အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

တစ်ဘက် ၄ ဂိုးစီ သရေ ကျခဲ့သည့် ရန်ကုန်နှင့် ကမ္ဘောဇ တို့၏ ခြေစမ်းပွဲ

www.ygnutd.com
ဇွန်လ ၂၇ ရက်နေ့က မောရ၀တီကို ခြေစမ်းပွဲတွင် ဂိုးပြတ် အနိုင်ရခဲ့သော ရန်ကုန် ယူနိုက်တက် အသင်းသည် ယနေ့ ဇွန် ၃၀ ရက်နေ့တွင် ကမ္ဘောဇ အသင်းနှင့် ခြေစမ်းရာ၌ (၄-၄)ဂိုးဖြင့် သရေ ကျခဲ့သည်။

ရန်ကုန် အသင်း အတွက် ဂိုးများကို ဒေးဗစ်ထန်း၊ အောင်ကျော်ထွေး၊ နိုင်ဦးလွင် (၂)ဂိုး တို့ သွင်းယူခဲ့ သလို ကမ္ဘောဇ အသင်း အတွက် ဂိုးများကို အိုဘီ၊ နူနက်စ်၊ မိုင်းအိုက်နိုင် (၂)ဂိုး တို့ သွင်းယူခဲ့သည်။

ယနေ့ ခြေစမ်းပွဲကို (၃၅) မိနစ် လေးပိုင်း ကစားခဲ့ခြင်း ဖြစ်ပြီး ပထမပိုင်းနှင့် ဒုတိယပိုင်း တို့ကို မြက်ခင်းတုကွင်း၊ တတိယနှင့် စတုတ္တပိုင်း တို့ကို မြက်ခင်း အစစ် ကွင်းတွင် ကစားခဲ့သည်။ ရန်ကုန် အသင်းသည် ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် အရန် ကစားသမား အများစု ပါဝင်သည့် အသင်းဖြင့် ကမ္ဘောဇ ပထမ အသင်းကို ရင်ဆိုင်ခဲ့ခြင်း ဖြစ်ပြီး ခြေစွမ်း မယှဉ်နိုင်ဘဲ ပထမပိုင်းတွင် (၃-၀)၊ ဒုတိယပိုင်းတွင် (၁-၀) စုစုပေါင်း (၄-၀)ဖြင့် မြက်ခင်းတု ကွင်း၌ ရှုံးနိမ့်ခဲ့သည်။ ကမ္ဘောဇ အတွက် ဂိုးများကို ပထမပိုင်း ၁၉ မိနစ်တွင် အိုဘီ ၊ ၂၈ မိနစ်တွင် မိုင်းအိုက်နိုင် ၊ ၂၉ မိနစ်တွင် နူနက်စ် တို့က သွင်းယူခဲ့ခြင်း ဖြစ်ပြီး ဒုတိယပိုင်း ၅၈ မိနစ်တွင် မိုင်းအိုက်နိုင် က စတုတ္တဂိုး သွင်းယူခဲ့သည်။

မြက်ခင်း အစစ် ကွင်းတွင် ကစားသော ပွဲ၌မှု ဘရာဇီး တိုက်စစ်မှူး ဆီဇာမှ လွဲ၍ ရန်ကုန် စီနီယာ ကစားသမား အစုံအလင် ကစားခဲ့ပြီး ကမ္ဘောဇ အသင်းကမှု အရန် ကစားသမား အများစု ပါဝင်သော အသင်းကိုသာ ကစားစေခဲ့သည်။ ထိုပွဲတွင် ရန်ကုန် အသင်း စိတ်ကြိုက် ဖိကစား နိုင်ခဲ့ပြီး ဒေးဗစ်ထန်းနှင့် ချားလ်စ် နယူချီ တို့၏ တောင်ပံ တိုက်စစ်များမှ တဆင့် ထိုးဖောက် ဂိုးသွင်းခွင့်များ ရခဲ့သည်။ ရန်ကုန် အသင်း အတွက် ပထမဂိုးနှင့် ဒုတိယဂိုးကို မိနစ် (၂၀)နှင့် (၂၂) မိနစ်တို့တွင် နိုင်ဦးလွင် က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် နိုင်ဦးလွင် အစား အောင်ကျော်ထွေး ၀င်ရောက် ကစားခဲ့ပြီး မိနစ် ၄၀ တွင် ဒေးဗစ်ထန်း က တတိယဂိုး၊ ၅၅ မိနစ်တွင် အောင်ကျော်ထွေး က စတုတ္တဂိုး သွင်းယူပြီး ခြေစမ်းပွဲ ပြီးဆုံးခဲ့သည်။

