ယနေ့  ယှဉ်ပြိုင်ကစားခဲ့သော ဆူဇူကီးဖလားခြေစစ်ပွဲ တတိယနေ့ ပွဲစဉ်အဖြစ် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် ရန်ကုန်ယူနိုက်ကစားသမားများက ယခင်နေ့ များနည်းတူ မြန်မာအသင်းအတွက် အနိုင်ဂိုးများ သွင်းယူပေးနိုင်ခဲ့သောကြောင့် အထူးပင် ၀မ်းမြောက်ဂုဏ်ယူမိပါသည် ။
ယနေ့ ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်ကစားသမားများဖြစ်သော ကြည်လင်း ၊ ကောင်းစည်သူ ၊ ပြည့်ဖြိုးအောင် တို့  အနိုင်ဂိုးများသွင်းယူနိုင်ခဲ့သည့်အတွက် ယခုဆိုလျှင် မြန်မာအသင်းမှာ ရဂိုး ၆ဂိုးရရှိထားပြီး ဂိုး သွင်းယူနိုင်ခဲ့သော ရန်ကုန်ကစားသမားအရေအတွက်မှာ ၄ ဦးထိ ရှိနေခဲ့ပြီဖြစ်သည် ။
ရန်ပရိသတ်များ ၏ ပီတိစကားများ
ခက်ထန်သယောင်နဲ့ နူးညံတဲ့ အပြုံးကို ပိုင်ဆိုင်တဲ့သူ။
မာကြောပေမယ့် နူးညံ့တဲ့ စိတ်ထားရှိသူ။ ဟုတ်တယ် သူဟာ ကျွန်တော်တို့
ချစ်စနိုးခေါ်တဲ့ မောင်ကြည် ဒါမှမဟုတ် ပြိုင်ဘက်တွေအတွက် အိမ်မက်ဆိုး
တွေပေးမယ့် နတ်ဆိုး။ စေတန်ရဲ့ နတ်ဆိုးပေါ့။ ပထမပိုင်း တစ်ပိုင်းလုံး
တဖက်သတ် ဖိကစားပြီး တဒိုင်းဒိုင်း ကန်သွင်းနေပေမယ့် ဂိုးမရတော့။
တိုက်စစ်မှူး စစ်စစ် ဖျောက်ကစားနေတဲ့ အသင်းအတွက် သူ့မှာ ဖိအားတွေ
ရှိလာခဲ့ပြီလေ။ ဒါပေမယ့် ဖိအားတွေကို ရုန်းကန် ပေါက်ကွဲပြတတ်တဲ့ သူ့အတွက်
အချိန်ထပ်စောင့်စရာ မလိုခဲ့ပါဘူး။ ၅၉ မိနစ်မှာ ဘယ်တောင်ပံက ဘောလုံး
စတက်လာကတည်းက သူခန္ဓာကိုယ်က လေထဲ ရောက်နေပြီ။ ဘောလုံးနဲ့ ခန္ဓာ
တိုင်ပင်ကိုက်ပါပဲ။ လေထဲက ဘောလုံးကို ခေါင်းတိုက် အဆုံးသတ်ခဲ့ပုံက
ခမ်းနားလွန်းပါရဲ့။ ဒါဟာအားလုံးအတွက် သူဘာလဲဆိုတာ ပြခဲ့တဲ့ဂိုး။ ဒါမှမဟုတ်
မြန်မာအသင်းအတွက် သူ့ရဲ့ ဗွေဆော်ဦးဂိုး။
ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာ၊ အမြဲ ရယ်နေတတ်တဲ့ သူ့ပုံစံ။
ဒီပြိုင်ပွဲမှာ မြန်မာအသင်းရဲ့ တစ်ဦးတည်းသော တိုက်စစ်မှူး။ ကောင်းကြီးလို့
ကျွန်တော်တို့ ခေါ်တဲ့ ကောင်းစည်သူပါ။ ဒီပြိုင်ပွဲမှာ ပတ်ဆောင်ဟွာ
ဘာကြောင့် သူ့ကို ရွေးခဲ့ရတာလဲ ဆိုတာကို သူက အလုပ်နဲ့ သက်သေပြခဲ့တယ်။
