angon United Sports Complex ရှိ မြက်ခင်း အစစ်ကွင်းတွင် (၃၅)မိနစ်
(၂)ပိုင်း ယှဉ်ပြိုင် ကစားသော ခြေစမ်းပွဲတွင် ရန်ကုန် ယူနိုက်တက်
အသင်းကြီးက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်နေသော ရန်ကုန် လူငယ် အသင်းအား
(၃-၂)ဖြင့် အနိုင်ယူခဲ့သည်။ အသင်းကြီးအတွက် တိုက်စစ်မှူး ဆီဇာက
(၂)ဂိုးနှင့် နယူချီက (၁)ဂိုး သွင်းယူခဲ့သည်။ လူငယ် အသင်း အတွက် ချေပဂိုး
(၂)ဂိုးကို တောင်ပံ ကစားသမား စည်သူအောင်က သွင်းယူခဲ့သည်။
ရန်ကုန် အသင်းကြီးတွင် မြန်မာ့လက်ရွေးစင် အသင်းတွင် ရွေးချယ်ခံ ထားရသော
ကစားသမား (၉)ယောက်နှင့် ပထမ ဂိုးသမား နိုင်ဇေယျာထွန်းတို့ မပါဝင်ဘဲ
နိုင်ငံခြားသား ကစားသမား (၃)ယောက်နှင့် လူငယ် ကစားသမား အချို့ ပါဝင်
ကစားခဲ့ရာ ဂိုးသမား အဖြစ် စောအယ်ထူး၊ နောက်တန်းတွင် ကျော်ဒွန်း၊ နီကိုလာ၊
မျိုးဝင်းထွဋ်၊ သက်လွင်ဝင်း၊ အလယ်တန်းတွင် မျိုးမင်းထွန်း၊ ရန်နိုင်အောင်၊
ချမ်းမြေ့၊ ကောင်းဆက်နိုင်၊ ရှေ့တန်းတွင် နယူချီ၊ ဆီဇာတို့ဖြင့် (၄-၄-၂)
ပုံစံ ပွဲထွက်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် လူငယ် ပြိုင်ပွဲတွင် ပထမ နေရာကို ရောက်ရှိနေသည့် လူငယ်
အသင်းကလည်း လာမည့် နေပြည်တော်နှင့် ပွဲတွင် ပွဲပယ်ခံ ထားရသည့်
တိုက်စစ်မှူး အောင်ကျော်ထွေးမှလွဲ၍ ဂိုးသမား အဖြစ် ကိုကိုနိုင်၊
နောက်တန်းတွင် ထူးကျော်၊ ရဲနိုင်၊ အောင်ဇော်နိုင်၊ ဇော်ဝင်း၊ အလယ်တန်းတွင်
ဆက်ဖြိုးဝေ၊ ထိန်လင်း၊ ရဲထွဋ်၊ ရှေ့တန်းတွင် စည်သူအောင်၊ သန်းထက်အောင်၊
ဇာနည်ထက် တို့ဖြင့် (၄-၃-၃) ပုံစံ အင်အားပြည့် ပွဲထွက်ခဲ့သည်။
ပွဲအစပိုင်းတွင် အသင်းလိုက် ချိတ်ဆက် ကစားပုံ ကောင်းမွန်နေသည့် လူငယ်
အသင်းက ကစားကွက် စီးမိပြီး ပိုမို ထိုးဖောက် ကစားနိုင်ခဲ့ကာ
ဂိုးကန်သွင်းမှုများ ရရှိခဲ့ သော်လည်း အဆုံးသတ် အားနည်းမှုကြောင့် ဂိုးအဖြစ်
မပြောင်းလဲ နိုင်ခဲ့ပေ။ ပွဲချိန် ၂၅ မိနစ် နောက်ပိုင်းတွင် အသင်းကြီး
ကစားကွက် အချိတ်အဆက် မိလာပြီး ပွဲက အကြိတ်အနယ် ရှိခဲ့သည်။ ပွဲချိန် ၂၉
မိနစ်တွင် ညာတောင်ပံမှ ဆီဇာ၏ ဂိုးရှေ့ ဖြတ်တင်ဘောကို နယူချီက အသာအယာ
