ်သောကြောင့် စည်းရုံးခြင်းသာလျှင် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

မြန်မာ နေရှင်နယ်လိဂ်၏ ရည်ရွယ်ချက်မှာ နိုင်ငံ၏ ဘောလုံးလောက တိုးတက်ရန် ဟူသည်က အဓိက ရည်ရွယ်ချက်ဟု ထင်ပါသည်။ ဘောလုံးလောက မတိုးတက်ခင် ပရိတ်သတ် အရင် တိုးတက်နေသည် ဟုမြင်မိပါသည်။ ပရီးမီးယားလိဂ် ကဲ့သို့ လူမျိုးရေး ခွဲခြားမှုများ ၊ စီးရီးအေ ကဲ့သို့ အားပေးမှုပြင်းထန် ပုံများ ၊စကောတလန် ကဲ့သို့ ပရိတ်သက် အချင်းချင်း တုန့်ပြန်ပုံများဖြင့် နေရှင်နယ်လိဂ်သည်လည်း အသက် ၀င်လှပါသည်။ တာဝန် ရှိသူများကလည်း သံဇကာ ကွက်များ ကာခြင်းဖြင့် ကွင်းများအား ချက်ချင်း အဆင့်မြင့်ထားသကဲ့သို့ ၊ ပရိတ်သတ်များကလည်း လှေကားထောင့်များတွင် အပေါ့ သွားပေးခြင်းဖြင့် ဆက်လက် ချီးမြှောက်ကြပါသည်။ တာဝန်ရှိသူများမှ မြန်မာဘောလုံး တိုးတက်ရန် ကြိုးစားနေသည်ကို ပရိတ်သက်မှလည်း ကျွန်း ကိုင်းမှီ ၊ ကိုင်း ကျွန်းမှီ ဖြင့် အကူအညီ ပေးချင်ပါသည်။ ပေးလည်း ပေးသင့်ပါသည်။ သို့သော် အမြန်ဆုံး ပြုပြင်သင့်သော အရေးပင် ဖြစ်သော်လည်း  မသိလိုက် မသိဘာသာဖြင့် အများအမြင် မတင့် သိက္ခာကျနိုင်သော ထိုကိစ္စလေးကိုပင် ယခုအချိန်ထိ မေ့ထား လွှတ်ထားလေသည်။

ဘယ်လိုပဲ အခြေအနေများပင် ဖြစ်စေဦး မြန်မာဘောလုံးချစ် ပရိတ်သတ်တွေကတော့ အားပေး နေဦးမှာ ဖြစ်ပါသည်။ ကျွန်တော်တို့ ရန်ကုန်ယူနိုက်တက် ပရိတ်သတ်များကလည်း အသင်းကို အပြည့်အ၀ အားပေးနေဦးမည် ဖြစ်သကဲ့သို့ ပြိုင်ဘက် အသင်းများမှလည်း နောက်လာမည့် ပြိုင်ပွဲများတွင် ခြေစွမ်းများ ယခုနှစ်ထက် အဆမတန် ကောင်းမွန်နေရန် မျှော်လင့်မိပါသည် ။ ၂၀၁၂ မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းမှလည်း လာမည့်နှစ်တွင် ယှဉ်ပြိုင်မည့် AFC Cup တွင် ယခင်ထက် ပိုမိုသော အဆင့် တစ်ခုတွင် ရပ်တည် နိုင်လိမ့်မည်ဟု တောင်းတမိပါသည်။

ရန်ကုန် အသင်းအား ချန်ပီယံ အဖြစ် နှစ်စဉ်အမြဲ ထာဝရ မြင်ချင်သော်လည်း ပြိုင်ဘက်အသင်းများ  ခြေစွမ်း ကျနေပါစေဟုလည်း ကလေး တစ်ယောက်ကဲ့သို့ ဆုမတောင်းချင်ပါ ။ ပြိုင်ဘက် ကောင်းမှသာ  အရည်အချင်းကောင်း အစစ်အမှန် ပေါ်ထွက်လာနိုင်မည် ၊ အရည်အချင်းကောင်း အစစ်အမှန်များပေါ်မှသာ မြန်မာ ဘောလုံးလောက အတွက် အကောင်းဆုံး အသုံး ချနိုင်ပေလိမ့်မည်။ ထိုအခါမှသာ ဟိုယခင် အချိန် ရွှေထီးများ ဆောင်းခဲ့သကဲ့သို့ နိုင်ငံတကာ အောင်မြင်မှုများဆီ ပြန်လည် ဦးတည်လာနိုင်မည်ဟု ကျွန်တော့ အနေဖြင့် ထင်မြင် ယူဆမိပါတော့သည် ။

www.soccermyanmar.com တွင် ရေးသားထားသော ရန်ကုန်ပရိသတ်
Kue Thart  ၏ ဆောင်းပါးဖြစ်ပါသည် ။ 

kue.thart ရဲ့  facebook  

ထပ်ဆင့်ချန်ပီယံ ရန်ကုန်အသင်း၏ အောင်ပွဲခံ ပုံရိပ်များ


ထပ်ဆင့်ချန်ပီယံ ရန်ကုန်အသင်းအတွက် ပရိသတ်တို့ ၏ ဂုဏ်ယူပီတိစကားများ

ရန်ကုန်ကွ......................ရွှေရောင်နေ.စွဲအတွက်....ရန်ကုန်ယူနိုက်တက်........:)

Min Khant Nyar
ဟို...ဟို...ဘယ်လိုပြောရမလဲ ဆိုရင်ပေါ့နော်...ပိုးစိုးပတ်ဆက်ပျော်တာပေါ့နော်..
Kue Thart


ပျော်ချက်ကတော့ 9 လောက်ရှိတယ်..... ပြောရမလားမပြောရမလားမသိပါဘူး သူများတွေပြောပြောနေလို့... တစ်ကယ်ပျော်ပါတယ်ဗျာ.. ကြည်လင်းအဆုံးသက်ကောင်းလွန်းတယ်..... ဒုတိယအလုံး လေးက အသာအယာ
Han Lintunn

ထာ၀၇..ရန်ကုန်အားပေးမယ်.

Kyaw Lynn Naing

ရန်ကုန်ပရိသတ်တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူပြီးရင်း ဂုဏ်ယူတယ်
 Cleopatra Aye
ကဲ....ကဲ..နောက်ဆုံးတော့အဖြေက ဒါပါပဲ ..............ရန်ကုန်..............ရန်ကုန်...............ရန်ကုန် လို့ သံပြိုင်အော်ကြရင်း သူငယ်ချင်းတို့ရေ ရှိတ်လိုက်ပါဦး..............................................................YUFC.................................................................YUFC.............................................................YUFC......................................................................YUFC.............................................................................YUFC...............
ဘာပြောပြော နောက်ဆုံးတော့လဲ တို့ ရန်ကုန်ချန်ပီယံ ဖြစ်တာပါဘဲ
Min Chit Thu

 



