ဆဌမ အကြိမ် MNL ဘောလုံးရာသီ စတင်ပါပြီ ။ ဒီကနေ့ မှာတော့ ယမန်နှစ်က အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ချစ်သော ရန်ကုန်ယူနိုက်အသင်းနဲ့  ရှုံးထွက်ဖလားချန်ပီယံ ဧရာဝတီတို့  ကွန်မြူနတီဖလားပွဲအဖြစ် ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ် ။ ရန်ကုန်ယူနိုက်တက်အသင်း အနေနဲ့  လက်ရွေးစင် ၂ဦး လက်လွှတ်ထားရသလို ဧရာဝတီအသင်းအနေနဲ့လည်း မနှစ်က ရှုံးထွက်ဆုဖလားရယူခဲ့ရာမှာ စွမ်းစွမ်းတမံ လက်စွမ်းတွေပြခဲ့တဲ့  လက်ရွေးစင်ဂိုးသမားကြီးကို လက်လွှတ်ထားရပါတယ် ။ ဒါပေမယ့် ဒီနေ့ ပွဲစဉ်ဟာ အသင်းကြီး ၂သင်းရဲ့  ထိပ်တိုက်တွေ့ ဆုံမှုဖြစ်သလို ချန်ပီယံ ၂သင်းရဲ့  ဗိုလ်လုပွဲလည်းဖြစ်တာကြောင့် အကြိတ်အနယ်ရှိမယ်ဆိုတာ အသေအခြာပါပဲ ။ ရန်ကုန် နဲ့  ဧရာဝတီတို့  မနှစ်က ရာသီအဖွင့်ပွဲမှာ တွေ့ ဆုံခဲ့ကြပေမယ့်လည်း ဖလား၂လုံးချန်ပီယံ ရန်ကုန်နဲ့  အမှတ်ပေးဖလား အဆင့် ၂ ဧရာဝတီတို့  ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ် ။ ဒီနှစ်မှာတော့ ချန်ပီယံ အသင်း ၂သင်းအဖြစ် ယှဉ်ပြိုင်ကစားကြမှာဖြစ်တာကြောင့် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။
ရန်ကုန်ယူနိုက်တက်အသင်း အနေနဲ့  ခြေစမ်းပွဲတွေမှာ ရလာဒ်မကောင်းခဲ့သလို ဧရာဝတီအသင်းကလည်း ရလာဒ်မကောင်းခဲ့ပါဘူး ။ ဒါကြောင့် ဒီပွဲစဉ်ကိုအနိုင်ယူပြီး ရာသီအစမှာ မျက်နှာပန်းလှစေဖို့  အစွမ်းကုန်ရုန်းကန်ကြမယ်လို့  တွက်ဆလို့ ရပါတယ် ။အဓိကကစားသမားတွေ ရောင်းထုတ်လိုက်လို့  အသင်းပရိသတ်တွေရဲ့  စိတ်ပျက်နေမှုကို ပြန်လည်ဖြေသိမ့်နိုင်ဖို့ လည်း ၂သင်းလုံးလိုအပ်နေတာကြောင့် ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြမယ်လို့  မျှော်လင့်ရပါတယ် ။ ဧရာဝတီအသင်းအဖြစ် အမည်ပြောင်းလဲယှဉ်ပြိုင်ခဲ့တဲ့နောက်မှာ ရန်ကုန် - ဧရာဝတီ တွေ့ ဆုံမှုတွေဟာ နောက်ဆုံးမိနစ်မရောက်ခင်ထိ အနိုင်အရှုံးမသိနိုင်တဲ့  တကယ့်ပွဲကြီးပွဲကောင်းတွေ ဖြစ်ခဲ့ပါတယ် ။ သို့ ပေမယ့် နောက်ဆုံး တွေ့ ဆုံမှုမှာတော့ ချန်ပီယံမျှော်လင့်ချက်မရှိတဲ့  ဧရာဝတီကို ရန်ကုန်တို့  ဂိုးပြတ် အနိုင်ယူထားနိုင်ခဲ့ပါတယ် ။ ဒါကြောင့် ဧရာဝတီတို့  ဒီနေ့ ပွဲမှာ ရှုံးကြွေးဆပ်ရမယ့်အနေအထားပါ ။ တစ်ဖက်ကပြန်ကြည့်ရင်လည်း ရန်ကုန်အသင်းဟာ မနှစ်က အခုလို ကွန်မြူနတီဖလားပွဲ ဧရာဝတီနဲ့ တွေ့ ဆုံမှုမှာ ဂိုးတွေသွင်းနိုင်ခဲ့ပြီးမှ own goal တွေပေးရပီး ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ပါတယ် ။ ဒါကြောင့် ဒီပွဲဟာ ရန်ကုန်အတွက် ဧရာဝတီကို ပြန်လည်လက်စားချေရမယ့်ပွဲလို့ လည်း ဆိုနိုင်ပါတယ် ။