ပိတ်သွင်းပြီး ရန်ကုန် အသင်းကြီး ဦးဆောင်ဂိုး စတင် ရရှိခဲ့သည်။
ဂိုးရရှိပြီး လူငယ်အသင်း ကစားကွက် ပျက်သွားရာ ပွဲချိန် ၃၄ မိနစ်တွင်
ကောင်းဆက်နိုင် နောက်ပေါက်နှင့် ချပေးသည့် ဘောလုံးကို ကျော်ဒွန်းက အပြင်း
ကန်သွင်းပြီး အသင်းကြီး ဒုတိယဂိုး ရရှိကာ ပထမပိုင်း ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းတွင် အသင်းကြီးက ချမ်းမြေ့ နေရာတွင် ကြည်မျိုးမြင့်ကို လူစားလဲ
ကစားခဲ့ပြီး လူငယ် အသင်းက ဂိုသမား ကိုကိုနိုင် နေရာတွင် ရန်အောင်ကို
လူစားလဲ ထည့်သွင်း ကစားခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၄၂ မိနစ်တွင် ရန်ကုန် အသင်းကြီး အတွက် တတိယဂိုးကို
ဆီဇာကို ထပ်မံ သွင်းယူ ပေးခဲ့ပြီး ရန်ကုန် အသင်းကြီး (၃-၀)ဖြင့် ဦးဆောင်
ကစားခဲ့သည်။ ၃ ဂိုးပြတ် ပြီးနောက် လူငယ် အသင်း ချေပဂိုး ရရှိရေး
ကြိုးစားလာရာ ပွဲချိန် ၄၄ မိနစ်တွင် ဇာနည်ထက် တင်ပို့သည့် ထောင့်ကန်ဘောကို
စည်သူအောင်က ခြေခွင်ဖြင့် ပိတ်သွင်းပြီး လူငယ် အသင်း ချေပဂိုး တစ်ဂိုး စတင်
ရရှိခဲ့သည်။
ထို့နောက် လူငယ် အသင်း နည်းပြချုပ်က ပထမပိုင်း ကတည်းက ကစားနေသော နောက်ခံလူ
(၄)ယောက်လုံး နေရာတွင် ဘော်ရယ်၊ မင်းကျော်ခန့်၊ ကျော်ကျော်စိုး၊
ခိုင်ထက်လင်း တို့ကို တပြိုင်တည်း လူစားလဲ ထည့်သွင်း ကစားခဲ့သည်။
ပွဲချိန် ၅၅ မိနစ်တွင် လူငယ် အသင်း ကွင်းလယ် ကစားသမား ထိန်လင်း၏
ဖန်တီးပေးမှုကို တောင်ပံ ကစားသမား စည်သူအောင်က ဂိုးသမား စောအယ်ထူးနှင့်
တစ်ဦးချင်း အပိုင် ကန်သွင်းပြီး လူငယ် အသင်း ဒုတိယ ချေပဂိုး ရရှိခဲ့သည်။
နောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးရရှိရေး ကြိုးစားခဲ့ သော်လည်း
နောက်ခံလူများနှင့် ဂိုးသမားများ အကောင်းဆုံး ကာကွယ်မှုများ ပြုလုပ်ခဲ့
သောကြောင့် ရန်ကုန် အသင်းကြီး (၃-၂) ရန်ကုန် လူငယ် အသင်း ရလဒ်ဖြင့်
ပွဲပြီးဆုံးခဲ့သည်။
www.ygnutd.com
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
-
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။
ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် ...
12 years ago
No comments:
Post a Comment