ထပ်ဆင့်ချန်ပီယံ ရန်ကုန်အသင်းအတွက် အပျော်တွေစုံတဲ့ ညနေ

ရန်ကုန်ယူနိုက်တက်အသင်းရဲ့  နည်းပြသစ် အိုင်ဗန်ကိုလဗ်တစ်ယောက် ဧရာဝတီနဲ့တွေ့ တိုင်း ခက်ခဲလေ့ရှိတဲ့အစဉ်အလာကို ချိုးဖျက်ပြီး သူ့ ရဲ့  ပထမဆုံး ဧရာဝတီနဲ့  တွေ့ ဆုံမှုမှာ အောင်ပွဲဆင်သွားခဲ့ပါပြီ ။
ထို့ အတူပဲ ရန်ကုန်ယူနိုက်တက်အသင်းရဲ့  ကစားသမားတွေအားလုံး ခြေစွမ်းပြကစားခဲ့ကြသလို ကြည်လင်းရဲ့  အကောင်းဆုံး ဟက်ထရစ်ဂိုးတွေက လက်ရွေးစင် ဂိုးသမား သီဟစည်သူကို မှင်တက်စေခဲ့ပါတယ် ။
ရန်ကုန်အသင်းကိုချစ်တဲ့  ရန်ကုန်ပရိသတ်တွေရဲ့  အပျော်တွေဟာလည်း ထပ်ဆင့်ချန်ပီယံရန်ကုန်အသင်းအတွက် ဂုဏ်ယူမဆုံးနိုင်ဖြစ်ခဲ့ပါတယ် ။
ရန်ကုန်အသင်းရဲ့  အောင်မြင်မှုကတော့ အသင်းပိုင်ရှင် ၊ တာဝန်ရှိသူများ ၊ ကစားသမားများနဲ့  ရန်ကုန်ရဲ့  ချစ်ပရိသတ်များ အားလုံး ကိုယ့်တာဝန်ကိုယ်ကျေပြီး စွမ်းဆောင်ရည်မြင့်မားခဲ့တာကြောင့်ပါ ။



ပြိုင်ဘက်ဟူသမျှ
အနိုင်အပြတ်ယူပြကာ
ဂရုမထားလို့ မောက်ကြွားမှာ
ဆုဖလားတို့ မြောက်များစွာ
ခိုပြီးနားဖို့ အမှန်ယုံကြည်တာ
မြို့ ကြီးသားတို့ ရန်ကုန်ဆီသာ ။

ရန်ကုန်အသင်းနှင့် ပရိသတ်များ၏ အောင်ပွဲခံ ဓါတ်ပုံများကို အမြန်ဆုံး တင်ပေးသွားပါမည် ။

ရန်ကုန်ပရိသတ်များ၏ ရင်ထဲက အသံများ ( ၅ )


ကျွန်တော်မြန်မာနေရှင်နယ်လိဂ်ရဲ့အစဉ်အလာကို ကြောက်နေတယ်
ရာသီဝက်ချန်ပီယံက ရာသီကုန်ရင်ချန်ပီယံဖြစ်တတ်တယ် အခုတော့ 
ရန်ကုန်ဖလားရအောင်ပိုးစိုးပက်စက်ဆုတောင်းနေတယ်။
နက်ဖြန်နိုင်ဖို့ကအသင်းသားတွေအပြင်ပရိတ်သတ်တွေမှာလဲတာဝန်ရှိတယ်အင်တိုက်အားတိုက်စည်းကမ်းရှိစွာအားပေးကြစို့ခြင်္သေ့ညီနောင်အပေါင်းတို့ရေ။
ရန်ကုန်ရန်ကုန်ရန်ကုန်


Saung Thurein Thurein

 

 

Zaw Nay Maung




ရန်ကုန်ချန်ပီယံဖြစ်ပီမင်းဘယ်လိုလဲ...
ဒီနေ့ MNL ဖလားကိုအရယူမယ်...မဖြစ်နိုင်တာကိုမှန်းပီးကျေက်စလစ်ကိုရွှေမချ....ကျီးကန်းကိုအတောင်ဆင်လဲ ဒေါင်းမဖြစ်တာသေချာ....ကြိုက်တဲ့အသင်းလာယှဉ် backgroundချင်းကဝေးကွာ သာမန်အသင်းငယ်လေးမဟုတ်
 တောင့်တင်းတာငွေအား...ရန်ကုန်ယူနိုက်တတ်သည်သာ ချန်ပီယံ.............

ရန်ကုန်ပရိသတ်များ၏ ရင်ထဲက အသံများ ( ၄)

Ygn utd champion phtit yan 1 day thar lo tal thae....

ရင်ခုန်နေဆဲပဲ့ရင်ခုန်နေဆဲပဲ
ရင်ခုန်နေတုန်းပဲ့ရင်ခုန်နေတုန်းပဲ
ဖလားပိုင်ပါစေရန်ကုန်ရေ့
သိနေပေမယ့်လည်းရင်ခုန်နေဆဲ့

သမိုင်းရေးမည့် သူတို့
----------------------

မောင်နှမတို့ရေ ..

...

ကဗျာတစ်ပုဒ်ဧ။် ဆိုလိုချက်အရ ယနေ့ပြုလုပ်သမျှ အရာရာအားလုံးဟာ နောင်အနာဂါတ်နှင့်
အချိန်တစ်ခုအတွက် ကိုယ်ရဲ့သမိုင်းတစ်ခုလို့ အဆိုရှိခဲ့ဖူးပါတယ် ။

ကိုယ်ရဲ့အတိတ်မှာ ပြုလုပ်ဖူးသည့်အရာရာအားလုံးဟာ ယနေ့ ကိုယ့်ရဲ့သမိုင်းအဖြစ် တည်ရှိ
နေမှာ ဖြစ်သလို .. ယနေ့ ကိုယ်ပြုလုပ်နေသည့် အရာရာအားလုံးဟာလည်း အနာဂါတ်တစ်
ခုမှာ ကိုယ်ကြုံတွေ့ရမည့် ကိုယ့်ရဲ့သမိုင်းတွေလို့ ဆိုလိုခဲ့ဟန်တူပါတယ် ။

အဓိပ္ပါယ်တွေနက်နဲစွာ ပြည့်နှက်နေသည့် ကဗျာကောင်းတစ်ပုဒ်ပါ .. ။

ကဗျာဧ။်ဆိုလိုချက်အရလို သမိုင်းဆိုတာ နှစ်ခါပြန်ရေးဖို့ မဖြစ်နိုင်ပါဘူး ။ ကိုယ့်ရဲ့တစ်သက်
တာမှာ အခွင့်အရေးကို နှစ်ခါကြုံရင်သာ ကြုံနိုင်ခဲ့မှာပါ ။ အချိန်တစ်ခုကတော့ ကွာခြားမှုအ
တိရှိမယ်လို့ ပြောလို့ရပါတယ် ။

မောင်နှမတို့ရေ ..

ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားလိဂ်ရယ်လို့ ပရိုလိဂ်ပေါ်လာပြီးနောက်ပိုင်း ကျွန်တော်တို့ရဲ့
ရန်ကုန်အသင်းဟာ ထပ်ဆင့်ချန်ပီယံဆိုသည့် အခွင့်အရေးကို ကြိုးစားမှုဖြင့် ရရှိနေခဲ့ပါပြီ ။

ကျွန်တော်တို့ရန်ကုန်ရဲ့သမိုင်းမှာ ထပ်ဆင့်ချန်ပီယံရယ်လို့ ပထမဆုံး ကမ္ဗည်းရေးထိုးနိုင်ဖို့
ရရှိသည့် အခွင့်အရေးတစ်ခုပါ ။ အခွင့်အရေးကိုသာ ပိုင်နိုင်စွာဆုပ်ကိုင်ခဲ့ရင် ရန်ကုန်အ
သင်းရဲ့ ကစားသမားများစွာဟာ နှစ်ကြိမ်ဆက်အမျိုးသားလိဂ်ချန်ပီယံ ကစားသမားအဖြစ်
ကိုယ်တိုင်ရေးသမိုင်း စိုက်ထူနိုင်ခဲ့မှာဖြစ်သလို ကျွန်တော်တို့ရဲ့ ရန်ကုန်အသင်းကိုလည်း
နှစ်ကြိမ်ဆက်အမျိုးသားလိဂ်ချန်ပီယံအသင်းအဖြစ် အမျိုးသားလိဂ်သမိုင်းမှာ ကမ္ဗည်းရေး
ထိုးပေးခဲ့သည့် ကစားသမားတွေဖြစ်ခဲ့မှာပါ ။