www.ygnutd.com


ရခိုင်ပြည်နယ် ရန်ပုံငွေ ဘောလုံးပွဲတွင် Myanmar FC က Actor Star FC ကို အနိုင်ရ

ရန်ကုန် ယူနိုက်တက် အသင်းက ကြီးမှူးပြီး Myanmar Brewery က အဓိက ပံ့ပိုး ကူညီသည့် ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ရန်ပုံငွေ ချစ်ကြည်ရေး ဘောလုံးပွဲကို ဇွန်လ ၂၉ ရက်နေ့ ညနေက ရန်ကုန် အသင်းပိုင် Y.U.S.C တွင် ကျင်းပခဲ့ရာ Myanmar FC က Actor Star FC ကို အကြိတ်အနယ် ကစားကာ (၄-၃)ဂိုးဖြင့် အနိုင်ရခဲ့သည်။

Actor Star အသင်းတွင် လူမင်း၊ ဇာနည်၊ နေမင်း၊ မင်းသွေး၊ ဖိုးချစ်၊ မြင့်မြတ်၊ သူထူးစံ၊ မိုးယံဇွန်၊ ဖိုးတာ၊ ညီဂျော်၊ ရူပ၊ ဆိုတေး၊ ဒါရိုက်တာ ၀င်းထွန်းထွန်း အစရှိသည့် အနုပညာရှင်များ အပြင် နေပြည်တော် အသင်း ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်း၊ စောငမန်း (ရွှေခါးပတ် ချန်ပီယံ)၊ ဇော်လင်းထွန်း (ဇေယျာရွှေမြေ)နှင့် ခင်မောင်ထွန်း (ရတနာပုံ) တို့လည်း ပါဝင် ကစားခဲ့သည်။

Myanmar FC တွင် အဆိုတော် မျိုးကြီး၊ လင်းလင်း၊ ဟက်ကက် တို့နှင့် Myanmar Brewery ကုမ္ပဏီ ၀န်ထမ်းများ၊ MRTV-4 ရုပ်သံမှ ၀န်ထမ်းများ၊ YUFC မှ ၀န်ထမ်းများ အပြင် ရန်ကုန် ကစားသမားများ ဖြစ်သော ခင်မောင်လွင်နှင့် မျိုးမင်းထွန်းတို့လည်း ၀င်ရောက် ကစားခဲ့သည်။

ဘောလုံးပွဲ မစမီ နှစ်ဘက် အသင်း ကစားသမားများကို သဉ္ဇာဝင့်ကျော်၊ နန်းဆုရတီစိုး၊ ၀ါဆိုမိုးဦး၊ အေသင်ချိုဆွေ၊ စန္ဒီမြင့်လွင်၊ လှမျိုးသဉ္ဇာနွယ်၊ ခင်သဇင်၊ ခင်ရူပ၊ မေဇူးမောင်တို့ အပါအ၀င် မော်ဒယ်နှင့် ရုပ်ရှင် သရုပ်ဆောင် များက အမှတ်တရ ပန်းစည်းများ ပေးခဲ့ကြသည်။