လူစားဝင်လာပြီး နောက် ၄ မိနစ်အကြား ပွဲချိန် ၆၅ မိနစ်မှာ ဇော်မင်းထွန်း
ဖြတ်တင်ဘောကို ပိတ်သွင်းပြီး မြန်မာအသင်းရဲ့ အနိုင်ကို သေချာစေခဲ့တယ်။
ဂိုးသွင်းပြီး သူရဲ့ ရှိတ်သက် အကကိုလည်း မပျက်မကွက် ကခဲ့ပါသေးတယ်။
ချောမောလွန်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် သူ့ ကစားဟန်ကတော့
ကျားရဲတစ်ကောင်လိုပါပဲ။ ပြိုင်ဘက်ကို ဘယ်တော့မှ အခွင့်အရေး မပေးတတ်တာ
သူ့ကစားဟန်ပါ။ သူက တတိယဂိုး သွင်းခဲ့တဲ့ ခင်မင်သူတွေက ရှမ်းလေးလို့ ခေါ်တဲ့
ပြည့်ဖြိုးအောင်ပါ။ ဒီနေ့ပွဲကျမှ ပွဲထွက်ခွင့် ရခဲ့ပေမယ့် ဒီနေရာဟာ သူနဲ့
ထိုက်တန်ကြောင်း ပြသနိုင်ခဲ့တယ်။ နာကျင်အချိန်ပိုမှာ သူသွင်းခဲ့တဲ့
ဖရီးကစ်က တကယ့်ကို အမိုက်စားပါ။ ဒီလို ကန်ချက်မျိုးနဲ့ သူက
နေရှင်နယ်လိဂ်မှာလည်း ဂိုးရခဲ့ဖူးပါတယ်။
သူတို့နဲ့ အတူ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ ဒေးဗစ်ထန်း၊ ရန်အောင်ဝင်း
စုစုပေါင်း (၇)ယောက်အထိ မြန်မာအသင်းအတွက် ရန်ကုန်ယူနိုက်တက် အသင်းက
ပံ့ပိုးနိုင်ခဲ့တယ်။ သူတို့အကုန်လုံးကလည်း အပြည့်ဝဆုံး စွမ်းဆောင်မှုတွေနဲ့
မြန်မာ့လက်ရွေးစင် အသင်းအတွက် ကစားပေးခဲ့ကြတယ်။
ဟုတ်ပါတယ်။ ၃-ပွဲ ကန်ပြီးချိန်မှာ ရရှိခဲ့တဲ့ ဂိုးတွေအကုန်လုံးကို
ရန်ကုန် ယူနိုက်တက် ကစားသမားတွေက သွင်းယူခဲ့တဲ့အတွက် ဒီနိုင်ပွဲတွေဟာ
ရန်ကုန်မြို့မိ၊ မြို့ဖတွေနဲ့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ ဂုဏ်ယူရတဲ့ပွဲပါ။
ဒီနေ့ ပွဲမှာ ရန်ကုန်ကစားသမား ၈ယောက်ထိ ပွဲထွက်ကစားပြီး ၃ယောက် ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် အတိုင်းထက်အလွန် ပျော်ရွှင်ရပါတယ် ။
Kaung Myat Thu
မြန်မာအသင်းအောင်ပွဲအတွက်ရန်ကုန်ကစားသမားများမှာအဓိကကျနေပါသည်လက်ရွေးစင်တွေ အများကြီးမွေးထုတ်နိုင်လို့ဂုဏ်ယူပါတယ်ဆိုတဲ့အသင်းတာဝန်ရှိသူတွေနဲ့အတူကျွန်တော်တို့ ရန်ကုန်ပရိတ်သတ်တွေကလဲအရမ်း အရမ်းကိုဂုဏ်ယူပါသည်
မြန်မာအသင်းက(၃)ပွဲကစား၊