ဘယ်လောကမှာမဆို ကိုယ့်ဘ၀ရဲ့ သမိုင်းကောင်းဆိုတာကို ကိုယ်တိုင်သာရေးဆွဲခွင့်ရှိပါ
တယ် ။ အခြားသူများ ၀င်ရောက်ဖြည့်ဆည်းရေးဆွဲဖို့ မစွမ်းသာနိုင်သလို ကိုယ်တိုင်ရဲ့အား
ထုတ်မှုဖြင့်သာ ရေးဆွဲနိုင်ခဲ့မှာပါ ။

ကိုယ်တိုင်ရဲ့အားထုတ်မှုက ကိုယ်တိုင်သက်ရောက်မှုအပြင် ကိုယ်တိုင်ကိုယ်စားပြုရာ ဌာနေ
တစ်ခု ၊ အသင်းတစ်ခုကိုလည်း သက်ရောက်မှုရှိပြီး ဌာနေတစ်ခုကို ကိုယ်စားပြုပေးနေသူ
အားလုံး .. အသင်းတစ်ခုကို ကိုယ်စားပြုပေးနေသူအားလုံးအတွက် ပျော်ရွင်စရာတစ်ခုကို
လက်ဆောင်ပေးနိုင်သည့်အခွင့်အရေး ရှိနေခဲ့ပြန်ပါတယ် ။

မောင်နှမတို့ရေ ..

ကြိုးစားမှုတစ်ခုဧ။်ရလာဒ်က အခွင့်အရေးကောင်းတစ်ခုလို့ ဆိုခဲ့မယ်ဆိုရင် .. ကျွန်တော်
တို့ရဲ့ ရန်ကုန်အသင်းဟာ စဉ်ဆက်မပြတ်ကြိုးစားမှုရှိခဲ့လို့သာ ယခုလိုအခွင့်အရေးကောင်း
တစ်ခုကို လက်တစ်ကမ်းအကွာ ရရှိခဲ့တယ်လို့ မြင်မိပါတယ် ။

လက်တစ်ကမ်းအကွာက အခွင့်အရေးကို လက်ဝယ်ပိုင်ပိုင်ရရှိဖို့ဆိုရင် ထပ်မံလိုအပ်တာက
ထပ်မံကြိုးစားနေဖို့သာ ဖြစ်မှာပါ ။

ကျွန်တော်တို့ရန်ကုန်အသင်းနှင့် ပါတ်သက်သူအားလုံးရဲ့ ကြိုးစားမှုဖြင့် ..

ကျွန်တော်တို့ရန်ကုန်အသင်းရဲ့ နည်းပြများဧ။် ကြိုးစားမှုဖြင့် ..

ကျွန်တော်တို့ရန်ကုန်အသင်းရဲ့ ကစားသမားတွေဧ။် ကြိုးစားမှုဖြင့် ..

ထပ်ဆင့်ချန်ပီယံ ရန်ကုန်အသင်းဆိုသည့် ရန်ကုန်ယူနိုက်တက်အသင်းဧ။် သမိုင်း ..

ထပ်ဆင့်ချန်ပီယံ ကစားသမားဆိုသည့် ရန်ကုန်ကစားသမားများဧ။် သမိုင်း ..

ကိုယ်တိုင်ကြိုးစားစွာ ရေးဆွဲထားသည့် ကိုယ်တိုင်ရေးသမိုင်းများဖုံးလွှမ်းနေမည့် စနေနေ့ဧ။်
သုသဏ္ဏညနေခင်းကို မျက်စိထဲမြင်ယောင်မိပါတယ် ။

အားလုံးသောသူများကို
လေးစားလျှက်
ငဘွိုင်း (yufcboy)

Eagle Boy

 

 

အစွမ်းကုန် ခြေကုန်ထုတ်ကစားမယ်ဆိုရင် အနိုင်အရှုံးဆိုတာ ဘာပဲဖြစ်ဖြစ် ကျေနပ်တယ် ။ 

 နာမည်ကြီး ရန်ကုန်အသင်းလို့ သတင်းတွေမှာ ဖေါ်ပြခံခဲ့ရတဲ့ဘ၀က အခု ချန်ပီယံ ရန်ကုန်ဖြစ်လာဘီ ။

နောက်တစ်ဆင့် ထပ်ဆင့်ချန်ပီယံ ဆိုတဲ့ ဂုဏ်ကို မျှော်လင့်တောင့်တတာတော့အမှန်ပဲ ။ 


ပြည်တွင်း ဖလား၂လုံး ထပ်ဆင့်ချန်ပီယံ ဖြစ်ရမယ် ။

ရဲရင့်တဲ့ ကေသရာဇာ ခြင်္သေ့တွေအတွက်

မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး ။

 ရန်ကုန်အသင်းအတွက် ကျွန်တော်ဟာ ဂဂျောင်ပရိသတ်တစ်ကောင်ဆိုရင်တောင်  အမာခံ ဂဂျောင်ပဲဖြစ်ချင်တယ်။

Kaung Myat Thu



ပရိသတ်များ၏ ရေးသားထားသော မူရင်းစာသားများအတိုင်း ဖေါ်ပြထားခြင်းဖြစ်ပါသည် ။ ပြင်ဆင်ခြင်း ၊ နှုတ်ပယ်ခြင်း မရှိပါ။ 

ရန်ကုန် ယူနိုက်တက်နဲ့ အတူ ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်ဖို့ အသင့် ဖြစ်နေပါပြီ ~ ဆီဇာ

၂၀၁၂ မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံဆုကို ရရှိရန် အကောင်းဆုံး အခြေအနေသို့ ရောက်နေသော ရန်ကုန် ယူနိုက်တက် အသင်းမှ နည်းပြချုပ် အီဗန်ကိုလက်ဗ်နှင့် တိုက်စစ်မှူး ဆီဇာတို့သည် မြန်မာ နေရှင်နယ်လိဂ် တစ်လတာ အကောင်းဆုံးဆု (သြဂုတ်လ) များကို သိမ်းကြုံး ဆွတ်ခူး နိုင်ခဲ့ပြီ ဖြစ်သည်။