ချစ်ကြည်ရေး ဘောလုံးပွဲမှာ အကြိတ်အနယ်နှင့် ကြည့်ကောင်းခဲ့ပြီး Actor Star အသင်းကို ဖိုးချစ်နှင့် ဇာနည်တို့က ဦးဆောင် ကစားခဲ့သလို Myanmar FC အသင်းကိုလည်း ဟတ်ကက်နှင့် မျိုးကြီးတို့က အဓိက ထိန်းကျောင်း ကစားခဲ့သည်။ ပွဲအပြီးတွင် အဆိုတော်များနှင့် ကုမ္ပဏီ ၀န်ထမ်းများ ပါဝင်သည့် Myanmar FC က (၄-၃)ဖြင့် အနိုင် ရခဲ့သည်။

ထို့နောက် Myanmar Brewery မှ ကျပ်သိန်း (၁၀၀)၊ ACE ဆောက်လုပ်ရေးမှ ကျပ်သိန်း (၃၀)၊ ဖြိုးဓနမှ ငွေကျပ် (၃)သိန်း၊ ရွှေလမင်းနဂါးမှ ငွေကျပ် (၂)သိန်း၊ Lecco မှ ငွေကျပ် (၂)သိန်းနှင့် ကွင်းဝင်ကြေး ကျပ် ၃ သိန်း ၈ သောင်း၊ စုစုပေါင်း အလှူငွေ သိန်းတစ်ရာ့ လေးဆယ်နှင့် ၈ သောင်းကျပ် တို့ကို လှူဒါန်းခဲ့ပြီး ရခိုင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က လက်ခံ ရယူခဲ့သည်။

ရန်ပုံငွေ ဘောလုံးပွဲနှင့် ပတ်သက်၍ သရုပ်ဆောင် နေမင်းက “ဒီလို ရန်ပုံငွေ ဘောလုံးပွဲ ကစားရတာ အရမ်း ကျေနပ်ဖို့ ကောင်းပါတယ်။ ရခိုင်ပြည်က အကူအညီ လိုနေတဲ့ သူတွေကို ကျွန်တော်တို့ရဲ့ လုပ်အားခ တွေသာ မက ချွေးတွေကိုပါ ပေးဆပ်ပြီး လှူဒါန်းခွင့် ရလို့ ၀မ်းသာပါတယ်။ ပြီးတော့ ဒီပွဲ ဖြစ်မြောက်အောင် အစစ အရာရာ စီစဉ်ပေးတဲ့ ရန်ကုန် ယူနိုက်တက် အသင်းကိုလည်း ကျေးဇူးတင်တယ်” ဟု ဆိုသည်။


နာရီအနီလေးပတ်ထားတာ ကိုမျိုးကြီးရဲ့ ဇနီး မလုံးလုံးလွင်ပါ ။ 


မောရ၀တီ အရန် အသင်းအား ရန်ကုန် အရန်အသင်း (၃-၁)ဖြင့် အနိုင်ရ

ယနေ့ မွန်းလွဲ ၂း၃၀ နာရီက မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင် ကစားသော ခြေစမ်းပွဲတွင် ရန်ကုန် ယူနိုက်တက် အရန် အသင်းက မောရ၀တီ အရန် အသင်းကို (၃-၁)ဖြင့် အနိုင် ရခဲ့သည်။ ရန်ကုန် လူငယ် အသင်း အတွက် ဂိုးများကို အောင်ကျော်ထွေး ၂ ဂိုးနှင့် နိုင်ဦးလွင် ၁ ဂိုး သွင်းယူခဲ့သည်။

ယခု ခြေစမ်းပွဲကို ၃၅ မိနစ် ၂ ပိုင်း ကစားခဲ့ခြင်း ဖြစ်ပြီး ပထမ ခြေစမ်းပွဲတွင် နှစ်ဘက် အသင်းများ၏ အရန် ကစားသမား အများစု ပွဲထွက်ခဲ့ သလို ဒုတိယ ခြေစမ်းပွဲတွင်မှု အဓိက ကစားသမားများ ကစားခဲ့သည်။ ရန်ကုန် အရန် အသင်းတွင် ဂိုး-တေဇာအောင် (ရန်အောင်)၊ နောက် - ထူးကျော်၊ မျိုးဝင်းထွဋ် (အောင်ဇော်နိုင်)၊ ရဲနိုင်၊ ပြည့်ဖြိုးအောင်၊ လယ် - ဇော်ဝင်း၊ ရန်နိုင်အောင်၊ ထိန်လင်း၊ စည်သူအောင် (သန်းထက်အောင်)၊ ရှေ့- အောင်ကျော်ထွေး၊ လွင်ကိုနိုင် (နိုင်ဦးလွင်) တို့ ကစားခဲ့ကြသည်။