(၃)ပွဲစလုံးအနိုင်ရပြီး ဆူဇူကီးဖလားခြေစစ်ပွဲအောင်ဖို့ အခြေအနေ
အရမ်းကိုကောင်းသွားပါပြီ။ ဆူဇူကီးဖလားခြေစစ်ပွဲမှာ
မြန်မာအသင်းရဲ့အောင်မြင်မှုအတွက် အားလုံးရဲ့ကြိုးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ချီးကျူးကျေးဇူးတင်လိုပါတယ်။ အဲလိုတစ်ဆက်တည်းပဲ မြန်မာနေရှင်နယ်လိဂ်ရဲ့ဒါရိုက်တာတစ်ယောက်အနေနဲ့ မြန်မာနေရှင်နယ်လိဂ်အသင်းတစ်သင်းဖြစ်တဲ့
ရန်ကုန်ယူနိုက်တက်အသင်းကိုလည်း ချီးကျူးကျေးဇူးတင်စ ကားပြောလိုပါတယ်။
ဘာလို့လဲဆိုတော့ ခုချိန်ထိ ဆူဇူးကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းရရှိထားတဲ့
စုစုပေါင်းသွင်းဂိုး(၆) ဂိုးလုံးကို ရန်ကုန်ယူနိုက်တက်ကစားသမားတွေက
သွင်းယူပေးထားလို့ပါပဲ။ ဒါဟာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ရည်မှန်းချက်တစ်ခုဖြစ်တဲ့ မြန်မာ့ဘောလုံးလောကအတွက် အထောက်အကူပြုရန်၊ အကျိုးပြုရန်ဆိုတဲ့အချက်ကို ပြည့်ပြည့်၀၀ဖော်ဆောင်လိုက်နိုင် တာလည်းဖြစ်ပါတယ်။
(((မှတ်ချက်။ ။အထက်ပါ ဂုဏ်ပြုချီးကျူးစကားကို ရေးသားပေးခဲ့သူက
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ ဦးရဲမျိုးဟိန်းပါ။)))
ကျွန်တော်တို့ မြန်မာလက်ရွေးစင်အသင်းတွင်အသက်ကယ်ကယ်တင်ပီးဂိုးတွေသွင်း
ယူပေးနေတဲ့ သူရဲကောင်းရန်အောင်ဝင်း၊ကြည်လင်းတို့ အားတို့ အားရန်ကုန်ဝါ၇ီယာမှ
ချီးကျုးဂုဏ်ပြုပါတယ်ဗျာ..ရန်ကုန်ကစားသမားအားလုံးအားလေးစားလျက်...
သူငယ်ချင်းတို့ရေ.. ငါတော့ ခေါင်းမော့ မျက်နှာချီရတာ
ဇက်တောင် အကြောတက်ချင်နေပြီ...
အဟိ...
ပြီးတော့ ကျေနပ်ပြုံးနဲ့ ပြုံးဖြီးဖြီးဖြစ်နေလို့
မျက်နှာကြောတွေတောင် တင်းနေပြီ။။။
ရန်ကုန်ပရိတ်သတ်ဖြစ်ရတာ
ဒီလောက်ကျေနပ်စရာကောင်းတယ်ဟေ့။။။။။။။။။
ဒီလောက် ပျော်စရာကောင်းတယ်ဟေ့။။။။။။။။။။။
ဂုဏ်ယူနေရတယ် ။ ကြည်နူးနေရတယ် ။။။။။။။။။။။။
အောင်မလေးလေး။။။
လမ်းလျှောက်ရင်တောင် မြောက်ကြွ မြောက်ကြွဖြစ်နေပြီ.။။
နောက်တစ်ပွဲပြီးရင် ဒီ့ထက် အခြေအနေပိုဆိုးလာနိုင်တယ်.။
:P :P :P :P :P :P
ယနေ့ ပွဲစဉ်၏ သူရဲကောင်းများ