ဘူဂေးလ်ရီးယား လူမျိုး နည်းပြ အီဗန်ကိုလက်ဗ်သည် ရန်ကုန် အသင်း အတွက် နောက်ဆုံး (၄) ပွဲ ကစားရာတွင် ရမှတ် (၁၀)မှတ် အထိ ရအောင် ဦးဆောင်မှု ပေးနိုင်ခဲ့ပြီး ဘရာဇီး တိုက်စစ်မှူး ဆီဇာ ကလည်း နောက်ဆုံး (၄)ပွဲတွင် (၄)ဂိုး သွင်းကာ အသင်းကို အမှတ်ပေး ဇယား ထိပ်ဆုံး နေရာတွင် ရပ်တည် နိုင်အောင် ကူညီ ပေးခဲ့သည်။ ရန်ကုန် အသင်းသည် နောက်ဆုံး (၄)ပွဲကို သြဂုတ်လ အတွင်း (၃)ပွဲနှင့် စက်တင်ဘာလတွင် (၁)ပွဲ ကစားခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ အတွက် အကောင်းဆုံး နည်းပြဆုနှင့် ပတ်သက်၍ မြန်မာ့ လက်ရွေးစင် နည်းပြဟောင်း ကိုလက်ဗ်က “ဒီဆုရတယ် ဆိုတာ ကျွန်တော် တစ်ယောက်တည်း ကောင်းလို့ ရတာ မဟုတ်ပါဘူး။ ကျွန်တော့ ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေ၊ အုပ်ချုပ်မှု အဖွဲ့က တာဝန် ရှိသူတွေနဲ့ ရန်ကုန် ယူနိုက်တက် ၀န်ထမ်း အားလုံး တာဝန်ကျေလို့ ဒီလို ချီးမြှင့်ခံ ရတာပါ။ ဂုဏ်ယူပါတယ်။ အမှတ်ပေး ပြိုင်ပွဲ နောက်ဆုံး ပွဲမှာလည်း ဧရာဝတီ ယူနိုက်တက်ကို အနိုင်ယူပြီး ဒီဆုနဲ့ ထိုက်တန်တယ် ဆိုတဲ့ အကြောင်း သက်သေပြ ဦးမှာပါ” ဟု ဆိုသည်။

ရန်ကုန် အသင်းသို့ အမှတ်ပေး ပြိုင်ပွဲ ဒုတိယ အကျော့မှသာ ရောက်ရှိခဲ့သူ ဖြစ်သော်လည်း (၁၂)ပွဲ အတွင်း (၁၄)ဂိုး သွင်းထားသည့် ဘရာဇီးသား တိုက်စစ်မှူး ဆီဇာက “၀မ်းသာပါတယ်။ ချန်ပီယံ ဖြစ်ဖို့ အတွက် ကြိုးစားသွား မှာပါ။ ရန်ကုန် ယူနိုက်တက်နဲ့ အတူ ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်ဖို့ အသင့် ဖြစ်နေပါပြီ” ဟု ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လအလိုက် အကောင်းဆုံးဆု ရွေးချယ်ရေး အဖွဲ့က အီဗန်ကိုလက်ဗ်နှင့် ဆီဇာတို့ကို ရွေးချယ်ခဲ့ခြင်းနှင့် ပတ်သက်၍ “နည်းပြ ကိုလက်ဗ်သည် အသင်းကို ရာသီဝက်ကျော်မှ တာဝန် ယူခွင့်ရခဲ့ သော်လည်း ပုံစံ မပျက်ဘဲ ချန်ပီယံ လမ်းကြောင်းပေါ်တွင် တည်ငြိမ်စွာ လျှောက်လှမ်းနိုင်ရန် ဦးဆောင်မှု ပေးနိုင်ခြင်း၊ နောက်ဆုံး (၄)ပွဲတွင် ခက်ခဲသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင် ရသော်လည်း ရှုံးပွဲ မရှိဘဲ (၁၀)မှတ် ရယူပေး နိုင်ခြင်း၊ ဘရာဇီး တိုက်စစ်မှူး ဆီဇာသည် ရတနာပုံ၊ ရက္ခပူရ၊ မနောမြေ၊ ဇွဲကပင်တို့နှင့် ကစားခဲ့သည့် ၄ ပွဲတွင် အကောင်းဆုံး ခြေစွမ်း ပြနိုင်ပြီး ကိုယ်တိုင် ဂိုးသွင်းနိုင်သည့် အပြင် အသင်းဖော် များကိုပါ ဂိုးသွင်းနိုင်အောင် ဖန်တီး ပေးနိုင်ခဲ့ခြင်း တို့ကြောင့် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။

www.ygnutd.com

ပရိသတ်တို့ ပြောတဲ့  ရန်ကုန်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ရလာဒ် ( ၁)

ကျွန်တော်ကတော့ ရန်ကုန် ဧရာဝတီ ပွဲကို ၂- ၀ လို့ ထင်တယ် ။ ကြည် လင်း ၊ ဆီဇာပေါ့ဗျာ ဂိုးသွင်းရှင်တွေက

Kaung Myat Thu


8-0လောက်ပေါ့ဆီဇာက3ဂိုး...ကိုကြည်လင်းက3ဂိုး....ကိုကောင်းစည်သူက2ဂိုး...ဟီးဟီး 
ဧ၇ာဝတီအတွက်.....အင်းသက်သက်ညာညာစဉ်းစားပေး၇၇င်...4-3ူလောက်ပဲသွားမယ်

Aye Chan


ဒိုင်မညစ်ရင် ရန်ကုန်အနိုင်သေချာတယ် ၃-၂

Phonemyat Kyaw

‎3-0လောက်နဲ့ပြီးမယ်ထင်တယ်။

Myo Htet



တစ်ဘက်အသင်းကိုလုံးဝလျော့တွက်လို့မရပါဘူး
ကိုသီဟ အရမ်းတော်ပါတယ်
ဂိုးများများသွင်းနိုင်ဖို့ကြိုးစားရမှာ
ပရိတ်သတ်နဲ့ကစားသမားတွေကိုလုံးဝယုံတယ်
အားလုံးပေါင်းပြီး ကံတရားကိုအနိုင်ယူရမှာပါ့

2-0 

Khinmya Oo


name ကို click လုပ်လိုက်ရင် သူ့ ရဲ့  facebook profile ရောက်သွားပါလိမ့်မယ် ။

ရန်ကုန်ပရိသတ်များ၏ ရင်ထဲကအသံများ (၃)

တကယ့်အောင်မြင်မှုအစစ်အမှန်ဆိုတာ လွယ်လွယ်မရဘူး။ ပေါချောင်ကောင်းမဟုတ်ဘူး။ ဖြတ်လမ်းနည်းနဲ့ ယူလို့မရဘူး။ ကြိုးစားမှုနဲ့ အရယူမှရမယ်။ ရန်ကုန်အသင်းရဲ့အောင်မြင်မှုကိုလဲ နောက်ဆုံးချန်ပီယံဖလားက အသိအမှတ်ပြုသွားမှာပါ။ ဘယ်ပြိုင်ဖက်အသင်းကိုမှလျှော့မတွက်သလို ဘယ်အသင်းကိုမှလည်း ပိုမတွက်ဘူး။ ရန်ကုန်ယူနိုက်တက်က ရန်ကုန်ချစ်ပရိသတ်တွေအတွက် သီးသန့်ရပ်တည်တယ်။

Cleopatra Aye

 

ချစ်၇ဆဲ..မြတ်နိး၇ဆဲပါဘဲလား..၇န်ကုန်....
မင်းတို့ နဲ့ ပတ်သတ်လာ၇င်ငါ့ ၇င်တွေဟာ...ပူနွေးလာတယ်..
ငါ့ နလုံးသားကိုနွယ်ရှင်တခုလိုရစ်ပတ်ထားတယ်လေ..
ငါဟာအသင်းကိုချစ်သလို..အသင်းကိုအားပေးတဲ့ သူတွေကိုလဲမြတ်နိးတယ်.
အမြဲတမ်းအနားမှာမရှိနိင်ပေမယ့် ..နလုံးသားထဲမှာတော့ တံဆိပ်ခပ်နိပ်ထား တယ်လေ..၇န်ကုန်သူ၇န်ကုန်သားတွေဂုဏ်ယူစွာအားပေးနေဆဲလေ....။

Bobo Aung

 