ရန်ကုန် အရန် ကစားသမား များသည် ပွဲစကတည်းက အမြန်နှုန်းနှင့် တင်ကစားခဲ့ သောကြောင့် ပွဲအစ ၈ မိနစ်တွင် တိုက်စစ်မှူး အောင်ကျော်ထွေးက ဘယ်တောင်ပံမှ ထောင့်ဖြတ်ဘော ကန်သွင်းပြီး အဖွင့်ဂိုး ရယူခဲ့သည်။ ရန်ကုန် အသင်း ဆက်တိုက် ဖိကစားပြီး ဂိုးသွင်းခွင့်များ ရသော်လည်း အဆုံးသတ်ပိုင်း အားနည်းချက် အချို့ကြောင့် ဒုတိယဂိုး ရရန် ခက်ခဲခဲ့သည်။ ၁၇ မိနစ်တွင် ရန်ကုန် ခံစစ်ကြောင်း နားလည်မှု အလွဲ မှတဆင့် မောရ၀တီ ကစားသမား ကျော်လင်းဖြိုးက ချေပဂိုး သွင်းယူခဲ့သည်။ ချက်ချင်း ဆိုသလိုပင် ရန်ကုန်အသင်း တိုက်စစ် ပြန်ဆင်ခဲ့ပြီး ၁၈ မိနစ်တွင် ညာတောင်ပံမှ ဇော်ဝင်း ဖြတ်တင်ပေးသည့် ဘောလုံးကို အောင်ကျော်ထွေး ကပင် ပိတ်သွင်းပြီး (၂-၁)ဖြင့် ထပ်မံ ဦးဆောင်ခဲ့သည်။

(၂-၁)ဖြင့် ပထမပိုင်း ပြီးခဲ့ပြီး ဒုတိယပိုင်းတွင် ရန်အောင်၊ အောင်ဇော်နိုင်၊ သန်းထက်အောင်၊ နိုင်ဦးလွင်တို့ လူစားလဲ ကစားခဲ့ ကြပြီး မိနစ် ၄၀ တွင် စည်သူအောင်၏ ကြိုးပမ်းမှုအား မောရ၀တီ ဂိုးသမား ကာကွယ်ရင်း အံထွက်လာသည့် ဘောလုံးကို နိုင်ဦးလွင်က အလိုက်သင့် ပိတ်သွင်းကာ တတိယဂိုး သွင်းယူခဲ့သည်။

နောက်ပိုင်းတွင် ရန်ကုန် အသင်းမှ သန်းထက်အောင်၊ စည်သူအောင် ဂိုးသွင်းခွင့် အချို့ ထပ်မံ ရရှိခဲ့ သော်လည်း ဂိုးအဖြစ် မပြောင်းလဲ နိုင်ဘဲ (၃-၁) ဖြင့်သာ ပွဲပြီး ဆုံးခဲ့သည်။ 



june 27   www.ygnutd.com

ခြေစမ်းပွဲ ၃ ပွဲ ကစားရန် စီစဉ်ထားကြောင်း ရန်ကုန်အသင်း အုပ်ချုပ်သူ ပြောကြား


  ပြီးခဲ့သည့် တနင်္လာနေ့ ကတည်းက ကစားသမား အင်အား အပြည့်ဖြင့် လေ့ကျင့်ခန်း ဆင်းနေသော ရန်ကုန် ယူနိုက်တက် အသင်းသည် မကြာမီ ရက်ပိုင်း အတွင်း မောရ၀တီ၊ ကမ္ဘောဇ၊ မြန်မာ ယူ-၁၉ အသင်းတို့နှင့် ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားသည်။