ဧရာဝတီအသင်းဟာ အသင်းလိုက်ကစာပုံကောင်းမွန်တဲ့အသင်းဖြစ်သလို ရန်ကုန်အသင်းက ကစားသမားတွေဟာလည်း တစ်ဦးချင်းစွမ်းရည် ထက်မြက်သူတွေ ဖြစ်တာကြောင့် ဒီပွဲစဉ်မှာ ၂သင်းစလုံး တစ်ဖက်သက်အသာရဖို့  မဖြစ်နိုင်ပဲ အကြိတ်အနယ်ကစားရမှာပါ ။ ရန်ကုန်အသင်းရဲ့  အသစ်ခေါ်ယူထားတဲ့ကစားသမားတွေဖြစ်တဲ့  ဂျနိုဆီယမ် ၊ ကိုနေးအဒမ်မာနဲ့  အောင်မိုးတို့  အသင်းနဲ့  အံဝင်ခွင်ကျကစားနိုင်ခြင်းရှိမရှိက ဒီပွဲရဲ့ အဆုံးအဖြတ် ဖြစ်လာမှာပါ ။ ဧရာဝတီကို ဟက်ထရစ်သွင်းပြီး ရန်ကုန်ယူနိုက်တက်ကို ချန်ပီယံဖြစ်စေခဲ့တဲ့  ကြည်လင်းတစ်ယောက် ဒီပွဲစဉ်မှာတော့ တိုက်စစ်မှုးအဖြစ် ပါဝင်ကစားမှာမဟုတ်ပဲ တောင်ပံကစားသမားအနေနဲ့  ပွဲထွက်လာဖို့ ရှိတာကြောင့် ရန်ကုန်အသင်းဂိုးရဖို့ကတော့ နိုင်ငံခြားသားတိုက်စစ်မှုး၂ယောက်ကိုသာ အားကိုးရပါလိမ့်မယ် ။
ရန်ကုန်ယူနိုက်တက်အသင်းရဲ့  ဖြစ်နိုင်ဖွယ်ရာ လူစာရင်းကတော့ ဒီလိုပါ ။
ကိုနေး ဆီဇာ
ကြည်လင်း ရာဇာဝင်းသိန်း အောင်မိုး
ခင်မောင်လွင်
ပြည့်ဖြိုးအောင် ဒေးဗစ်ဒန်း
ဂျနိုဆီယမ် အောင်သိုက်
နိုင်ဇေယျာထွန်း
Air Bagan ဖြစ်ရပ်ဆိုး အပါအ၀င် လက်ရွေးစင်ကစားသမားလက်လွှတ်ဆုံးရှုံးမှု ၊ ခြေစမ်းပွဲရလာဒ် ဆိုးရွားမှု တွေကြောင့် ရန်ကုန်အသင်းကြုံတွေ့ ခဲ့ရတဲ့  စိတ်ပျက်ဝမ်းနည်းဖွယ်ရာ အခြေအနေတွေကို မေ့ပျောက်ပြီး ဒီနေ့ ပွဲစဉ်မှာ အနိုင်ယူကာ ရာသီအသစ်အဖွင့်ပွဲမှာ ဆုဖလားနဲ့  မင်္ဂလာယူနိုင်ဖို့  အခွင့်အရေးတွေ ရှိနေခဲ့ပါပြီ ။ နည်းပြကြီး အိုင်ဗန်ကိုလဗ်ရဲ့  အကောင်းဆုံး လမ်းညွှန်မှုနဲ့ အတူ ကစားသမားတွေရဲ့  စိတ်ဓါတ်အင်အားနဲ့  အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေ ၊ ပရိသတ်တွေရဲ့  တခဲနက်အားပေးတဲ့  လက်ခုပ်သံတွေ ၊ ဒိုင်တွေရဲ့  တရားမျှတမှုတွေ ၊ ကံတရားရဲ့  အခြေအနေပေးမှုတွေနဲ့ အတူ ရန်ကုန်ယူနိုက်တက်အသင်းရဲ့  ရာသီအစရဲ့  အောင်မြင်မှု ခရီးလမ်းအစကို ဒီကနေ့ မှာ မျက်ဝါးထင်ထင်တွေ့ မြင်ရမယ်လို့  ယုံကြည်မျှော်လင့်မိပါတယ် ။
ပြည်တွင်းဆုဖလားအားလုံး ဆွတ်ခူးရယူပိုင်ဆိုင်ဖူးသည့် တစ်သင်းတည်းသောအသင်း ရန်ကုန်ယူနိုက်တက်ကို ယနေ့ မြင်တွေ့ ရပေမည် ။
အမြဲတမ်းကိုဇွဲကသန်
မလွဲတမ်းဗိုလ်စွဲရရန်
မာန်ဟုန်ပြင်းစွာကန်မည်အမှန်
ရန်ကုန်အသင်းသာချန်ပီယံ ။
Kaung Myat Thu
ဒီနေ့ ပွဲစဉ်ကို yangon united အသင်းမှ ဒီလင့်ကနေ အချိန်နဲ့တစ်ပြေးညီ သတင်း ဖေါ်ပြပေးပါမယ် ။