ရန်ကုန်အသင်း အုပ်ချုပ်သူ ဥိးအောင်မြင့်မြတ်ရဲ့  ယုံကြည်ချက်

Professional ကစားသမားတော်တော် များများက အခွင့်အရေးနဲ့ ငွေကြေးကို အဓိကထားပြီး ကစားကြတယ်၊

အဲဒီထဲမှ မြန်မာpro တွေက ဂုဏ်သိက္ခာနဲ့ ကဓိသစ္စာ ကိုအဓိကထား ကစားတယ်ဆိုတာ လာမယ့် AYWD နဲ့ပွဲမှာ ရန်ကုန်ကစားသမားတွေက
အကောင်းဆုံး သက်သေပြလိမ့်မယ်လို့ ကျွန်တော့အနေနဲ့ ယုံကြည်တယ်

...
ဘယ်ဆုကြေး၊ ဘာအခွင့်အရေးမှ မမျော်ဘဲ ကျုပ်တို့အသင်းသားတွေ
တစိတ်ထဲ၊ တ၀မ်းထဲ ချန်ပီယံဆုကို ဆာလောင်နေပြီဖြစ်ကြောင်း
လုံးဝ ကတိသစ္စာပြုတယ်။
 

Aung Myint Myat

 

ရန်ကုန်ပရိသတ်များ၏ ရင်ထဲက အသံများ ( ၂ )

ရန်ကုန်အသင်း ချန်ပီယံဖြစ်မဲ့၈ရက်နေ့ မှာ
တိုက်ဆိုင်စွာနဲ့ ကျွန်တော်ရဲ့ ၂၃နှစ်ပြည့်မွေးနေ့ ဖြစ်နေတယ်
အဲ့နေ့ ကျရင် ရန်ကုန်အသင်းက ကျွန်တော်အတွက်အကောင်းဆုံး
လက်ဆောင်ပေးမယ်လို့ ယုံကြည်ပါတယ်.............

Light Day


ရန်ကုန်ဖလားယူမယ့်ရက်မှာဘယ်လောက်ပဲပင်ပန်းနေပါစေအားပေးဖြစ်အောင်အားပေးမယ်။
ရန်ကုန်သာအမှန်ချန်ပီယံ့

Chu Sitt


ဖလား၇ပြီးပါက၇န်ကုန်ဘောလုံးသမားများအား..ဖက်နမ်းပစ်ပါမည်...အားလုံးသတိ
တာထားနေကြပါလေေ၇ာ....ဟား ဟား

Bobo Aung


ဘာရမလဲ.. အင်တာနက်သုံးရင်း
သီချင်းဆိုကျင့်လိုက်တာ..
အဲလက်စ်လောက်တော့ အေးဆေးပဲ..
ရသွားပြီ...
ရသွားပြီ..
...

မဟာ ရန်ကုန်ကို ကိုယ်စားပြုပါသည်
အကောင်းဆုံးတွေပိုင်ဆိုင်ဖို့ ငါတို့သည်..
အနိုင်မခံအရှုံးမပေးဖို့အရေး..
အကောင်းဆုံးအားပေးမည်.. ငါတို့ရဲ့ YUFC.....................................
:P

May Kha

ရန်ကုန်အသင်း နောက်ဆုံးပွဲစဉ်ကို တီဗွီကပဲ အားပေးရတော့မယ်ဗျာ ။ အွန်လိုင်းလဲမတက်နိုင်တော့ဘူး။
ရန်ကုန် ဖလား၂လုံး ထပ်ဆင့်ချန်ပီယံဖြစ်မှပဲ ပေါင်းပြီး အားရပါးရ အောင်ပွဲခံတော့မယ်ဗျာ ။မောင်ကောင်းတစ်ယောက် တစ်လလောက်တော့ အွန်လိုင်းကပျောက်ပီ ။ ဘယ်လိုမှ မအားတော့ဘူး ။ ရန်ကုန်အသင်းကိုတော့ စိတ်ထဲမှာ အမြဲရှိနေပါတယ် ။ ဧရာဝတီနဲ့ ပွဲမှာ ဘယ်လိုရလာဒ်ပဲ ထွက်လာပါစေ ရန်ကုန်အသင်းသာ အကောင်းဆုံးကြိုးစားမယ်ဆိုရင် ကျေနပ်ပါတယ် ။
ရန်ကုန်အသင်းအတွက် ထာဝရပရိသတ်အဖြစ်ရှိနေမယ် ။

ယုံကြည်ချက်အပြည့်နဲ့  ရန်ကုန်ယူနိုက်တက်
အနိုင်မခံ အရှုံးမပေးတတ်တဲ့  ရန်ကုန်ယူနိုက်တက်
ရာဇ၀င်တွင်ရမယ် ရန်ကုန်ယူနိုက်တက်

Kaung Myat Thu

 

ရန်ကုန်ပရိသတ်များ၏ ရင်ထဲက အသံများ ( ၁)



အစဉ်အလာ နှင့် ယုံကြည်မှု
---------------------------

ကိုရစ်တို့ ကိုဂါးတို့ရေ ..

ယုံကြည်မှုဆိုသည့်အရာဟာ အကြောင်းမဲ့ပေါက်ဖွားလာတတ်သည့် အရာတစ်ခု မဟုတ်ခဲ့ပါဘူး ။
ယုံကြည်နိုင်လောက်သည့် အကျိုး နှင့် အကြောင်းရှိလို့သာ ယုံကြည်မှုဆိုတာ ပေါက်ဖွားတတ်တာ
မျိုး မဟုတ်ပါလား အစ်ကိုတို့ ။

ထိုယုံကြည်မှုမှာတင် မျက်စိတ်မှိတ်ယုံကြည်မှုဆိုတာမျိုး နှင့် ပြတ်သားစွာမြင်ရသည့်ယုံကြည်မှုမျိုး
ရယ်လို့ နှစ်မျိုးတော့ အနဲဆုံး တည်ရှိခဲ့မှာပါ ။

အဲဒီအတိုင်းရယ်ပါ ။ ကျွန်တော်တို့ရန်ကုန်အသင်းကို ကျွန်တော်တို့ရန်ကုန်ပရိတ်သက်အားလုံးက
ထပ်ဆင့်ချန်ပီယံရယ်လို့ ဟစ်ကြွေးဖို့အသင့်ဖြစ်နေသည့် ယုံကြည်မှုမျိုး ... ။

အဲဒီယုံကြည်မှုမျိုးက ပြတ်သားစွာ မြင်တွေ့နေရသည့် ယုံကြည်မှုမျိုး တစ်ခုဖြစ်သလို ..၊ ပြတ်သား
စွာ တည်ရှိနေခဲ့သည့် အကျိုး နှင့် အကြောင်းရှိခဲ့လို့သာ ယုံကြည်ရတာမျိုးပါ ။

ကျွန်တော်တို့ရန်ကုန်အသင်း ထပ်ဆင့်ချန်ပီယံဖြစ်ဖို့ဆိုရင် အတားအဆီးတစ်ခုက ဧရာဝတီအသင်း
ကို အနိုင်ယူကျော်ဖြတ်ပြနိုင်ဖို့ပါ ။ ဧရာဝတီလို့ အသံကြားရင် ကွင်းလယ်တိုက်စစ်ချိတ်ဆက်သမား
မင်းမင်းသူ ၊ ကွင်းလယ် ခံစစ်အကူ နိုင်လင်းဦး ၊ တောင်ပံနှစ်ဘက်က အောင်ကျော်မျိုး ၊ နန္ဒလင်း
ကျော်ချစ် ၊ရှေ့တန်းက ဂျူပီတာ ၊ ဂိုးသမား သီဟစည်သူ ၊ ခံစစ်သမား ဇော်ဇော်ဦးတို့ကို အမျိုး
သားလိဂ်ပရိတ်သက်တိုင်းမျက်စိထဲ မြင်မိကြမှာ သေချာခဲ့ပါတယ် ။