မြန်မာ ယူ-၂၂ အသင်းသို့ သွားရောက် နေသော ကြည်လင်း၊ ကောင်းစည်သူ၊ ရန်အောင်ဝင်း တို့မှအပ လူအစုံဖြင့် လေ့ကျင့်နေသော အသင်းနှင့် ပတ်သက်၍ အသင်း အုပ်ချုပ်သူ ဦးအောင်ကျော်လွင် က ယခုလို သုံးသပ်သည်။

“နည်းပြကြီး အီဗန်ကိုလက်ဗ် လိုချင်တဲ့ ပုံစံကို ကစားသမားတွေ လုပ်နိုင်၊ မလုပ်နိုင် ဆိုတာကို အခုချိန်မှာ စမ်းသပ် နေတာပါ။ နည်းပြကြီးက (၄-၃-၃) ပုံစံ သွားချင် နေတာပါ။ သူ လေ့ကျင့်တဲ့ ပုံစံနဲ့ ဆိုရင် ကစားသမားတွေ ကြံ့ခိုင်မှု အရမ်း တက်လာလိမ့်မယ်။ ကျွန်တော်တို့က ချန်ပီယံ ကာကွယ်ရေး လမ်းကြောင်း ပေါ်မှာ ရှိနေတာ ဆိုတော့ အကောင်းဆုံး ပုံစံ ရအောင် လေ့ကျင့်နေတယ်။ ဒါကြောင့်လည်း ခြေစမ်းပွဲ ကစားဖို့ စီစဉ်တဲ့ နေရာမှာ အသင်းတွေကို စိစစ်ပြီး သဘောတူ ခဲ့တာပါ” ဟု ဦးအောင်ကျော်လွင်က ဆိုသည်။

ရန်ကုန် အသင်းသည် ဇွန်လ ၂၇ ရက်နေ့တွင် မောရ၀တီ၊ ဇွန်လ ၃၀ ရက်နေ့တွင် ကမ္ဘောဇ၊ ဇူလိုင်လ ၄ ရက်နေ့တွင် ယူ-၁၉ အသင်းတို့နှင့် အသင်းပိုင် Y.U.S.C ကွင်းတွင် ခြေစမ်းပွဲများ ကစားမည် ဖြစ်သည်။

ဇွဲကပင် လူငယ် အသင်းကို ရန်ကုန် လူငယ် အသင်း (၃-၁)ဖြင့် အနိုင်ရ

ပြီးခဲ့သည့် အပတ်က ရက္ခပူရကို ဂိုးပြတ် အနိုင်ရပြီး ပုံမှန် ခြေစွမ်း ပြန်ရနေသည့် ရန်ကုန် ယူနိုက်တက် အသင်းသည် ယခု တစ်ပတ် တွင်လည်း ဇွဲကပင် ယူနိုက်တက် အသင်းကို (၃-၁)ဖြင့် အနိုင်ရပြီး ဇယားထိပ်ပိုင်းမှ အသင်းများကို ဖိအား ပေးနိုင်ခဲ့သည်။

ရန်ကုန်အသင်း အတွက် ဂိုးများကို ထူးကျော်၊ အောင်ကျော်ထွေးနှင့် ဆက်ဖြိုးဝေ တို့က တစ်ဂိုးစီ သွင်းယူခဲ့ပြီး ဇွဲကပင် အတွက် တစ်လုံးတည်းသော ချေပဂိုးကို စောမိုဆာက သွင်းယူခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် အသင်းသည် ယခုပွဲတွင် ဂိုးသမား အဖြစ် ရန်အောင်၊ နောက်တန်းတွင် ထူးကျော်၊ အောင်ဇော်နိုင်၊ ရဲနိုင်၊ ဇာနည်ထက်၊ အလယ်တန်းတွင် စည်သူအောင်၊ ရန်နိုင်အောင်၊ ထိန်လင်း၊ ဇော်ဝင်း၊ ရှေ့တန်းတွင် အောင်ကျော်ထွေး (အသင်းခေါင်းဆောင်) နှင့် သန်းထက်အောင်တို့ ပွဲထွက်ခဲ့သည်။

ဇွဲကပင်အသင်း တွင်လည်း ကောင်းသန့်ဇင်၊ မိုးဝင်း၊ စောမိုဆာ၊ ဇော်ပြည့်စုံ အစ ရှိသည့် ကစားသမားများ ပါဝင်လာခဲ့ပြီး ပွဲအစ ကတည်းက အကြိတ်အနယ်နှင့် ကြည့်ကောင်းခဲ့သည်။

ပထမပိုင်းတွင် ဇွဲကပင် အသင်းမှ ကောင်းသန့်ဇင်၊ ဇင်မင်းဟိန်း တို့၏ တိုက်စစ်ကို ရန်ကုန် ခံစစ် သမားများ အလူးအလဲ ကာကွယ်ခဲ့ရပြီး ပထမပိုင်း ၆ မိနစ်တွင် ကောင်းသန့်ဇင် ပယ်နယ်တီ ဧရိယာထိပ်မှ အပိုင် ကန်ခွင့် ရသော်လည်း ဂိုးဘားပေါ် ကျော်ခဲ့သည်။

ဇွဲကပင် အသင်းက တောက်လျှောက် တင်ကစား လာခဲ့ပြီး ပထမပိုင်း ၁၅ မိနစ်တွင် ရန်ကုန် ညာနောက်ခံလူ ဇာနည်ထက် ဒဏ်ရာ ရသွားသောကြောင့် အတွေ့အကြုံရှိ တိုက်စစ် ကစားသမား လွင်ကိုနိုင်ကို ထည့်ပြီး ရန်ကုန် အသင်း ကစားကွက် ပုံစံ ပြောင်းခဲ့သည်။ သို့သော် ဇွဲကပင် အသင်းကပင် ဂိုးကန်သွင်းမှုများ ထပ်မံ ပြုလုပ်ခဲ့ပြီး ၃၃ မိနစ် အရောက်တွင် ဇွဲကပင် တိုက်စစ်မှူး ကောင်းသန့်ဇင် အပိုင် ခေါင်းတိုက်သည်ကို ရန်ကုန် ဂိုးသမား ရန်အောင် အံ့သြဖွယ် လက်စွမ်းပြ ကာကွယ် နိုင်ခဲ့သည်။

ပထမပိုင်း ပြီးခါနီးတွင် ရန်ကုန် ကစားကွက် တည်ငြိမ်လာပြီး မိနစ် ၄၀ တွင် ရန်ကုန် ဘယ်နောက်ခံလူ ထူးကျော် ဘယ်တောင်ပံမှ အမှတ်မထင် ကန်သွင်းမှုကို ဇွဲကပင် ဂိုးသမား စောလတ်ကိုး ကာကွယ်ပုံ အားနည်း သောကြောင့် ဂိုးပေး လိုက်ရပြီး ရန်ကုန်တို့ ဦးဆောင်ဂိုး ရခဲ့သည်။

ဒုတိယပိုင်း အစတွင် နှစ်သင်းစလုံး တိုက်စစ်ကို ပိုမို ဖွင့်ကစား လာပြီး ၄၈ မိနစ်၌ ဇွဲကပင် အလယ်တန်းလူ စောမိုဆာ နောက်ပြန် ကန်သွင်းပြီး ဇွဲကပင် အသင်း ချေပဂိုး ရခဲ့သည်။

ချေပဂိုး ပေးရ ပြီးနောက် ရန်ကုန် အသင်း တည်ငြိမ်သွားပြီး တိုက်စစ် ကစားသမား လွင်ကိုနိုင်၏ နေရာယူ ရွေ့လျား ထိုးဖောက်မှု များကြောင့် ဇွဲကပင် နောက်တန်း အသည်းအသန် ထိန်းခဲ့ရပြီး ၆၃ မိနစ်တွင် လွင်ကိုနိုင် ဖန်တီး ပေးသည် မှတဆင့် အောင်ကျော်ထွေးက ပိတ်သွင်းပြီး ရန်ကုန် အသင်း ဦးဆောင်ဂိုး ထပ်မံ ရခဲ့သည်။