အဲဒီ ဧရာဝတီကစားသမားတွေဟာ အမျိုးသားလိဂ်ပရိတ်သက်တိုင်းက မျက်စိထဲမြင်မိသည့် က
စားသမားဖြစ်ခဲ့ကြမယ်ဆိုရင် .. ကျွန်တော်တို့ရန်ကုန်မှာက ဒီထက် ပိုများပြီး ပိုပြီးအရည်အချင်း
ှရှိကြသည့်သူတွေပါ ။

ကျွန်တော်တို့ရန်ကုန်ရဲ့ကစားသမားတွေက ဧရာဝတီရဲ့ အထင်ကရ ကစားသမားတွေထက် ပိုမို
ကောင်းမွန်သည့်ခြေစွမ်းရှိသည့်သူတွေဖြစ်သလို ၊ ပိုမိုအရည်အချင်းရှိကြသည့် ကစားသမားတွေ
ပါ ။

ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ် ။ ရုန်းကန်ရကောင်း ရုန်းကန်နိုင်ပါတယ် ။ ဒါပေမယ့် ရန်ကုန်ပါ ။
ရန်ကုန်ဆိုတာ မြန်ပြည်ရဲ့ရတနာတစ်ခုဖြစ်ခဲ့သလို အမျိုးသားလိရဲ့ရတနာတစ်ပါးဖြစ်လျှက်ပါ ။

ယုံကြည်မှုဆိုသည့်အရာမျိုးဟာ အကြောင်းမဲ့ပေါက်ဖွားလာတတ်သည့် အရာတစ်ခု မဟုတ်ခဲ့သ
လို ယုံကြည်နိုင်လောက်သည့် အကျိုး နှင့် အကြောင်းရှိတတ်တာမျိုး မဟုတ်ပါလား ။

ဘောလုံးလောကမှာ ဘာမဆိုဖြစ်တည်သွားနိုင်ပေမယ့် ကျွန်တော်တို့သာ စိတ်ဓါတ်အပြည့် ၊ စု
စည်းညီညွတ်မှုအပြည့်ဖြင့် စည်းလုံးပြနိုင်ရင် ကျွန်တော်တို့အားလုံး ယုံကြည်ထားသည့် ထပ်ဆင့်
ချန်ပီယံဆိုသည့်အရာဟာ ပြတ်သားစွာမြင်တွေ့နေရသည့် ယုံကြည်မှုမျိုးလို့ ကျွန်တော်ပြောပါရစေ။

ကိုရစ်တို့ ကိုဂါးတို့ရေ ..

အစဉ်အလာတစ်ခုဆိုတာ သရုပ်သကန်ခွဲကြည့်ရင် အနဲဆုံးတော့ နှစ်မျိုးရှိမယ် ထင်ပါတယ် ။ အစဉ်
အလာဆိုးရယ် နှင့် အစဉ်အလာကောင်းရယ်ပါ ။

ဧရာဝတီအသင်းဟာ ကျွန်တော်တို့ရန်ကုန်အသင်းအတွက် အစဉ်အလာရ ခက်ခဲသည့် ပြိုင်ဘက်
ကောင်းတစ်သင်းဆိုရင် ကျွန်တော် လက်သင့်ခံနိုင်ပါတယ် ။ ကျွန်တော်တို့မနိုင်စရာမရှိသည့် အစဉ်
အလာဆိုး တစ်ခုရယ်လို့ သတ်မှတ်ရင် ကျွန်တော် လက်သင့်မခံနိုင်ပြန်ပါဘူး ။

ကောင်းမွန်သည့်အစဉ်အလာကို (ပွဲရလာဒ်) မည်သူမဆို ထိန်းသိမ်းချင်ကြပေမယ့် အစဉ်ထိန်းနိုင်
ဖို့ မလွယ်ကူ မဖြစ်နိုင်သလို .. ဆိုးနေသည့်အစဉ်အလာတစ်ခုကို မည်သူမျှ မထိန်းချင်ကြသလို
ကိုယ်တိုင်ကြိုးစားမှုဖြင့် ရိုက်ချိုးဖျက်ချနိုင်ခွင့်ရှိနေပြန်ပါတယ် ။

ကျွန်တော်တို့ရန်ကုန်ရဲ့ စုစည်းမှုအားကို မြင်အောင်သေချာကြည့်လိုက်ပါ ..

ကျွန်တော်တို့ရန်ကုန်ရဲ့ ကျစ်လစ်မှုအားကို မြင်အောင်သေချာကြည့်လိုက်ပါ ..

ကျွန်တော်တို့ရန်ကုန်ရဲ့ ညီညွတ်မှုအားကို မြင်အောင်သေချာကြည့်လိုက်ပါ ..

ကျွန်တော်တို့ရန်ကုန်ရဲ့ ခြေစွမ်းကို မြင်အောင်သေချာကြည့်လိုက်ပါ ..

အများပြောနေကြသလို ဧရာဝတီအသင်းဟာ ခက်ခဲသည့်ပြိုင်ဘက်အစဉ်အလာတစ်ခုထက် မပို
ခဲ့ပါဘူး ။ ကျွန်တော်တို့ရန်ကုန် အနိုင်မယူပြနိုင်စရာ အကြောင်းမရှိနေပြန်ပါဘူး ။

ကျွန်တော်တို့ရဲ့ ဂိုးသမားဟာ အရင်ထက် များစွာ ကောင်းမွန်နေခဲ့ပါပြီ ။

ကျွန်တော်တို့ရဲ့ နောက်တန်းဟာ ဧရာဝတီထက် ကျစ်လစ်မှုရှိပြီးသားပါ ။

ကျွန်တော်တို့ရဲ့ တောင်ပံနှစ်ဘက်က အမျိုးသားလိဂ်မှာ အထွန်းတောက်ဆုံးပါ ။

ကျွန်တော်တို့ရဲ့ ကွင်းလယ်ဗဟိုသမားတွေက အတွေ့အကြုံရင့် လက်ရွေးစင်တွေပါ ။

ကျွန်တော်တို့ရဲ့ ရှေ့တန်းက ပွဲတိုင်းဂိုးမြူးလျှက်ပါ ။

ခက်ခဲသည်အစဉ်အလာဆိုတာထက် ဘယ်နေရာမှာများ ပိုမိုနေပါသလဲ မောင်နှမတို့ ။

ခက်ခဲသည့်အစဉ်အလာတစ်ခုဖြစ်ရင် ဖြစ်ပါလိမ့်မယ် .. ဒီထက်မပိုပါပဲ ထပ်ဆင့်ချန်ပီယံဆိုသည့်
ဂုဏ်ပုဒ်ကို အောင်လံထူ ရေးမှတ်မှာကို ကျွန်တော်တို့အားလုံး အကျိုး နှင့် အကြောင်းရှိလို့
ပြတ်သားစွာမြင်တွေ့နေရလို့ ယုံကြည်ထားတယ်ဆိုတာ .. ရန်ကုန်အသင်းနှင့်ပါတ်သက်သူ
အားလုံးကို သိစေချင်ခဲ့ပါတယ် ။
 
သဲတစ်ပွင့်အဖြစ် ဖြစ်တည်ရာ
-----------------------------

ကိုရစ်တို့ ကိုဂါးတို့ရေ ..

မြန်မာယူ(၂၂)အသင်း ခြေစစ်ပွဲအောင်တုန်းက အဖွဲ့ချုပ်ဥက္ကဌပြောကြားခဲ့သည့် စကားတစ်ခွန်း
ရှိခဲ့ပါတယ် ။ “ ဒီအောင်ပွဲဟာ အားလုံးရဲ့စည်းလုံးမှုကြောင့် ရရှိခဲ့သည့် အောင်ပွဲတစ်ခုပါလို့ ”
ဆိုပြီး သက်ဆိုင်ရာကဏ္ဍတစ်ခုခြင်းရဲ့ ကြိုးပမ်းမှု အရေးပါမှုကို ဖော်ညွန်းပြဆိုသွားသည့် စကား
တစ်ခုပါ ။

လက်ရွေးစင်အသင်းဆိုတာ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြီး
မားမှုရှိသလို ကဏ္ဍတစ်ခုခြင်းအလိုက် ကြိုးပမ်းမှု လုပ်ဆောင်မှုကလည်း ကျယ်ပြန့်မှုရှိခဲ့ပြန်ပါ
တယ် ။ ပြိုင်ပွဲမစတင်မီတည်းက ပရိသတ်တွေ ကွင်းအတွင်း အရောက်အားပေးဖို့အတွက်
အဖွဲ့ချုပ်က ဖိတ်ခေါ်ခဲ့သလို ၊ မီဒီယာ ဂျာနယ်တွေမှတစ်ဆင့် “ ယူ(၂၂)အသင်းကို အားပေးဖို့
ကွင်းထဲအရောက်သွားကြစို့ ” “ ယူ(၂၂)အသင်းကို အားပေးဖို့ သင့်ကိုအလိုရှိသည် ” စသဖြင့်
ဆောင်ပုဒ်တွေဖြင့် တိုက်တွန်းနှိုးဆော်ခဲ့တာ များမကြာသေးလှပါဘူး ။

ခေတ်ရေစီးမှုအရ Online နှင့် Offline ကွဲပြားမှုအရ လုပ်ဆောင်ချက်တွေကို ပြန်ကြည့်ကြရင်
အလေးထားစရာတွေ ရှိနေခဲ့ပြန်ပါတယ် ။

Offline ပရိသတ်တွေ သိရှိစေဖို့ မီဒီယာစာမျက်နှာတွေမှတစ်ဆင့် နှိုးဆော်မှုပြုခဲ့သလို ၊ လူ
စည်ကားရာနေရာတွေမှာ Billboard တွေမှတစ်ဆင့် တိုက်တွန်းနှိုးဆော်ခဲ့တယ် မဟုတ်လား ။

Online ပရိသတ်တွေအတွက်လည်း အဖွဲ့ချုပ်ဆိုဒ်တွေအပြင် ၊ ပြည်တွင်းအားကစားဆိုဒ်မှ
တစ်ဆင့် တိုက်တွန်းနှိုးဆော်မှု ပြုလုပ်ခဲ့ပြန်ပါတယ် ။

အားကစားဝါသနာရှင် ပရိသတ်တွေကလည်း Facebook လိုနေရာမျိုးမှာ ကိုယ်ပိုင်စာမျက်
နှာတွေမှတစ်ဆင့် ပရိသတ်အချင်းချင်း တိုက်တွန်းနှိုးဆော်ခဲ့တာ အမှတ်ရစရာပါ ။

ကိုရစ်တို့ ကိုဂါးတို့ရေ ..

ကျွန်တော်တို့ရန်ကုန်အသင်း ထပ်ဆင့်ချန်ပီယံဖြစ်ဖို့က လက်တစ်ကမ်းအကွာအနေအထားမှာ
ပါ ။ ဒီနေ့အပါအ၀င်(၆)ရက်မျှသာ အချိန်ကျန်ရှိတော့ပြီမို့ ယူ(၂၂)တုန်းကလို ကျယ်ပြန့်စွာလုပ်
ဆောင်ဖို့က အချိန်ကန့်သတ်မှု နဲပါးလွန်းခဲ့ပါပြီ ။

ရန်ကုန်ပရိသတ်တွေ ကွင်းအတွင်းအရောက်အားပေးဖို့ အသင်းနှင့်ဖန် ပူပေါင်းလုပ်ဆောင်
ချက်တွေအပြင် အချို့အရာလေးတွေကို ထပ်ဖြည့်ချင်သည့်ဆန္ဒ ရှိနေပြန်ပါတယ် ။

အချိန်နဲပါးလွန်းခဲ့ပေမယ့်လည်း ရသလောက်လေး အားထုတ်စေချင်သေးသည့် ဆန္ဒတစ်ခု
ဖြစ်ပေါ်မိပြန်ပါတယ် ။

ရန်ကုန်အသင်း ထပ်ဆင့်ချန်ပီယံဖြစ်ဖို့ ခရီးလမ်းမှာ ၊ ကွင်းအတွင်းသို့ ရန်ကုန်ပရိသတ်တွေ
ပိုမိုရောက်ရှိအားပေးဖို့အတွက် သက်သက်သာပါ ။

ကျွန်တော်တို့ရန်ကုန်အသင်းရဲ့ Official Site မှတစ်ဆင့် အသင်းရဲ့တာဝန်ရှိသူတစ်ယောက်က
ပရိသတ်တွေ ပိုမိုအားပေးဖို့ရာ ဖိတ်ခေါ်ပေးစေချင်မိပြန်တယ် ။ အကျိုးရှိချင်မှ ရှိကောင်းနိုင်
ပါတယ် ။ အကျိုးတော့ မမဲ့လောက်ဘူးလို့ ကျွန်တော် ယုံကြည်မိပါတယ် ။ ဒါဟာ အထောက်အ
ကူတစ်ခုဖြစ်ကောင်းနိုင်တယ်လို့ ထင်မှတ်မိပြန်တယ် ။

အသင်းရဲ့ Official Siteမှာ ဖိတ်ခေါ်မှုသာပြုခဲ့မယ်ဆိုရင် ပြည်တွင်းအားကစားဆိုဒ်တွေကလည်း
သတင်းတစ်ခုရှိသည်မို့ ဖော်ပြပေးကြမယ် ထင်ပါတယ် ။

ရန်ကုန်အသင်းနှင့်ပါတ်သက်သူ တာဝန်ရှိသူများဟာ ပရိတ်သက်ကို အမြဲအလေးထားခဲ့တယ်
ဆိုတာ ရန်ကုန်ပရိသတ်တိုင်းက သိရှိပြီးသားပါ ။ ဒီလိုသိရှိပြီးပေးဖို့ အခုလို ဖိတ်ခေါ်နှိုးဆော်
တိုက်တွန်းမှုက ပိုမိုလေးနက်စေမယ် မဟုတ်ပါလား အစ်ကိုတို့ ။

ကိုရစ်တို့ ကိုဂါးတို့ရေ ..