၆၇ မိနစ်တွင် ရန်ကုန် အသင်း တိုက်စစ်မှူး များ၏ ကန်သွင်းမှု များကို ကာကွယ် နိုင်ရန် အတွက် ဇွဲကပင် အသင်းက ဂိုးသမား စောလတ်ကိုး အစား စောအဗန်ဂျွန်ကို လူစားလဲ ထည့်သွင်းခဲ့သည်။ ရန်ကုန် အသင်း တိုက်စစ် အရှိန်မကျဘဲ ဆက်တိုက် ဖိကစား နိုင်ခဲ့ရာ ၇၂ မိနစ်တွင် သန်းထက်အောင်၊ လွင်ကိုနိုင်၊ အောင်ကျော်ထွေးတို့၏ ၃ ယောက်ပေါင်း တိုက်စစ်ဖြင့် အပိုင် ကန်သွင်းခွင့် ရခဲ့ သော်လည်း အောင်ကျော်ထွေး အဆုံးသတ်ပုံ အားနည်း သောကြောင့် ဇွဲကပင် သက်သာခဲ့သည်။

ရန်ကုန်အသင်း တိုက်စစ်အား လုံးဝ မကျဘဲ နောက်ထပ် ဂိုးများရရန် တင်ကစား လာသောကြောင့် ဇွဲကပင် အသည်းအသန် ခံစစ် ကစားခဲ့ရပြီး ၈၈ မိနစ်တွင် ရန်ကုန် အသင်း အနိုင် သေချာစေမည့် တတိယဂိုးကို လွင်ကိုနိုင် ဖန်တီး ပေးသည် မှတဆင့် ကွင်းလယ်လူ ဆက်ဖြိုးဝေက နောက်တန်း ၂ ဦးကို ကျော်ဖြတ်ပြီး အပိုင် သွင်းယူခဲ့သည်။

ယနေ့ နိုင်ပွဲနှင့် ပတ်သက်၍ ရန်ကုန် လူငယ် အသင်း နည်းပြချုပ် ဦးအေးနိုင်က ကစားသမားများ၏ ကြိုးစား အားထုတ်မှုကို ချီးကျူးခဲ့ပြီး ဇွဲကပင် အသင်း၏ အပိုင် ကန်သွင်းမှု လေးကြိမ်ခန့်ကို ကာကွယ်ခဲ့သည့် ဂိုးသမား ရန်အောင်၏ ယနေ့ပွဲ လက်စွမ်းကို ကျေနပ်သည်ဟု ပြောကြားခဲ့သည်။

ဓါတ်ပုံများကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/media/set/?set=a.10151832968460226.879372.324058775225&type=1 


www.ygnutd.com


Yangon United Warriors အဖွဲ့ ၏ ပထမအကြိမ်တွေ့ ဆုံပွဲ

      ရန်ကုန်ယူနိုက်တက်အမာခံစစ်သည်တော်များ အဖွဲ့  (့Yangon United Warriors Group)၏ ပထမအကြိမ်မြောက် တွေ့ ဆုံပွဲ ကိုဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မဟာဗန္ဓူလ ပန်းခြံလမ်းရှိ PPQ (Perfect Perform Quality )               ကော်ဖီဆိုင်တွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါတယ် ။
            အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လိဂ်ကော်မတီမှ ဦးရဲမျိုးဟိန်း၊ အားကစား မီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြပြီး  ရန်ကုန် ယူနိုက်တက် အသင်း ခေါင်းဆောင် ခင်မောင်လွင်၊ ကွင်းလယ် ကစားသမား ရန်အောင်ကျော် တို့ လည်း ပါဝင်ခဲ့ပါတယ်။

              ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင် ကိုခင်မောင်လွင်က ယခု တွေ့ ဆုံပွဲအစီအစဉ် ဖြစ်မြောက်ရေးအတွက် စတင်အကြံပြု စီစဉ်ခဲ့သူဖြစ်ပြီး သူက  တွေ့ ဆုံပွဲမှာ အခုလို ပြောကြားခဲ့ပါတယ် ။

               “ရန်ကုန် အသင်း ပရိသတ်တွေနဲ့ အခုလို တွေ့ဆုံခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ ရန်ကုန် အသင်းကို အားပေးကြတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောလို ပါတယ်။ ကျွန်တော့် အနေနဲ့ လိဂ်ခဏ နားထားတဲ့ အချိန်မှာ အသင်းကို တစိုက်မတ်မတ် အားပေးနေတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စဉ်စားမိ ပါတယ်။ ဒါကို အကောင်အထည် ဖော်နိုင်ခဲ့တဲ့ အတွက် ၀မ်းသာမိ ပါတယ်။ ရန်ကုန် ပရိသတ်များ အနေနဲ့ ရန်ကုန် အသင်းကို အားပေးသလိုမျိုး မြန်မာ့ လက်ရွေးစင် အသင်းကိုလည်း အားပေးကြပါလို့ တိုက်တွန်း ပါတယ်”

        အဆိုပါ အခမ်းအနား၌ Warriors အဖွဲ့၏ အဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်သူတို့က ၎င်းတို့ အနေဖြင့် ရန်ကုန် အသင်းအား အကောင်းဆုံး ပံ့ပိုးအားပေးသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့ကာ အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်တွင် ရန်ကုန် ယူနိုက်တက် အသင်းအား အားပေးရုံမျှ သာမက မြန်မာ့ လက်ရွေးစင် အသင်းများ၏ ပွဲစဉ်များကိုလည်း အကောင်းဆုံး ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

ထို့နောက်တွင် ဖန်ကလပ် အဖွဲ့ဝင် များအား ရန်ကုန် ယူနိုက်တက် ဂျာစီနှင့် ရှပ်အင်္ကျီများ၊ ဒိုင်ယာရီ စာအုပ်များအား အမှတ်တရ ကံစမ်းမဲ ဖောက်ပေးခဲ့ကာ အမှတ်တရ ဓာတ်ပုံများ စုဖွဲ့ ရိုက်ကူးခဲ့ကြသည်။
 




Yangon United Warriors အဖွဲ့ ၏ တက်ကြွ ပါဝင်လှုပ်ရှားကြသူများ  (၀ဲမှယာ - ကောင်းမြတ်သူ -အဖွဲ့ခေါင်းဆောင်တစ်ဦး ၊ ဖြို့ ပြည့် -အဖွဲ့ ၏ အမာခံ တက်ကြွလှုပ်ရှားသူ ၊ ဒေါ်ခင်မမ - အဖွဲ့ ခေါင်းဆောင်တစ်ဦး ၊ ကိုမဟာ - အဖွဲ့ ခေါင်းဆောင် ( yangon united warriors group www.ygnutdfans.com )၏ အက်ဒမင် )

ကို7 နှင့် တရုတ်ကြီး  ( တက်ကြွလှုပ်ရှား warriors အဖွဲ့ ၏ အမာခံများ )





မမေခနှင့် မနှင်းသိင်္ဂီလှိုင်(warriors အဖွဲ့ ၏ တက်ကြွလှုပ်ရျားပါဝင်သူအမျိုးသမီးများ) 

ကိုဇင်ဘိုထွန်း 

အဖွဲ့ ၏ အမာခံ တက်ကြွလှုပ်ရှားသူ  ကို လိုက်ဒေး ( light day )




 ကျွန်တော်တို့ အဖွဲ့ ရဲ့  ခေါင်းဆောင်တစ်ဥင်္ီး ( ရွာသူကြီး (ခ) ကိုအောင်ကျော်စိုး

ကိုခင်မောင်လွင်နှင့် warriors အဖွဲ့ ၏ ခေါင်းဆောင်တစ်ဦး ကိုဘိုဘိုအောင်