ဒါတွေအပြင် ကျွန်တော်တို့ ပရိသတ်အားလုံးကလည်း ဟိုအရင် မြန်မာယူ (၂၂) တုန်းကလို
ကျွန်တော်တို့ရန်ကုန်အသင်းကို ကွင်းအတွင်းအရောက်အားပေးဖို့ ပရိသတ်အချင်းချင်း နှိုး
ဆော်တိုက်တွန်းကြရအောင်လား ။

Online မှာလည်း Online အလျှောက် တိုက်တွန်းနှိုးဆော်သလို Offline မှာလည်း Offline အ
လျှောက် နှုတ်ဧ။်ဆောင်မခြင်းဖြင့် တိုက်တွန်းနှိုးဆော်ခဲ့မယ်ဆိုရင် အကျိုးမမဲ့နိုင်ဘူးလို့ ထင်မိ
ပြန်ပါတယ် ။

ရန်ကုန်ပရိသက်တွေဖြစ်သည့် သဲတစ်ပွင့်အဖြစ်တည်ရှိနေသည့် မောင်နှမအားလုံး ကြိုးပမ်း
လျှက်ဆိုတာ သိပြီးဖြစ်ပေမယ့် .. ရင်ထဲရှိရာလေး ချရေးလိုက်ရုံ သက်သက်မျှသာပါ ။
 Eagle Boy 
 
 

အိုလံပစ် စံချိန်မီ ရေကူးကန် တည်ဆောက် ပြီးစီး

ရန်ကုန်ယူနိုက်တက် အသင်း ကစားသမားများ ကိုယ်လက် ကြံ့ခိုင်မှု ကောင်းမွန်စေရန်နှင့် စိတ်လက် ပေါ့ပါးစွာ အပန်းဖြေ နိုင်ရန် ရည်ရွယ် တည်ဆောက်ခဲ့သော အိုလံပစ် စံချိန်မီ ရေကူးကန်မှာ စက်တင်ဘာ ၁ ရက်နေ့မှ စ၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အသင်း အုပ်ချုပ်သူ ဦးအောင်မြင့်မြတ်က ပြောကြားသည်။

အလျား ၇၅ ပေ၊ အနံ ၄၀ ပေ၊ ရေအတိမ်ဆုံး နေရာ ၄.၅ ပေနှင့် ရေအနက်ဆုံး နေရာ ၇ ပေရှိသော ရေကူးကန်ကို နိုင်ငံတကာ စံနှုန်းမီ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ အသုံးပြုကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အသင်း၏ ကစားသမားများ အားလုံး အတွက် အထူး အကျိုးပြု နိုင်မည်ဟု ဦးအောင်မြင့်မြတ်က ယုံကြည်ကြောင်း ဆိုခဲ့သည်။

အသင်းရဲ့ ပထမ ကစားသမားတွေ အတွက် အရမ်းကောင်းပါတယ်။ စီနီယာ တွေရဲ့ သက်လုံပိုင်း အများကြီး ကောင်းလာမှာ ဖြစ်ပြီး Training ပြီးရင်လည်း အပန်းဖြေလို့ ရတယ်။ အကြောလျှော့ လေ့ကျင့်ခန်းတွေ၊ အပျော်တမ်း ရေကူးပြိုင် တာတွေလည်း ဖြစ်လာနိုင်တယ်။ အကျိုးဆက် တွေကတော့ ကစားသမားတွေ အတွက် ခန္ဓာကိုယ် ဖွံ့ဖြိုးလာမယ်၊ အသင်းသား အချင်းချင်းလည်း အခုထက် ပိုပြီး ရင်းနှီးချင်ခင် လာမယ်။ ရန်ကုန် ယူနိုက်တက် အသင်းကနေ မြန်မာ့ လက်ရွေးစင် အသင်းအတွက် ကစားသမား ကောင်းတွေ မွေးထုတ် ပေးတဲ့ နေရာမှာ ဒီရေကူးကန်က အဓိက နေရာကနေ ပါလာမယ်လို့ အပြည့်အ၀ ယုံကြည်တယ်ဟု ဦးအောင်မြင့်မြတ်က ဆိုသည်။

အိုလံပစ် စံချိန်မီ ရေကူးကန် မတိုင်မီ အဆင့်မြင့် ကိုယ်ကာယ လေ့ကျင့်ခန်း၊ ရေနွေးငွေ့သုံး ချွေးထုတ်ခန်း၊ အပူအအေး စနစ် နှစ်မျိုးစလုံး အသုံးပြု နိုင်သည့် ရေနွေးစိမ်ကန် အပါအ၀င် အခြား နိုင်ငံတကာ အဆင့်မီ အားကစား အသုံးအဆောင် များဖြင့် ရန်ကုန် ယူနိုက်တက် အသင်း နှစ်နှစ်ဆက်တိုက် ချန်ပီယံဘွဲ့ ရရန် အသင်း ပိုင်ရှင်များ ဘက်မှ အစွမ်းကုန် ပံ့ပိုးပေးနေကြောင်း အသင်း အုပ်ချုပ်သူက ဖြည့်စွက် ပြောကြားသည်။

www.ygnutd.com

Yangon United အတွက် အမြဲပေးဆပ်နေတဲ့  PR Manager U Bo Htun

အမည်အရင်းက ကိုထွန်းထွန်းဝင်းပါ ။ ရန်ကုန်ယူနိုက်တက်အသင်းရဲ့  PR Manager တာဝန်ယူထားပါတယ်။ အလုပ် တာဝန်ဆိုတာထက် အသင်းကိုချစ်တဲ့စိတ်နဲ့  အသင်းအတွက် အချိန်ပြည့် ပေးဆပ်နေသူတစ်ယောက်လို့ ဆိုရမှာပါ ။ ရန်ကုန်ပွဲတွေ ကန်တိုင်း သုဝဏကွင်းကနေ www.ygnutd.com နဲ့  facebook မှာ အချိန်နဲ့  တစ်ပြေးညီ  သတင်းတွေတင်ပေးတတ်သလို ပွဲပြီးတာနဲ့  ဓါတ်ပုံတွေ ဗီဒီယိုတွေ အမြန်ဆုံး သူတင်ပေးလေ့ရှိပါတယ် ။အဝေးရောက်နေတဲ့  ရန်ကုန်ပရိသတ်တွေအတွက်တော့ သူတင်ပေးတဲ့သတင်းတွေက အဓိက မှီခိုအားထားစရာပေါ့ဗျာ ။ အသင်းနဲ့  ပက်သက်လို့  အမြဲတမ်းကြိုးစားနေသလို အသင်းရဲ့  ပရဟိတ ခရီးစဉ်တွေမှာလည်း နယ်ဝေးအထိ လိုက်ပါသတင်းယူလေ့ရှိပါတယ် ။
အသင်းကိုချစ်တဲ့စိတ်နဲ့  အသင်းအတွက် စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက်လုပ်ဆောင်ရင်း ပရိသတ်တွေအတွက် အကောင်းဆုံးပေးဆပ်နေတဲ့  သူ့ ကို ဦးဘိုထွန်းလို့  ခေါ်ကြပါတယ် ။
သူ့ ရဲ့  facebook accountက https://www.facebook.com/ubo.htun ပါ။
ရန်ကုန်အသင်းရဲ့  ၀န်ထမ်းတစ်ဦးဖြစ်သလို ရန်ကုန်နဲ့ ပက်သက်ရင် အရမ်းကိုရူးသွပ်တဲ့  ရန်ကုန်ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ် ။
ရန်ကုန်အသင်း ၊ ရန်ကုန်ကိုချစ်တဲ့  ပရိသတ်စစ်စစ်တွေနဲ့  အမြဲတမ်း တစ်ထပ်တည်းရှိသူ ၊ သူ့ အလုပ်ဟာ ရန်ကုန်ဖြစ်သလို သူ့ ဘ၀ဟာလည်းရန်ကုန် ၊ ရန်ကုန်အသင်းနဲ့ ပက်သက်ရင် သူဟာ ဘယ်တော့မှ မေ့ထားလို့မရတဲ့သူတစ်ယောက်ပါ။